အခန်း (၁၁၇)
Vol. 12 Ch. 117
လူတော်တော်များများ ထိုသတင်းကိုမြင်ချိန်အတုအ ယောင်ဖြစ်နိုင်သည့်အကြောင်းကို ချက်ချင်း လစ်လျူရှုခဲ့ကြသည်။
"ကောင်းလိုက်တာ၊ ရှန်းချူးချူးကို ဒီလောက်အင်အားကြီးမယ်လို့ မမျှော်လင့်ထားဘူး၊ သိပ္ပံချန်ပီယံတဲ့ အမေရဲ့! သင်္ချာမှာလည်း အပြည့်တဲ့! ကျေးဇူးပြုပြီး ဒူးထောက်မှုခံယူပေးပါ ကျေးဇူးတင်ပါတယ် နတ်ဘုရားမရေ!"
"ရှန်းချူးချူးက တော်၀င်တက္ကသိုလ်ကနေဘွဲ့ရတာကို သိလိုက်ရတော့ ငါလည်း သူ့ဖန်ဖြစ်သွားပြီ"
"ချူးချူးကို သုံးနှစ်လောက်ကြိုက်ခဲ့ပေမယ့် သူ(မ) တော်၀င်တက္ကသိုလ်ကနေဘွဲ့ရတာလို့ ပထမဆုံးကြားဖူးတယ်လို့ပြောရတာက ရှက်ဖို့ကောင်းချက်ပဲ [ಥ‿ಥ]"
......
သို့သော် တော်၀င်တက္ကသိုလ်၏ကျောင်းသားများ၊ သတင်းထောက်များ၊ အချို့ပရိသတ်များသည် ထိုပို့စ်ကိုမြင်ချိန် သံသယ၀င်လာကြတော့သည်။
"ရှန်းချူးချူးက တကယ်ပဲတော်၀င်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာလား ? သံသယဖြစ်စရာပဲ၊ ဒီကိစ္စကို သတင်း ထောက်တွေ မသိကြသလို တက္ကသိုလ်ကကျောင်းသားတွေက မသိကြဘူးဆိုတော့ ဒါ အမှန်ဖြစ်နိုင်ပါ့မလား?"
"ငါ သိရသလောက်ဆို ရှန်းချူးချူးက စာသင်ရတာမကြိုက်ပဲ သရုပ်ဆောင်ရတာပဲကြိုက်တာမဟုတ်လား"
"ဟုတ်တယ်၊ တကယ်ဂုဏ်ရှိတဲ့ကျောင်းကသာ ဘွဲ့ရရင် ဘာလို့ထုတ်မပြောရတာလဲ၊ တော်၀င်တက္ကသိုလ်ရဲ့ တောက်ပမှုကိုယူပြီး ဂုဏ်တောင်ယူရမှာလေ၊ ဒါ အတုပဲ၊ ရှက်ဖို့ကောင်းလိုက်တာ [ತ_ತ]"
"CEO ဟန် သတင်းကလည်းအတု၊ တော်၀င်တက္ကသိုလ် သတင်းကလည်း အတုပဲနေမှာ [ಡ ʖ ಡ]"
ရှန်းချူးချူးသည် တော်၀င်တက္ကသိုလ်၏ကျောင်းသားဟုတ်မဟုတ်ကိုသိနိုင်ရန် တက္ကသိုလ်၏ Weibo ပေါ်သို့ လူများစွာ အပြေးအလွှားမေးမြန်းခဲ့ကြသော်လည်း Weibo တာဝန်ခံသည် ထိုအကြောင်းကိုဂဂနနမသိသဖြင့် ဘဏ္ဍာရေးဌာနကို သွားမေးရုံသာတက်နိုင်သည်။
သတင်းထောက်များသည်ပင် တော်၀င်တက္ကသိုလ်သို့ ရောနှော၀င်ရောက်ပြီး ဘဏ္ဍာရေးဌာနသို့သွားခဲ့ကာ အသက်သုံးဆယ်ကျော် အမျိုးသမီးဆရာမတစ်ဦးအား ပိတ်ဆို့မေးမြန်းခဲ့သည်။
"မင်္ဂလာပါ ဆရာ၊ ရှန်းချူးချူးကို သိလား ?"
