ဂူသချိုင်းထဲ ဝင်ပြီးနောက်
Vol. 16 Ch. 212
ကျန်းရီ က သရဲ့မျက်လုံးလူအား ငရဲကို မပို့ခင်၊ ထိုသူသည် တမင်တကာ ဖုန်းအကြောင်းကို ပြောခဲ့သည်။
ဖုန်းထဲက ဖွင့်လိုက်သော အသံသွင်းဖိုင် တစ်ခုတွင် လင်းကွမ် အမည်ရှိသူက ၂၀၀၉ ခုနှစ်က ထိုအသံများကို သွင်းခဲ့တာ ဖြစ်သည်။
တနည်းဆိုရလျှင်၊ အသံ သွင်းထားတာတွေက ဆယ်နှစ် ကြာပြီဖြစ်သည်။
ဆယ်နှစ်တိုင်တိုင်... သူက အုတ်ဂူထဲမှာ ကျဉ်းလွန်းတယ်၊ အတွင်းက လူတွေက လှုပ်နေတယ်လို့ ပြောခဲ့သည်။
သူကိုယ်တိုင်က ဂူထဲမှာလား။
ဒါပေမယ့် သူ့ဖခင်က တောင်တွေ၊ လွင်ပြင်တွေမှာ သူ့ကို ရှာနေတယ်လို့လည်း ဆိုခဲ့သည်။ ရှာနေတယ်ဆိုတော့ သူ မတော်တဆ ဂူထဲဝင်သွားတာကို ပြောနေတာဖြစ်နိုင်တယ်။
ဒီအသံသွင်းထားမှုမှာ အဖိုးတန်တဲ့ အချက်အလက် သိပ်မများပေ၊ ဒါ့အပြင် လောင်ကော် နှင့် မစ္စတာဝမ်တို့ရှိရာ ဒေါင်းဟိုင် မြို့နှင့် ကျီရှမ်း မြို့ကလည်း အတော် ဝေးကွာလှသည်။
ဒီဖုန်းက ကီလိုမီတာရာချီဝေးသော ဒေါင်ဟိုင်း မြို့ကို ဘာကြောင့် ရောက်နေရတာလဲ?
ကျန်းရီက သရဲမျက်လုံးလူ ပေါ်လာချိန်ကတည်းက သူ့စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာကို ခံစားမိသည်။
သူပျောက်ကွယ်သွားချိန်မှာလည်း ဖုန်းက သာမာန်မဟုတ်ကြောင်း ကျန်းရီ ကို သတိပေးခဲ့သည်။
တနည်းဆိုရလျှင်၊ သရဲမျက်စိလူက ထိုညက ကားတိုက်မှုဖြစ်ပြီး ဖုန်းကိုလည်း ကောက်ယူခဲ့တာလား?
ကျန်းရီ၏ အချက်ပြမှုဖြင့် မစ္စတာဝမ်က အခြားအသံသွင်းချက်တစ်ခုကို ဖွင့်လိုက်သည်။
သူက ကားထဲထိုင်နေပြီး၊ ကားအတွင်း အလင်းမှိန်နေကာ ပတ်ဝန်းကျင်မှာလည်း မှောင်နေခဲ့သည်။
ဒီကားကလွဲလို့ လမ်းပေါ်မှာ အခြားသူမရှိ။
"...."
အစမှာ တစ်ယောက်ယောက်က မီးခြစ် ခြစ်လိုက်သည်။
"ဟူး…"
ဆေးလိပ်ရှူနေသံ ကြားရပြီး၊ သူရှူသွင်းသည့် အသံက တဖြည်းဖြည်း ရှည်လာပြီး တုန်ယင်နေသည်။
"ထူးဆန်းတယ်၊ တကယ်ကို ထူးဆန်းတယ်။ ငါ့ခန္ဓာကိုယ်မှာလည်း ဘာမှ မပျောက်နေဘူး။ ငါက ထူထဲတဲ့ စောင်နှီးပေါ်မှာ လှဲနေရတယ်၊ စောင်နှီးအောက်မှာ လူခန္ဓာကိုယ်ရဲ့ အထိအတွေ့ကိုလည်း ခံစားနေရတယ်"
"ဒါပေမယ့် ဘယ်သူက ငါ့ကို လာကယ်မှာလဲ? ဘယ်သူမှမကယ်နိုင်ဘူး။ အဖေက အမြဲပြောတယ်၊ ယောက်ျားဆိုတာ အန္တရာယ်နဲ့ရင်ဆိုင်ရင် အေးဆေး တည်ငြိမ်တဲ့ သတ္တိရှိရမယ်တဲ့။ ဘယ်လောက်ပဲကြောက်နေပါစေ၊ ဘာဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ် ရှိနေရမယ်၊ ဒါပေမယ့် ငါက အခုချိန် ဘယ်လိုမျိုး အေးဆေးတည်ငြိမ် နေနိုင်မှာလဲ!"
