← Chapters

အခန်း (၂၂၂)

Vol. 16 Ch. 222

အခန်း (၂၂၂)

Vol. 16 Ch. 222

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက လေထုသည် အလွန် တက်ကြွလာခဲ့သည်။

တစ်မိနစ်အတွင်း ဝင်ငွေ ယွမ် သုံးသန်းကျော် ရရှိခဲ့​ခြင်းဖြစ်သည်!

ကမ္ဘာတစ်ဝှမ်းရှိ စတွင်မာတွေထဲတွင် ဒီလောက်များပြားလှတဲ့ ဝင်ငွေကို တစ်ညတည်း ရရှိနိုင်စွမ်းက ဘယ်သူ့ဆီမှာများ ရှိလို့လဲ?

မရေတွက်နိုင်သော ကြည့်ရှုသူတွေက ကျန်းရီနှင့် ချူး မိသားစုဝင်တို့၏ စကားပြောဆိုမှုကို သတိမထားမိကြပေ။ သူတို့သိရှိသည်မှာ ဒီအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် အလွန် အံ့သြဖွယ်ကောင်းနေပြီး တစ်မိနစ်အတွင်း သုံးသန်းကျော်တန်ကြေးရှိသော လက်ဆောင် ငွေကို သူတို့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။

သို့သော် ကျန်းရီ၏ စကားကြောင့် ကြည့်ရှုသူများစွာက တည်ငြိမ်သွားခဲ့ပြီး သူတို့သည် အခြားတစ်ဖက်၏ ထူးဆန်းသော အပြုအမူကို ရိပ်စားမိခဲ့ကြသည်။

"မိတ်ဆွေရဲ့ အလုပ်အကိုင်ကို ပြောပြနိုင်မလား?"

"ကုန်သည်တစ်ဦးပါ"

"ကုန်သည်တစ်ဦးဖြစ်နေရင် ဘာကြောင့် မျက်နှာမပြချင်တာလဲ?"

"မစ္စတာကျန်း အတွက် မျက်နှာပြခြင်း၊ မပြခြင်းက အရေးမကြီးဘူးမလား?"

ကျန်းရီသည် တစ်ခုခုစဉ်းစားနေဟန်ဖြင့် ပြုံးကာ "ဟုတ်ပါတယ်။ မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ?"

"မစ္စတာကျန်းက ကျွန်တော့်ကို လောင်ချူး လို့ခေါ်နိုင်ပါတယ်။ ဒါပေမယ့် အခုက မနက်ရောက်တော့မယ်၊ မစ္စတာကျန်းလည်း တစ်ညလုံး တိုက်ရိုက်ထုတ်လွှင့်နေရတာ ပင်ပန်းရောပေါ့၊ ဒါဆို ဒီည တိုက်ရိုက်ထုတ်လွှင့်မှုစတဲ့အချိန် ဖုန်းခေါ်လိုက်ရော ဘယ်လိုလဲ?"

"ဟုတ်ကဲ့၊ ရပါတယ်၊ ဒါပေမယ့် ဘာကြောင့် မစ္စတာချူးက ကျွန်တော့်ကို အပြင်မှာ တိုက်ရိုက် မဖြေရှင်းစေချင်တာလဲဆိုတာကို အလွန်စိတ်ဝင်စားမိတယ်။ ကျွန်တော်က သင့်ကို လုံခြုံမှု အပြည့်အဝမပေးနိုင်ဘူးလို့ ထင်နေတာလား?"

"ဟား…ဟား.. မစ္စတာကျန်းက တကယ်ကို ဟာသ ညာဏ်ရွှင်တာပဲ။ ဒါပေမယ့် ကျွန်တော်က လူတွေနဲ့ ပြောဆိုဆက်ဆံရတာကို နည်းနည်း မကြိုက်ဘူး။ မစ္စတာကျန်း ခွင့်လွှတ်ပါမယ်လို့ မျှော်လင့်ပါတယ်"

"ဟုတ်ပါပြီ၊ ညကျမှပဲ ထပ်ပြောကြတာပေါ့"

ကျန်းရီက ပြန်ဖြေပြီးနောက် ချူး မိသားစုဝင်က မကြာမီ လိုင်းပေါ်က ဆင်းသွားခဲ့သည်။ ထိုသူ ဆင်းသွားသည်ကို မြင်ပြီး အခြားကြည့်ရှုသူများကို နှုတ်ဆက်ကာ ထုတ်လွှင့်မှုမှ ထွက်ခွာသွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ထွက်ပြီးနောက် ကျန်းရီသည် ပလက်ဖောင်းမှ လုံးဝမထွက်ခဲ့ပေ။

