← Chapters

အခန်း (၁၁၆)

Vol. 12 Ch. 116

အခန်း (၁၁၆)

Vol. 12 Ch. 116

ကျောင်းရှင်းရှင်းသည် မသေဆုံးခဲ့သော်လည်း ပေါက်ကွဲသည့် ဂိုဒေါင်နှင့် အလွန် နီးနီးကပ်ကပ်ရှိနေသောကြောင့် နားများမကြားရတော့ချေ။

ကျောင်းကျန်းနှင့် လင်းယွမ်တို့သည် ၎င်းတို့၏သမီးအား ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာတွင် တွေ့လိုက်ရသည်။

၎င်းတို့သည် ကလေးမလေးကိုမြင်သည်နှင့် DNA စစ် ဆေးဖို့မလိုအပ်တော့သလို မေးမြန်းရန်လည်းအတွေးမရှိတော့ချေ။ အဘယ့်ကြောင့်ဆို သူ(မ)သည် တစ်ချက်ကြည့်ရုံဖြင့် ကျောင်းကျန်း၏ကလေးမှန်းသိသာလှသည်။ အကြောင့်ဆို‌‌သော် ကလေးမလေးသည် လင်းယွမ်နှင့် အလွန်ဆင်တူသောကြောင့်ပင်။

ကလေးမလေးသည် ပြန်ပေးဆွဲခံလိုက်ရသလို နားပင်မကြားတော့သဖြင့် အခြားသူများအတွက် ၀မ်းသာစရာမဟုတ်သော်ငြား ကျောင်းကျန်းနှင့် သူ့ဇနီးအတွက်တော့ ၎င်းတို့ဘ၀တွင်ကြားခဲ့ဖူးသည့် သတင်းများထဲအ ကောင်းဆုံးသတင်းဖြစ်သည်။

သူတို့သည် သမီးလေးမှာတောင်ကြိုတောင်ကြားထဲရောင်းစားခံလိုက်ရပြီလား ? သို့မဟုတ် ရောင်းစားရန် ပျိုးထောင်ခြင်းခံထားရတာလား ? တောင်းရမ်းစားသောက်နေလားဟုပင် စဉ်းစားမိကာ အမျိုးမျိုးတွေးပူနေခဲ့ရသည်။

ဒါ သူတို့အတွက် ကောင်းချီးတစ်ခုပင်...၊ ကောင်းကင်ဘုံကချီးမြှင့်တဲ့ အကောင်းဆုံးဆုလာဒ်ပါပဲ...

ထိုစဉ် ကျောင်းရှင်းရှင်းအား လမ်းဘေးတစ်နေရာတွင် စုံတွဲတစ်တွဲမှတွေ့ရှိသွားသဖြင့် ရဲများထံအပ်နှံပေးခဲ့ခြင်းဖြစ်သည်။ ထိုစုံတွဲ၏မိသားစုသည် မချမ်းသာသောကြောင့် သူ(မ)အား မွေးစားရန်မတက်နိုင်ချေ။

သို့ဖြစ်ရာ ရဲများသည် ကလေးမလေးအား ကလေး သူငယ်စောင့်ရှောက်ရေးဂေဟာသို့ပို့ဆောင်ခဲ့ကြသည်။

ကလေးမလေးသည် ထိုနေရာတွင်နေထိုင်ခဲ့ရသည်မှာ ဆယ့်နှစ်နှစ်ရှိပြီဖြစ်သည်။ သူ(မ)သည် နားမကြားနိုင်သော်လည်း သာမန်ကလေးတစ်ယောက်လိုကျောင်းတက်နိုင်ခဲ့သည်။ သူ(မ)သည် ငယ်စဉ်ကတည်းက လက်ဟန်ပြဘာသာစကားအားသင်ကြားခဲ့သည်။

ကျောင်းကျန်းနှင့် လင်းယွမ်တို့သည် သမီးလေး၏အ ပြစ်ကင်းစင်သော အပြုံးကို မြင်လိုက်ရချိန် သူတို့နှလုံး သားတစ်ခုလုံးလည်း နွေးထွေးမှုများလွှမ်းခြုံသွားရသည်။ ၎င်းတို့ဇနီးမောင်နှံသည် နတ်သမီးလေးအလား လှပနေသောသမီးလေးအား ဖက်လျက် ၎င်းတို့အတူ တကွငိုကြွေးလိုက်ကြသည်။

