← Chapters

အခေါင်းထဲက အသက်ရှင်နေတဲ့ လူ

Vol. 16 Ch. 211

အခေါင်းထဲက အသက်ရှင်နေတဲ့ လူ

Vol. 16 Ch. 211

"ငါမသိဘူး...ငါ သူ့ကိုထူလိုက်တဲ့ အချိန်မှာ သူ့မျက်နှာတစ်ခုလုံး သွေးတွေ စီးနေတာကို တွေ့လိုက်ရတယ်"

"ငါမကြည့်မိခဲ့ဘူး၊ ငါဂရုမစိုက်ခဲ့လိုက်ဘူး"

"ဂရုမစိုက်လိုက်တာနဲ့ ကိစ္စတွေက ပြီးသွားမယ်လို့မထင်လိုက်နဲ့။ မတော်တဆ တိုက်မိတာမှန်တယ်၊ ဒါပေမယ့် လူတစ်ယောက်သေသွားပြီလေ။ သူ့အလောင်းကို ဘာလို့ဝှက်ထားတာလဲ? သူသေဆုံးရတာလည်း မတရားသဖြင့် သေလိုက်ရတာ၊ အဲ့တာကို မင်းက သူ့အလောင်းကိုပါ ဖျောက်လိုက်တာဆိုတော့ သူမင်းဆီ မလာနိုင်ဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ?"

ကျန်းရီရဲ့ အသံက အလွန် အေးစက်နေခဲ့သည်။ ရှောင်ဝူက ကြမ်းပြင်ပေါ်လဲကျနေပြီး ငေးငိုင်စွာနဲ့ "ငါတကယ်မရည်ရွယ်ခဲ့ပါဘူး... ငါ... ငါ ကြောက်နေခဲ့လို့ပါ"

"လူတိုင်းကြောက်မှာပဲ။ မင်းအသက်က နှစ်ဆယ်ကျော်နေပြီ၊ အရွယ်ရောက်ပြီးသား လူငယ်တစ်ယောက်ဖြစ်နေပြီ။ ဒါမျိုးကြုံရင် ရှောင်ပြေးမယ့်အစား ထိပ်တိုက် ရင်ဆိုင်ရမှာ"

"အထူးသဖြင့် ဒီခေတ်ကြီးမှာ... မင်းတကယ် ပြေးရှောင်နိုင်မယ်လို့ ထင်လား? တစ်ရက်၊ နှစ်ရက်၊ တစ်လ၊ နှစ်လတော့ လွတ်အုံးမှာပေါ့၊ ဒါပေမယ့် ဒီထက်ပိုကြာရင်ရော? လူ့အသက်တစ်ခုက ဘယ်တော့မှ အလဟဿ မဖြစ်နိုင်ဘူး။ မင်းရဲ့အမှားကြောင့် ဘယ်နှစ်ယောက် ထပ်​ပြီး သေဆုံးရအုံးမှာလဲ?"

"လောင်ကျန်း၊ လောင့လူ၊ ရှောင်ကျန်း မင်းတို့သူဌေးသာ စိတ်ထားမကောင်းပဲနဲ့ မကူညီတက်တဲ့ သူဆိုရင် သူအခုထိ အသက်ရှိနေမှာတောင် မဟုတ်ဘူး။ ဒီအတွက် မင်းကိုယ်တိုင်လည်း အသက်ပေးခဲ့ရတယ်!"

ကျန်းရီပြောလိုက်တော့ ရှောင်ဝူ ငိုလိုက်ခဲ့သည်။

ဒါပေမယ့် ငိုနေရင်းနဲ့ပဲ ရှောင်ဝူက ရုတ်တရက်ခေါင်းမော့လိုက်ပြီး မျက်နှာမှာ အမျက်ဒေါသတွေဖြင့်ပြောလိုက်သည် - "ဒါဆို သူဘာလို့ လူတွေအများကြီး သတ်ခဲ့ရတာလဲ? အပြစ်ရှိသူက ငါတစ်ယောက်တည်းဆိုရင် ငါ့ကိုပဲ လာတုံ့ပြန်ရမှာပေါ့! ဘာလို့ လောင်ကျန်း၊ လောင်လူ နဲ့ ရှောင်ကျန်းတို့ကိုပါ သတ်ခဲ့ရတာလဲ?!"

"သူ့ကိစ္စက သူနဲ့ ဆိုင်တယ်၊ မင်းကိစ္စက မင်းနဲ့ပဲ ဆိုင်တယ်၊ သူဘာလုပ်လုပ် မင်းရဲ့အပြစ်ကို ဖျောက်လို့မရဘူး။ ဒါကြောင့် မင်း ငါပြောတာကို နားလည်တယ် မလား?"