"ငါ သေဆုံးမယ့်အခြေအနေမျိုးစုံကို တွေးခဲ့ဖူးတယ်၊ ဒါပေမယ့် ဒီလိုနည်းနဲ့ အဆုံးသတ်မယ်လို့ တစ်ခါမှမတွေးဖူးဘူး! ငါ ဒီသချိုင်းဂူတွေဆီ လာခဲ့လို့လား? ငါ ဂူကျောက်စာ စာသားတွေကို စိတ်ဝင်စားပြီး အကြိမ်အနည်းငယ်ကြည့်မိလိုက်လို့လား?"
"ဒါတစ်ခုတည်းကြောင့် ငါ့ကို ဂူထဲဆွဲထည့်လိုက်တာလား? မင်းက လူလား၊ တစ္ဆေလား?"
"မင်းက ငါ့ကိုသေစေချင်တာလား? ကောင်းပြီလေ ငါ အခုပဲ ကိုယ့်ကိုယ်ကိုယ် အမြန်သေအောင် လုပ်နေတယ်။ ငါသေပြီး မင်းဆီ ရောက်မလာဖို့သာ ဆုတောင်းထား... မဟုတ်ရင် ငါ မင်းကို ဆွဲဖြဲမိမှာ!"
ဒီအသံသွင်းထားမှုဟာ မျှော်လင့်ချက် ကင်းမဲ့သူတစ်ဦးရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှု တစ်ခုလို ဖြစ်နေပေမယ့်၊ နောက်တစ်ခုကို ဖွင့်လိုက်တဲ့အခါ ကြားရတာက ညည်းတွားသံတွေ ဖြစ်နေခဲ့တယ်။
"ဝူး... ဝူး...ဝူး..."
"ငါ ဖုန်းထဲကို ရှိသမျှအရာအားလုံးကို အသံသွင်းထားချင်တယ်၊ တစ်နေ့ကျရင် တစ်ယောက်ယောက်က သိလာမယ်လို့ ယုံကြည်တယ်... ဟုတ်တယ်မလား?"
"ကျွန်တော့်နာမည်က လင်းကွမ် အလုပ်စဝင်တော့မယ့် ဘွဲ့ရလူငယ် တစ်ယောက်ပါ။ ဒီနှစ်ကုန်ခါနီးမှာ ကျွန်တော် အိမ်ကို ပုံမှန်ပဲ ပြန်လာခဲ့တယ်။ ဒီနေ့က နှစ်ဆန်းတစ်ရက်နေ့၊ ကျွန်တော် ကျွန်တော့်အဖေနဲ့အတူ တောင်ပေါ်ကို တက်ပြီး ဂူတွေကို သွားရောက်ပူဇော်ခဲ့တယ်"
"ကလေးဘဝတုန်းက နှစ်စဉ်နှစ်တိုင်း နှစ်ဆန်းတစ်ရက်ညနဲ့ ချင်းမင်ပွဲတော် နေ့တွေမှာ၊ ငါ တောင်ပေါ်က ဂူတချို့ကို အရမ်းစိတ်ဝင်စားခဲ့တယ်။
အဲဒီဂူတွေက ကျွန်တော့်အဖိုးဂူနဲ့ မီတာ ၅၀ လောက်ဝေးတဲ့နေရာမှာရှိတယ်။
ထင်းရှူးပင်ကြီးတချို့ဘေးမှာပေါ့။
တစ်နှစ်က ချင်းမင်နေ့မှာ ကျွန်တော် အဖေနဲ့အတူ အဖိုးဂူကို သွားခဲ့တယ်။
အဲဒီနှစ်က ချင်းမင်နေ့က တိမ်ထူတဲ့နေ့လေ။
အဖေက နံ့သာတိုင်တွေနဲ့ မီးပန်းတွေ ပြင်နေတုန်း ကျွန်တော် ပျင်းပြီး ဘေးကို ပြေးသွားခဲ့ရင်းနဲ့
ထင်းရှူးပင်တွေဆီ ရောက်သွားခဲ့တယ်"
