← Chapters

အခန်း (၁၁၅)

Vol. 12 Ch. 115

အခန်း (၁၁၅)

Vol. 12 Ch. 115

ကျောင်းကျန်းသည် ခပ်မြန်မြန်ပင် အချက်အလက်များကိုဖွင့်လိုက်သည်။ လင်းယွမ်သည်လည်း မျက်ရည်များကိုမထိန်းနိုင်တော့ချေ။ လူနှစ်ယောက်သည် ထိုင်လျက် ဖိုင်ကို ဖြည်းညှင်းစွာ ကြည့်သည်။

"အတိတ်ကအကြောင်းတွေနဲ့ပတ်သက်ပြီး သံသယဖြစ်စရာတွေ အများကြီးရှိတယ်၊ ဒါက စုံစမ်းမှုတွေကြောင့်ပဲမဟုတ်ဘူး၊ အဲ့တာက.. " ရှန်းချူးချူးသည် ကျောင်းကျန်း ကို တစ်ချက်ကြည့်လိုက်ကာ "ကျန်းကောက နာမည်ကြီးဆိုတော့ သတင်းထောက်တွေက ဒီကိစ္စကို ပိုအာရုံစိုက်လိမ့်မယ်၊ ဒါကြောင့်ပဲ ကိစ္စတွေက ပုံကြီးချဲ့သွားရတာ"

လင်မယားနှစ်ယောက်သည် ဖိုင်ကိုကြည့်ပြီးနောက် ရှန်းချူးချူးပြောသည့် စကားများကို တွေးတောရင်း သူတို့စိတ်ထဲတွင် မျှော်လင့်ချက်များ တရိပ်ရိပ်တက်လာသည်။

လင်းယွမ်၏ နှုတ်ခမ်းများသည် အနည်းငယ် လှုပ်ရှားသွားကာ တစ်ခုခု မေးချင်နေဟန်ရှိသော်လည်း သူ(မ) လည်ချောင်းများသည် ဆို့နင့်နေကာ အသံတစ်သံမှ မထွက်နိုင်ချေ။

ရှန်းချူးချူးသည် တစ်သျှူးတစ်ခုကိုကမ်းပေးပြီး "ရှင်တို့ သမီးလေး အသက်ရှင်နေသေးတယ်ဆိုတာ 100% သေချာတယ်လို့ ကျွန်မပြောရဲတယ်၊ ဒါက ကျန်းကောရဲ့မျက်နှာကိုပဲ ကျွန်မကြည့်ရင် 100% သေချာမှာ မဟုတ်ပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က လင်းကျဲလည်းရောက်လာတော့ ကျဲတို့ ကလေးအသက်ရှင်သေးတယ်ဆိုတာ ကျွန်မ 100% သေချာသွားခဲ့တာ"

ကျောင်းကျန်းသည် ဝေ့ဝဲနေဆဲ မျက်ရည်များကို လက်ဖြင့် ဖိသုတ်လိုက်ပြီး သူ့ခံစားချက်များကို ဖြေလျှော့လိုက်ပာ "ကျေးဇူးတင်ပါတယ် ချူးချူး၊ ငါ အရင်က မင်းကို နားလည်မှုလွဲသွားတယ်"

ရှန်းချူးချူးသည် ခေါင်းယမ်းပြီး "မဟုတ်တာ၊ ကျွန်မမှာတောင် ဒီလိုထူးခြားတဲ့ စွမ်းဆောင်ရည်မျိုး မရှိရင် ဘယ်လိုလုပ်မှန်းမိပါ့မလဲ၊ ပြီးတော့ ကလေးက ဘယ်မှာနေလဲဆိုတာ ကျွန်မတို့ မသိသေးဘူး၊ ဒီကိစ္စက ရဲတွေအပေါ်မှာပဲ မူတည်တာ၊ ကျွန်မတို့ ကြိုးကြိုးစားစား စုံစမ်းရဦးမယ်"

လင်းယွမ်သည် သူ(မ)၏ ရင်ဘတ်ကို ဆုတ်ကိုင်လျက် "ဟင့်အင်း၊ ချူးချူးက ကျဲတို့ကို အများကြီး ကူညီပြီးပါပြီ၊ သူလေးတောင် အသက်ရှင်နေသရွေ့ သူ့ကို မတွေ့ရရင်တောင် ကျဲ... ကျဲကျေနပ်ပါတယ်"

