ဂူထဲသို့ ဆွဲချခံရခြင်း
Vol. 16 Ch. 214
“အဲဒီ ချင်းမင် ပွဲတော်တုန်းက ငါက အထက်တန်းရောက်နေပြီး ဒုတိယနှစ်ပဲ။ ပစ္စည်းတစ်ခုခုယူဖို့ အိမ်ပြန်ရမယ်၊ ဒါကြောင့် ပြန်သွားခဲ့တယ်”
“အဖေက တောင်ပေါ်က ဂူသင်္ချိုင်းတွေဆီကို သွားတဲ့အခါ ငါမလိုက်ချင်ခဲ့ဘူး။
ဒါပေမယ့် သူပစ္စည်းတွေ အများကြီးသယ်ပြီး ခြေလှမ်းတွေက မမှန်ဘူးဆိုတာကို မြင်တဲ့အခါ ငါသူ့ကို ကူညီသင့်တယ်လို့ တွေးမိလိုက်တယ်။
ဒါနဲ့ အဲဒီနေ့ငါ အဲဒီကိုထပ်သွားခဲ့တယ်၊ အဖေက ငါ့ကိုတားဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့်နောက်ဆုံးမှာ သူဘာမှ မပြောခဲ့ဘူး”
“တောင်တက်တဲ့လမ်းမှာ အဖေက အရမ်း တိတ်ဆိတ်နေတယ်။ အဖိုးရဲ့ ဂူရှေ့ ရောက်တော့မယ့်အချိန်မှာ အဖေက ရုတ်တရက်ပြောလိုက်တယ်၊ “ငါ့သား မင်းအဲဒီမိန်းမကို မြင်ဖူးလား”
“ငါ့အဖေ ပြောနေတဲ့ အမျိုးသမီးက ဘယ်သူလဲဆိုတာ ငါသိတယ်။
ဒီမိန်းမက ငါ့ရဲ့ ကလေးဘဝ အိပ်မက်ဆိုးဖြစ်လာတယ်။
သူမကို မမြင်ဖူးပေမယ့် သူမရဲ့ပုံရိပ်က ငါ့အတွေးထဲမှာ မှုန်ဝါးနေဆဲပဲ။
ငါမကြာခဏ စိတ်ကူးယဉ်ဖူးတယ်။
သူမရဲ့မျက်နှာအမူအရာက ဘယ်လိုမျိုးလဲ၊ ဘယ်လိုမျက်လုံး၊ ဘယ်လိုနှာခေါင်း၊ ဘယ်လိုပါးစပ်လဲဆိုတာ ငါတွေးမိတယ်။
စိတ်ကူးယဉ်တိုင်း ငါ့မျက်လုံးနဲ့ နှာခေါင်းကို မထိပဲ မနေနိုင်ဘူး။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ မသိပေမယ့် မတတ်နိုင်ဘဲ ထိမိလိုက်တာပဲ”
“အဖေက အဲဒီနေ့မေးလိုက်တဲ့အခါ သူမရဲ့ပုံရိပ်က ငါ့အတွေးထဲမှာ ပြန်ပေါ်လာခဲ့တယ်။
ဒါပေမယ့် ငါမမြင်ဖူးဘူးလို့ အဖေကိုပြောခဲ့တယ်။
အဖေကဒါကိုကြားပြီးတော့ စိတ် သက်သာရာ ရသွားခဲ့တယ်။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ရွာထဲကလူတွေ သူမကို ထပ်မြင်နေကြတယ်လို့ ပြောတယ်။
မြင်လိုက်တဲ့တွေကလည်း အရင်အတိုင်းပဲ၊ မြင်ပြီးတဲ့နောက် သေသွားကြတယ်”
“အဖေပြောတာကိုကြားတော့ ငါနည်းနည်းကြောက်သွားခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့က နေသာနေတာကို တွေးပြီး သိပ်ဂရုမစိုက်မိဘူး။ အဖေကို ဆက်သွားဖို့ပြောခဲ့လိုက်တယ်။ ဂူရှေ့ကို ရောက်တော့ ဟိုဟိုဒီဒီ တွေ လျှောက်မသွားခဲ့တော့ဘူး။ အဲ့ဒီက ဂူတွေကို လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် ငါ့မသိစိတ်က တစ်ယောက်ယောက်က ငါ့ကို ကြည့်နေတယ်လို့ ေပြာနေတယ်”