"နားလည်ပါတယ်..."

"ဒါဆို မင်းအမေနဲ့ နောက်ဆုံးအတူရှိနေဖို့ အချိန်ပေးမယ်။ ၅ မိနစ်အတွင်း မစ္စတာဝမ် မင်းကားမောင်းပြီး ရှောင်ဝူအိမ်ကိုသွား။ ပြီးရင် ရှောင်ဝူကိုယ်တိုင်ကားမောင်းစေပြီး မတော်တဆ ဖြစ်ခဲ့တဲ့နေရာကိုသွားလိုက်"

"ကောင်းပါပြီ"

မစ္စတာဝမ်လည်း အရာအားလုံးကို နားလည်နေပြီဖြစ်သည်။ သူကိုယ်တိုင်လည်း ဒီကိစ္စနဲ့ သက်ဆိုင်နေသော်လည်း ဘာကြောင့် အပြစ်မရှိတဲ့ သူတွေအများကြီး သေဆုံးရတာလဲဆိုတာကိုတော့ နားမလည်နိုင်သေးပါဘူး။

ရှောင်ဝူရဲ့ အိမ်အနီးကိုရောက်သွားတဲ့အခါ သူက အရင်ကတည်းက စောင့်နေပြီးသား ဖြစ်နေခဲ့သည်။

မစ္စတာဝမ်က နောက်ခုံမှာထိုင်နေပြီး အရက်မူးတုန်းကလိုပဲ ဖြစ်နေသည်။

သွေးရောင်မရှိဘဲ သေသွားပြီ ဖြစ်တဲ့ ရှောင်ဝူက ကားမောင်းခုံမှာထိုင်ပြီး အဲ့ဒီည မတော်တဆဖြစ်ခဲ့တဲ့လမ်းဆီကို တဖြည်းဖြည်း မောင်းနှင်လာခဲ့သည်။

နောက်ဆုံး ရောက်သွားတဲ့အခါ ရှောင်ဝူက မစ္စတာဝမ်ကို လှည့်ကြည့်လိုက်တယ်။

သူ့မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်က မစ္စတာဝမ်ကို ထိတ်လန့်စေပြီး ရှုပ်ထွေးစွာ ခံစားရစေခဲ့သည်။

"သူဌေး... ရောက်ပါပြီ" ရှောင်ဝူရဲ့ အသံက နူးညံ့သိမ်မွေ့နေသည်။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ စကားပြောနေတဲ့ ရှောင်ဝူရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး...

"မင်းသေချင်နေတာပဲ!"

ကားအပြင်ဘက်က အေးစက်တဲ့အသံက ရေခဲဂူထဲက ထွက်လာသလို ဖြစ်နေခဲ့သည်။

ရှောင်ဝူ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ထို့နောက် ကျန်းရီက မစ္စတာဝမ် ကို အောက်ဆင်းဖို့ ပြောလိုက်သည်။

“ မင်းက သတ္တိတွေ ကောင်းလှချည်းလား”

ကျန်းရီရဲ့ အသံ ထွက်လာတာနဲ့ သရဲမျက်လုံးနဲ့ သူက ရှောင်ဝူရဲ့ ဝိဉာဉ်ကို ဖြတ်စီးဖို့ လုပ်နေတာကို ရပ်လိုက်ရသည်။

ကျန်းရီကို မြင်လိုက်တဲ့ အချိန်မှာ သူ့စိတ်ထဲမှာ တစ်ခုခုခံစားရပြီး အမှား မလုပ်ရဲတော့ပေ။ ဒါပေမယ့် သူက အံ့ကို ကြိတ်ပြီး အော်လိုက်တယ် -

"သူငါ့ကို သတ်ခဲ့တာ... ငါ လက်တုန့်မပြန်ရဘူးလား?!"

"အပြစ်ရှိသူနဲ့ အပြစ်ခံသူက သီးသန့်ရှိတယ်။ မင်းက သူ့ တစ်ယောက်တည်းကိုပဲ လက်တုန့်ပြန်ပြီး ငရဲကို ဆင်းသွားရင်တောင် အောက်ကလူတွေက ဒါကို ဂရုစိုက်မှာ မဟုတ်ဘူး၊ ဒါပေမယ့်... မင်းလက်ထဲမှာ လူဘယ်နှစ်ယောက် သေဆုံးပြီးပြီလဲ?"

