သိုလှောင်ခန်း
Vol. 16 Ch. 217
"အစ်ကိုလင်း၊ အစ်ကို့ အမြင်အရ အဲ့ဒီည အဖြစ်အပျက်ဟာ အဖြူဝတ်မိန်းမနဲ့ တစ်စုံတစ်ရာ ဆက်စပ်မှုရှိနေလား?"
"ဆက်စပ်မှု အများကြီး ရှိတာပေါ့။
သူက သရဲလေ
လူတွေကို နှောင့်ယှက်ပြီး သေတဲ့အထိ ညှဉ်းပန်းတတ်တဲ့ သရဲတစ်ကောင်ပဲ။
ဒီအသက်အရွယ် ကလေးတစ်ယောက် မကျေနပ်ချက်တွေ ခံစားရတာ၊ အထူးသဖြင့် ဂုဏ်ငယ်စေတဲ့ အေခြအနေမျိုး ခံရတာဟာ အလွန်ခက်ခဲတယ်။
ဒါပေမယ့် သေအတွက်က ဘယ်လောက် များတဲ့ သတ္တိတွေ ရှိဖို့ လိုအပ်သလဲ? သူခုန်ချတဲ့ အချိန်မှာ အလွန်ကို စိတ်ဓာတ်တွေက ခိုင်မာနေခဲ့တယ်။
အဲဒီက ကျောင်းသားတွေ ပြောတာက သူတို့ စတင်ရှာဖွေတာနဲ့ သူချက်ချင်း ခုန်ချသွားတယ်တဲ့။
"ဒါဆို ခုန်ချသွားတဲ့ ကျောင်းသားဟာ တစ်ခါမှ မငြင်းဆန်ဘူးလား?"
"ငြင်းတာပေါ့၊ ဒါပေမယ့် ပိုက်ဆံပျောက်တဲ့ ကျောင်းသားက အလွန်ကို သေချာနေတယ်။
ကျောင်းထဲမှာ အဲဒီကလေးဟာ အမြဲတမ်း သူများကို အနိုင်ကျင့်တတ်တယ်လို့ ငါ့သားတောင် ပြောဖူးတယ်၊ ဆရာတွေကလည်း ဆုံးမလို့ မရခဲ့ဘူး။
ဒါ့အပြင် အဲဒီကလေးရဲ့မိသားစု...
ဘယ်လိုပဲဖြစ်ဖြစ် တော်တော်တောင့်တယ်။
အဲ့ဒါကြောင့်ပဲ ခုန်ချခဲ့တဲ့ကျောင်းသားက မျှော်လင့်ချက်ကင်းမဲ့ပြီး အဖြူဝတ် သရဲမရဲ့ ဖြားယောင်းမှုကြောင့် ခုန်ချသွားတာ ဖြစ်မယ်လို့ ထင်တယ်"
"ပိုက်ဆံပျောက်တဲ့ကျောင်းသားကော ဘယ်လိုဖြစ်သွားသလဲ? မင်းပြောတာက အဲဒီမိန်းမရဲ့လက်က အဲဒီကျောင်းသားရဲ့ ပခုံးပေါ်မှာရှိနေတယ်လို့ ပြောခဲ့တာမလား?"