“ဒီခံစားချက်က အရမ်းပြင်းထန်လွန်းလို့ ထပ်ပြီး မကြည့်ရဲတော့ဘူး။ ဒါပေမယ့် အချိန် ကုန်လာတာနဲ့အမျှ အဖေ ပျောက်နေတာကို တွေ့လိုက်ရတယ်။ သူမီးပန်း ဖောက်ဖို့သွားနေတာ အသိသာကြီးကို ငါ သူ့ရဲ့ မနီးမနားမှာ ရှိနေတာကို၊ ပြီးတော့ နေရောင် အောက်ကြီးမှာ သူဘယ်လိုလုပ် ရုတ်တရက်ပျောက်သွားနိုင်မှာလဲ”
“ငါထိတ်လန့်သွားခဲ့တယ်။ ပြီးတော့ ငါ အော်လိုက်တယ်။ ဒါပေမယ့် သိပ် မကြာခင်မှာပဲ အဖေက ငါ့နောက်မှာ ရပ်နေခဲ့တယ်။ သူက ငါ့ပခုံးကိုပုတ်ပြီး ငါဘာကြောင့် ငေးနေတာလဲလို့မေးတယ်။ ငါဘယ်မှာ ငေးနေတာလဲ။ ငါသူ့ကို အော်ခေါ်နေတာကို၊ ဒါနဲ့ ငါအဖေကို ဒီအကြောင်း ပြောလိုက်တယ်၊ သူချက်ချင်း ငါ့လက်ကိုကိုင်ပြီး ပြေးခဲ့တယ်”
“သူတကယ် ကြောက်နေတာ။ အစကတော့ ငါ ဒီအကြောင်းတွေပြောရင် ငါ့ကိုရိုက်တယ်။ နောက်ပိုင်းကျတော့ ငါနဲ့ပတ်သက်ရင် တစ်ခုခုဖြစ်မှာကို အရမ်း ကြောက်နေတယ်။ သူ့ဆီက ပြောင်းလဲမှုတွေကို ငါခံစားမိလိုက်တယ်။ သူပြေးတယ်၊ ငါလည်းပြေးခဲ့တယ်”
“အဲဒီတစ်ခါ ဖြစ်ပြီးတဲ့နောက် ငါ နှစ်ပေါင်းများစွာကြာအောင် အဲဒီတောင်ကို မသွားဖြစ်တော့ဘူး။
ဒီနေ့အထိပဲ ငါဘာကြောင့် သူ့နောက်ကို လိုက်ရမှာလဲ။ အေးချမ်းနေတဲ့ နှစ်အနည်းငယ်က ငါ့ကို ဒီအန္တရာယ်ကို လျစ်လျူရှုစေခဲ့တယ်။
ငါ ဒီအကြောင်းတွေကို မေ့သွားပြီလို့ထင်ခဲ့တယ်။
အဖေအသက်ကြီးလာတာကိုမြင်တော့ သူတစ်ယောက်တည်း တောင်ပေါ် တက်သွားတာကို ငါမကြည့်နေနိုင်ဘူး။
ငါလိုက်သွားခဲ့ပြီး ငါရှေ့ကသွားပြီး အဖေကနောက်က လိုက်ခဲ့တယ်”
“ဆွေမျိုးတွေကိုရှိခိုးပြီးတဲ့နောက် အဖိုးရဲ့ ဂူကိုနောက်ဆုံးမှာ ချန်ထားခဲ့တယ်။ တောင်အောက်မှာ ရှိတုန်း အဖေက ငါ့ကို ဒီမှာပဲ ရပ်နေခဲ့၊ မလှုပ်နဲ့၊ သူတစ်ယောက်တည်း သွားလို့ရတယ်လို့ ပြောခဲ့တယ်။ အဖေက ငါ့ကိုစိတ်ပူနေတာကို ငါသိတယ်။ ငါ့ကို နှုတ်ဆက်ပြီးတာနဲ့ သူတောင်ပေါ် တက်သွားတယ်”
“ဒါပေမယ့် ငါတောင်အောက်မှာ ရှိနေတာ အသိသာကြီးကို