"သူတို့အားလုံးက သေဖို့ထိုက်တဲ့ သူတွေပဲ! အထူးသဖြင့် ဒီကောင်ပဲ... သူ့အလုပ်သမားတွေထဲက တစ်ယောက်က ငါ့ကိုသတ်ခဲ့တာသိရက်နဲ့ ကာကွယ်ဖို့ ကြိုးစားနေတယ်။ အံ့သြဖို့ကောင်းလိုက်တာ မင်းရဲ့ အလုပ်သမားတွေကို ကာကွယ်ချင်တယ်ပေါ့ ကောင်းပြီလေ မင်းလူတွေအကုန်လုံးကို ငါ တစ်ယောက်ချင်းစီသတ်ပစ်မယ်... ဟီးး..ဟီးး..!"

သရဲမျက်လုံးနဲ့ လူက အလွန်ကို မောက်မာနေခဲ့သည်။ မစ္စတာဝမ်က ဒါကို မြင်တဲ့အခါ စကားပြောဖို့ ပါးစပ် ဖွင့်လိုက်သော်လည်း ပြောမယ့်စကားကို ပြန်လည်မျိုချလိုက်သည်။

ကုမ္ပဏီကြီးတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ အနေနဲ့ မစ္စတာဝမ်ဟာ စာနာစိတ် တစ်ခုတည်း ရှိတဲ့သူ တစ်ယောက် မဟုတ်ပါဘူး။

သူက ရှင်းရှင်းလင်းလင်း သိမြင်နိုင်တဲ့ သူဖြစ်ပြီး ဒါကြောင့် အေးစက်တဲ့အသံနဲ့ ပြန်ပြောလိုက်သည် - "သူမတော်တဆ တိုက်မိတာခဲ့ကို ငါသိခဲ့လား မသိခဲ့လားဆိုတာထက်... ငါသိခဲ့ရင်တောင် သူ့ကို ရဲစခန်းကိုပို့ပစ်မှာပဲ။ ဘာလုပ်ရမလဲဆိုတာကို တရားဥပဒေက ဆုံးဖြတ်ပေးပါလိမ့်မယ်"

"ဒါ့အပြင်ကိုမှ... ရှောင်ဝူက တမင်သက်သက် တိုက်ခဲ့တာ မဟုတ်ဘူးဆိုတာကို ငါအပြည့်အဝ ယုံကြည်တယ်။ သူ့အမှားက သူ့အမှားပဲ... ဒါပေမယ့် အခြားသူတွေက ဘာအမှားမှ မလုပ်ခဲ့ကြဘူး!"

"မင်းကိုမင်း ဘာကောင်ထင်နေတာလဲ? ငါ့ကို ဒါတွေ လာပြောရအောင်!"

သရဲမျက်စိလူကက အေးစက်စွာ အော်လိုက်သည်။ ကျန်းရီက ဒါတွေကို တည်ငြိမ်စွာ ကြည့်နေပြီးမေးလိုက်တယ် - "မင်းခုနက ပြောတာကို ပြန်ပြောစမ်းပါဦး?"

"ငါသေပြီ... ငါ့အသက်က မရှိတော့ဘူး သူတို့ကိုဘာလို့ ဂရုစိုက်နေ ရမှာလဲ!"

"မင်းက မင်း ကိုယ်တိုင်အတွေးထဲမှာ နစ်မြုပ်နေပြီး လွတ်မြောက်အောင် မလုပ်နိုင်ဘူးဆိုတာ ထင်ရှားနေပြီ။ မင်းနဲ့ဆက်ပြောနေရင် အချိန်ဖြုန်းရုံပဲ"

ကျန်းရီက ရှောင်ဝူနဲ့ သရဲမျက်စိလူကို ငရဲကို ပို့လိုက်ဖို့ ပြင်နေတဲ့အချိန်မှာ သရဲမျက်စိလူက ရုတ်တရက် အော်လိုက်သည် -

"ဖုန်းမှာပြဿနာရှိတယ်... အဲဒီဖုန်းမှာ!"

"ဖုန်းက ဘယ်မှာလဲ?"

"တောထဲမှာ၊ အဲဒီဖုန်းထဲမှာ အရမ်းများတဲ့ အရာတွေရှိတယ်။ ငါဖွင့်ကြည့်တော့ တစ်စုံတစ်ယောက်ရဲ့ အသံသွင်းထားတာကို တွေ့ခဲ့ရတယ်။ ငါ့ကိုလွှတ်ပေးပါ...ငါ့ကို ခွင့်လွှတ်ပေးပါ!"

