← Chapters

လှေကားပေါ်က သူငယ်ချင်း

Vol. 16 Ch. 223

လှေကားပေါ်က သူငယ်ချင်း

Vol. 16 Ch. 223

တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲတွင် လေထုသည် လေးနက်နေပြီး လူတိုင်းက မိန်းကလေးငယ်၏ သူမ၏မိခင် သေဆုံးသွားပြီဟူသော စကားသံကိုသာ ကြားနေရသည်။

ကျန်းရီသည်လည်း လေပူတွေ မှုတ်ထုတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည် "မေမေ မရှိတော့ရင် အဖေကို သူမနေရာ အစားထိုးပြီး ဂရုစိုက်ပေးမယ်မလား?"

"ဟုတ်ကဲ့! ကြီးလာရင် အဖေ့ကို ဂရုစိုက်မယ်၊ ဒါပေမယ့် အခုတော့ သမီး အရမ်းငယ်သေးတယ်၊ အဖေကနေပြီး ဂရုစိုက်ပေးဖို့လိုသေးတယ်။"

ဖုန်းရဲ့ အခြားဘက်က မိန်းကလေး ငယ်လေးသည် အထူး ဉာဏ်ကောင်းတဲ့သူ ဖြစ်မည်။ အသက်ငါးနှစ် ခြောက်နှစ် အတွက် စကားပြောတာက ကျွမ်းကျင်လှသည်။

သို့သော်သူမသည် ငိုကြွေးနေစဉ် ဤစကားများကို ပြောနေခြင်းဖြစ်သည်။ ကျန်းရီသည် အခြားမိန်းကလေးငယ်များ၊ သို့မဟုတ် အနည်းငယ် ကြီးတဲ့သူတွေကို များစွာ နှစ်သိမ့်ပေးခဲ့ဖူးသည်။

သို့သော် မည်သည့် အကြောင်းကြောင့်မသိ၊ ဤမိန်းကလေးငယ်နှင့် ရင်ဆိုင်ရတဲ့အခါ သူသည် စကားများ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေသည်ကို သူသတိထားမိသည်။

"ကလေး၊ ဦးလေးက မင်းမကြာခင် ကြီးပြင်းလာမယ်လို့ ယုံကြည်တယ်၊ နောက်ပြီး သမီးရဲ့ အဖေကို ဂရုစိုက်နိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒါပေမယ့် ဦးလေးက သမီးနာမည်ကို မသိသေးဘူး၊ ပြောပြနိုင်မလား?"

ကျန်းရီသည် အကြောင်းအရာကို ပြောင်းလိုက်ပြီး မိန်းကလေးငယ်က ပြန်ဖြေခဲ့သည်၊ "ဦးလေး၊ သမီးကို ရှောင်ယီလို့ ခေါ်လို့ရပါတယ်၊ သမီးရဲ့ နာမည်က ချူးယီ ဖြစ်ပါတယ်။"

"​ကောင်းပါပြီ၊ ရှောင်ယီ သမီးအဖေက ဦးလေးကို ပြောတာက သမီးတို့ တစ်ခုခု ထူးဆန်းတဲ့ အရာတွေ ကြုံတွေ့ရတယ်ဆိုတာ ဟုတ်လား?"

"ဟုတ်ကဲ့ဦးလေး၊ သမီးတို့ မိသားစုက အိမ်ကြီးတစ်လုံးမှာနေပါတယ်။ ဒါပေမယ့် အဖေက ဒါကို လူတစ်ယောက်ဆီကနေ ဝယ်ထားတာပါ။ အဖေပြောတာက ဆောင်းမှာ နွေးထွေးပြီး နွေမှာ အေးမြတဲ့ နေရာဖြစ်ပြီး နေထိုင်ဖို့ အသင့်တော်ဆုံးပဲတဲ့။ ရှောင်ယီက မွေးကတည်းက ဒီမှာနေခဲ့တာပါ၊ အဖေကလည်း သူနဲ့မေမေ ဒီအိမ်မှာ လက်ထပ်ခဲ့တယ်လို့ပြောတယ်"

"ဒါပေမယ့် သမီးတွေ့တာက ပစ္စည်းတစ်ခုမဟုတ်ဘဲ ကလေးတစ်ယောက်ပါ။ သူက ဘောင်းဘီကို ပခုံးကနေ ကြိုးတပ်ဆွဲထားတဲ့ ဘောင်းဘီကို အမြဲဝတ်ထားတဲ့ ကလေးတစ်ယောက် ဖြစ်ပြီး ဖိနပ်မစီးဘဲ ခြေဗလာနဲ့ လှေကားထစ်တွေပေါ်မှာ ထိုင်နေတတ်တယ်။ သူထိုင်နေတဲ့အခါတိုင်း သူ့ဆီကနေ အလင်းတစ်ခု ထွက်နေတာကို သမီးမြင်ရတယ်"

"ဟုတ်ပြီ၊ သမီးက အိမ်ရဲ့ လှေကားထစ်တွေပေါ်မှာ ထိုင်နေတဲ့ ကလေးတစ်ယောက်ကိုမြင်တယ်၊ သူ့ဆီက အလင်းထွက်နေသလို ခံစားရတယ်ဆိုတာလား?"