အဆုံးတွင် ၎င်းတို့ ဘဝတစ်လျှောက်လုံး အထီးကျန်စွာမနေရတော့ပေ။

ကျောင်းကျန်းသည် သမီးလေးကိုပြန်ခေါ်လာပြီးနောက် Weibo ပေါ်တွင် ရှည်လျားသောပို့စ်တစ်ခုတင်ခဲ့သည်။

ကျောင်းကျန်း V : ငါ မင်းတို့ကို ပုံပြင်လေးတစ်ပုဒ် ပြောပြချင်လို့ပါ

လွန်ခဲ့တဲ့ ၁၂နှစ်က ငါ့ရဲ့သမီးလေးကို လူကုန်ကူးသမားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်၊ ဒီသတင်းကိုအွန်လိုင်းပေါ်က လူတော်တော်များများမြင်ဖူးကြမယ်လို့ ငါထင်တယ်၊ နောက်ပိုင်း ငါ ကယ်ဆယ်ဖို့လုပ်တဲ့အချိန် မီဒီယာတော်တော်များများပါ အုံကြွလာပြီးလိုက်စုံစမ်းကြတယ်၊ အဲ့လိုအုန်းအုန်းကြွပ်ကြွပ်ဖြစ်သွားတော့ လူကုန်ကူးသမားတွေ ထိတ်လန့်သွားပြီး ဂိုဒေါင်ဖောက်ခွဲလိုက်တာ အဲ့မှာ ငါ့သမီးလေးဆုံးပါးသွားခဲ့တယ်၊ အဲ့ကိစ္စက ငါနဲ့ ငါ့ဇနီးအတွက်တော့ ပြင်းထန်တဲ့ရိုက်ချက်တစ်ခုပဲ။

ဆယ့်နှစ်နှစ်ကြာပြီးနောက်တော့ ငါတို့ရိုက်ကူးရေးအဖွဲ့ထဲကတစ်ယောက်က ငါတို့ဆီကို သမီးလေးအကြောင်း အစဖော်လာခဲ့တယ်။ စစချင်းတော့ ငါတို့ အရမ်းဒေါသထွက်သွားပြီး ထွက်သွားဖို့ပြင်လိုက်ပေမဲ့၊ တစ်ဖက်လူက ငါ့သမီးလေး အသက်ရှင်နေနိုင်တယ်လို့ ပြောလာတယ်၊ ဟုတ်တယ်၊ အဲ့သတင်းကိုပြောလာတဲ့သူက ရှန်းချူးချူးပဲ၊ အဲဒီနေ့က ကော်ဖီဆိုင်မှာ ငါတို့ ပြောဖြစ်ကြတာ၊ သတင်းတွေတက်လာတုန်းက ငါနဲ့ ငါ့ဇနီးက အဖြစ်မှန်ကို ရှင်းပြချင်ပေမဲ့ ချူးချူးက ခွင့်မပြုခဲါဘူး၊ ဘာလို့ဆို ဒီတစ်ခေါက်လည်း အုန်းအုန်းကြွပ်ကြွပ်ထပ်ဖြစ်သွားပြီး ရန်သူကိုခြောက်မိမှာဆိုးလို့ပဲ။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ငါတို့ သမီးလေးအကြောင်း အားကုန်စိုက်ပြီးရှာဖွေခဲ့တယ်၊ နတ်ဘုရားတွေက သာမာန်သူတွေရဲ့နာကျင်မှုကို ဘယ်ကြည့်နေနိုင်မလဲ ? အဲ့မှာ ငါတို့ဆီကို သမီးလေးအကြောင်း သတင်း ကောင်းရောက်လာခဲ့တယ်၊ သတင်းပေးလာတဲ့သူက တော့ ချူးချူးရဲ့ခန့်ညားတဲ့ ခင်ပွန်းပါပဲ၊ ငါတို့ သူပြောတဲ့ဆီမှာသွားရှာတော့ သမီးလေးကိုရှာတွေ့ခဲ့တယ်၊ အခု နောက်ဆုံးမှာ ငါ ပြောနိုင်တာဆိုလို့ ကျေးဇူးတင်ပါတယ်ဆိုတာပဲ

သမီးလေးကို ရဲစခန်းပို့ပေးခဲ့တဲ့ လင်မယားနှစ်ယောက်ကိုလည်းကျေးဇူးတင်ပါတယ်။ ကလေးသူငယ်စောင့် ရှောက်ရေးဂေဟာက ဌာနမှူးတွေနဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ရဲတွေကိုလည်း ကျေးဇူး တင်ပါတယ်၊ ဟုတ်တယ်.... ငါ ကျေးဇူးတင်ဆုံးကတော့ ရှန်းချူးချူးတို့စုံတွဲပဲ၊ သူတို့ကျေးဇူးကြောင့်သာ မဟုတ်ရင် ငါ့သမီးနဲ့ ဒီတစ်သက်လုံး ဆုံစည်းနိုင်မှာမဟုတ်တော့ဘူး။