ဆရာမက "ရှန်းချူးချူးဆိုတာ စတားမဟုတ်လား ? ငါ မကြာသေးခင်ကတောင် သူ့ရုပ်ရှင်ကို သွားကြည့်ဖြစ်သေးတယ်၊ အရမ်းကောင်းတာပဲ"
သတင်းထောက်သည် စကားလမ်းကြောင်းရသည်နှင့် ချက်ချင်းမေးလာသည်။
"ဒါဆို ဆရာမ ချူးချူးကို စာသင်ပေးခဲ့ဘူးလား"
ဆရာမသည် အံ့အားသင့်လျက် "ဟင့်အင်း၊ သူ(မ)က တော်၀င်တက္ကသိုလ်က ကျောင်းသားတစ်ယောက်လား?"
သတင်းထောက်သည် သူ့ပိုစ်မှာ တစ်နှစ်တာတွင် Share အများဆုံးဖြစ်လာမည်ကို စိတ်ကူးယဉ်လျက်ရှိသည်။ ထို့အပြင် သူသည် အရေးကြီးသောသတင်းကိုရလာခဲ့သည်။ အရေးကြီးဆုံးမှာ ယခုအခါ Live လွှင့်နေခဲ့ခြင်းဖြစ်သည်။
"ဒါဆို ဆရာမ ရှန်းချူးချူးကို မသင်ပေးခဲ့ဘူးပေါ့၊ ရှန်းချူးချူးက တော်၀င်တက္ကသိုလ်က ဘွဲ့ရတဲ့ကျောင်းသားမဟုတ်ဘူးပေါ့ ?"
ဆရာမ ခဏလောက်စဉ်းစားပြီး "ကျွန်မ မသင်ပေးဖူးတာတော့ သေချာတယ်၊ သူ တော်၀င်တက္ကသိုလ်က ဘွဲ့ရလား မရလားကတော့ ကျွန်မလည်း မသိဘူး"
"ဟုတ်ကဲ့ ဆရာမကိုကျေးဇူးတင်ပါတယ်၊ နှောက်ယှက်မိပါပြီ" သတင်းထောက် ကျေနပ်စွာပြောလိုက်သည်။
ဤသတင်းသည် တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်သဖြင့် မှတ်ချက်များစွာ တရိပ်ရိပ်တက်လာသည်။
"အတုမှန်း သိသာနေတာကို!"
"တကယ့် ရွံစရာပဲ! သူက တော်၀င်တက္ကသိုလ်ကိုတောင် မှန်းရဲတယ်ပေါ့ [ತ_ʖತ]"
ရံဖန်ရံခါတွင် တော်၀င်တက္ကသိုလ်မှ ကျောင်းသားများ၏ ကျိန်ဆဲသောမှတ်ချက်များလည်း တစ်ယောက်စ၊ နှစ်ယောက်စတိုးလာခဲ့သည်။
သတင်းထောက်သည် Live ကို လျင်မြန်စွာပိတ်မည်အ ပြုအရွယ်ရနေသော ပါမောက္ခအိုကြီးသည် သူ့ဆီသို့ ခြေလှမ်းလှမ်းလာသည်ကိုမြင်လိုက်ရသည်။
အစောပိုင်း အင်တာဗျူးခံခဲ့ရသည့် ဆရာမက "ပါမောက္ခဝမ် မင်္ဂလာပါ"
ပရော်ဖက်ဆာဝမ်သည် ခေါင်းသာညိတ်ပြပြီး "ရှန်းချူးချူးလို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်အကြောင်းပြောနေတာ ငါ ကြားလိုက်ရလို့"
သတင်းထောက်သည် အံ့အားသင့်သွားပြီးချက်ချင်းတုံ့ ပြန်လိုက်လာသည်။
"ဟုတ်ကဲ့ ပါမောက္ခ၊ ရှန်းချူးချူးကို သိလို့လား ?"
"ငါ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရှန်းချူးချူးလို့ခေါ်တဲ့ ကျောင်းသူတစ်ယောက်ကို သင်ပေးဖူးတယ်"
"ဟမ် !? ရှန်းချူးချူးကို သင်ပေးဖူးတာလား ?"
