စူပါဘောစိတစ်ယောက် ပေါ်လာခြင်း
Vol. 16 Ch. 221
ကျန်းရီသည် အမျိုးသမီး၏ နာမည်ကို မေးမြန်းခြင်း မပြုခဲ့ပေ။ သူမထပြီးနောက် သူမအား ပေးထားသော အာရုံငါးပါးသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
သူမ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း၊ လင်းကွမ် သည် တိတ်ဆိတ်စွာပဲ စောင့်ကြည့်နေဆဲဖြစ်သည်။
သို့သော် သူ၏ မျက်လုံးများသည် အလွန်အေးစက်နေခဲ့သည်။ ထိုအချိန်တွင် အချစ်ဇာတ်လမ်းများကို နှစ်သက်သော ကြည့်ရှုသူက -
"အဲဒီ သရဲမက တကယ့်ကို လွန်လွန်းသွားတယ်၊ မဟုတ်ရင် သူမ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာ မဟုတ်ဘူး"
ထိုသို့ ပြောဆိုခဲ့တဲ့ ကြည့်ရှုသူကို ကျန်းရီက-
"လောကမှာ ကျန်ရစ်နေခြင်းက ကြီးမားတဲ့ အပြစ်တစ်ခုပဲ။
သူမနဲ့ လင်းကွမ်တို့ရဲ့ အရင်ဘဝက ဇာတ်လမ်းက စိတ်မကောင်းစရာ ကောင်းပေမယ့်၊ နောက်ဆုံးတော့ သူမက ဒီအချိန်မှာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်။
သူမဟာ သေဆုံးပြီးနောက် ဒီလိုမျိုး ဖြစ်သွားပေမယ့် ဒါဟာ သူမသေပြီးနောက် စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရှိတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။
"သူမက လင်းကွမ် ကြီးပြင်းလာဖို့ ကာကွယ်ပေးနိုင်ပေမယ့်၊ လင်းကွမ် ငယ်စဉ်က ပျော်ပျော်နေတတ်တဲ့ အပြုအမူတွေကြောင့် အဆူခံရတဲ့အခါ ဒါမှမဟုတ် အဆုံးမခံလိုက်ရလို့ အဲ့ဒီသူရဲ့ အသက်ကို ယူပိုင်ခွင့် မရှိဘူး။ ဒီလူတွေဟာ လင်း မိသားစုနဲ့ သဘောထား မတိုက်ဆိုင်ဘူးဆိုရင်တောင်၊ သူမမှာ ဒီလူတွေရဲ့ အသက်ကို ယူပိုင်ခွင့် မရှိဘူး"
"သူမ လုပ်သမျှအားလုံးဟာ သူမကိုယ်တိုင် အတွက်ပဲ။
ဒါဟာ တကယ့်ကို သနားစရာကောင်းတဲ့ ခံစားချက်တစ်ခုလို့ ထင်ရပေမယ့်၊ တကယ်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်ပြီး အတ္တကြီးနေတာပဲ။ လင်းကွမ်က ဘာအမှားမှ မလုပ်ခဲ့ဘူး။
သူဟာ ဒီဘဝမှာ ဘဝရဲ့ အတွေ့အကြုံတွေကို သဘာဝအတိုင်း ကြုံတွေ့ရမှာဖြစ်ပြီး၊
သူဟာ အရင်ဘဝက လင်းကွမ် မဟုတ်တော့ဘူး၊ ဒါကြောင့် သူ့ကို အပြစ်တင်လို့ မရနိုင်ဘူး"
"ဒီသရဲမ ငရဲရောက်သွားရင်၊ ငရဲက သူမကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်!"
