အခန်း (၂၁၅)
Vol. 16 Ch. 215
တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းသည်လည်း ဆူပူနေခဲ့သည်။ ကြည့်ရှုသူများစွာက လင်းကွမ် ၏ ကိစ္စများကို ဆွေးနွေးနေကြသည်။
ဘယ်လောက်တောင် စွမ်းနေတဲ့ သရဲတစ္ဆေ ဖြစ်နေလို့ နှစ်ကူးရဲ့ နေလည်ခင်းကြီးမှာတောင် လူတစ်ဦးကို ဂူထဲသို့ ဆွဲခေါ်နိုင်ခဲ့လည်း။
ဤသို့ဆိုလျှင် ထိုသရဲသည် ဘယ်လောက်တောင်မှ ကြောက်စရာ ကောင်းနေလိုက်သနည်း။
ဒီပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးမှုတွေကြောင့် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ကြည့်ရှုသူတွေက ထန်းဝမ် တွေ့ခဲ့ရသော မျက်စိတစ်ဖက်လင်းနေသည့် ကလေးမလေးကို သတိရမိလိုက်ကြသည်။
"စတွင်မာ ဒီကမ္ဘာပေါ်က သရဲတွေက နေ့ခင်းဘက်မှာတောင် လမ်းလျှောက်နိုင်တာလား? အစ်မထန် တွေ့ခဲ့ရတဲ့ သရဲလိုမျိုးလား"
အချို့ကြည့်ရှုသူတွေက ကျန်းရီအား မတတ်နိုင်ဘဲ မေးမြန်းခဲ့ကြသည်။ ကျန်းရီက ထိုအချိန်တွင် သူ့ကိုယ်သူ မေးနေသလိုမျိုး - "နေ့ခင်းဘက်မှာ သရဲတွေရှိတာလား"
ကြည့်ရှုသူတွေက ကျန်းရီ၏ ဆိုလိုရင်းကို နားမလည်ကြပေ။ ကျန်းရီသည် ဖုန်းသံကို ကြားလိုက်ရသောကြောင့် ပြဿနာကို ရှင်းပြရန် အချိန်မရှိတော့ပေ-
"ဟယ်လို၊ အစ်ကိုလင်းလား မသိဘူးခင်ဗျ ?"
၂၀၀၉ ခုနှစ်တွင် လင်းကွမ် သည် အသက် ၂၀ အစောပိုင်းရှိ ကောလိပ်ကျောင်းသား တစ်ဦးဖြစ်သည်။ ယခု ၁၀ နှစ်အကြာတွင် လင်းကွမ် ၏ဖခင်သည် အသက် ၅၀ ကျော်ရှိနေပြီဖြစ်သည်။
"ဟုတ်ကဲ့၊ ကျွန်တော်ပါ။ ကျေးရွာအုပ်ကြီးက ဒီကို ဖုန်းခေါ်ဖို့ ပြောလို့ ခေါ်လိုက်တာပါ။ ပြဿနာ တစ်ခုခုများ ရှိလို့လား?"
"ဟုတ်ကဲ့ အစ်ကိုလင်း ကျွန်တော့်နာမည် ကျန်းရီပါ။ လက်ရှိမှာ သရဲတစ္ဆေတွေနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို ဖြေရှင်းပေးတဲ့ သူပါ။ ဖြစ်ရပ်တစ်ခုကို ဖြေရှင်းနေစဉ် ဖုန်းတစ်လုံး တွေ့ခဲ့ရတယ်။ အမဲရောင် အခွံပါတဲ့ ခေါက်ဖုန်းတစ်လုံးပါ။ ဒီဖုန်းက အစ်ကို့သား လင်းကွမ် ရဲ့ ဖုန်း ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီဖုန်းမှာ အသံသွင်းထားတာ တချို့တွေ့ခဲ့လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး အစ်ကို့ကို ဖုန်းဆက်ခိုင်းခဲ့တာပါ"
ကျန်းရီသည် အကြောင်းအရာကို ရှင်းပြခဲ့သော်လည်း ဖုန်းအခြားဘက်တွင် ဆိတ်ဆိတ်နေခဲ့သည်။ ခဏအကြာတွင် အခြားဘက်မှ တုန်ယင်နေသော အသံတစ်ချို့ကို ကြားခဲ့ရသော်လည်း ဘာမှမပြောခဲ့ပါ။
"ဟေး..အစ်ကိုလင်း နားထောင်နေလား?"