"ဟုတ်တယ်၊ သူအသက်ရှင်နေသရွေ့ ... အသက်ရှင်နေရုံနဲ့တင် လုံလောက်ပြီ" ကျောင်းကျန်း ဆို့နင့်စွာပြောလာသည်။

နှစ်အတော်ကြာပြီးသော်လည်း သမီးလေး၏ကိစ္စသည် သူ့နှလုံးသားထဲတွင် ဆူးတစ်ချောင်းပမာ စိုက်၀င်နေဆဲပင်။ သူလေးအကြောင်းပြောတိုင်း စူးအောင့်လှအောင် နာကျင်ရသည်။

"ကျန်းကော ဒီတစ်ခါတော့ မီဒီယာတွေ မသိအောင်သတိထားရမယ်၊ မီဒီယာတွေသိသွားရင် ရှာနိုင်ချေပိုများ‌ပေမဲ့ အလွန်အကျွံဖြစ်သွားရင်..."

ကျောင်းကျန်းသည် ခေါင်းညိတ်ပြီး "သတိပေးလို့ ကျေးဇူးတင်ပါတယ် ချူးချူးရာ၊ ဒီတစ်ခါတော့ အဲ့လို အဖြစ်မခံဘူး "

သုံးယောက်သား ခဏထိုင်ပြီးနောက် ကိုယ်စီကိုယ်စီ ပြန်လာခဲ့ကြသည်။

သို့သော် ၎င်းတို့ မမျှော်လင့်ထားသည့်အရာမှာ ၎င်းတို့ သုံးယောက်၏ တွေ့ဆုံမှုသည် Weiboပေါ်သို့ အလျင်အ မြန် ရောက်သွားသည်။

"ကျောင်းကျန်း၊ ရှန်းချူးချူး"

Entertainment supremacy 123- [ Little Hua Dan တောင် ဘယ်လိုလုပ်ရမလဲမသိတော့ဘူး၊ ဇနီးသည်ကငိုနေပြီး သူ(မ)ခင်ပွန်းကို လက်လွှတ်ပေးဖို့ တောင်းပန်နေတယ်] ငါ ရက်အနည်းငယ်လောက် စောင့်ကြည့်အပြီးမှာ ထိတ်လန့်စရာကောင်းတဲ့ အတင်းအဖျင်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ ငါဘာလို့ ကျောင်းကျန်းရဲ့ဇနီးက ရိုက်ကွင်းကိုရောက်လာလည်း တွေးနေတုန်းရှိသေးတယ်၊ အခုမှ ဖောက်ပြန်တဲ့ကိစ္စနဲ့ကို၊ ကျောင်းကျန်က အခုတလောကတင် နာမည်ကြီးလာတဲ့ ချူးချူးဆိုတဲ့ မိန်းကလေးနဲ့ ဖောက်ပြန်ခဲ့တယ်၊ လူတိုင်းက ကျောင်းကျန်းနဲ့ သူ့ဇနီး ဘယ်လောက်ချစ်လဲဆိုတာသိပါတယ်၊ ဒါကြောင့် ဒီကိစ္စက ရှန်းချူးချူးဘက်က စတာပဲဖြစ်မယ်၊ ဒီနေ့ ကျောင်းကျန်းနဲ့ သူ့ဇနီးက ငိုယိုပြောနေပေမဲ့ ရှန်းချူးချူးကတော့ ငြင်းခဲ့တယ်! 【ဗီဒီယို】

ထို့သတင်းအပြင် ရှန်းချူးချူးနှင့် ဟန်ရှင်းယန်တို့၏ ပုံများကိုလည်း တင်သည့်သူရှိသေးသည်။ သို့ဖြစ်ရာ ထိုဓာတ်ပုံထဲရှိ အမျိုးသားအား ကျောင်းကျန်းဟုသာ လူတိုင်းက တထစ်ချယုံနေသည်။

"အိုး ဘုရားသခင်... ရှန်းချူးချူးက ဒီလိုလူဖြစ်မယ်ဆိုတာ ငါမယုံနိုင်သေးဘူး၊ ဒါပေမယ့် ကျောင်းကျန်းရဲ့ ဇနီးက တကယ့်ကို သနားစရာကောင်းတာပဲ၊ သူ ငိုနေတာကိုမြင်တော့ ငါတောင်ငိုချင်လာပြီ"