ငါတို့ဇနီးမောင်နှံက လိုအပ်နေတဲ့ကလေးငယ်တွေကိုထပ်မံကူညီနိုင်ဖို့ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာကို ယွမ် 10 သန်း လှူဒါန်းဖို့ဆုံးဖြတ်ထားတယ်။

အဆုံးထိဖတ်‌ရှုပေးလို့ ကျေးဇူးတင်ပါတယ်။

ကျောင်းကျန်း၏သတင်းသည် ချက်ချင်းပင် Weiboပေါ်နာမည်ကြီးသွားသည်။

"ရွံစရာကောင်းတဲ့ လူကုန်ကူးသမားတွေ အားလုံးပျက်စီးသွားသင့်တာ [ಠ⁠益⁠ಠ]"

"တောင်းပန်ပါတယ် ရှန်းချူးချူးရယ်၊ အစက ငါ ဘာမှမသိဝေဖန်ခဲ့မိတယ် အရင်ဆုံးတောင်းပန်ချင်တယ်၊ ကောင်းတာလုပ်တဲ့သူတွေက သူတို့လုပ်တာတွေကို သူများတွေသိအောင် လူတကာကို ပတ်ကြွားနေမှာမဟုတ်ဘူး၊ သူတို့‌ကိုယ် သူတို့ ကမ္ဘာကြီးကို ကယ်တင်လိုက်သလိုမျိုးလုပ်နေမှသာ ကြောင်သူတော်တွေ"

"ဂုဏ်ယူပါတယ် ကျန်းကော၊ မင်းတို့ မိသားစုလေး နောက်ဆုံးဆော့ ပြန်လည်ဆုံစည်းနိုင်ပြီပေါ့"

"ကမ္ဘာပေါ်မှာ နောက်ထက်ပျော်စရာကောင်းတဲ့ လူသုံးယောက်ထွက်ပေါ်လာပြီတော့ အပျော်ဆုံးမိသားစုလေးတစ်ခုပါပဲ၊ ဂုဏ်ယူပါတယ် ပြီးတော့ကျေးဇူးတင်ပါတယ် ချူးချူး!"

"ဒါနဲ့ ငါ တစ်ယောက်တည်း ရှန်းချူးချူးရဲ့မျက်နှာတစ် ခါမှမဖော်ပြတဲ့ ခင်ပွန်းကိုစိတ်၀င်စားနေတာလား"

#ကျောင်းကျန်းက သူ့သမီးကို ရှာတွေ့ခဲ့တယ် #ရှန်းချူးချူးရဲ့ခင်ပွန်း #ရှန်းချူးချူး_ကျောင်းကျန်း# ထိုအရာများသည် လျှင်မြန်စွာ Hot Search ကို သိမ်းပိုက်သွားသည်။ အင်တာနက်တစ်ခုလုံးသည် ကျောင်းကျန်းအား သူ့သမီးကိုပြန်ရှာတွေ့သည့်အတွက် ဂုဏ်ပြုပေးနေသည့်အချိန် ရှန်းချူးချူးလည်း ပို့စ်တစ်ခုတင်လိုက်သည်။

ရှန်းချူးချူးV: ပထမဆုံးအနေနဲ့ ကျန်းကောကိုဂုဏ်ပြုပါတယ်! [ထပ်တူပျော်ရပါတယ်] ဒုတိယအနေနဲ့ ကျွန်မတို့လင်မယား ဘာမှမလုပ်ခဲ့ရပါဘူး ဒါ ကျန်းကောနဲ့လင်းယွမ်ကျဲတို့ရဲ့ စိတ်ထားကောင်းတွေ ရောင်ပြန်ဟပ်တဲ့အကျိူးကျေးဇူးပါ [(⁠ ⁠´⁠◡⁠‿⁠ゝ⁠◡⁠`⁠)] ပြီးတော့ ကျွန်မရဲ့မစ္စတာဟန်ကအရမ်းချောတော့ သူ့ကို‌ေကြွကုန်မျာစိုးလို့ ကျမ ဖွက်ထားလိုက်ပါပြီ။

ရှန်းချူးချူး ထိုပို့စ်တင်ပြီးမှ နာမည်အစရေးမိလိုက်သည်ကို သတိထားမိလိုက်သည်။

"ကျွန်မ ဘာလုပ်ရမလဲ၊ ကျွန်မ မေ့ပြီး ရေးမိသွားပြီ၊ အခုကျမှ ကျွန်မ ..."

