ဂူပေါ်က အမျိုးသမီး
Vol. 16 Ch. 213
တိုက်ရိုက်ထုတ်လွှင့်ခန်းသည် ထိုအချိန်တွင် အလွန်တိတ်ဆိတ်နေပြီး၊ လူသူမရှိသော လမ်းပေါ်က ကားလေးသည်လည်း လုံးဝ အထီးကျန် ဆန်နေခဲ့သည်။
မှိန်ဖျော့နေသော အလင်းရောင်က အသံသွင်းထားမှုကနေ လင်းကွမ်၏ဖခင် ကိုင်ထားသော မီးအိမ်နှင့်တူနေပြီး၊ ဖော်ပြ၍မရနိုင်သော ခံစားချက်မျိုး ဖြစ်စေသည်။
ကား၏ ရှေ့ဘက်၊ နောက်ဘက် သို့မဟုတ် ဘေးနှစ်ဖက်ကို မှိန်ဖျော့နေတဲ့ ကားမီးများဖြင့် ကြည့်လိုက်သည့်အခါ၊ ပတ်ပတ်လည်တွင် လူများစွာက တိတ်တဆိတ် ရပ်နေသည်ဟု အမြဲခံစားရစေသည်။
မစ္စတာဝမ်သည် အစက မကြောက်သော်လည်း၊ အသံသွင်းထားတာတွေကို နားထောင်ပြီး အဲ့ထဲက လူပြောသည့် ညနက်ချိန်တွင် သူ၏ဖခင် မီးအိမ်ကိုင်ထားသည်ဆိုသော အချက်ကို တွေးမိသောအခါ၊ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
သူ၏မှတ်ဉာဏ်က ကောင်းသေးလျှင်၊ သူ၏ဝမ်းကွဲအစ်ကိုသည်လည်း တစ်ခါက ညနက်ချိန်တွင် မီးအိမ်ကိုင်လျက် သူ့အိပ်ရာဘေးတွင် ရပ်နေသည်ကို သူမှတ်မိသည်။
ထိုအချိန်က သူ၏ဝမ်းကွဲအစ်ကိုသည် အလွန်ငယ်သေးပြီး၊ သူကိုယ်တိုင်ကလည်း အလွန်ငယ်သေးသည်။
ဝမ်းကွဲအစ်ကိုသည် လယ်ကွင်းထဲသို့ ထွက်ကာ ဖားတွေကို ဖမ်းခဲ့သည်။ သူက အလွန်လောဘကြီးတက်သည်။ ဒါပေမယ့် သူ၏ညီငယ်ကိုတော့ အမြဲသတိရသည်။
ဝမ်းကွဲအစ်ကိုသည် မီးအိမ်ကိုင်ထားပြီး၊ မှိန်ဖျော့သော အဝါရောင်အလင်းသည် သူ၏မျက်နှာပေါ်သို့ ကျရောက်နေသည်။ သူသည် ပြုံးလိုက်ကာ၊ ဆေးရွက်ကြီးကို အချိန်ကြာမြင့်စွာ သောက်ခြင်းကြောင့် မည်းနက်ဝါကျင့်နေသော သွားများကို ထုတ်ပြနေခဲ့သည်။
ထိုအချိန်က သူ၏မှတ်ဉာဏ်ထဲတွင် ပထမဆုံးအကြိမ် ဝမ်းကွဲအစ်ကိုကြောင့် ကြောက်ရွံ့ခဲ့ရသည့် အချိန်ဖြစ်သည်။ သူ၏လက်ထဲတွင် အလင်း ရှိနေသောကြောင့် မီးအိမ်ရဲ့ အလင်းတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေစဉ်၊ နံရံပေါ်တွင် သူ၏အရိပ်သည် အလွန် ကြီးမားနေသည်ကို တွေ့ရသည်။
သူက ပါးစပ်ဖွင့်ပြောလိုက်သည့်အခါ၊ ကိုယ်လက်လှုပ်ရှားသည့်အခါ၊ အရာရာသည် အလွန်ထိတ်လန့်ဖွယ် ကောင်းနေသည်။