သူသည် ချူး မိသားစုဝင်၏ အချက်အလက်များကို ရှာဖွေနေခဲ့သည်။ အခြားတစ်ဖက်က မျက်နှာမပြလိုကြောင်း ပြောတဲ့အခါမှာ ကျန်းရီက ထိုသူသည် အနုပညာရှင် သို့မဟုတ် နာမည်ကြီးသူ တစ်ဦး ဖြစ်မည်ဟု မှားယွင်းစွာ ထင်မြင်မိခဲ့သည်။

ဒီလို လူမျိုးတွေရဲ အလုပ်အကိုင်သည် အမြဲတမ်း ကောင်းမွန်သောပုံရိပ်ရှိရန် လိုအပ်သည်။ အကယ်၍ သူ၏ ပရိသတ်များက သူကြိုက်နှစ်သက်သော နာမည်ကြီး အနုပညာရှင်သည် တကယ်တော့ သရဲအခြောက်ခံနေရသည်ကို သိရှိသွားပါက ပရိတ်သတ်တွေနဲ့ ကောင်းမွန်တဲ့ ပုံရိပ်ကိုထိန်းချုပ်ပြီး ဤကဲ့သို့ သနားစရာအဖြစ်ကို အကြောင်းပြပြီး ပရိတ်တွေရဲ့ သနားဂရုဏာကို ရရုံမက ပရိတ်သတ်တွေပါ ထပ်တိုးလာနိုင်ရုံအပြင်၊

အကယ်၍ အသုံးမချနိုင်ပါက ဖြတ်သွား ဖြတ်လာများနှင့် ရှိနေသည့် ပရိသတ်တွေတောင် ချက်ချင်း လှည့်ထွက်သွားကြမည်ဖြစ်သည်။

သို့သော် ချူး မိသားစုဝင်က အနုပညာရှင် မဟုတ်ဘဲ ကုန်သည်တစ်ဦးဖြစ်သည်။

ဒီချူး မိသားစုဝင်က နာမည်ကြီး ကုန်သည်တစ်ဦးဖြစ်နိုင်သလား?

မဟုတ်ပါက ဘာကြောင့် ဤမျှ ကြွယ်ဝချမ်းသာနေသနည်း?

ကျန်းရီသည် ထိုသူ၏ အချက်အလက်များကို ကြည့်ရှုခဲ့သော်လည်း အခြားတစ်ဖက်က ကိုယ်ေရးအချက်အလက် ဖြည့်သည့်အခါတွင် အလွန်နည်းပါးစွာ ဖြည့်စွက်ထားသည်ကို တွေ့ရှိခဲ့ရသည်။

ဘာမှမတွေ့ရှိခဲ့သောကြောင့် ကျန်းရီသည် စဉ်းစားရန် ပျင်းရိနေပြီး ကွန်ပျူတာကို ပိတ်ကာ ရေချိုးဖို့သွားခဲ့လိုက်သည်။

အိပ်ရာထဲတွင် အိပ်မပျော်ဘဲ အနည်းငယ်လှဲနေစဉ် ကျန်းရီသည် တစ်စုံတစ်ခုကို စဉ်းစားနေခဲ့သည်။

သို့သော် သူစဉ်းစားနေစဉ်မှာပဲ ညက ရခဲ့သော လက်ဆောင်တွေရဲ့ အကျိုးသက်ရောက်မှုကို သူခံစားမိလိုက်သည်။

အထူးသဖြင့် ငရဲဘုရင်ရဲ့ အမိန့် သည် အလွန်ထူးဆန်းသော ပစ္စည်းဖြစ်ပြီး ၎င်း၏ စွမ်းရည်တိုးတက်မှုတိုင်းသည် အနည်းငယ်သော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။

သိသာထင်ရှားမှုက သိပ်မရှိသော်လည်း အကြိမ်တစ်ထောင်ပြည့်လိုက်တိုင်းတွင် ပို၍ထင်ရှားလာသည်။

ငရဲဘုရင်ရဲ့ အမိန့် ၁၀၀၀၀ ပြည့်ရန် သိပ်မဝေးတော့ပေ။ အကယ်၍ ၁၀% တိုးတက်မှုရှိမည်ဆိုပါက ကျန်းရီသည် စိတ်လှုပ်ရှားမိမည်ဖြစ်သည်။

အချိန်အကြာကြီး စဉ်းစားနေမည့်အစား ကျန်းရီသည် မျက်လုံးမှိတ်ကာ အနားယူခဲ့လိုက်သည်။

နေ့လည်ခင်းလောက်တွင် နိုးထပြီးနောက် သူသည် အခြားသူများကဲ့သို့ အပြင်တွင် လျှောက်လည်နေခဲ့သည်။