ရှန်းချူးချူးသည် ဟန်ရှင်းယန်အား အလောတကြီးပြောလိုက်သည်။

ဟန်ရှင်းယန်သည် ဖုန်းအားတစ်ချက်ကြည့်လိုက်ပြီး "မင်း အဲဒါကို ဖျက်စရာမလိုပါဘူး၊ ဘာမှဖုံးကွယ်စရာမလိုဘူး"

"ဒါပေမယ့် ဒီလိုသာဆို ရှင့်ရဲ့သာမန်ဘ၀ကိုထိခိုက်စေနိုင်တယ်လေ" ရှန်းချူးချူး စိုးရိမ်စိတ်ကြီးစွာပြောလိုက်သည်။

"ဟင့်အင်း ချူးချူး၊ ကိုယ်က အားလုံးသိအောင်တောင်ပြောချင်သေးတယ်"

"ဘာလို့လဲ ? ရှင် အရင်တုန်းက ရှင့်သတင်းတွေ Weibo ပေါ် ပါလာရင် မကြိုက်ဘူးမလား ?" ရှန်းချူးချူး စိတ်ဝင်တစားမေးလိုက်သည်။

ဟန်ရှင်းယန်သည် ဇနီးဖြစ်သူ၏မျက်လုံးများကို အနမ်းခြွေလိုက်ပြီး "ကိုယ် မကြိုက်တာက သတင်းအပေါ်မူတယ်လေ၊ သတင်းကသာ မင်းနဲ့ဆိုရင် ကိုယ်သဘောကျတာပေါ့၊ ဒါမှ နောက်ဆိုအထာပေးချင်နေတဲ့သူတွေပါ မရှိတော့မှာ"

အင်တာနက်အသုံးပြုသူများသည် ရှန်းချူးချူးအား စိတ်မပျက်စေပေ။ ၎င်းတို့သည် ချက်ချင်းပင် နာမည်အကျအနကိုကောက်ပြီး ဟန်ရှင်းယန်ဆိုသည်ကို ရှာတွေ့သွားသည်။

"ဟန်ရှင်းယန်က Han Groupရဲ့ ဥက္ကဌ မဟုတ်လား ? ရှန်းချူးချူးရဲ့ ပထမဆုံး ကြော်ငြာက Han Group ဆိုတာကို ငါ မှတ်မိသေးတယ်"

"ဒီသတင်းလည်း မကြာခင် ပျောက်သွားမဲ့ပုံပဲ"

"ငါ သဘောတူတယ်၊ မစ္စတာဟန်ရဲ့သတင်းထွက်လာတိုင်း တစ်နေ့ပြီးတာနဲ့အကုန် ရှင်းလင်းသွားတာ"

"ချင်းယင်ရန်နဲ့ သတင်းထွက်တုန်းကကိစ္စကို ငါ မမေ့သေးဘူး..."

"ခဏလေး ချင်ရင်ယန်ဆိုတာဘယ်သူလဲ ?"

"မစ္စတာဟန် ? ဒါက CEO ဟန် များလား"

"မဖြစ်နိုင်ဘူး ရှန်းချူးချူးက သူ့ခင်ပွန်းကအပြင်လူတစ်ယောက်လို့ ပြောထားတာလေ"

"+1 လုံး၀မဖြစ်နိုင်ဘူး"

"ဒါဆို Super Run Club က ဟန်ရှောင်ချီ များလား?"

"ဘယ် 'ဟန်'များလဲ ?"

တစ်ရက်ကြာပြီးသည်အထိ ဟန်ရှင်းယန်၏နာမည်သည် Hot Search ပေါ်နေရာယူထားဆဲဖြစ်သဖြင့် လူတိုင်း ဖရဲသီးစားရန်ရောက်လာကြတော့သည်။

သူတို့ရဲ့စိန်လိုနှလုံးသားနဲ့ CEO ဟန်က ဘာလို့အခုအချိန် အမျိုးသမီးစတားနဲ့ သတင်းထွက်နေတာကို ဒီအတိုင်းရပ်ကြည့်နေတာလဲ ? သူက ညင်သာတက်သွား ... ! ဒီတော့ သူ မဟုတ်ရင် ဘယ်သူဖြစ်နိုင်သေးလို့လဲ!