မစ္စတာဝမ်သည် အသံမှတ်တမ်းထဲက လူ၏ ခံစားချက်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ခဲ့ပြီး၊ အသံမှတ်တမ်းထဲက လူကတော့ ဆက်ပြောနေဆဲဖြစ်သည်။
မာမိုရီကတ်က ဟောင်းနေလို့လား မသိ၊ အတွင်းမှ အစဉ်မပြတ် "ဂျီ..ဂျီ.." အသံများ ထွက်နေသည်။ ထိုအသံသည် အလွန်အနှောင့်အယှက်ဖြစ်စေပြီး၊ လင်းကွမ်၏ အသံသည် အနည်းငယ် ကြမ်းတမ်းလာသည်။
"ဟားဟား...ဟား...၊ ငါ...ငါ့အဖေက မီးအိမ်ကိုင်ပြီး ငါ့ကိုကြည့်နေခဲ့တယ်။ သူ့ပုံစံကို ငါကြောက်သွားတယ်။ ငါသူ့ကို မေးလိုက်တယ်၊ အဖေဘာလုပ်နေတာလဲ? ငါ့အဖေက ငါ့ကိုဆွဲထူလိုက်ပြီး မေးတယ်...ဟိုနေ့ မင်းတကယ်ပဲ သချိုင်းထဲကို လက်ထည့်ခဲ့တာလား?"
"ဘာကြောင့်လဲမသိ၊ ရက်အနည်းငယ် ကြာပြီးနောက် ငါ့အဖေက ထပ်မေးပြန်တယ်။ ဒါပေမယ့် ငါက ဟုတ်တယ်၊ ငါလက်ထည့်ခဲ့တယ်လို့ ပြန်ဖြေတယ်။ ငါ့အဖေက နောက်ထပ်မေးတယ်၊ နောက် ဘာတွေမြင်ခဲ့သေးလဲ?"
"ငါက ဘာမှမမြင်ဘူး၊ ငါ့လက်ကို နှစ်ခါလောက် အကုတ်ခံရတာလောက်ပဲလို့ ငါပြောလိုက်တယ်။ ငါ့အဖေ့မျက်နှာက အလွန်ပူပန်နေပြီး၊ သူ့နှာခေါင်းပေါ်မှာ ချွေးစက်လေးတွေ ထွက်နေတာ ငါမြင်လိုက်ရတယ်။ ငါသူ့ကိုမေးတယ် ဘာဖြစ်လို့လဲ၊ ငါ့အဖေက ရွာထဲက အဘွားလှိုင်က မရှိတော့ဘူးလို့ ပြောတယ်"
"အဘွားလှိုင်က တစ်ကိုယ်တည်း နေတဲ့ အဘွားအိုတစ်ဦးဖြစ်တယ်။
သူမရဲ့ ယောကျာ်းက အစောကြီး ကွယ်လွန်သွားခဲ့တယ်။
သူမရဲ့ သားနဲ့ သမီးတို့က ထိုအချိန်က အပြင်ထွက်ပြီး အလုပ်လုပ်နေကြပြီ၊
သူတို့က တစ်နှစ်မှ တစ်ကြိမ်လောက်ပဲ သူမကို ပြန်လည် ကြည့်ရှုလေ့ရှိတယ်။
ဒါကြောင့် အဘွားလှိုင်က သူမခင်ပွန်းရဲ့ တောင်ပေါ်က ဂူဆီသွားကာ ငိုကြွေးပြီး သူမရဲ့ သားနှင့်သမီး တို့ကို ဆဲဆိုလေ့ရှိတယ်”
"အဘွားလှိုင်သေဆုံးတဲ့ နေ့မှာလည်း သူမ ထိုနေရာကို သွားခဲ့တယ်။
သူမသည် နေ့လည်ခင်းမှာ သွားခဲ့တာ
ပြီးတော့ အဲ့ဒီ ည သန်းခေါင်လောက်မှာ သူမ သေဆုံးသွားခဲ့တယ်။
ငါ့အဖေပြောတာက အဘွားလှိုင်က တောင်ပေါ်ကနေ ပြေးဆင်းလာခဲ့တယ်တဲ့
ရွာထဲရောက်တာနဲ့ တောင်ပေါ်မှာ သရဲတွေရှိပြီး သူတို့က အဲ့ဒီ ဂူတွေပေါ်မှာ ထိုင်နေကြတယ်ဟု အော်ဟစ်ခဲ့တယ်!"