သတင်းထောက်သည် ပြောပြီးသည်နှင့် ရှန်းချူးချူး၏ ဓာတ်ပုံများဆီသို့ မယုံကြည်နိုင်စွာ ညွှန်ပြပြီး
“ သူလား ?”
"ဟုတ်တယ် သူပဲ!"
ပရော်ဖက်ဆာဝမ်သည် အဝေးမှ ဖုန်းကို လှမ်းယူကြည့်ကာ စာဖတ်မျက်မှန်ကို အလေးအနက်ပင့်တင်လိုက်သည်။
"ပါမောက္ခ မမှားပါဘူးနော် ?"
သတင်းထောက် အားမလိုအားမရမေးလိုက်သည်။
ပါမောက္ခအိုကြီးသည် သတင်းထောက်ကိုတစ်ချက်ကြည့်လိုက်ပြီး "ငါ့အတန်းထဲမှာ အမြဲတမ်းလက်မြှောက်နေတဲ့ ကျောင်းသူကို ငါ မှတ်မိတာပေါ့"
ထို့နောက် ပါမောက္ခအိုကြီးသည် အကျီလက်ကိုဝေ့ယမ်းကာထွက်သွားလိုက်သည်။
ထိုစဉ် Comment များသည်လည်း ထိန်းချုပ်မရစွာ ပေါက်ကွဲလို့သွားသည်။
"မျက်နှာ အပြောင်းအလဲက လေဆင်နှမောင်းထက်ပိုမြန်တာပဲ [^_^]"
"ပါမောက္ခဟောင်းဆီက လှောင်ရယ်သံ 2333"
"ချူးချူးကတော့ လက်ကိုအံသေနေအောင် မြှောက်ရမှာပဲ။ မလုပ်နဲ့၊ မထိနဲ့၊ မငိုနဲ့! မင်း လက်မြှောက်ရမှာက မြှောက်ရမှာပဲ [ಥ‿ಥ]"
လူတိုင်းသည် ရှန်းချူးချူးအတွက် စိုးရိမ်လာကြပြီးမကြာမီတွင် #ရှန်းချူးချူး စာမေးပွဲကျရှုံးခဲ့တယ် #ရှန်းချူးချူးတော်၀င်တက္ကသိုလ် ဆိုသည့် အကြောင်းများ သည် Hot Search ပေါ်ရောက်သွားပြန်သည်။
ထိုပရော်ဖက်ဆာအိုကြီးသည် လူတိုင်းအလွန်လေးစားကြသော လူတစ်ယောက်ဖြစ်သလို Baidu စွယ်စုံကျမ်းအား အင်တာနက်ပေါ် တင်နေသူလည်းဖြစ်သည်။
ထို့ကြောင့် ၎င်းထုတ်ပြောလာသောစကားကို လူတိုင်းယုံကြည်ကြရှိသည်။
ဝမ်ကျင်းနှင့် ရှန်းချူးချူးတို့ အတူတူဆုံသည့်အခါ အင်တာနက်ရှိ အကြောင်းအရာများကိုကြည့်ကာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးရယ်လိုက်ကြသည်။
"ပရော်ဖက်ဆာဝမ်က ခုထိ ချစ်ဖို့ကောင်းတုန်း၊ ငါကျောင်းတက်တုန်းက သူအရမ်း ဟာသလုပ်တက်တာ ငါမှတ်မိတယ်" ဟုဆိုကာ ဝမ်ကျင်းပြုံးလိုက်သည်။
ရှန်းချူးချူးသည် လက်ထဲရှိကော်ဖီကိုမွှေလျက် ကူကယ်ရာမဲ့သောအသံဖြင့်" ငါကျောင်းတုန်းက သူ့ကို အရမ်းကြောက်တာ၊ ဒါပေမယ့် သူ အမြဲတမ်း ငါ့နာမည်ကိုခေါ်တာ၊ သူ့အတန်းက ဗုဒ္ဓဟူးနေ့တိုင်ရှိတော့ ငါတောင် ကံဆိုးသောဗုဒ္ဓဟူးဆိုပြီး ခေါ်သေးတယ်"