"ဟုတ်ကဲ့၊ ဦးကျန်းရီ"

"အဲ့ဒီကလေးက သမီးထက် အသက်ကြီးလား? အိမ်က ​လှေကားထစ်တွေက ဘယ်လိုပုံစံလဲ? သူက ရွေ့လျှားနေတာလား? သူ လမ်းသွားတဲ့အခါ အသံတွေ ထွက်လား?"

ကျန်းရီ မေးလိုက်တဲ့အခါ ရှောင်ယီက

"သမီးသူ့ကို ပထမဆုံးအကြိမ် မြင်တဲ့ညက မေမေမသေခင် ညကဖြစ်တယ်။ ဒါပေမယ့် အဲ့ညမှာ အဖေက နာမည်ကြီး ဆရာဝန်တစ်ဦးကို မေမေ့ကို ကြည့်ဖို့ဖိတ်ထားတယ်။ မေမေက အရမ်းနေမကောင်းဖြစ်နေခဲ့တယ်၊ ဒါပေမယ့် မေမေသွေးအန်တာကို သမီး ပထမဆုံးအကြိမ်မြင်ခဲ့တာပါ"

"အဖေက ဆရာဝန်နဲ့ အဲ့ညက စကား ပြောနေခဲ့တယ်၊ အိမ်ကလူတွေ အားလုံးကလည်း ဝမ်းနည်းနေခဲ့ကြတယ်။

သူတို့က သမီးကို မေ့နေကြတယ်၊ အဖေက ညနက်မှ သမီးကိုလာမေးတယ်။

သမီးက မေမေရဲ့ အခြေအနေ ဆိုးနေတာကို မသိဘူး၊ သူတို့ သမီးကို ဂရုမစိုက်တော့ဘူးလို့ တွေးပြီး လှေကားထစ်တွေပေါ် ထိုင်ပြီးငိုနေခဲ့တယ်။

"သမီးတို့အိမ်က လှေကားက သစ်သားနဲ့လုပ်ထားတယ်၊ နင်းလိုက်ရင် အသံမထွက်ဘူး။

အိမ်ထဲမှာက အဆင့်အနည်းငယ်ပဲရှိတယ်၊ သမီး ထိုင်နေတဲ့နေရာက ထပ်ခိုးကို သွားတဲ့လမ်းဖြစ်တယ်။

သမီးက ထပ်ခိုးအောက်နားမှာထိုင်နေတာ၊ ငိုနေခဲ့တယ်... ဘာလို့ငိုလဲတော့ မသိဘူး သမီး မပျော်ဘူးဆိုတာပဲသိတယ်"

"သမီး အကြာကြီး ငိုနေခဲ့တယ်။ အဲ့အချိန်က ညနက်နေပြီ၊ ဘေးက ပြတင်းပေါက်ကနေ လပြည့်ဝန်းကြီးကို မြင်ရတယ်။ သမီးက ပြတင်းပေါက်နားမှာ ရပ်ပြီးအပြင်ကိုကြည့်နေတယ်၊ အောက်ထပ်မှာ လူတွေအများကြီး လျှောက်သွားနေကြတယ်။ သူတို့အားလုံးက အဖြူ​ရောင် အဝတ်အစားတွေ ဝတ်ထားကြတယ်၊ တစ်ချို့ကထူးဆန်းတဲ့အဖြူရောင်ဦးထုပ်တွေဆောင်းထားကြတယ်"

"အိုး…ဒါနဲ့ အဲ့ဦးထုပ်တွေက အရမ်းရှည်တယ်။

သမီးက သူတို့ကိုကြည့်နေတယ်၊ ဒါပေမယ့် သူတို့က ထူးဆန်းစွာ လျှောက်သွားနေခဲ့ကြတယ်၊ တစ်ခါတလေ ခြံထဲမှာတိုးတိုးပြောနေကြတယ်၊ တစ်ခါတလေ ရုတ်တရက် ဒေါသထွက်နေသလိုဖြစ်နေခဲ့တယ်။

တစ်ချို့လူတွေက သမီးကိုကြည့်နေတယ်၊ သူတို့က သမီးကိုတွေ့သွားတယ်၊ ဦးလေးတစ်ယောက်က အရမ်း ကြောက်စရာကောင်းတယ်။