ကျန်းရီ၏ စကားများသည် သရဲမ၏ ကံကြမ္မာကို ကြေညာလိုက်သကဲ့သို့ ဖြစ်ပြီး၊ ကြည့်ရှုသူများကလည်း နားလည် သဘောပေါက်သွားကြသည်။
ကြည့်ရှု့သူ A-"ဟုတ်တယ် အဆုံးမှာတော့ သူမက အလွန်အမင်း အတ္တကြီးသွားတာပဲ၊ ဒါမှမဟုတ်ရင့ ဒီလိုရလဒ်မျိုးတွေ ဖြစ်လာမှာမဟုတ်ဘူး"
ကြည့်ရှု့သူ B-" လင်းကွမ်ကိုပဲ သနားတယ်၊ ဒီဘဝကို အရင်ဘဝတစ်ခုက ဖျက်ဆီးလိုက်တာပဲ"
" အရာရာတိုင်းမှာ အကြောင်းနဲ့ အကျိုး ဆိုတာ ရှိတယ်၊ လင်းကွမ် အခု ဘာဖြစ်နေတယ် ဆိုတာထက်၊ အရေးကြီးတာက ငါတို့၊ ကြည့်ရှုသူတွေက ဘာလုပ်သင့်ပြီး ဘာမလုပ်သင့်ဘူးဆိုတာ သိဖို့ပဲ"
ကျန်းရီက ပြုံးရင်း ပြောလိုက်သည်၊ သူ့မျက်လုံးက လင်းကွမ်ဆီ ရောက်သွားကာ-
"မင်းလည်း သွားသင့်ပြီ၊ အဲဒီနေရာကို ရောက်သွားတာ ကံကောင်းတယ်လို့ ယူဆလိုက်၊ မဟုတ်ရင် မင်းတကယ်ပဲ ငရဲကို တိုက်ရိုက်ရောက်သွားရင်၊ သူမက မင်းကို ဖမ်းထားမှာ အမှန်ပဲ။
သူမဟာ မင်းကို ဒီဘဝမှာ ပြန်လည်မွေးဖွားခွင့် မပေးနိုင်ဘူး၊ ပြီးတော့ မင်းကို သူမနဲ့အတူ လွန်ခဲ့တဲ့ ဆယ်နှစ်လုံး ဓားစာခံအဖြစ် သူမအနားမှာ ထားခဲ့မယ်ဆိုရင်၊ နောက်ဆုံးမှာ မင်း ပျောက်ကွယ်သွားမလားဆိုတာ မသေချာဘူး"
"သူမနဲ့ အရင်ဘဝက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် ဘာမှမသိဘူး။
ဒီဘဝမှာ ဒီလိုရလဒ်ဖြစ်ရတာဟာ၊ အရင်ဘဝက သူမကို ကျွန်တော် တစ်ခုခု အကြွေးတင်ခဲ့လို့ပဲ ဖြစ်နိုင်တယ်။
အခု ကျွန်တော့်အသက်ကို သူမဆီ ပေးပြီးပြီ၊ သူမနဲ့ ကျွန်တော့်က ဘာမှ မဆိုင်တော့ဘူး။
ဒီလိုလူမျိုးကို ကျွန်တော် အရမ်း ကြောက်တယ်။
ဒါဟာ ဆိုးရွားလွန်းတယ်။
ဒါပေမယ့် သူမမှာ နောက်ဘဝတစ်ခု ပြန်လည်မွေးဖွားခွင့်ရမယ်ဆိုရင်၊ သူမ ကောင်းကောင်းမွန်မွန် နေနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးတယ်"
လင်းကွမ်သည် ဆယ်နှစ်ကြာအောင် သေဆုံးနေပြီဖြစ်သည်။ သူသည် သေဆုံးတာကို လက်ခံပြီးဖြစ်ကာ၊ ဘယ်ကို သွားရမည်၊ ဘာလုပ်ရမည်ကို သိသည်။
ကျန်းရီလည်း အများကြီး မပြောတော့ပေ-
"မင်းရဲ့ လမ်းကို ကိုယ်တိုင် ရွေးချယ်တတ်ပြီဆိုရင်၊ ကျန်တဲ့အချိန်ကို မင်းကိုပေးလိုက်မယ် အလင်းရောင် မထွက်ခင်သာ ပြန်လည်မွေးဖွားဖို့ကို လုပ်တော့။ ငါထွက်သွားတာနဲ့ ပုန်းရှောင်နိုင်မယ်လို့ မထင်လိုက်နဲ့၊ လင်းကွမ် ငရဲရောက်ခဲ့ရင် ကံကောင်းပါစေ"
"ကျေးဇူးတင်ပါတယ်!"
လင်းကွမ်က ဦးညွှတ်လိုက်ပြီး၊ သူ၏ ဖခင်လည်း တစ်ချိန်တည်းမှာပဲ ဦးညွှတ်လိုက်သည်။ သို့သော် ကျန်းရီသည် ဗီဒီယိုကို ပိတ်လိုက်ပြီဖြစ်သည်။
ဗီဒီယိုပိတ်လိုက်သည်နှင့်၊ ကြည့်ရှုသူများက လက်ဆောင် ဆုကြေးများ ပေးကမ်းလာကြသည်။
သို့သော် ထိပ်ဆုံးမှာက မစ္စတာဝမ် ဖြစ်နေခဲ့သည်။
"မစ္စတာဝမ်က စတွင်မာကို ငရဲဘုရင်ရဲ အမိန့် ၉၉၉ ခုကို ပေးခဲ့သည်!"