ဝမ်ကျင်း တချက်ရယ်ပြန်သည်။
"ဆောရီး ဆောရီး.. ငါ နင်ကျောင်းတုန်းက ဘယ်လိုကျောင်းသားလဲဆိုတာ မေ့သွားလို့။"
ရှန်းချူးချူးသည် မျက်နှာကိုလက်ဖြင့်အုပ်လျက်
"ဝမ်းနည်းစရာကောင်းတဲ့အတိတ်ကို ထပ်ပြောမနေနဲ့တော့၊ ငါသတင်းတွေ ဆိုးမှာကိုမကြောက်ပေမဲ့ ပရော်ဖက်ဆာဝမ်ရဲ့အင်တာဗျူးကိုမြင်လိုက်ရတော့ Weibo ထဲတောင် မဝင်ရဲတော့ဘူး။ နှစ်တွေကြာသွားပေမဲ့ ကြောက်တာက ကြောက်တာပဲ"
ဝမ်ကျင်း: "မကြောက်နဲ့တော့ မကြောက်နဲ့တော့၊ ငါတို့ အခုဘွဲ့ရပြီးပြီပဲ၊ တခြားစတားတွေသာဆိုရင် ဒီလိုနာ မည်ကြီးတက္ကသိုလ်ကနေဘွဲ့ရလို့ ကြွားဝါနေကြမှာ၊ နင်ကတော့ ကြောက်နေတယ်"
"တက္ကသိုလ်ထဲမှာ ငါ့ကျောင်းက အမှတ်ပိုမပေးဘူး၊ အဲဒီအချိန်မှာ ငါ တကယ်ကြောက်ခဲ့တာ၊ ငါ့အတွက် အရိပ်မဲကြီးလိုပဲ၊ ငါမကြာသေးခင်ကမှ ဘယ်လိုဖြစ်မှန်းမသိပေမဲ့ တက္ကသိုလ်တုန်းကအကြောင်းတွေကို အိမ်မက်မက်တယ်၊ အိမ်မက်ထဲမှာ ငါ အမြဲတမ်းစာမေးပွဲပဲဖြေနေရတာ"
"နင် ဖိအားများသွားလို့လား ? အနားယူချင်လား ?"
"ကံကောင်းထောက်မစွာနဲ့ ငါ့မှာ ဖိအားမရှိဘူး၊ အခုတလော ငါ ရိုက်စရာဒရာမာမရှိသေးလို့လေ၊ ရှိတဲ့ တစ်ခုကလည်း ကြော်ငြာပဲ၊ "First Love" နဲ့ "Love and Marriage"ကိုလည်း ထုတ်လွှင့်တော့မှာမို့လို့လေ"
ဝမ်ကျင်း အံ့အားသင့်သွားသည်- " 'Love and Marriage'က တစ်နှစ်ကျော်လောက်ရှိပြီဆိုပေမဲ့ "First Love"က သိပ်မကြာခင်မှ ရိုက်ပြီးတာမဟုတ်လား"
ရှန်းချူးချူး ခေါင်းယမ်းလိုက်ပြီး "အဓိကကတော့ ဒါရိုက်တာပြောတာက တည်းဖြတ်ရတာရိုးရှင်းလို့တဲ့၊ ပြီးတော့ နွေရာသီစာရင်းကို အမီလိုက်နိုင်ဖို့လေ၊ အဲ့တာကြောင့် နောက်လထဲ ထုတ်လွှင့်မယ်လို့ခန့်မှန်းရတာပဲ"
"အင်း၊ ပြီးတော့ လူတွေက နင့် ခင်ပွန်းကို ရိပ်မိနေပြီဆိုတော့ ၀န်မခံဘူးလား ?" ဝမ်ကျင်း မေးလိုက်သည်။
ရှန်းချူးချူး ခဏလောက်စဉ်းစားပြီး "ကံစီမံရာပေါ့"
ရှန်းချူးချူး ဝမ်ကျင်းနှင့် ခွဲခွာပြီးနောက် ကုမ္ပဏီသို့ သွားလိုက်သည်။