"ထွက်သွားစမ်း!"

ကျန်းရီက ​အေးစက်စွ ပြောလိုက်ပြီး လေတစ်ချက် တိုက်ခတ်လိုက်တာနဲ့ ရှောင်ဝူနဲ့ သရဲမျက်လုံးသူတို့ပါ ပျောက်ကွယ်သွားကြသည်။

ကျန်းရီရဲ့ ဆုံးဖြတ်ချက်ကို မြင်တော့ ကြည့်ရှုနေတဲ့ ပရိသတ်တွေခဗျာ အံ့အားသင့်နေကြဆဲဖြစ်သည်။

ဒါပေမယ့် သူတို့ သတိရလာတဲ့အခါမှာ တစ်ချို့ကြည့်ရှုသူတွေက - "စတွင်မာ မစ္စတာဝမ်ကို တောထဲ ဖုန်းရှာခိုင်းလိုက်ပါလား

"ဟုတ်တယ်... အဲဒီဖုန်းက တကယ့်ပြဿနာ ရှိနေတယ်ဆိုတာ သိသာနေပြီ။"

"မစ္စတာဝမ် တောထဲဝင်သွားပြီး ဖုန်းကိုယူလိုက်ပါ"

"ဟုတ်ကဲ့... ကျွန်တော်လုပ်လိုက်ပါ့မယ်"

မစ္စတာဝမ်က အခုအချိန်မှာ ကျန်းရီကို အထင်ကြီးလေးစားနေပြီဖြစ်သည်။ တောထဲဝင်သွားပြီး ကျန်းရီ ညွှန်ကြားတဲ့အတိုင်း အရွက်တွေအောက်က ဖုန်းဟောင်းတစ်လုံးကို မြန်မြန်ဆန်ဆန် ရှာတွေ့လိုက်သည်။

ဒါပေမယ့်ဖုန်းကို ဖွင့်ကြည့်တဲ့ အခါမှာ စခရင်က လင်းမလာတော့ဘဲ အနီရောင် မျက်စိတစ်စုံသာ ပေါ်လာခဲ့သည်။

"ကားထဲမှာ ကွန်ပျူတာနဲ့ ကဒ်ဖတ်တဲ့ စက် ရှိတယ်!"

"ဒီဖုန်းဟောင်းမှာ မာမိုရီ ကဒ်ပါတယ်... မစ္စတာဝမ် ကွန်ပျူတာနဲ့ စမ်းကြည့်လိုက်ပါ"

ကျန်းရီပြောတဲ့အတိုင်း မစ္စတာဝမ်က ကားထဲပြန်သွားပြီး ဖုန်းကိုဖြုတ်ကာ မာမိုရီကဒ်ထည့်လိုက်ပြီး ဖိုင်တွဲတွေကို ဖွင့်လိုက်သည်။

ထင်ထားတဲ့အတိုင်းပဲ... အသံဖိုင်တွေ အများကြီး ရှိနေခဲ့သည်!

ကျန်းရီညွှန်ကြားတဲ့အတိုင်း မစ္စတာဝမ်က ပထမဆုံးအသံဖိုင်ကိုဖွင့်လိုက်သည်...

"ဟိုင်း...၊ အခုက ၂၀၀၉ ခုနှစ်ရဲ့ နှစ်ဆန်း တစ်ရက်နေ့ပါ။

ကျွန်တော့်နာမည်က လင်းကွမ်ပါ... ကျီရှန်းမြို့ ချင်ဖုန်းခရိုင် လင်းရှန်ရွာကပါ။

ကျွန်တော် ထွက်လို့ မရခဲ့ဘူး...

အဖေကတော့ တောင်တွေတစ်လျှောက် ကျွန်တော့်ကို လိုက်ရှာနေလိမ့်မယ်... ကျွန်တော့် မိသားစုလည်း ငါ့ကြောင့် ဒီနှစ်ဆန်းညမှာ မပျော်နိုင်ဘဲ ဝမ်းနည်းနေကြမှာပဲ..."

“ဒါပေမယ့် ငါဘယ်လို ထွက်လာရမှန်းမသိဘူး။ ဒီ အခေါင်းက တော်တော်လေးကို ကျဥ်းနေတယ်။ ပြီးတော့ အထဲကလူကလည်း လှုပ်နေတယ်။ ဟော..အခု ထပ်လှုပ်နေပြန်ပြီ!”

All Chapters