သူ့ရဲ့လျှာက ဝမ်းဗိုက်အထိကျနေတယ်။

သူက သမီးကို ကြည့်နေတယ်၊ သမီးကလည်း သူ့ကို ကြည့်နေခဲ့တယ်၊ ဒါပေမယ့် ဘာကြောင့်လဲမသိဘူး၊ အဲ့ ဦးလေးက သမီးကို ခဏလောက် ကြည့်ပြီး သူတို့ဆက်သွားကြတယ်”

"သမီး အဲ့ဒီအချိန်တုန်းက အရမ်း ကြောက်နေခဲ့တယ်။

သူတို့ သမီးကို ဖမ်းဖို့ လာတယ်လို့ပဲ ထင်ခဲ့တယ်။

ဒါကြောင့် သမီး ထပ်ခိုးထဲကို ပြေးဝင်သွားတယ်။

ထပ်ခိုးက အရင်က သော့ခတ်ထားတယ်၊ ဒါပေမယ့် အဲ့ညမှာသော့က မရှိဘူး၊ ဒါကြောင့် သမီး ချက်ချင်းပဲ ထပ်ခိုးထဲ ဝင်သွားလိုက်တယ်။

တံခါးကိုပိတ်ပြီးအတွင်းမှာပုန်းနေခဲ့တယ်။

ဘယ်လောက်တောင် ကြာသွားမှန်းမသိဘူး၊ ဒါပေမယ့် ရုတ်တရက်အိပ်ငိုက်လာခဲ့တယ်။

ပြီးတော့ ထပ်ခိုးထဲမှာပဲ အိပ်ပျော်သွားခဲ့တယ်၊ ဒါပေမယ့် အိပ်ပျော်သွားတဲ့အချိန်မှာ တစ်ယောက်ယောက်က ထပ်ခိုးတံခါးကို ထုလိုက်တဲ့ အသံကို ကြားလိုက်ရတယ်"

"ဘုန်း...ဘုန်း...ဘုန်း၊ သူက အရမ်းကျယ်လောင်စွာကို ထုနေတယ်၊ သမီး ရုတ်တရက် လန့်နိုးသွားပြီး အောက်ကထူးဆန်းတဲ့ဦးလေးတွေ သမီးကို တွေ့သွားပြီ ထင်ပြီး​တော့၊ ဒါကြောင့် ငိုပြီးတော့ သမိးကို မဖမ်းပါနဲ့၊ မဖမ်းပါနဲ့လို့ ပြောလိုက်တယ်။

သူက သမီး အသံကိုကြားပြီး တံခါးကို ဆက်မထုတော့ဘူး။

ခဏနေတော့ ဦးလေးတွေ ထွက်သွားပြီထင်တယ်၊ ဒါကြောင့် ထပ်ခိုးတံခါးကို ဖွင့်လိုက်တယ်။

"တံခါးကို ဖွင့်လိုက်တဲ့အခါ လှေကားပေါ်မှာ ထိုင်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်၊ သူက ငိုနေတယ်... အဲ့အချိန်တုန်းက သမီးလည်း တကယ် ငိုချင်ခဲ့တယ်၊ ဒါပေမယ့် အဖေက သမီးကို သန်မာဖို့ပြောထားတယ်။ ဒါကြောင့် သမီး သူ့အနားကိုသွားပြီး သူ့ပခုံးကို ပုတ်ပြီး မေးလိုက်တယ်၊ ဘာဖြစ်နေတာလဲ? ဒီလောက် နောက်ကျနေတဲ့ အချိန်မှာ မင်းက ဘာလို့ ငါ့အိမ်မှာရှိနေသေးတာလဲ?"

"သူက သူ့အဖေ့ကို မတွေ့တော့ဘူးလို့ ပြောတယ်။

သမီးက မင်းအဖေ ငါတို့အိမ်ကို မလာခဲ့ဘူး။

ငါ့အိမ်မှာ ငါ့အဖေပဲ ရှိတယ်၊ မင်းအဖေ မရှိဘူးလို့ ပြောလိုက်တယ်။

သမီး ပြောလိုက်တော့ သူပိုပြီးငိုခဲ့တယ်၊ သမီး သူ့ကို ဖက်ခဲ့ပေးလိုက်တယ်။

ဒါပေမယ့် ဦးကျန်းရီ၊ သမီး သူ့ကို ဖက်လိုက်တဲ့ အခါမှာ ဘာမှမခံစားရဘူး? အခြားကလေးတွေကို ဖက်ဖူးတယ်၊ ဒါပေမယ့် သူ့ကို ဖက်လိုက်တဲ့အခါမှာ ဗလာဖြစ်နေသလိုခံစားလိုက်ရတယ်။