"ဟုတ်တယ်၊ သူက အဲဒီကျောင်းသား နောက်ကို အမြဲလိုက်နေခဲ့တယ်။
ဒါပေမယ့် အဲဒီကလေး ဘာဖြစ်သွားလဲဆိုတာ ငါမသိဘူး။
ဘယ်လိုပဲဖြစ်ဖြစ် စာမေးပွဲပြီးတာနဲ့ ကျောင်းက သူတို့ကို ကိုင်တွယ်ရတော့မှာပဲလေ။
ငါက ရှောင်ကွမ် ကိုခေါ်ပြီး အိမ်ပြန်လာခဲ့တယ်။
အိမ်ရောက်တော့ ရှောင်ကွမ်ကို အဲ့ဒီကိစ္စကို ဘယ်လိုဖြေရှင်းခဲ့လဲမေးတော့ ရှောင်ကွမ် က ကျောင်းကအကြီးအကဲတွေက သူတို့ကို အသိမပေးခဲ့ဘူးလို့ပြောတယ်၊ ဒါကြောင့် ဘယ်လိုညှိနှိုင်းဖြေရှင်းခဲ့တယ်ဆိုတာ သူတို့လည်း နားမလည်ဘူးတဲ့"
ဒီစကားကိုကြားပြီး ကျန်းရီက နောက်ထပ် မေးခွန်းတွေကို အလျင်စလိုမမေးဘဲ အနည်းငယ်စဉ်းစားပြီးမှ "ဒါဆို သူမက လင်းကွမ် ကို ဘယ်လိုလိုက်နေတာလဲ?" လို့ မေးလိုက်တယ်။
"အမြဲတမ်းလိုက်နေတယ်လို့တော့ ပြောလို့မရဘူး။ ရှောင်ကွမ် က အားလပ်ရက်တွေကလွဲရင် အိမ်မှာ နေလေ့မရှိဘူး။ ရှောင်ကွမ် အိမ်ပြန်တိုင်း ငါသူ့ကို သူ့အခန်းထဲ ထပ်အိပ်ခိုင်းတာမျိုး မရှိတော့ဘူး။ နောက်ပိုင်းမှာ အဲဒီအခန်းကို ဖျက်ပြီး သိုလှောင်ခန်းအဖြစ် ပြောင်းလိုက်တယ်"
လင်းကွမ်ရဲ့ အဖေပြောလို့ပြီးတဲ့အခါ ကျန်းရီက တစ်ခုခုကို ဖမ်းမိလိုက်သလို ဖြစ်သွားပြီး "မင်းပြောတာက လင်းကွမ်ရဲ့ မူလအခန်းကို ဖျက်ပြီး သိုလှောင်ခန်းအဖြစ် ပြောင်းလိုက်တယ် ဆိုတာလား?"
"ဟုတ်တယ်"
"လင်းကွမ်ကလည်း သိုလှောင်ခန်းထဲက သစ်သားသေတ္တာဟောင်း တစ်လုံးထဲမှာ သေဆုံးသွားတယ်"
"ဟုတ်တယ်"
"လင်းကွမ် အဖြစ်အပျက် ဖြစ်ပြီးတဲ့နောက် မင်းက ဒေါသထွက်ပြီး အဲဒီဂူတွေကို တူးခဲ့တယ်။ အဲဒီဂူတွေထဲမှာ တကယ်ဘာမှမရှိဘူးလား? ကျေးရွာမှာ လူအများကြီး သေဆုံးခဲ့တယ်၊ တစ်ယောက်မှ ဒီဂူတွေရဲ့ မူလဇစ်မြစ်ကို မပြောပြဖူးဘူးလား?"
ကျန်းရီက မေးခွန်းနှစ်ခုကို တစ်ပြိုင်တည်းမေးလိုက်တယ်၊ လင်းကွမ် ရဲ့ ဖခင်ဟာ အသက်ပြင်းပြင်း ရှုလိုက်ပြီး-
"ဟုတ်တယ်၊ ရှောင်ကွမ် အဖြစ်အပျက် ဖြစ်ပြီးနောက် ငါ့သားကို ဆုံးရှုံးရတဲ့ ဝေဒနာကို မခံစားနိုင်တော့လို့ တစ်ညမှာ ပေါက်ပြားတစ်ချောင်းယူပြီး တောင်ပေါ် တက်သွားခဲ့တယ်။
ညဘက်ရွေးသွားတဲ့အကြောင်းက အဲ့ညက လပြည့်နေပြီး အလင်းရောင် ကောင်းကောင်း ရနေလို့ပဲ။
အဲ့ဒီအချိန်က တောင်ပေါ်မှာ အပင်တွေ မရှိသလောက်နည်းနေတော့ တောင်ပေါ်က ဂူတွေက အထူးကို ရှင်းလင်းနေတယ်။