"ဒီတစ်ခါတော့ ငါလည်းတကယ် သည်းမခံနိုင်တော့ဘူး၊ ကျောင်းကျန်းနဲ့ သူ့မိန်းမ ထွက်သွားတာကို အစကတည်း က မတွေ့ခဲ့ရဘူး၊ ပုံထဲမှာ ကျောင်းကျန်းရဲ့ မျက်နှာက သိပ်မသိသာပေမဲ့ ရှန်းချူးချူးက တကယ့်ကို အရှက်မရှိတာပဲ၊ သူ(မ) ပီသပါတယ်[အန်နေသည့်ပုံ]"

"သူတို့တွေ ညဘက်ရောက်မှ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးဖို့တွေ့တာလို့ မပြောနဲ့နော်၊ တွေ့ကြည့်တာနဲ့ရွံစရာကောင်းချက်[ಠ⁠﹏⁠ಠ]"

"ရှန်းချူးချူးရဲ့ ဖန်ဆိုရင် ဘာစကားမှမပြောပဲ တိတ်တိတ်ပဲနေဦး၊ ဒီသတင်းကို သူ(မ)ဖြေရှင်းတဲ့အထိ စောင့်ကြတာပေါ့"

.....

ချန်းရှီလီသည် ထိုကိစ္စမှာ မကြာခင် ရပ်စဲသွားမည်ဟု တွေးထားသော်လည်း ရလဒ်မှာ ပို၍ဆိုးလာသည်။ သူ(မ)သည် ရှန်းချူးချူး မကြာသေးမီက ဖြစ်ခဲ့သော ပြဿနာများကို တွေးတောရင်း ထိုပြဿနာများအား မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ခဲ့ခြင်းနှာ CEOဟန် ကြောင့်ဆိုတာ နားလည်လိုက်သည်။

"နင် ကျောင်းကျန်းနဲ့ သူ့မိန်းမကို ဘာသွားပြောတာလဲ"

ရှန်းချူးချူးသည် အချိန်ခဏမျှ ရှားရှားပါးပါးတိတ် ဆိတ်နေပြီး "အရေးကြီးတဲ့ကိစ္စအချို့ပါ အခုလောလော ဆယ်တော့ ပြောလို့မရဘူး"

ချန်းရှီလီသည် "နင်ဒါကို ထုတ်မပြောရင် နင်ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်၊ ငါသာ နင်ရဲ့ခင်ပွန်းက CEO ဟန်ဆိုတာ မသိရင် ဒါမှမဟုတ် နင်တို့နှစ်ယောက်က ဘယ် လောက် ဆက်ဆံရေးကောင်းလဲဆိုတာ မသိရင် ဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့ နင်က ကျောင်းကျန်းတို့မိသားစုကို ဖျက်ဆီးချင်နေတာလို့ တကယ်ယုံမိတော့မှာ"

"ကျွန်မ ဒီကိစ္စကို လောလောဆယ် မပြောပြနိုင်သေးဘူး"

ချန်းရှီလီသည် ရှန်းချူးချူး၏အဖြေကို နားထောင်ပြီးနောက် "ကောင်းပြီ ငါ နင့်ရဲ့ရွေးချယ်မှုကို လေးစားပါတယ်၊ နင် မပြောနိုင်ရင် ကျောင်းကျန်းရဲ့ ဇနီးနဲ့ ဓာတ်ပုံအတူတူရိုက်ပြီး ဒီကောလာဟလကို ဖယ်ရှားလို့ရတာပဲ"

ရှန်းချူးချူးသည် လင်းယွမ်၏ မျက်လုံးများမှာ ရောင်နေသေးသည်ဟု တွေးမိလိုက်မိသည်။ သူ(မ)သာ ပုံကိုတင်လိုက်လျှင် လူတိုင်းသည် နောက်ထပ် ဇာတ်လမ်းစဉ်လာကြလိမ့်မည်။

ချူးချူး ချန်းရှီလီ၏ ဖုန်းကိုချလိုက်သည်နှင့် ချူးကွေ့ကျီထံမှ ဖုန်းသည်ချက်ချင်း၀င်လာသည်။