"ဟုတ်ကဲ့၊ ကျွန်တော်ဒီမှာပါ။ ဖုန်း...ဖုန်းကို အရှေ့ တာရှ ပင်လယ်ထဲမှာ တွေ့ခဲ့တာလား?"
"ဟမ်? အရှေ့ တာရှ ပင်လယ်ထဲမှာ ဘာလို့ရှိနေတာလဲ?"
"ဘာလို့လဲဆိုတော့ ကျွန်တော်က အဲဒီဖုန်းကို အဲဒီအချိန်ကတည်းက အသုံးပြုနေခဲ့တာ။ ပြီးတော့ ဒေါင်းဟိုင် မြို့မှာလည်း အလုပ်လုပ်ခဲ့တယ်။ နောက်ပိုင်း ဖုန်းက ဒေါင်းဟိုင် မြို့မှာ ပျောက်သွားခဲ့တယ်။ ဖုန်းထဲက အသံသွင်းထားတာတွေကို အားလုံး နားထောင်ပြီးပြီလား?"
လင်းကွမ် ဖခင်ရဲ့ စကားတွေသည် ကျန်းရီအပါအဝင် လူအားလုံးကို အံ့အားသင့်စေခဲ့သည်။ ဖုန်းကို လင်းကွမ် ၏ ဖခင်က ဘာလို့ သုံးနေရတာလည်း? လင်းကွမ်ရဲ့ အလောင်းကို ရှာတွေ့ခဲ့ ပြီးလို့လား? သူတို့က လင်းကွမ် အခေါင်းထဲမှာ သေဆုံးကြောင်းကို ဘယ်လို သိခဲ့ကြတာလည်း? ဒါမှမဟုတ် ဒီကိစ္စမှာ အခြားဖြစ်နိုင်ခြေတွေများ ရှိနေလို့လား?
ကျန်းရီက စိတ်ကို အနည်းငယ် ငြိမ်အောင် ထိန်းလိုက်ပြီး မေးမြန်းခဲ့သည်- “ အစ်ကိုလင်း ကျွန်တော် နည်းနည်း ရှုပ်နေတယ်။ အကြောင်းက ရဲတွေက ခင်ဗျားကို မဆက်သွယ်ခင် အသံသွင်းထားတွေ အားလုံးကို နားထောင်ခဲ့လို့ပဲ။ ဒီဖုန်းကို ဘယ်လို ရှာတွေ့ခဲ့တာလဲဆိုတာ သိချင်ပါတယ်"
"လင်းကွမ် ကို သချိုင်းဂူထဲမှာ တွေ့ခဲ့တာ မဟုတ်ဘူး။ ကျွန်တော်က အဲဒီ အသံသွင်းထားတာတွေကို ဘယ်တော့မှ ဖျက်ဖို့ မဝံ့ရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒါတွေဟာ ကျွန်တော့်သားရဲ့ ဒီကမ္ဘာပေါ်က နောက်ဆုံးထားခဲ့တဲ့ အသံတွေဖြစ်နေလို့ပဲ။ ကျွန်တော်က ဒီဖုန်းကို အရမ်းအရေးကြီးတယ်လို့ မှတ်ယူခဲ့တယ်။ လင်းကွမ် က သေတ္တာတစ်လုံးထဲမှာ အသက်ရှုကျပ်ပြီး သေဆုံးခဲ့တာပါ။ ကျွန်တော်က တောင်တွေ၊ လွင်ပြင်တွေမှာ သူ့ကိုရှာခဲ့တာ နှစ်ပတ်နီးပါးကြာခဲ့တယ်။ ညဘက်တွေ ကျွန်တော့်မိသားစုမှာ အေးချမ်းမှုမရှိခဲ့ဘူး။ တစ်နေ့ ကျွန်တော့် မိန်းမက အဟောင်းတွေ သိမ်းထားတဲ့အခန်းထဲမှာ အနံ့တစ်ခု ရနေတယ်လို့ပြောလာတယ်။ ကျွန်တော်က အနံ့နောက်ကိုလိုက်ပြီး သစ်သားသေတ္တာဟောင်း တစ်လုံးကို တွေ့ခဲ့တယ်။ သေတ္တာကိုဖွင့်လိုက်တဲ့အခါ လင်းကွမ်က အထဲမှာရှိနေခဲ့တယ်......"