ညဘက်မှာ အဲဒီမိန်းမနဲ့ တွေ့မလားဆိုတာ ငါကြည့်ချင်တယ်။
တွေ့ရင် သူမနဲ့ ချမယ်ပေါ့"
"ဒါပေမယ့် တောင်ပေါ်ကို ရောက်တော့ ဘာမှမတွေ့ခဲ့ဘူး။
အဲဒီဂူတွေနားရောက်တော့ ရှောင်ကွမ် ရဲ့ အသံသွင်းထားတဲ့စကားထဲမှာလိုပဲ အဘွားလျှို နဲ့ ဦးလေးလီ သေပြီးနောက် ဂူတွေကိုပြန်ပြင်ထားခဲ့တယ်။
ကျေးရွာက သက်ကြီးရွယ်အိုတွေကလည်း အကြာကြီး စစ်ဆေးခဲ့ကြတယ်၊ ဒါပေမယ့် ဒီဂူတွေ ဘယ်ကလာတာလဲဆိုတာ မသိခဲ့ဘူး။
ပေါက်ပြားနဲ့တူးကြည့်တော့မှ ဘာမှ မရှိဘူးဆိုတာ သိလိုက်ရတယ်။
တွင်းထဲမှာလည်း ဘာမှမရှိဘူး။ ငါတူးခဲ့တဲ့ ဂူအားလုံးက အဲဒီလိုပဲ။ အဲ့ဒီအချိန်မှာ ငါတောင်ပေါ်မှာ ထိုင်နေခဲ့တယ်။"
"မူလကတော့ ငါမကျေနပ်ခဲ့ဘူး။ ငါ သူတို့ရဲ့ ဂူတွေကိုတူးပြီး အရိုးတွေကို ကြိတ်ချေပစ်ချင်တယ်။ ရှောင်ကွမ် အတွက် လက်စားချေချင်ခဲ့တယ်။ ဒါပေမယ့် ငါ့ရန်သူက လှိုဏ်ခေါင်းတစ်ခုသာ ဖြစ်နေတဲ့အခါ ဘယ်သူမှ ဒီခံစားချက်ကို နားလည်နိုင်မှာ မဟုတ်ဘူး"
လင်းကွမ် ရဲ့ ဖခင်ဟာ စကားတွေ ပြောလို့ ပြီးသွားခဲ့သည်။ ဒါပေမယ့် သူ့စကားက ကျန်းရီကို လင်းကွမ်ကို သရဲ ဆွဲသွားတာ မဟုတ်တဲ့အပြင်၊ ဂူထဲမှာလည်း သေမနေဘူးဆိုတာကို ပြောပြခဲ့တာ ဖြစ်သည်။
တကယ်တော့ ဂူလို့ထင်ရတဲ့ အပေါ်ယံမြေစိုင်တွေသာ ဖြစ်နေခဲ့သည်။
လင်းကွမ်ရဲ့ စကားတွေက ဘယ်လောက် မှန်သလဲ?
"အစ်ကိုလင်း၊ နောက်ဆုံး မေးခွန်းတစ်ခု မေးမယ်။ လင်းကွမ်ရဲ့ အဖြစ်အပျက် ဖြစ်ခဲ့တာက ၂၀၀၉ ခုနှစ် နှစ်ကူးည မှာလား? သူ့မှာ တစ်ခုခု ထူးဆန်းတာများ ရှိခဲ့သေးလား?"
"မရှိဘူး၊ သူ့မှာ အားလုံးပုံမှန်ပါပဲ။ သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတယ်လို့ တစ်ခါမှ သံသယ မဖြစ်ဖူးဘူး။ ဒါကို ရင်ဘတ်ပုတ်ပြီးတောင် အာမခံနိုင်တယ်။ ဒါပေမယ့် သူဘာကြောင့် အဲဒီသေတ္တာထဲဝင်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာလဲဆိုတာကိုတော့ မရှင်းပြနိုင်ခဲ့ဘူး!"
"သိုလှောင်ခန်း" ကျန်းရီက အဲ့ဒီ စကားသုံးလုံးကို ပြောလိုက်တယ်။
ဝမ်းနည်းပူဆွေးမှုထဲနစ်မြုပ်နေတဲ့ အစ်ကိုလင်းဟာ ခဏလောက် တုန်လှုပ်သွားပြီး "သိုလှောင်ခန်းလား?"
"ဟုတ်တယ်၊ ဂူတွေက မြေစိုင်ခဲ သက်သက်သာဆိုရင် အဲဒီမှာ သရဲက ဘာလို့ရှိနေမှာလဲ? အစ်ကိုလင်း တူးလိုက်တဲ့ အချိန်မှာ အတော်နက်နက် တူးခဲ့တယ်မလား?"