ပြီးတော့ သူ့လက်တွေက အရမ်းအေးနေတယ်၊ သူ့မျက်နှာကလည်း အေးနေခဲ့တယ်။

သူငိုနေတဲ့ အချိန်မှာ မျက်ရည်တွေ မထွက်လာဘူး၊ သမီးသူ့ကို ဖက်ပေးလိုက်တော့ မကြာခင်ပဲ သူငိုတာ ရပ်သွားတယ်"

"သူနဲ့သမီး လှေကားပေါ်မှာ ထိုင်နေခဲ့တယ်၊ ပြီးတော့ သမီးသူ့ကို သီချင်း ဆိုပြလိုက်တယ်။

သူ့ကို ဘယ်သီချင်းကို အကြိုက်ဆုံးလဲ မေးတော့ သူက ဘုရင်က တောင်ကို ကင်းလှည့်ဖို့ ခိုင်းတဲ့ သီချင်းကို အကြိုက်ဆုံးလို့ပြောတယ်။

ပြီးတော့ သမီးသူ့ကို သီချင်းဆိုပြလိုက်တယ်၊ သမီး ဆိုပြီးတဲ့အချိန်မှာ သူပျော်သွားပြီး သမီးကို လက်ခုပ်တီးပေးခဲ့တယ်။

သူပျော်နေတာကို မြင်ရတော့ သမီးလည်း ပျော်သွားတယ်၊ ပြီးတော့ သူ့ကို သမီး ပြေးဖက်လိုက်တယ်"

"အဲ့ဒီကလေးက အရမ်းချစ်စရာ ကောင်းတယ်... သူက သမီးထက် အသက်ကြီးတော့ သမီးက သူ့ကို အစ်ကိုလို့ခေါ်ရမယ်၊ ဒါပေမယ့် သမီးက သူ့ကိုညာလိုက်တယ်။ ငါက မင်းထက် အသက်ကြီးတယ်၊ ငါ့ကို မမလို့ ခေါ်ရမယ် လို့ ပြောလိုက်တယ်။ သူက အရမ်း ကြောက်တတ်တဲ့ကလေးမို့လို့ သမီးက သူ့ကိုကာကွယ်ပေးချင်တယ်။ ဒါပေမယ့် သမီးသူ့ကို ဖက်လိုက်တဲ့အချိန်မှာ သူ့ရဲ့ ခေါင်းက ကွဲနေတာကို တွေ့လိုက်ရတယ်!"

"သူ့ခေါင်းက ဗလာဖြစ်နေတယ်၊ ပြီးတော့ သူက သမီးရဲ့လက်ကို ကိုင်ပြီး သူ့ခေါင်းထဲထည့်လိုက်တယ်။

သူကနာတယ်လို့ ဝမ်းနည်းစွာပြောတယ်...

တကယ်ပါ….ဦးကျန်းရီ၊ သမီး သူငယ်ချင်းရဲ့ ခေါင်းမှာ ကြီးမားတဲ့ အပေါက်ကြီးရှိနေတယ်။

သူက သမီးလက်ကို ထည့်လိုက်တဲ့ အချိန်မှာ သမီးတကယ်ကြောက်နေခဲ့တယ်၊ ဒါပေမယ့် သူကနာတယ်လို့ ဆက်ပြောနေတော့ သမီးက မကြောက်နဲ့၊ ငါ့အိမ်မှာဆရာဝန်ရှိတယ်။

ဆရာဝန်နဲ့ပြပြီး မင်းဘာဖြစ်နေတာလဲ ကြည့်ကြမယ်လို့ပြောလိုက်တယ်။

"သူ့ကို ပြောပြီးတဲ့နောက် သမီး သူ့လက်ကို ကိုင်ပြီးဆရာဝန်ဆီခေါ်သွားတယ်။ သူ့လက်က အရမ်းအေးနေတယ်၊ ဒါကြောင့် မင်း အရမ်းအေးနေလားလို့ မေးလိုက်တယ်? သူကမအေးဘူး၊ အစ်မ နောက်တစ်ခါ သီချင်းဆိုပြပါလားလို့ ပြောတယ်။ သူ့အဖေ့က အရင်က သီချင်းဆိုပြပေးတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ မဆိုတော့ဘူးလို့ပြောတယ်။

"သမီးက သူ့လက်ကိုကိုင်ပြီး သီချင်းဆိုရင်းဆရာဝန်ဆီသွားခဲ့တယ်။ ဒါပေမယ့် သမီး မေမေ့အခန်းတံခါးကို ရောက်တဲ့အချိန်မှာသူပျောက်သွားပြီ...”

All Chapters