"အဲဒီတုန်းက ငါ မြေစာပုံတချို့ကိုတွေ့ပြီး၊ အဲဒီမြေစာပုံအောက်မှာ အပေါက်သေးသေးလေး တစ်ခုရှိတာကိုလည်း သတိထားမိတယ်။
ငါ မြေပြင်ပေါ်လှဲပြီး အဲဒီအပေါက်ထဲကို ကြည့်လိုက်တယ်၊ အတွင်းက ဘာမှမမြင်ရဘူး၊ မှောင်နေတယ်။
ဒါပေမယ့် ငါက ရှုပ်ထွေးနေတုန်းပဲ။
သိချင်စိတ်နဲ့ ငါ ရှာကြည့်လိုက်တော့ ငါတို့ကျေးရွာက ဂူတိုင်းရဲ့ အောက်ခြေမှာ အပေါက်တစ်ခုရှိနေတာကို သိလိုက်ရတယ်။
အကြောင်းပြချက်ကိုတော့ မိသားစုထဲက လူကြီးတွေကို တစ်ခါမှမမေးဖူးဘူး၊ ဒါပေမယ့် တစ်ခါတစ်လေမြင်တိုင်း စပ်စုမိတယ်"
"အဲဒီတုန်းက အဖေက ငါ့ကို သတိမထားမိတဲ့အချိန်၊ စိတ်ထဲမှာ ဆန္ဒပြင်းပြလာပြီး ငါ လက်ထည့်လိုက်တယ်။
ဘာလို့လဲဆိုတော့ အခြားဂူတွေမှာ အပေါက်ရှိပေမယ့် ပိတ်ထားတာကို သတိထားမိလို့ပဲ။
ဒီဂူတွေကသာ အပေါက်ဖွင့်ထားတယ်။
ဒီဂူက မတူဘူးလို့ ကျွန်တော်ထင်တယ်၊ တိုက်ရိုက်ပဲ အတွင်းထဲကို ဆင်းသွားနိုင်တယ်"
"ကျွန်တော် ငယ်သေးတော့ ဘာမှမသိဘူး၊ ဒါနဲ့ လက်ထည့်လိုက်တယ်။ လက်ထည့်လိုက်တာနဲ့ အတွင်းက အရမ်းအေးတာကို ခံစားလိုက်ရတယ်။ အဲဒီနှစ်က ချင်းမင်နေ့မှာ နေက ပူနေတာဖြစ်လို့ အင်္ကျီတို ဝတ်ထားတာတောင် ငါ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးထသွားခဲ့တယ်"
"လက်ကို ပြန်ဆွဲထုတ်လိုက်တယ်၊ ဒါပေမယ့် နောက်ဆုံးမှာ မနေနိုင်ဘဲ ထပ်နှိုက်မိလိုက်တယ်။
ငါ အတွင်းထဲကို ပိုနက်နက် တိုးဝင်သွားတယ်။
အဲဒီတုန်းက ငါက အရမ်းရဲတယ်၊ လက်မောင်းမှာ အင်းဆက်ပိုးကောင်တွေ အများကြီးတက်နေတာတောင်။ မကြောက်သေးဘူး။
လက်ထက်ထည့်လို့ မရတော့တဲ့အချိန်မှာ၊ ငါ လက်ဝါးကိုဖြန့်ပြီး လက်မောင်းကို တောင့်ထားလိုက်တယ်"
"အတွင်းမှာ တကယ်အေးတယ်။ အဲဒီလို အေးစက်မှုမျိုးကို ဘယ်လို ရှင်းပြရမလဲတောင် မသိဘူး။ ပြောရရင် နွေပူပူမှာ ရေချိုးနေရင်း လေတိုက်လိုက်တဲ့အခါ တစ်ကိုယ်လုံး တုန်သွားသလိုမျိုးပဲ"
"ငါ လက်ဝါးကို အတွင်းမှာ လှုပ်လိုက်တယ်၊ ဒါပေမယ့် ရုတ်တရက် လက်ဝါးကို တစ်စုံတစ်ယောက်က ကုတ်လိုက်သလို ခံစားလိုက်ရတယ်"