"လူတွေကလည်း သူမကို ဘယ်သူတွေက ဂူပေါ်ထိုင်နေတာလဲလို့ မေးကြတယ်။
အဘွားလှိုင်က သူမရဲ့ သမီးက ဂူပေါ်မှာ ထိုင်နေတယ်လို့ ပြောသည်။
သူမက အဖြူရောင် အဝတ်စားကို ဝတ်ထားပြီး၊ ဆံပင်တွေကိုလည်း ဖြန့်ကျဲထားသည်။
သူမက ဂူပေါ်မှာ လှုပ်လှုပ်ရှားရှား မရှိဘဲ ထိုင်နေခဲ့တယ်တဲ့။
လူတွေက အဘွားလှိုင်က သူတို့တွေကို ခြောက်နေတယ်လို့ပဲ ထင်ခဲ့ကြတယ်"
"ဒါပေမယ့် အဘွားလှိုင်က သူမ အမှန်တကယ် မြင်ခဲ့တာလို့ ပြောတယ်။
သူမက သူမခင်ပွန်းရဲ့ ဂူပေါ်မှာ ငိုကြွေးပြီး ပင်ပန်းနွမ်းနယ်ကာ မတော်တဆ အိပ်ပျော်သွားခဲ့တယ်
သူမနိုးလာတဲ့အခါ၊ တစ်စုံတစ်ဦးက သူမရဲ့နောက်ကနေ ကြည့်နေတယ်လို့ ခံစားလိုက်ရသည်။
အဘွားလှိုင်က လှည့်ကြည့်လိုက်တဲ့အခါ၊ ထိုဂူပေါ်မှာ ထိုအမျိုးသမီးကို တွေ့မြင်ခဲ့ရသည်။ အဖြူရောင် အဝတ်တွေက အလွန်ထင်ရှားနေပြီး၊ အနက်ရောင်ဆံပင်တွေက သူမရဲ့ မျက်နှာကို လုံးဝဖုံးကွယ်ထားသည်။
အဘွားလှိုင်က ထိုအမျိုးသမီး၏ပုံစံကို အကြိမ်ကြိမ်ပြောပြပြီးနောက် လူတွေရှေ့မှာပဲ လဲကျသွားခဲ့သည်။
သူမ လဲကျတာနဲ့ တစ်ပြိုင်နက်ပဲ သေဆုံး သွားခဲ့တယ်။
ငါ့အဖေလည်း အဲ့အချိန်မှာ အဲဒီနားမှာရှိနေတော့၊ ငါပြောတဲ့စကားကို ပြန်စဥ်းစားပြီး အပြေးပြန်လာခဲ့တယ်။
အဘွားလှိုင်ခင်ပွန်းရဲ့ ဂူက ထိုဂူတွေရဲ့ အပေါ်ဘက်မှာ ရှိပြီး၊ ငါ့အဖိုးရဲ့ဂူက အောက်ဘက် အနည်းငယ်မှာ ရှိနေတယ်။
"သူက ငါအဲ့ဒီချိန်က ပြောခဲ့တဲ့စကားကို အမှန်တကယ် မှတ်မိသွားပြီး၊ အဘွားလှိုင် သေဆုံးတာကို မြင်တဲ့အခါ၊ ငါ့အတွက် စိုးရိမ်ပြီး အပြေးပြန်လာခဲ့တာ။
အဲ့ညမှာ ငါ့အဖေနဲ့ ငါ ပထမဆုံးအကြိမ် အလေးအနက် စကားပြောခဲ့တဲ့ အချိန်ပဲ၊ ငါကလည်း သူ့ကို အဲ့ဒီဂူတွေက ဘယ်သူတွေနဲ့ သက်ဆိုင်နေတာလဲလို့ မေးခဲ့တယ်။