လင်းကွမ် ၏ အဖေစကားတွေသည် လူအားလုံးကို ထပ်မံ အံ့အားသင့်စေခဲ့သည်။ လူအားလုံးက လင်းကွမ် သည် ဂူထဲသို့ဆွဲခေါ်ခံရပြီး အသက်ရှုကျပ်သေဆုံးခဲ့သည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် လင်းကွမ် ၏ဖခင်က "လင်းကွမ် သည် သူပြောခဲ့သည့် ဂူကြောင့် မသေဆုံးခဲ့ဘူး" လို့ ပြောခဲ့သည်။ သူသည် သေတ္တာတစ်လုံးထဲတွင် မိမိကိုယ်ကိုပိတ်ပြီး အသက်ရှုကျပ်သေဆုံးခဲ့ခြင်းဖြစ်သည်!
သေတ္တာထဲမှာဆိုရင် သူ့အောက်မှ လှုပ်ရှားနေသူက ဘယ်သူလည်း? လင်းကွမ် ပြောသမျှအားလုံးက သူရဲ့ စိတ်ကူးယဉ်မှုတွေလား?
ကျန်းရီက သူရဲ့စိတ်ကို စုစည်းပြီးတော့ ပြောခဲ့သည်- "အစ်ကိုလင်း အစ်ကို ပြောနေတဲ့ အရာနဲ့ ကျွန်တော်တို့ နားထောင်ခဲ့ရတဲ့ အသံသွင်းထားတာတွေကြားမှာ ကွာဟချက်က ကြီးမားနေတယ်။ ဒါ့ကြောင့် ကျွန်တော်အနေနဲ့ မေးခွန်းအနည်းငယ် မေးမြန်းဖို့ လိုပြီး အစ်ကို ဖြေကြားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"မေးစရာမလိုပါဘူး၊ ကျွန်တော် အကုန် ပြောပြမယ်။ သေတ္တာဟာ ဗလာဖြစ်နေတဲ့ သေတ္တာတစ်လုံးပါ။ လင်းကွမ်က အဲဒီနေ့ ကျွန်တော်နဲ့အတူ ဂူတွေကို ပူဇော်ဖို့နဲ့ မီးထွန်းဖို့သွားခဲ့တာမှန်ပါတယ်။ သူက တောင်ပေါ်ကို ကျွန်တော်နဲ့အတူ မတက်ခဲ့ဘူး။ သူဟာ တောင်အောက်မှာ နေခဲ့ပြီး နောက်ဆုံးမှာ အိမ်ကို ပြန်ပြေးခဲ့တယ်။ ဘာလို့သိတာလဲဆိုတော့ ကျွန်တော့်မိတ်းမ ချက်ပြုတ်နေစဉ် အိမ်ထဲကနေ အသံတစ်ခု ထွက်လာတာ ကြားလိုက်လို့ပါ"
"ဒါ့အပြင် သူငယ်စဉ်တုန်းက ဂူထဲကို လက်ထည့်ခဲ့တာလည်း မှန်ပါတယ်။ ကျေးရွာထဲမှာ ဖြစ်ခဲ့တဲ့အရာတွေလည်း မှန်ပါတယ်။ သူမသေခင် ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော့်သား...ကျွန်တော့်သား သေသွားတယ်ဆိုတာပဲ သိတယ်......"
လင်းကွမ် ၏ ဖခင်သည် စကားတောင် မဆုံးနိုင်ခဲ့ပေ။ အကြောင်းမှာ သူ၏အသံသည် အလွန်တုန်ယင်နေပြီး ရှင်းရှင်းလင်းလင်း မပြောနိုင်သောကြောင့် ဖြစ်သည်။ ကျန်းရီသည် ဘာမှမပြောဘဲ လင်းကွမ်၏ ဖခင်အား စိတ်ငြိမ်အောင် အချိန်ခဏ ပေးလိုက်သည်။ ခဏအကြာတွင် လင်းကွမ်၏ ဖခင်က ထပ်မံပြီး - " တောင်းပန်ပါတယ်၊ ၁၀ နှစ်ကျော် ကြာသွားပြီ ဖြစ်ပေမယ့်လည်း သူ့အကြောင်းတွေးမိတိုင်း နှလုံးသားထဲက နာကျင်မှုတွေက ပြန်အစပြုလာလို့ပါ။ ကျွန်တော်က ကျွန်တော့်သားကို နှစ် ၂၀ ကျော် ကျွေးမွေးပြီး ပညာသင်ကြားပေးခဲ့တယ်။ သူဟာ မိသားစုအတွက် တာဝန်ယူနိုင်တဲ့ အရွယ်ရောက်နေပြီ။ သူက အဲဒီလိုနည်းနဲ့ ကျွန်တော့်ကိုစွန့်ခွာသွားမယ်လို့ ဘယ်တော့မှ မထင်ခဲ့မိဘူး"
"အရမ်းကို နာကျင်လွန်းလှတယ်။"