"ချူးချူးနဲ့ ကျောင်းကျန်းတို့ရဲ့သတင်းက ဘယ်လိုဖြစ်တာလဲ! မား အခုမှ သတင်းကိုမြင်တယ်၊ နင် ကျောင်းကျန်းတို့ရဲ့ မိသားစုကို ကွဲအောင်လုပ်နေတာလို့ သူတို့က ပြောနေကြတယ်၊ အဲ့ဒါကို နင် သိပြီးပြီလား၊ နင်က အခု အိမ်ထောင်ကျပြီးပြီဆိုတော့ ထိန်းသိမ်းသင့်တယ်လေ၊ တစ်ဖက်က သားမက်လေးရဲ့မိသားစုက နင့်ကို အထင်လွဲသွားရင် ဘယ်နှယ့်လုပ်ကြမတုန်း" ချူးကွေ့ကျီသည် အလောတကြီးပြောလာသည်။

ရှန်းချူးချူးသည် "မား စိတ်ချပါ၊ မား ဗီဒီယိုကို ကြားပြီးပြီဟုတ်? သမီး လက်ထဲမှာရှိတဲ့ စာရွက်တွေက မားရဲ့သားမက် သမီးကိုပေးထားတာတွေပါ"

ချူးကွေ့ကျီသည် ထိုသည်ကိုကြားပြီး "ဟုတ်ပြီ မားသိပြီ၊ နင် မကြာခင် ဒီသတင်းကို ဖြေရှင်းနိုင်မှာကိုလညး မားသိပေမဲ့ သံသယတွေချန်ရစ်ထားခဲ့မှာကို မားဆိုးတာ၊ အပြင်မှာဆို ခင်ပွန်းဆိုတာက စစ်သည်တစ်ယောက်လိုပဲ၊ မား မင်းတို့ကြားမှာ သံသယနည်းနည်းလေးတောင် မရှိစေချင်ဘူး"

ရှန်းချူးချူးသည် "ဟုတ်ကဲ့မား၊ သမီးနောက်ဆိုသတိထားပါ့မယ်"

"ကောင်းပြီ ရိုက်ကွင်းမှာ ဂရုစိုက်ဦး"

"ဟုတ်ကဲ့မား၊ မားနဲ့ပါးလည်း ကိုယ့်ခန္ဓာကိုယ် ဂရုစိုက်ဦး၊ သမီးတို့အားတာနဲ့ မားတို့ဆီလာခဲ့မယ်နော်။"

တစ်ချိန်တည်းမှာပင် ဟန်မိသားစုသည်လည်း ထိုသတင်းကို မြင်ခဲ့သည်။

ပါးပါးဟန်သည် မျက်မှောင်ကြုတ်ကာ သားဖြစ်သူအား မေးလိုက်သည်။ “ဘာဖြစ်တာလဲ” ထိုသည်မှာ ပါးပါးဟန်သည် ချွေးမလေးအား သံသယ၀င်ချင်းမဟုတ်ချေ။ သားဖြစ်သူ၏ မျက်နှာကိုမြင်သည်နှင့် သူသည် ထိုအရာမှာ သတင်းအမှားဆိုတာ သိလိုက်လေပြီ။

ဟန်ရှင်းယန်သည် ခဏလောက်စဉ်းစားပြီး "လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်က ကျောင်းကျန်းရဲ့သမီးက ပြန်ပေးဆွဲခံခဲ့ရပြီး အသတ်ခံခဲ့ရတယ်၊ ဒါကို ချူးချူးက သံသယဖြစ်မိလို့ ကျွန်တော့်ကို စစ်ဆေးခိုင်းတာ"

"ဘုရား‌ရေ! ကလေးလေးကို ဘယ်လိုတောင် လုပ်နိုင်ရတာလဲ!" မားမားဟန်၏ အသံသည် ကျယ်လောက်လှသည်။

"လူကုန်ကူးတဲ့သူတွေက သေသင့်တယ်!" CEOဟန်သည်လည်း လိုက်ပါပြောသည်။

"ရလဒ်ကရော ဘယ်လိုလဲ ? ရလဒ်ကရောဘယ်လိုလဲ? ချူးချူး သံသယ၀င်သလိုပဲလား" မားမားဟန်သည် စိုးရိမ်တကြီး မေးလာသည်။

ဟန်ရှင်းယန်သည် ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ ကျွန် တော် စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တော့ ကျောင်းကျန်းရဲ့ သမီးက အဲ့တုန်းက မသေခဲ့ဘူးဆိုတာ ‌သိခဲ့ရတယ်"

"ဒါဆို ဒီဗီဒီယိုက သူတို့စုံတွဲကို အဲ့အကြောင်း ပြောပြလိုက်တဲ့ ဗီဒီယိုပေါ့ " ပါးပါးဟန်မေးလာသည်။