"အဲဒီခံစားချက်ကို ရလိုက်တဲ့အချိန်မှာ ငါ လုံးဝမလှုပ်ရဲတော့ဘူး။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး၊ လက်ကို ချက်ချင်းမဆွဲထုတ်ဘဲ လက်ဝါးကိုဖြန့်ပြီး ငြိမ်နေလိုက်တယ်။ ခုနကခံစားချက်က တကယ်ဟုတ်မဟုတ် သိချင်လို့ပဲ"
"အဲဒီအချိန်မှာ ငါ ဘာအသံမှ မကြားရတော့ဘူး၊ အနီးအနားက ဖောက်နေတဲ့ မီးပန်းသံတောင် မကြားရတော့ဘူး။
ကမ္ဘာကြီးက တိတ်ဆိတ်သွားပြီး ကောင်းကင်ကလည်း ပိုမှောင်လာသလိုပဲ။
ငါ့လက်ဝါးက ဖြန့်ထားပြီး၊ ငါ့ ခန္ဓာကိုယ်ကလည်း မလှုပ်ချင်လို့လား၊ ဒါမှမဟုတ် မလှုပ်နိုင်လို့လား မသိဘူး။
ငါ့လက်ဝါးက တစ်ခုခုကို ခံစားနေရတယ်လို့ပဲ သိတယ်"
"တကယ်ပါ... လက်ချောင်းတစ်ချောင်းက ငါ့လက်ဝါးဆီ ဖြည်းဖြည်းချင်းချဉ်းလာပြီး၊ လက်ဝါးကို ဖွဖွလေးကုတ်လိုက်တယ်"
"လက်ဖဝါးကို တကယ်ပဲ လက်ချောင်းတစ်ချောင်းက ကုတ်လိုက်တာကို သေချာသိသွားတဲ့အခါ၊ ငါ ရုတ်တရက်တုန်လှုပ်သွားခဲ့တယ်။
ပတ်ဝန်းကျင်က အသံတွေ ပြန်ကြားလာပြီး၊ နောက်ဆုံးမီးပန်းတွေ ကျဆင်းသွားတယ်။
ငါ အရမ်းကြောက်သွားပြီး ငိုလိုက်တယ်။
အဖေက ဘာဖြစ်တာလဲလို့ သူပြေးလာပြီး ငါ့ကို ပြောလိုက်တယ်...
'ငါက လက်ကိုအပေါက်ထဲထည့်လိုက်တာ၊ တစ်ယောက်ယောက်က လက်ဝါးကို ကုတ်ခဲ့တယ်၊ နှစ်ခါတောင် ကုတ်တယ်!'"
"ငါ့အဖေက အရမ်း တင်းကြပ်တယ်၊ ငါက အဆော့မက်တတ်တယ်၊ သူက အဆော့မက်တက်တဲ့ ကလေးတွေကို လုံးဝ သည်းမခံချင်ဘူး။ ဒါနဲ့ အဲဒီတုန်းက ငါပြောတာကို အမှန်အမှားမစစ်တော့ဘဲ ငါ့ကို ရိုက်နှက်ပြီး အတင်း ဆွဲထုတ်လာခဲ့တယ်"
"ဟား...ဟား၊ ငါကလည်း သူ့ကို ကြောက်တယ်၊ ဒါနဲ့ တစ်ခါ ပြောပြီးတဲ့နောက် နောက်တစ်ခါ မပြောတော့ဘူး။
တစ်ညမှာ ငါ အိပ်ရာပေါ်လှဲအိပ်နေတုန်း ညအချိန်မှာ ရုတ်တရက်နိုးလာခဲ့တယ်။
ငါ အဖေ့ကို မြင်လိုက်ရတယ်။
သူက ဆီမီးအိမ်တစ်လုံးကိုကိုင်ထားတယ်။
ဟုတ်ပါတယ်...အဲ့အချိန်က ကျေးရွာတွေမှာ လျှပ်စစ်မီး အပြည့်အဝ မရသေးတဲ့အချိန်လေ။
အဖေက ဆီမီးအိမ်ကိုင်ပြီး အိပ်ရာဘေးမှာ ရပ်နေတယ်။
သူ့မျက်နှာက အရမ်းကို ထိတ်လန့်နေတဲ့ပုံ ပေါက်နေတယ်"