"မစ္စတာဝမ်က စတွင်မာကို သေခြင်းရှင်ခြင်း ပုတီးစေ့ ၉၉၉၉ ခုကို ပေးခဲ့သည်!"
"ရပါပြီ မစ္စတာဝမ်ရေ
ခင်ဗျားရဲ့ ဖြစ်ရပ်မှာ ရှောင်ဝူက အဓိက တရားခံဖြစ်ပေမယ့်၊ နောက်ထပ် ဆုကြေးတွေ မပေးပါနဲ့တော့။
အခုလို ဘေးဒုက္ခကနေ လွတ်မြောက်သွားနိုင်တာက ခင်ဗျားက ကံကောင်းတဲ့သူ တစ်ဦး ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ပြီးတော့ ခင်ဗျားရဲ့ ရက်ရောမှုတွေကလည်း စိတ်ဝင်စားစရာ ကောင်းတယ်။
တကယ်လို့ ခင်ဗျား တစ်ခုခု လုပ်ချင်တယ်ဆိုရင်၊ ခင်ဗျားရဲ့ အလုပ်သမားတွေကိုသာ ကောင်းကောင်း ဆက်ဆံပေးပါ"
မစ္စတာဝမ်၏ ဆုတွေပေးနေမှုကို ကျန်းရီက တားလိုက်သည်။ သူသည် ငရဲဘုရင်ရဲ့အမိန့် ၉၉၉ ခုကို တိုက်ရိုက် ပေးခဲ့သည့် ပထမဆုံးသူဖြစ်ပြီး၊ ဒါဟာ ဆယ်သန်းနီးပါး ဖြစ်နေသည်။
"စတွင်မာ စိတ်ချပါ။
ကျွန်တော့် ဘဝမှာ အရေးကြီးဆုံး နားလည်ထားတာက ဘဝမှာ တစ်ယောက်တည်းအားနဲ့ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူးဆိုတာပဲ။
ဒါကြောင့်၊ ကျွန်တော့်ရဲ့ လူယုံတွေ ဒါမှမဟုတ် လောင်ကော် တို့လို အလုပ်သမားတွေကို ကျွန်တော် ကောင်းကောင်း ဂရုစိုက်မှာပါ။
ကျွန်တော့် ဝမ်းကွဲက ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့ပေမယ့်၊ စတွင်မာကြောင့်ပဲ လူများစွာက အသက်ရှင်ခဲ့တာပါ။ ဒါကြောင့် မတွင်မာရေ ကျွန်တော်က ငရဲ တိုက်ရိုက်ထုတ်လွှင့်ခန်းရဲ့ သစ္စာရှိ ပရိသတ်တစ်ဦး ဖြစ်လာခဲ့ပီ!"
မစ္စတာဝမ်၏ စကားများကို ကြည့်ရှုသူများက လက်ခံ ကြိုဆိုကြသည်။
ကျန်းရီလည်း ပြုံးရင်းနဲ့
"ကောင်းပါပြီ၊ မစ္စတာဝမ်ကို ပရိသတ်အဖြစ် ရရှိတာကို ကျွန်တော် ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီညရဲ့ ထုတ်လွှင့်မှုဟာ ဒီမှာပဲ ပြီးသွားပါပြီ၊ မနက်ရဲ့ အလင်းရောင်က ထွက်လာပီဖြစ်လို့၊ ဒီညအတွက် ဒီမှာပဲ ရပ်နားလိုက်ကြရအောင်"
ကျန်းရီ ပြောပြီးနောက်၊ ပရိသတ်များက သူ့ကို အနားယူဖို့ ပြောခဲ့ကြသည်။
သို့သော် သူတို့တွေ မျှော်လင့်မထားတာက "ထုတ်လွှင့်မှုခန်းထဲမှာ လက်ဆောင် ပေးတဲ့ စာတွေ အများအပြား ပေါ်လာခဲ့သည်။
"ချူ မိသားစုဝင်က စတွင်မာအား ငရဲဘုရင်ရဲ့ အမိန့် ၉၉၉ ခုကို ပေးခဲ့သည်!"
"ချူမိသားစုဝင်က စတွင်မာအား သေခြင်းရှင်ခြင်း ပုတီးစေ့ ၉၉၉၉၉ ခုကို ပေးခဲ့သည်!"