ဟန်ရှင်းယန်လည်း ခေါင်းညိတ်ပြသည်။

"ကျွန်မတို့မိသားစုက ကလေးလေးက တကယ့်ကို အံ့သြစရာပဲ! ချွေးမလေးကြောင့်သာ မဟုတ်ရင် သူတို့စုံတွဲက ထပ်ပြီးအမှောင်ထဲမှာ ပိတ်မိနေမှာ" မားမားဟန်သည် ကျေနပ်စွာ ကြည့်မိသည်။

"အခုတော့ သတင်းထောက်တွေ အမှားတွေရေးလာကြသလို၊ ဒီလိုအခြေအမြစ်မရှိတဲ့ သတင်းကိုတောင်မှ တီဗီမှာ ထုတ်လွှင့်ရဲတယ်၊ ဒီလိုလူတွေကို ဖယ်ရှားပစ်တာအကောင်းဆုံးပဲ"

ဟန်ရှင်းယန်သည် ထိုကိစ္စမှာ TV ထဲတွင်ပါလာမည်ဟု မမျှော်လင့်ထားချေ။ သူသည် ထိုသတင်းများကို အမြန်ဆုံးဖြေရှင်းပေးရန် ပြည်သူ့ဆက်ဆံရေးဌာနကို ညွှန်ကြားထယးသည်။

ဟန်ရှင်းယန်သည် သူ့မိဘများနှင့် စကားစမြည်ပြောဆိုပြီးနောက် ဖုန်းဆက်ကာ ညွှန်ကြားလိုက်သည်။

ကျောင်းကျန်းနှင့် လင်းယွမ်တို့သည် ၎င်းတို့၏သမီးကို ရှာဖွေရေးနှင့်သာ အလုပ်များနေသဖြင့် အင်တာနက်ပေါ်ရှိ ကောလဟာလများကို သိသွားသည့်အချိန် ည ရောက်နေပြီဖြစ်သည်။

ကျောင်းကျန်းသည် ထိုကိစ္စကို ရှင်းလင်းရန် ချက်ချင်းပင် ပို့စ်တင်လိုက်သည်။

ကျောင်းကျန်း V: အဓိပ္ပာယ်မရှိချက်! ကျွန်တော့်ဇနီးနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံးက ချူးချူးကို တကယ်တော်တဲ့ မျိုးဆက်သစ်လူငယ်တစ်ယောက်လို့ မှတ်ယူထားကြရုံပဲ၊ ဒီနေ့နေ့လည်က ကော်ဖီဆိုင်မှာ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်တို့၏ တုန့်ပြန်မှုတွေက ဒီလောက်အထိဖြစ်နေရတာက အရေးကြီးတဲ့ကိစ္စတစ်ခုကို သိခဲ့ရလို့ပါ၊ ဒီလိုသောက်ရေးမပါတဲ့ သတင်းတွေကြောင့် မင်းတို့အထင်မလွဲကြပါနဲ့၊ ကျေးဇူးတင်ပါတယ်

ရှန်းချူးချူးသည် Weiboပေါ်တွင် မည်သည့်ဖြေရှင်း ချက်မှမထုတ်ပြန်ခဲ့ချေ။

နောက်တစ်နေ့နံနက်တွင် ကောလဟာကဖြန့်သည့်လူသည် ရှေ့နေထံမှ စာတစ်စောင်ရရှိခဲ့သည်။

ထိုကိစ္စသည် အင်တာနက်တွင် တဖြည်းဖြည်း မှိန်ဖျော့လာပြီး သတင်းလွှင့်သည့် လူသည်လည်း ခြေလှမ်းပြန်ဆုတ်သွားပြီဖြစ်သည်။ သို့သော်လည်း ရိုက်ကွင်း တံခါးဝတွင် သတင်းထောက်အချို့ ရှိနေဆဲဖြစ်သည်။

"ရှန်းချူးချူး မင်းမနေ့က ကိစ္စတွေကို ဘာလို့ မရှင်းပြတာလဲ၊ ဒါက အမှန်ဖြစ်နေလို့လား"

"ကျောင်းကျန်းနဲ့ မင်းရဲ့ဆက်ဆံရေးကဘာလဲ ?"