"ငါးမီတာလောက်နက်တယ်"
"ဟုတ်တယ်၊ ငါးမီတာနက်တဲ့နေရာမှာ အခေါင်း တစ်လုံးမှ မတွေ့ရဘူး။ ဒီမြေစိုင်တွေက ရှေးဟောင်းဂူတွေ မဟုတ်ခဲ့ရင်ပေါ့"
"မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါဂူတွေ တူးတဲ့အချိန်မှာ ကျေးရွာကလူငယ်တွေ အများကြီးထွက်လာခဲ့တယ်။ နောက်ဆုံးမှာတော့ စက်တွေနဲ့ ပိုနက်အောင် တူးကြည့်တယ်၊ ဒါပေမယ့် ဂူတစ်လုံးမှ မရှိဘူး"
"အဲ့ဒီမြေစိုင်တွေသာ မဟုတ်ခဲ့ရင်၊ မင်းသိုလှောင်ခန်းထဲက အိပ်ရာအောက်မှာ အဖြူဝတ်သရဲမကိုတွေ့ခဲ့တယ်။
နောက်ပိုင်း လင်းကွမ် လည်း သိုလှောင်ခန်းထဲမှာ သေဆုံးသွားတယ်။
တနည်းအားဖြင့်ဆိုရင် အစ်ကိုလင်း၊ မင်း လင်းကွမ် ရဲ့ အခန်းကို ပြန်ပြုပြင် ပြီးတဲ့နောက် အဲဒီအခန်းထဲကို တစ်ခါမှ ပြန်မသွားဖူးဘူးလား? ဒါမှမဟုတ်ရင် ညသန်းခေါင်ကြီးမှာ သွားပြီး အဖြူဝတ်သရဲမ ရှိနေသေးလားဆိုတာ ကြည့်ဖူးလား?"
ကျန်းရီမေးတဲ့အခါ လင်းကွမ် ရဲ့ဖခင်ဟာ သိပ်တွန့်ဆုတ်မနေဘဲ "မဟုတ်ဘူး၊ ငါ တစ်ခါမှ မသွားတော့ဘူး။ သွားရင်တောင် အမြဲတမ်း နေ့ဘက်မှာပဲသွားတယ်။ ငါလည်း ကြောက်တာပဲ။ အဲဒီအခန်းထဲ ဝင်လိုက်တာနဲ့ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်သွားသလို ခံစားရတယ်"
"ဒါဆိုရင် လင်းကွမ် အခန်းထဲက ထွက်သွားတဲ့ညတိုင်း အိပ်ရာအောက်မှာ အဖြူဝတ်မိန်းမတစ်ယောက်အမှန်တကယ်ရှိနေနိုင်မလား?"
ကျန်းရီရဲ့ မေးခွန်းက လူတိုင်းကို တုန်လှုပ်စေခဲ့တယ်။ အကယ်၍ ကျန်းရီ ပြောတဲ့အတိုင်းသာ ဖြစ်ခဲ့ရင် အဲဒီအခန်းဟာ အလွန် ကြောက်စရာ ကောင်းလွန်းနေမည်ဖြစ်သည်။
"နောက်ဆုံးအနေနဲ့ နောက်တစ်ခုမေးမယ်၊ အစ်ကိုလင်းတို့အိမ်ကို ဘယ်နှစ်ခုနှစ်မှာ ဆောက်ခဲ့တာလဲ?"
"ဒါကငါ့တို့မိသားစုရဲ့ အိမ်ဟောင်းပါ။ ငါ့အဖိုးဆောက်ခဲ့တာ။ ပြီးတော့ ငါ့အဖေဆီ ရောက်လာခဲ့တယ်။ ငါ့လက်ထဲရောက်တော့ ဖျက်ပြီး အသစ်ပြန်ဆောက်လိုက်တယ်။ အုတ်မြစ်ကတော့ အဟောင်းတိုင်းပါပဲ"
ကျန်းရီက ဒါကို ကြားပြီးနောက် အနည်းငယ် သဘောတူသလိုမျိုး ခေါင်းညှိတ်လိုက်ပြီး လူတိုင်းကို အံ့အားသင့်စေတဲ့ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်တယ်-
"အစ်ကိုလင်း၊ မင်းအဖိုးဆို လင်းကွမ်ရဲ့ အဖိုးပဲပေါ့။
ဒီကိစ္စရဲ့ မူလ အကြောင်းရင်းက အဲဒီဂူတွေမှာပဲ။
လင်းကွမ် ရဲ့ အသံသွင်းထားတဲ့ စကားတွေပဲဖြစ်ဖြစ်၊ မင်းပြောတဲ့ ဇာတ်လမ်းပဲဖြစ်ဖြစ် အဲဒီဂူတွေဟာ အလွန်ကို ဆိုးရွားတယ်။
ဒါပေမယ့် လင်းကွမ်အဖိုးရဲ့ ဂူက အဲဒီနားမှာပဲ ရှိတယ်မလား?
ဟုတ်တယ်ဆိုရင် မင်းအဖိုးရဲ့ မျိုးဆက်ကနေစပြီး မင်းမိသားစုထဲမှာ ရုတ်တရက် ပျောက်ကွယ်သွားတဲ့ သူတစ်ယောက်မှမရှိဘူးလား? အထူးသဖြင့် အမျိုးသမီးတွေ!"