ဒီလက်ဆောင်တွေစာကို မြင်လိုက်တဲ့အခါ၊ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူမဝသလိုတောင် ခံစားလိုက်ရသည်။
မစ္စတာဝမ်က ခုနက ဆယ်သန်း နီးပါး ပေးခဲ့ပြီး၊ သူ၏ အကြောင်းပြချက်မှာ ကျန်းရီက လူများစွာ၏ အသက်ကို ကယ်တင်ခဲ့သောကြောင့် ဖြစ်သည်။
သို့သော်၊ ဒီ ချူး မိသားစုဝင်ဆိုသူက ဘယ်သူလဲ? ဘယ်ကရောက်လာတာလဲ?
အရင်က လက်ဆောင် အများအပြားပေးတဲ့ သူတွေထဲမှာလည်း မတွေ့မိပေ။ ဆိုလိုတာက အခုမှ ရောက်လာသူ ဖြစ်သည်။
ဒီလက်ဆောင်တွေရဲ့ ပမာဏက စုစုပေါင်း သန်းနှစ်ဆယ်လောက်ရှိသည်။
သန်းနှစ်ဆယ်ကို တစ်ခါတည်း ပေးပစ်လိုက်တာက ဘောစိတွေထဲကမှ တကယ့် ဘောစိတစ်ယောက် ဖြစ်သည်။
ပရိသတ်တွေအတွက် ဒါဟာ အံ့အားသင့်စရာ ဖြစ်ပြီး၊ ကျန်းရီ ကိုယ်တိုင်လည်း စိတ်ဝင်စားသွားသည်။
"ဒါဆို ဒီနေ့ အိပ်ဖို့ အချိန်မရှိတော့ဘူးပေါ့? ချူး မိသားစုဝင်လို့ ခေါ်တဲ့ ဒီသူငယ်ချင်းက တကယ်ကို တစ်ခုခုပဲ"
"ဆရာ ခင်ဗျားက အရမ်းကို ထူးချွန်ပါတယ်၊ ဒီလက်ဆောင်ကို ခံယူထိုက်ပါတယ်! ဒါပေမယ့် မစ္စတာကျန်း ကို တစ်ခုမေးချင်ပါတယ်။ တကယ်လို့ မစ္စတာကျန်း က ဒီကိစ္စကို ဖြေရှင်းပေးနိုင်ရင်၊ ကျွန်တော် နောက်ထပ် လက်ဆောင်တွေ ပေးပါ့မယ်"
ဒါကို မြင်တော့၊ ကျန်းရီက မျက်လုံးတွေကိုမှေးကျဉ်းလိုက်ပြီး ပြောလိုက်သည် -
"အို? ဒါဆို ငါ့ကို ငှားချင်တာလား?"
"မဝံ့ရဲပါဘူး။ မစ္စတာကျန်း က လင်းကွမ်ရဲ့ ဖြစ်ရပ်ကို ဖြေရှင်းပုံကို ကြည့်ပြီးနောက်၊ ကျွန်တော် အရမ်းအံ့အားသင့်သွားပါတယ်။ မစ္စတာကျန်းက ကျွန်တော် ရှာဖွေနေတဲ့ လူပါပဲ။ တကယ်လို့ မစ္စတာကျန်းသာ ကျွန်တော့် ကိစ္စကို အွန်လိုင်းမှာပဲ ဖြေရှင်းပေးနိုင်ရင် ယွမ် သန်းငါးဆယ်!"
"အမ်? ဒါဆို အပြင်မှာ ဖြေရှင်းပေးရင် ပိုရမယ်ဆိုတဲ့ သဘောလား?"
"ဟားဟား၊ မစ္စတာကျန်း ရဲ့ ကျွမ်းကျင်မှုနဲ့ အပြင်လိုက်ဖို့ထိ မလိုအပ်ပါဘူး။ ဒီကိစ္စကို အွန်လိုင်းမှာပဲ ဆွေးနွေးလို့ရပါတယ်။ ကျွန်တော်က အရမ်း ရုပ်ဆိုးတယ်၊ ဒါကြောင့် မျက်နှာကို သိပ်မပြချင်ဘူး ။ မစ္စတာကျန်း စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
စကားပြောဆိုမှုကို ကြည့်ရင်း၊ ကျန်းရီအနေနဲ့ ပိုပိုပြီး စိတ်ဝင်စားလာခဲ့သည်။
ဒီလူဟာ လျှို့ဝှက်ပြီး၊ သူဘယ်သူလဲဆိုတာ လူတွေကို မသိစေချင်ဟန် ရှိသည်!