ဘာကြောင့် ငါမျက်လုံးကို မှိတ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ ဂူတွေနားမှာ ရပ်နေရတာလဲ။ ရွာသားတွေပြုပြင်ထားတဲ့ ဂူအချို့ကိုမြင်ပြီး ဂူကျောက်တိုင်တွေကို ကြည့်မိလိုက်တယ်။
ဂူကျောက်တိုင်ပေါ်က စာတွေကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်လို့ ထင်ခဲ့ပေမယ့် ဘာကိုမှ မမြင်ရနေတာကို တွေ့လိုက်ရတယ်။
ငါပြေးချင်ခဲ့တယ်၊ ဒါပေမယ့် ငါ့လက်က ဂူကျောက်တိုင်ပေါ်ကို လုံးဝ ထိန်းချုပ်လို့ မရဘဲ ကျသွားခဲ့တယ်။
ပြီးတော့ လက်တစ်ဖက်က ငါ့ကို ဆွဲခေါ်သွားတယ်၊ သူငါ့ကို ဂူထဲကို ဆွဲခေါ်သွားခဲ့တယ်”
“ သူက ငါ့ကိုဆွဲသွင်းလိုက်တယ်။
ထူထဲတဲ့ စောင်ကနေ သူ့ အရွယ်အစားကို ခံစားမိလိုက်တယ်၊ အနံ့ဆိုးတောင် ရနေသေးတယ်။ သူကလှုပ်နေတယ်၊ လှုပ်ရှားလေလေ၊ ပိုနေက ခက်လာလေပဲ။
အား... သူ့လက်တွေက ငါ့ကို ပတ်ထားတယ်။
ငါ… ငါ… ငါအသက်မရှူနိုင်တော့ဘူး
ဘာကြောင့်၊ ဘာကြောင့် ငါ ဒီအခေါင်းကြောင့် ငါမလှုပ်ရှားနိုင်တာလဲ”
“ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ။ ငါမသေချင်သေးဘူး။ ငါ ကလေးဘဝတုန်းက မင်းကို စနောက်ခဲ့တာ မဟုတ်ပါဘူး။ ငါအဲဒီတုန်းက ငါက ကလေးပဲ ရှိသေးတယ်။ ဘာမှ နားမလည်သေးဘူး။ ဂူထဲမှာ ဘာရှိလဲဆိုတာကိုပဲ စိတ်ဝင်စားခဲ့တာ။ အဲဒီအချိန်ကစပြီး မင်းကို နောက်ဘယ်တော့မှ မရိုမသေ မပြုမူခဲ့ဘူး”
“ဟေ့...... ကျေးဇူးပြုပြီး လက်ကို လွှတ်လိုက်ပါ၊ ငါတကယ်... အသက်ရှူလို့ မရတော့ဘူး….ဟူး…….ဟူး……”
အသံသွင်းထားတာရဲ့ အဆုံးမှာ အသက်ရှူသံတွေ ပါနေခဲ့တယ်။ ဗီဒီယိုရဲ့ အဆုံးမှာ အသက်ရှူတဲ့ အသံတွေကလွဲရင် အခြားအသံမရှိဘူး။
"မရှိတော့ဘူး" ကားထဲက မစ္စတာဝမ်က အဲ့ဒီအချိန်မှာ ပြောလိုက်တယ်။
ကျန်းရီက တိတ်တဆိတ်ပဲ ခေါင်းညိတ်လိုက်တယ်။ မစ္စတာဝမ်က လက်မောင်းကို ပြင်းပြင်းထန်ထန် ပွတ်သပ်ရင်း ကြောက်စိတ်တွေနဲ့ ပြည့်နေတာကိုမြင်လိုက်ရတယ်။
တိတ်တဆိတ်ပဲ မာမိုရီကဒ်ကိုဖယ်ရှားပြီး မစ္စတာဝမ်က ကျန်းရီကိုကြည့်ကာ “စတွင်မာ ငါ့ ဘာများ ထပ်လုပ်ပေးရအုံးမလဲ? ”
“မလိုတော့ပါဘူး၊ မစ္စတာဝမ်ကို ဒုက္ခတွေ ပေးနေမိပါပြီ”
“ရပါတယ်ဗျာ၊ မလိုပါဘူး၊ ဒါက ကျွန်တော်လုပ်သင့်တာပဲ။ ဒီဖုန်းနဲ့ ပတ်သက်ပြီးသာ….”