"မနေ့က မင်းဘာပြောလိုက်လို့ ကျောင်းကျန်းနဲ့ သူ့မိန်းမက အဲ့လောက်ဖြစ်သွားရတာလဲ? မင်းတို့ တကယ်ဖောက် ပြန်ခဲ့ကြတာမလား? မဟုတ်ရင် ဟိုတယ်အခန်းထဲ ၀င်တဲ့ပုံကိုကျတော့ ဘယ်လိုရှင်းမလဲ"

......

ရှန်းချူးချူးသည် မရေမတွက်နိုင်သော မိုက်ခရိုဖုန်းများနှင့် ကင်မရာများကို တိတ်တဆိတိ ကြည့်နေလျက် သူ(မ) မည်သည့်အရာမှမပြောသေးခင် ချူးကွေ့ကျီ ၏သတိပေးချက်ကို ပြန်အောင်းမေ့မိသည်။ သူ(မ)သည် တခဏ စဉ်းစားကာ "ကျွန်မ မရှင်းပြရတဲ့ အကြောင်း ရင်းကတော့ ကျန်းကောနဲ့ လင်းကျဲကို သတိပေးထားလို့ပါ၊ ဒါက ကိုယ်ရေးကိုယ်တာကိစ္စ‌ဆိုတော့ ကျွန်မလုံး၀မပြောပြနိုင်ပါဘူး၊ ဖောက်ပြန်တဲ့ကိစ္စကတော့ လုံး၀ကို မဟုတ်ပါဘူးရှင်၊ အဲ့ ဟိုတယ်ခန်းထဲ ၀င်လာတဲ့သူက ကျွန်မ ခင်ပွန်းပါ"

ကျောင်းကျန်းရှင်းပြခဲ့သည့်အပြင် ရှန်းချူးချူးလည်း ရှင်းပြခဲ့သော်လည်း အမှန်တရားကို မယုံကြည်ချင်သူသည့်လူများသည် ယုံမှာမဟုတ်ချေ။ ထိုသည်မှာ အင်တာနက်သုံးစွဲသူများကို အပြစ်တင်လို့ မရပေ။ အနုပညာအသိုင်းအဝိုင်းတွင် အတုအယောင်များစွာရှိသည်။ အင်တာနက်သုံးစွဲသူများလည်း ဘာကိုမှ မယုံရဲကြပေ။

ဤကိစ္စကြောင့် ရိုက်ကွင်းအား ထိခိုက်မှုအနည်းနှင့် အများတော့ ရှိခဲ့သည်။

လူထုအမြင်အပြင် ကျောင်းကျန်း၏ခံစားချက်များလည်း ကျန်ရှိသေးသည်။

သူသည် ယခုအခါ ရုပ်ရှင် မြန်မြန်ရိုက်ချင်နေပြီး သမီးဖြစ်သူကို ရှာချင်နေပြီဖြစ်သည်။

လွန်ခဲ့သည့် နှစ်လအတွင်း ရဲများသည် သူ့အား နှစ်ကြိမ်၊သုံးကြိမ်ခန့် အကြောင်းကြားခဲ့ပြီးဖြစ်သည်။ ပထမအကြိမ်တွင် ၎င်းတို့သည် မျှော်လင့်ချက်များစွာဖြင့် သွားခဲ့ကြသော်လည်း ထိုမိန်းကလေးသည် ၎င်းတို့သမီးမဟုတ်ကြောင်း သိခဲ့ရသဖြင့် စိတ်ပျက်လက်ပျက်ပြန် လာခဲ့ရသည်။

၎င်းတို့သည် တိမ်များပေါ်ပျံဝဲလိုက် ပြုတ်ကျသွားလိုက် အကြိမ်ကြိမ်အခါခါ ခံစားရသောကြောင့် သမီးလေးအား ရှာဖို့မလွယ်သည်ကို ‌လက်ခဲလိုက်ရသည်။

ထို့ကြောင့် ၎င်းတို့သည် DNA ကိုသာ ချန်ရစ်ခဲ့သညိ။

ဟုတ်သည်၊ အကျိုးမထူးပေ။

သို့သော် ထိုနေ့ မတိုင်ခင်အထိသာဖြစ်သည်။ ဟန်ရှင်းယန်သည် အလုပ်ကိစ္စကြောင့် S မြို့သို့ ရောက်လာခဲ့ပြီး ရိုက်ကွင်းသို့ လာလည်သည့်အခါ ကျောင်းကျန်းတို့အတွက်လည်း သတင်းတစ်ခုပါလာခဲ့သည်။

သို့သော် ထိုသည်မှာ သတင်းကောင်းမဟုတ်ချေ။

All Chapters