ညနေခင်းရောက်တဲ့အခါမှသာ သူသည် အိမ်ပြန်လာခဲ့ပြီး လက်ဖက်ရည် တစ်ခွက်ဖျော်ကာ ယနေ့ဝယ်ခဲ့သော နံ့သာတိုင်ကို ထွန်းညှိခဲ့သည်။

စားပွဲပေါ်မှ နံ့သာရနံ့များ ပြန့်နှံ့လာကာ အခန်းတစ်ခုလုံးကို သာယာသောအနံ့ဖြင့် ဖုံးလွှမ်းသွားစေပြီး နည်းနည်းလောက် ဆန်းကြယ်သောအသွင်ကို ဖန်တီးစေခဲ့သည်။

အထူးသဖြင့် မီးခိုးများ လှိုင်းထနေစဉ်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ကြည့်ရှုသူများက သူ့တွင် မျက်နှာဆယ်ခုရှိနေသည်ဟု ခံစားလိုက်ရသည်။

ဤသို့ခံစားရမှုက ရယ်စရာကောင်းပြီး ထူးဆန်းသော်လည်း ကြည့်ရှုသူများက ထိုသို့ မြင်နေရသောအခါ "ဒီနေ့ စတွင်မာရဲ့ အရောင်အဝါက ၁၀၀% ဖြစ်နေတယ်လို့ ခံစားရတယ်!"

ငါးလိုရေသောက်-"ဟုတ်တယ်၊ သူက အခုအချိန်မှာ တကယ့်ကို ပြည့်စုံပြီး အကောင်းဆုံး လူငယ်တစ်ယောက်လို့ ထင်ရတယ်"

နံပါတ်တစ် မိန်းကလေးပရိတ်သတ် ဝူလျှူ ၏ စကားကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ကြည့်ရှုသူများက မနေနိုင်ဘဲ ရယ်မိခဲ့ကြသည်။

ကျန်းရီသည် ချူး မိသားစုဝင် ရောက်လာ သည်ကိုမြင်ပြီး " မစ္စတာချူး ခေါ်ဆိုနိုင်ပါပြီ" ဟု ပြောခဲ့သည်။

"ဟုတ်ကဲ့၊ ဒါပေမယ့် ကျွန်တော့်သမီးကို ကျွန်တော့်အစား ဒီအကြောင်းတွေ ပြောခိုင်းပါရစေ။ ဘာကြောင့်လဲဆိုတော့ သူမက ပထမဆုံး အဲဒီအရာတွေနဲ့ ကြုံတွေ့ခဲ့ရသူဖြစ်လို့ပါ"

"ကျွန်တော်နားလည်ပါတယ်။ သမီးလေးနဲ့ ပြောခိုင်းတာလည်း အဆင်ပြေပါတယ်"

ကျန်းရီက ပြုံးကာ ပြောလိုက်ပြီးနောက် ဖုန်းခေါ်ဆိုခဲ့သည်။

ဖုန်းဖြေလိုက်သည်နှင့် တစ်ပြိုင်နက် အခြားတစ်ဖက်မှ ကလေးသံကဲ့သို့သော အသံတစ်ခု ကြားလိုက်ရသည်။

"ဟယ်လို ဦးကျန်းရီ၊ သမီးက အဖေ့သမီးပါ။ အဖေက သမီးကို ဒီဖုန်းကို ခေါ်ဆိုခိုင်းတာပါ"

မိမိကိုယ်ကိုမိတ်ဆက်သည့်အသံသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ရောက်ရှိလာသောအခါ လူတိုင်း မနေနိုင်ဘဲ ရယ်ခဲ့ကြသည်။

"ဒီညီမလေးက စိတ်ဝင်စားစရာ ကောင်းတယ်။ အသံကြားရတာ ငါးနှစ်၊ ခြောက်နှစ်လောက်ပဲ ရှိမယ်ထင်တယ်။ အဖေ့သမီးလို့ ပြောတာက တကယ်ကို ချစ်စရာကောင်းတယ်၊ ဟားဟား... ချစ်ဖို့ကောင်းတယ်!"

ကျန်းရီလည်း မျက်နှာပေါ်တွင် အပြုံးများဖြင့် "ဟယ်လို ကလေး၊ ကျွန်တော်က ဦးကျန်းရီပါ။ ကလေးက အခု ကြောက်နေတာလား?"