"ချူးချူး နင်ရဲ့ဘွဲ့ရကျောင်းအကြောင်းတွေကို အင်တာနက်မှာ အတည်ပြုဖို့ပို့စ်တစ်ခုတင်လိုက်၊ ပါမောက္ခကိုပါ ကျေးဇူးတင်ဖို့မမေ့နဲ့၊ သူက နင် တော်၀င်တက္ကသိုလ်ရဲ့ ဘွဲ့ရကျောင်းသူဖြစ်တယ်ဆိုတာကို အတည်ပြုပေးခဲ့တာ" ဟု ချန်းရှီလီ ပြောလိုက်သည်။
ရှန်းချူးချူးလည်း ခေါင်းညိတ်လိုက်သည်။
"ဒါက နောက်ကျရင်လုပ်ရမဲ့ ကြော်ငြာပဲ၊ တီဗီဒရာမာနဲ့ ရုပ်ရှင်ရဲ့ကြော်ငြာတာတွေက တစ်ချိန်ထဲမှာဖြစ်လို့ ပိုများလိမ့်မယ်၊ ငါ့အထင် နင့်မှာတော့ လာမယ့်နှစ်လအတွင်း အချိန်တောင်လုရမယ်နဲ့တူတယ်"
"အများကြီးပဲ"
ရှန်းချူးချူးသည် လုပ်ရမည့်ကြော်ငြာများကိုကြည့်ကာ အနည်းငယ် မူးဝေသွားသည်။
"ဒါကနည်းနည်းများပေမဲ့၊ နောက်ခြောက်လလောက်ကြာရင် နင် ဒါတွေ မလိုတော့ဘူး၊ ဒါကြောင့် ဒီဟာပြီးရင် နင် တစ်နှစ်ခွဲလောက် ဇာတ်လမ်းမရိုက်ပဲနေလို့ရတယ်၊ အဲ့ကျရင် သတိထားရမှာတွေတော့ ရှိတာပေါ့"
ရှန်းချူးချူး ကြားသည့်အခါ သူ(မ)မျက်လုံးများ တောက်ပလာပြီး ကျေးဇူးတင်ပါတယ် ကျဲ"
ရှန်းချူးချူး အိမ်ပြန်ရောက်ပြီးနောက် Weiboကိုဖွင့်ကာ အွန်လိုင်းပေါ်ရှိပို့စ်များကို ၀င်ကြည့်လိုက်သည်။
ထိုစဉ် ဝမ်ကျင်း သူ(မ)နောက်သို့ လိုက်လာသည့်ပုံကို တွေ့လိုက်ရသည်။
#ရှန်းချူးချူး စျေးဝယ်ထွက်ခြင်း
ကံကောင်းထောက်မစွာ ဝမ်ကျင်း၏မျက်နှာတို့သည် ဝါးထားသောကြောင့် ပြဿနာများကိုရှောင်ပြီးဖြစ်သွားသည်။ မီဒီယာလောကတွင် စတားကိုယ်တိုင်သာမထုတ် ဖော်သ၍ စတား၏ဆွေမျိုးများနှင့် သူငယ်ချင်းများ၏ ဓာတ်ပုံများကိုတင်ခွင့်မပေးခြင်းဟူသည်မှာ ထုတ်ဖော်မပြထားသောစည်းမျဉ်းတစ်ခုဖြစ်သည်။
ဤဓာတ်ပုံများသည် ယနေ့အတွက်သာမဟုတ်ချေ။ ၎င်းတို့သည် သူ(မ)နှင့်ဝမ်ကျင်းတို့ ကော်ဖီအတူသောက်ခဲ့သည့် ဓာတ်ပုံများကိုလည်းဖယ်ရှားထားခဲ့သည်။ ထိုသည်မှာ အသုံးလည်းမ၀င်သောကြောင့် ဓာတ်ပုံရိုက်ထားမိလျှင်ပင် မတင်ခဲ့ကြချေ။