ကျန်းရီက ချက်ချင်း ပြန်မဖြေခဲ့ဘူး။ ဒီဖုန်းထဲက အသံသွင်းထားတာက တကယ်ကို ထူးဆန်းတယ်။ ဒါပေမယ့် စကားပြောနေတာက လင်းကွမ် ဖြစ်ပြီး သူက သေသွားပြီထင်တယ်။
ဒီကိစ္စကို ထပ်စုံစမ်းဖို့ လိုသေးလား?
စဉ်းစားပြီးတာနဲ့ ကျန်းရီက စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်တယ်။
သူဟာ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းတဲ့ စတွင်မာဖြစ်သည်။ အသံသွင်းထားတွေတာကို နားထောင်ပြီးတဲ့နောက် ဒါတွေကို မဖြေရှင်းခဲ့ရင် ပရိတ်သတ်တွေရဲ့ စိတ်ထဲမှာ တစ်ခုခု ချွတ်ယွင်းနေသလို ခံစားရစေလိမ့်မယ်။
ကျန်းရီလည်း အလားတူပါပဲ။ သူ ဒီကိစ္စကို သိပြီး မရှာဖွေခဲ့ရင် သူ့စိတ်ထဲမှာ တစ်ခုခုက နှောက်ယှက်နေသလို ခံစားရလာလိမ့်မယ်ဖြစ်သည်။
မစ္စတာဝမ်က ဖုန်းကို လွှင့်ပစ်တော့မှာကို မြင်တဲ့အခါ ကျန်းရီက “မစ္စတာဝမ်၊ ဒီဖုန်းကို အနီးဆုံး ရဲစခန်းကိုယူသွားပြီး အတွင်းက SIM ကတ် သုံးလို့ ရသေးလားဆိုတာ ကြည့်လိုက်ပါ။ လင်းကွမ် ရဲ့ အဖေဖုန်းနံပါတ်ကို ရှာတွေ့နိုင်လောက်တယ်။ ပြီးတော့ တစ်ယောက်ယောက်က ကျီရှန်းမြို့၊ ချီဖုန်းခရိုင်၊ လင်းရှန်ရွာ ကို ဆက်သွယ်ပြီး လင်းကွမ် ရဲ့ဖခင်ကို အမြန်ဆုံးရှာဖွေပြီး ကျွန်တော့်ကို ဖုန်းဆက်ခိုင်းလိုက်ပါ”
“စိတ်မပူပါနဲ့ မစ္စတာကျန်းရီ ဒေါင်းဟိုင်ရဲစခန်းက က ကျီရှန်းမြို့က ရဲစခန်းကို ဆက်သွယ်ပြီးပြီ၊ အမြန်ဆုံး အကြောင်းပြန်မယ်လို့ယုံကြည်ပါတယ်”
ဒီသတင်းကို မြင်တဲ့အခါ ကျန်းရီရဲ့ မျက်နှာပေါ်မှာအပြုံးပေါ်လာပြီး “ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်တယ်။
“ဒါကကျွန်တော်တို့တာဝန်ပါ။ လူတစ်ယောက် အကြောင်းမရှိဘဲ သေဆုံးသွားရင် ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ပေးရမယ်။ မတတ်နိုင်တာတွေကတော့ မစ္စတာကျန်းရီကိုပဲ ဒုက္ခပေးရတော့မှာပဲ”
“ရပါတယ်၊ အားမနာပါနဲ့ “
ကျန်းရီက ပြန်ဖြေလိုက်ပြီး လင်းကွမ် ရဲ့ ဖခင်ဆီက ဖုန်းကိုစောင့်နေလိုက်တယ်။