"ဟမ်? သမီး ဘာပြောရမှန်းမသိဘူး။ စိတ်ထဲမှာတော့ ကြောက်နေတယ်။ ဒါပေမယ့် အဖေက သမီးကို ဦးကျန်းရီကို ယဉ်ကျေးစွာဆက်ဆံပြီး ဦးက အရမ်းကောင်းတဲ့ ဦးလေးဖြစ်တယ်လို့ ယုံကြည်ရမယ်လို့ ပြောထားတယ်။ ဒါကြောင့် သမီးအတွက် ဒီမေးခွန်းကို ဖြေဖို့ခက်နေတယ်။ ကြောက်နေတယ်လို့ ပြောရင် ဦးကျန်းရီကို မလေးစားရာကျမယ်။ ဒါပေမယ့် မကြောက်ဘူးလို့ ပြောရင်လည်း သမီး လိမ်နေတာပဲ!"

"အဖေက သမီးကို အရမ်း တင်းကျပ်တယ်။ သမီး သုံးနှစ်သား အရွယ်တုန်းက အဖေက သမီးကို အခန်းကြီးထဲမှာ တစ်ယောက်တည်း အိပ်ခိုင်းတယ်။ မိန်းကလေးတစ်ယောက် အနေနဲ့ ယောက်ျားလေးတွေထက် စောပြီး ကိုယ့်ကိုကိုယ် မှီခိုနေတက်ဖို့ လိုတယ်လို့ ပြောတယ်။ ဒါမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်လို့လည်း ပြောတယ်"

ဆင်းရဲသားတွေက သားတွေကို ကြမ်းတမ်းစွာ ပြုစုပျိုးထောင်ပြီး ချမ်းသာတဲ့ သူတွေက သမီးတွေကို နူးညံ့စွာ ပြုစုပျိုးထောင်ကြသည်။ ဤသည်မှာ လူအများစု၏ အတွေးအခေါ်ဖြစ်သည်။

သို့သော် ဆင်းရဲခြင်း၊ ချမ်းသာခြင်းကို မည်သို့သတ်မှတ်သည် ဆိုသည်မှာ လူများအကြား အကြီးမားဆုံးသော ပြဿနာတစ်ခုဖြစ်သည်။

သို့သော် ချူး မိသားစု၏ သမီးကို ပြုစုပျိုးထောင်ပုံမှာ အလွန် တင်းကျပ်ပုံရသော်လည်း အကြောင်းပြချက် မရှိဘဲ နေမည် မဟုတ်ပေ။

"ဒါဆို သမီးအဖေက တကယ့်ကို ချစ်စရာမကောင်းဘူးနဲ့တူတယ်။" ကျန်းရီက ဟာသ လုပ်လိုက်သည်။

"ဟုတ်တယ်၊ အဖေ့မျက်နှာက ပြုံးကို သိပ် မတွေ့ရတော့ဘူး ။ သမီးကို တွေ့တိုင်း မျက်နှာ တည်တည်ကြီးနဲ့။ ဒါပေမယ့် အမေ့ကိုတွေ့ရင်တော့ အမြဲတမ်း အပြုံးကလေးနဲ့"

"ဒါဆို သမီးအဖေက သမီးကို နာခံတက်အောင် သင်ပေးချင်တာပဲ။ ဦးကတော့ အဖေတစ်ယောက်က တင်းကျပ်ဖို့ မလိုဘူးလို့ မထင်ပေမယ့်၊ မိသားစုဝင်တွေကို လေးစားတတ်ဖို့တော့ သင်ယူသင့်တယ်။ ဒါကို ကြည့်ရင် သမီးအမေက သမီးကို အရမ်း ချစ်တယ်ဆိုတာ သိနိုင်တယ်"

"အမေ... အမေက သေသွားပြီ၊ မနှစ်က သမီး မွေးနေ့မှာ သေသွားတယ်... အမေက အရမ်းကို နာမကျန်းဖြစ်နေတာ။ မျက်လုံးမှိတ်တဲ့ အချိန်မှာ မျက်ရည်တွေနဲ့၊ သမီးလက်ကိုလည်း တင်းကျပ်စွာ ကိုင်ထားတယ်။ အဖေက အရမ်း အားစိုက်ပြီးမှ သမီးလက်ကို လွှတ်အောင် လုပ်နိုင်တာ"

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ပျော်ရွှင်စရာ လေထုသည် ကလေးငယ်၏ စကားများကြောင့် ရုတ်တရက် လေးလံသွားခဲ့သည်။

ဘယ်သူမှ စကားမပြောကြတော့ပေ။ ကျန်းရီပင် ထိုအချိန်တွင် တိတ်ဆိတ် နေခဲ့သည်။

All Chapters