မီဒီယာများသည် ထိုသတင်းကြောင့် ရှန်းချူးချူးနှင့် ဟန်ရှင်းယန်တို့၏အကြောင်းကို အာရုံစိုက်လာကြသည်။

သို့သော် ၎င်းတို့သည် သာမာန်မီဒီယာလေးများဖြစ်သောကြောင့် Han Group ကိုကြောက်ရွံနေကာ မည်သည့် သတင်းမှမတင်ရဲချေ။

သို့သော် Hot Search သည် အောက်မကျသွားချေ။

သူတကယ် ချူးချူး ခင်ပွန်းဖြစ်နေနိုင်သည်။

မကြာသေးခင်က ရိုက်ကူးခဲ့သော ရှန်းချူးချူးနှင့် ဟန်ရှင်းယန်တို့ကမ်းခြေတွင် လမ်းလျှောက်‌နေကြသည့် နောက်ကျောပေးပုံများကိုဆွဲထုတ်ကာ စီးပွားပွဲတစ်ခုတွင် ရိုက်မိခဲ့သော ဟန်ရှင်းယန်၏နောက်ကျောပုံရိပ်များဖြင့်နှိုင်းယှဥ်ခဲ့ကြသည်။ ပုံနှစ်ခုကို အတူယှဉ်တွဲကြည့်ပါက ထပ်တူကျနေကြောင်းတွေ့ရှိရသည်။

ထို့အပြင် လေဆိပ်တွင် လာကြိုခဲ့သည့် ဓာတ်ပုံကိုလည်း ထုတ်ယူလာကြသည်။

ရှန်းချူးချူးရိုက်ကူးခဲ့သော ပထမဆုံးနာမည်ကြီး ကြော် ငြာကိုလည်းထုတ်လာကြသည်။ ထိုသည်မှာ Han Group ၏လက်ဝတ်ရတနာကြော်ငြာဖြစ်သည်။ အချို့သူများသည် ရဲရင့်စွာဖြင့် ပြောလာကြသည်။ ရှန်းချူးချူးက ဟန်ရှင်းယန်နှင့် အဲ့ကတည်းက အတူရှိနေပြီးသားလား ?

ထိုသို့ဆိုလျှင် ၎င်းတို့အတူရှိနေသည်မှာ နှစ်နှစ် သို့ သုံးနှစ်လောက်ကြာပြီဖြစ်မည်။

အရေးကြီးဆုံးအချက်မှာ ရှန်းချူးချူး Liyuan ၌ အိမ်တစ်လုံးရှိသည်ကို လူအချို့တွေ့ရှိခဲ့သည်။ ဟန်ရှင်းယန်လည်း ထိုနေရာသို့မကြာခဏသွားတက်သည်။ ထိုအချိန်က CEO ဟန်၏ ရှင်းပြပုံနှင့်ဆက်စပ်ကြည့်ပါက.....

သူသည် ချင်ရင်ရန်ထံသို့သွားခြင်းမဟုတ်ပဲ ရှန်းချူးချူးထံသို့သွားခြင်းဖြစ်မည်။

သူနှင့်ချင်ရင်ရန်တို့တွေ့ဆုံမှုနှင့် ရှန်းချူးချူး အကြောင်းကိုဆက်စပ်တွေးကြည့်ပါက ဦးနှောက်ရှိသူတိုင်းအဖြေသိနိုင်သည်။

သို့သော် ကန့်ကွက်ကြသူများနှင့် နားမလည်နိုင်သူများလည်းရှိသေးသည်။

"ငါ နားမလည်နိုင်ဘူး၊ ကြယ်ပွင့်လေးတစ်ယောက်နဲ့ ဂရုတစ်ခုရဲ့ဥက္ကဋ္ဌက တွဲနေတယ်ပေါ့ ? မင်းတို့ ဘာချစ်ခြင်းမေတ္တာအကြောင်းတွေ ပြောနေတာလဲ? ဒါက အရောင်း အဝယ် ဆက်ဆံရေးမဟုတ်ဘူးလား?