ဖျော်ဖြေရေးလောကသည် အသေးအဖွဲမဟုတ် V- ရှောင်ပျန့်ရဲ့စုံစမ်းစစ်ဆေးမှုအရ ရှန်းချူးချူးနဲ့ ဈေးဝယ်ထွက်လာတဲ့ သူငယ်ချင်းက ရှန်းချူးချူးနဲ့ ကျောင်းအတူတူဖြစ်ပြီး အခုတော်၀င်မြို့မှာ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ အလုပ်လုပ်နေတယ်၊ လူတိုင်းက ပညာရေးအရည်အချင်းတွေကိုပဲ အလွန်အကျွံအာရုံစိုက်နေကြတာမဟုတ်ဘူး၊ ဒါပေမယ့် မင်းကျောင်းက မင်းရဲ့အဆင့်ကို ဆုံးဖြတ်တယ်ဆိုသလိုပဲ စာဂျပိုးသူငယ်ချင်းမှာ စာဂျပိုးရှိတယ်ဆိုသလိုပဲ ရွယ်ပါ့ရဲ့သူငယ်ချင်းတွေကလည်း သင်ယူခြင်းနတ်ဘုရားတွေပဲနဲ့တူတယ် [ပုံ] [ပုံ] [ပုံ]
"နတ်ဘုရားရယ်! ငါ့ ပဲစေ့လေးကိုချစ်တယ်၊ငါ့မှာ ဘယ် လောက်အမြင်ကောင်းရှိလဲဆိုတာ ကြာလေသိလေပဲ [(≧▽≦)]"
ရှန်းချူးချူး Fandom က ပဲစေ့ ထင်ပါရဲ့
"ဒီတစ်ခါတော့ ငါ့ မားမားတောင် ငါ့ အချစ်ဆုံးစတားကို မေးလာရင် ရှန်းချူးချူးလို့ ရဲရဲ၀င့်၀င့်ဖြေလို့ရပြီ၊ ဘာလို့ဆို ငါတို့မိသားစုက ကလေးလေးက တော်၀င်တက္ကသိုက်ကနေဘွဲ့ရထားတာလေ! ငါလည်း ပဲစေ့မို့လို့ ငါ့ဘဝရဲ့ ရည်မှန်းချက်တွေကို ကမ္ဘာကိုချပြချင်တယ် [( ꈍᴗꈍ)]
"ရုတ်တရက် ငါ တွေးမိလိုက်တာ ရှန်းချူးချူးက အနု ပညာလောကထဲမ၀င်ရင်တောင် သူ(မ)က လူ့အဖွဲ့ အ စည်းမှာထိပ်တန်းရပ်နေတဲ့သူ တစ်ယောက်ဖြစ်နိုင်တယ်၊ ဒါ ဘဝကိုအောင်နိုင်ခြင်းပဲ! အရာအားလုံးကောင်းမွန်စွာ ပြီးမြောက်သွားတယ်၊ သူ(မ)ရဲ့အရည်အချင်းတစ်၀က်ကနဲ့ ကျန်တဲ့စတားတွေကိုအလဲထိုးနိုင်တယ်"
"အခု ငါ့ကိုရှန်းချူးချူးရဲ့ခင်ပွန်းက ဟန်ရှင်းယန်လို့ပြောပြရင်တောင် လုံးဝအံ့သြမှာမဟုတ်ဘူး၊ သူ(မ)က ကဏ္ဍပေါင်းစုံမှာ ဒီလောက်တော်တာ၊ ငါကတော့ ဟန်ရှင်းယန်ကသာ ရတနာလေးရခဲ့တာလို့ထင်တယ်"
ရှန်းချူးချူးသည် Weibo ရှိသတင်းကိုမြင်ပြီး ဝမ်ကျင်းထံ စာအမြန်ပို့ခဲ့သည်။ ဝမ်ကျင်းသည် စိတ်ထဲမရှိသည့်အပြင် ပျော်ပင်ပျော်နေသေးသည်။
"ငါ့မျက်နှာမှာ အဆီတွေပြန်နေတာ နင်သိလား၊ တော်ပါသေးရဲ့ မျက်နှာမပါသွားလို့"
ရှန်းချူးချူးသည် ဝမ်ကျင်းဂရုမစိုက်သည်ကိုမြင်တော့ ပို့စ်တစ်ခုတင်လိုက်သည်။
ရှန်းချူးချူးV: ပရော်ဖက်ဆာဝမ်က ကျွန်မကို မှတ်မိနေသေးတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်၊ ငါ ကျိန်ဆိုကျိန်တယ်၊ ငါ သူ့ဘာသာတစ်ခုထဲမှာပဲ လက်မြှောက်ရတာ [မျက်နှာဖုံးထားတဲ့.emoji]