ဖုန်းရဲ့ အခြားဘက်မှ အဖိုးအိုသည် ဤစကားတွေကို လက်သီးဆုပ်ပြီး ပြောနေဟန်ရှိသည်။
ကျန်းရီက လေးနက်စွာနဲ့ - " အစ်ကိုလင်း အနာကို ဆွသလို ဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော့် ရှုထောင့်ကနေကြည့်ရင် ဒီကိစ္စကို ရှင်းလင်းစွာသိရှိပြီးတော့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လင်းကွမ် သေဆုံးသွားတာက နာကျင်စရာ ကောင်းပေမယ့် အစ်ကို့စိတ်ထဲမှာ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိရရင် စိတ်မအေးချမ်းနိုင်ဘူး ထင်တယ်"
"ဟုတ်ပါတယ်၊ အရင်ကတည်းက ကျွန်တော်ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိချင်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ဘူး။ ဘာမှားနေလဲဆိုတာ ဘယ်သူမှမပြောနိုင်ခဲ့ဘူး။ ကျွန်တော် အဲဒီဂူတွေကိုတောင် တူးဖော်ကြည့်ခဲ့တယ်။ ဒါပေမယ့် အဲဒီဂူတွေထဲမှာ ဘယ်သူမှ မရှိဘူး။ အခေါင်းလည်းမရှိ၊ အဝတ်အစားမရှိ၊ ဘာမှ မရှိဘူး ကျွန်တော် တွေ့ရတာက မြေအနည်းငယ်ပဲ ရှိတယ်!"
ဒီစကားကို ကြားပြီးနောက် ကျန်းရီက ခဏလောက်တွေးပြီး- "အစ်ကိုလင်း ဒီကိစ္စကို ကျွန်တော်တို့ ထပ်မံ ဆွေးနွေးကြည့်ရအောင်။ အစ်ကို့ရဲ့ ရှုထောင့်ကနေ အဲ့ဒီအချိန်က လင်းကွမ် ဟာ ဘယ်လို ထူးဆန်းတဲ့ အပြုအမူတွေ လုပ်ခဲ့လဲ? သူဘယ်လိုပုံစံမျိုးရှိခဲ့လဲ?"
"ပြီးတော့ အသံသွင်းထားတာတွေထဲက အဘွားလျို သေဆုံးတာနဲ့ ဦးလေးတစ်ယောက် သေဆုံးတာကိုလည်း အစ်ကို သိခဲ့မှာပါနော်?"
"ဟုတ်ပါတယ်၊ ကျွန်တော် အားလုံး သိခဲ့တယ်။ လူတိုင်းသေဆုံးတာကိုတောင် မျက်မြင်တွေ့ခဲ့ရတယ်"
"ဒါဆို လင်းကွမ် သေဆုံးရတာက သရဲကြောင့်လား၊ ဒါမှမဟုတ် တစ်စုံတစ်ခုရဲ့ ဖိအားတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ခဲ့ပြီး သေဆုံးရတာလို့ အစ်ကိုထင်လား?"
ကျန်းရီသည် လင်းကွမ် တွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိမရှိကို စစ်ဆေးရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သူပြောသမျှအားလုံးကို သူ၏ဖခင်က ငြင်းပယ်ခဲ့သောကြောင့် ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူများသည် အမျိုးမျိုးသော စိတ်ကူးယဉ်မှုများ ဖြစ်နိုင်ခြေ အရှိဆုံးဖြစ်သည်။
သို့သော် ကျန်းရီ၏ စကားများ ထွက်လာတာနဲ့ လင်းကွမ် ဖခင်ရဲ့ အသံက ရုတ်တရက် မြင့်တက်လာခဲ့သည်။
သူပြောလိုက်သည့်အခါ သူ၏အသံက အလွန်ကို သေချာနေခဲ့သည် - "သူက သရဲတွေ့ခဲ့တာပါ၊ သူဟာ တကယ်ကို သရဲနဲ့ တွေ့ခဲ့တာပါ! ကျွန်တော် မိန်းမတစ်ယောက်ကို တွေ့ခဲ့တယ်၊ အဲဒီမိန်းမက သူ့နောက်ကို တစ်ချိန်လုံး လိုက်နေခဲ့တာ!"