ငါ့အဖေက ခေါင်းခါပြီး သူမသိဘူးလို့ ပြောခဲ့တယ်၊ ထိုဂူတွေက သူ ငယ်စဉ်ကတည်းက ရှိနေခဲ့တာတဲ့။
ငါ့အဖိုး ငယ်ငယ်ကတောင်မှ အဲ့ဒီ ဂူတွေက ရှိနေခဲ့တာလို့ ပြောတယ်။
အဲ့ဒီဂူတွေက ဘယ်သူ့ဆွေမျိုးတွေရဲ့ ဂူဖြစ်တယ်၊ ဘယ်သူတို့ရဲ့ နာမည်တွေ ဖြစ်တယ်ဆိုတာ အတည်ပြုလို့ မရခဲ့ဘူး"
"အဲ့ညပြီးတော့ နောက်နေ့မှာ ငါ့အဖေက ဂူတွေဆီကို ပူဇော်ပသဖို့ ပစ္စည်းတွေကို ယူသွားခဲ့တယ်။
ဒါပေမယ့် ရက်အနည်းငယ်အကြာမှာ ရွာထဲက ဦးလေးတစ်ဦးက ညဘက်မှာ လယ်ကွင်းကြည့်ဖို့ သွားခဲ့ပြီး၊ တောင်ပေါ်က ဂူတွေပေါ်မှာ အဖြူရောင် အရိပ်တစ်ခု မျောနေတာကို မြင်ခဲ့တယ်လို့ ပြောတယ်။
သူက ထိုအရိပ်က တောင်ထိပ်ကနေ လယ်ကွင်းထဲသို့ ဆင်းလာတာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်လို့ ထပ်ပြောသေးတယ်။ သူမြင်လိုက်တဲ့ အချိန်မှာ ကြောက်ရွံ့ပြီးတော့ ပြေးခဲ့တာပေါ့"
"သူက အိမ်သို့ အပြေးပြန်လာပြီး၊ အဘွားလှိုင်ကဲ့သို့ လူများစွာကို နှိုးခဲ့တယ်။ ဒါပေမယ့် လူတွေ ရောက်လာတာနဲ့ သူက ရုတ်တရက် အော်ဟစ်လိုက်တယ်။ ဘယ်အချိန်ကတည်းကလည်း မသိပါဘူး မြွေတစ်ကောင်က သူရဲ့ ဘောင်းဘီ အတွင်းထဲကို ရောက်နေခဲ့တယ်။ ထိုမြွေက အလွန်အဆိပ်ပြင်းပြီး၊ ဦးလေးလည်း ရက်အနည်းငယ်ကြာလောက် ရုန်းကန်ခဲ့ပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး မည်းနက် သွားခဲ့တယ်"
"သူသေဆုံးပြီးနောက်မှာ ရွာသားတွေက နောက်ဆုံးမှာ နိုးကြားလာကြပြီး၊ ထိုဂူတွေကို ပြန်လည်ပြုပြင်ဖို့ကို တစ်စုံတစ်ဦးက အဆိုပြုခဲ့တယ်။
ရွာထဲက လူတေွကလည်း သဘောတူခဲ့ကြတယ်၊ ဘာလို့လဲဆိုတော့ ရွာရဲ့ နောက်ဘက်မှာ လယ်ကွင်းတွေ များစွာရှိနေပြီး၊ ရွာက လူတွေက ထိုလယ်ကွင်းတွေကို အသက်မွေးဝမ်းကျောင်း အတွက် အမှီပြုနေကြတာလေ။