"မွေးစားခံရသူနဲ့ မွေးစားထားတဲ့ ရွှေသခင်ကြားက ဆက် ဆံရေးလို့ ငါ လည်းထင်တယ်၊ သူက ဒီလောက်မြင့်လွန်းတာ မင်းတို့ တွေးနေကြတာ အလွန်အကျွံဖြစ်နေပြီ"

"Han Group ရဲ့နောက်ခံက ပိုရှုပ်ထွေးတယ်လို့ ငါ ကြားတယ်၊ ရှန်းချူးချူးလိုမျိုးစတားလေးက ဒီလို လူ့ဘီလူး ကြီးနဲ့ လက်ထပ်နိုင်ပါ့မလား၊ ဒါ ဘယ်လိုမှယုံချင်စရာမကောင်ဘူး"

ရှန်းချူးချူးထံလည်း ဖန်များစွာရှိသောကြောင့် ချက် ချင်းပင် သက်သေအထောက်အထားများကို စုဆောင်းကာ ပြန်လည်တိုက်ခိုက်လိုက်သည်။

ထိုထဲ သူ(မ)ဖန်တစ်ယောက်မှာ နာမည်ကြီးသည့် သတင်းထောက်တစ်ယောက်ဖြစ်နေခဲ့သည်။

#1 Entertainment Reporter-Red Feather V - မင်းတို့ ရှန်းချူးချူးနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာလား၊ အချစ်နဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတာလား ? ငါ မသိဘူး၊ ချစ်ခြင်းမေတ္တာဆိုတာ ဘ၀အဆင့်အတန်း၊ မွေးရပ်နေရာတွေနဲ့ ကျား၊ မခွဲခြားတာတောင် မတားဆီးနိုင်ဘူး၊ ပြီးတော့ ရှန်းချူးချူးက ဘာမှမဟုတ်ဘူးလို့ ဘယ်သူပြောလဲ ?

သူ(မ)က တော်ဝင်တက္ကသိုလ်မှာ ဘဏ္ဍာရေးအကြောင်းသင်ယူခဲ့တဲ့ ကျောင်းသူတစ်ယောက်ပဲ၊ ဒါက သာမာန် ဌာနကိုပြောနေတာမဟုတ်ဘူးနော် တော်၀င်မြို့ရဲ့ရှေးရိုးဆန်လှပါပြီဆိုတဲ့ ဘဏ္ဍာရေးဌာနပဲ၊ အဲ့ဒါ နိုင်ငံခြားတက္ကသိုလ်ကနေ ဘွဲ့ရတယ်ဆိုပြီး Social University တွေ Pheasant Universityနဲ့ ကျောင်းပြီးထားတာခြင်း တောင်မတူဘူး။

ပြီးတော့ ဒီမြို့ရဲ့သိပ္ပံချန်ပီယံအကြောင်းကို လေ့လာ ကြည့်ကြဦး၊ ပြီးတော့ အနုပညာရမှတ်တွေကိုအားကိုးပြီး ပထမနေရာရလာတာ မဟုတ်ဘူး၊ ဒါ အသန့်စင်ဆုံးအမှတ်ပြည့်တွေပဲ! ပြည်နယ်အဆင့်နဲ့တောင်ယှဉ်မရဘူး၊ ပြီးတော့ ဘာသာရပ်တစ်ခုစီတိုင်းရဲ့ အမှတ်ကိုကြည့်လိုက်ရင် ကျောင်းရဲ့အာဏာကိုပါသိရလိမ့်မယ်။

[ပုံ] [ပုံ] [ပုံ]

ထိုပို့စ်သည် မြေပြင်ပေါ်သို့ မိုးကြိုးပစ်ချသကဲ့သို့ အင်တာနက်ပေါ် ဟိုးလင်းတကျော်ကျော်ဖြစ်သွားရသည်။

စတားတစ်ယောက်သည် ရုပ်လေးလှရုံနှင့် သရုပ်ဆောင်ကောင်းရုံဖြင့် အပိုအမှတ်လေးရသွားမည်ဖြစ်သည်။ စတားတစ်ယောက်သည် ကဏ္ဍပေါင်းစုံတွင် အလယ်အ လတ်ရှိသော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲကိုကောင်း မွန်စွာဖြေဆိုထားရုံသာမက ကောင်းမွန်သောတက္ကသိုလ်မှာ သင်ကြားခဲ့ရပါက ချီးကျူးမှုများတဖွဲဖွဲရောက်ရှိလာလိမ့်မည်။

တစ်ချို့လူများသည် ကျော်ကြားသောကျောင်းကြောင့် သဘောထားကြီးပြီးခွင့်လွှတ်ပေးကြလိမ့်မည်။

ထို့အပြင် ရှန်းချူးချူးသည် ကဏ္ဍပေါင်းစုံတွင် အလယ် အလတ်အဆင့်မျှသာမဟုတ်ချေ။

All Chapters