ညဘက်မှာ အဲ့ဒီ အမျိုးသမီးနဲ့ တွေ့မှာကို ကြောက်တဲ့အတွက် ရွာက အိမ်တိုင်းက ငွေတွေကို စုပေါင်းပြီး ထိုဂူတွေကို ပြုပြင်ခဲ့ကြတယ်"
"ရွာက နောက်ဆုံးမှာ အေးချမ်းသွားခဲ့ပြီး၊ အဘွားလှိုင်နဲ့ ထိုဦးလေးတို့ သေဆုံးမှု အကြောင်းကို လူများစွာ ပြောလိုစိတ် မရှိတော့ဘူး။ နှစ်တွေကြာပြီး ငါ ကြီးပြင်းလာတော့ နှစ်ဆန်းတစ်ရက်နေ့မှာ ငါ့အဖေနဲ့အတူ နှစ်တွေကြာပြီးမှ အဲ့ဒီ ဂူတွေဆီကို ပြန်သွားခဲ့တယ်"
"ငါ့အဖိုးရဲ့ ဂူဘေးမှာ ရပ်နေတုန်း ငါရဲ့ မျက်လုံးတွေက နောက်တစ်ဖန် ပြန်ဟောင်းလာပြီဖြစ်တဲ့ ထိုဂူတွေကို မသိစိတ်ကနေ ကြည့်နေမိတယ်။
ဘာကြောင့်လဲမသိဘူး ငါက အဲ့ဒီဂူတွေကို ကြောက်ရွံ့နေပေမယ့် အမြဲတမ်း ကြည့်ချင်စိတ်တွေက ဖြစ်နေခဲ့တယ်။
ထိုဂူတေံကို လူတွေ ပြုပြင်ပြီးနောက်၊ ဂူကျောက်တိုင်တွေပေါ်မှာ ဘာစာတွေ ရေးထားလည်းဆိုတာကို ကြည့်ချင်ခဲ့တယ်"
"အဲ့ဒီအချိန်မှာ ငါက အဲ့ဒီဆန္ဒတွေကို ချိုးနှိမ်ပြီး၊ နောက်ဆုံးမှာ မသွားခဲ့ဘူး။ အဲ့ဒီအချိန်ကနေ စပြီး ဂူတွေကို ပူဇော်တဲ့ အခါတိုင်း ငါက ထိုဂူတွေကို တမင် ရှောင်ရှားခဲ့တယ်။ နောက်ထပ်တစ်ကြိမ်… အဟွတ်…အဟွတ်.."
"အလွန်နေရခက်နေပြီ၊ အသက်ရှူရတာလည်း မဝတော့ဘူး။ စောင်အောက်က လူက ထပ်လှုပ်နေတယ်။မင်းတို့ သိလား? ငါ့မှာ လက်သီးဆုပ်ဖို့တောင် အားမရှိတော့ဘူး။ သူ့လက်က စောင်အောက်ကနေ ထွက်လာပြီး ငါ့လက်ဖဝါးကို ဖြည်းဖြည့းချင်း ကုတ်နေတယ်.....
"ဒါပေမယ့် ငါမကြောက်ဘူး၊ ဟီး...ဟီး… ငါကြောက်သင့်တဲ့အရာတွေကိုလည်း ကြောက်ခဲ့ပြီးပြီ။ မင်းဘယ်လိုလှုပ်လှုပ်၊ ငါမကြောက်တော့ဘူး။ ငါ့မှာ အချိန်မရှိတော့ဘူး ဆိုတာပဲ ပြောချင်တယ်!"
"အဲ့ဒီအချိန်က နောက်ထပ်တစ်ကြိမ် ချင်းမင်ပွဲတော်နေ့ ဖြစ်တယ်..."