← Chapters

ဗိုက်ပေါ် ထိုင်ခဲ့ခြင်း

Vol. 16 Ch. 224

ဗိုက်ပေါ် ထိုင်ခဲ့ခြင်း

Vol. 16 Ch. 224

သမီးမိဘတွေရဲ့ အိပ်ခန်းတံခါးကို ဖွင့်လိုက်တယ်။ အတွင်းမှာ အဖေနဲ့ဆရာဝန်က အမေရဲ့အိပ်ရာရှေ့မှာ လေးနက်တဲ့ မျက်နှာထားတွေနဲ့ ရပ်နေကြတယ်။ ဒါပေမယ့် သမီး ဝင်လာတာနဲ့ အဖေကို ကလေး တစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ ပြောလိုက်တယ်။ သူ့ခေါင်းမှာ အပေါက်ကြီး တစ်ခုရှိနေလို့ ဆရာဝန်ကို ကြည့်ပေးစေချင်တယ်လို့ပြောလိုက်တယ်။"

"သမီးပြောလိုက်တဲ့အခါ အဖေနဲ့ ဆရာဝန်က သမီးကိုကြည့်လိုက်ကြတယ်။ အဲ့ဒီကလေးဘယ်ကလာတာလဲမေးတော့ သမီး လှည့်ကြည့်လိုက်တဲ့အခါ ကလေးက မရှိတော့ဘူး။ အဖေ၊ ဆရာဝန်နဲ့ အမေတို့ အားလုံးက သမီးကို ကြည့်နေကြတယ်။ အမေ့အခြေအနေက တကယ်ကိုဆိုးနေတယ်။ ဒါပေမယ့် အမေက သမီးကို လက်ပြပြီး အနားကို လှမ်းခေါ်ခဲ့တယ်"

"အဖေနဲ့ ဆရာဝန်ရဲ့ မျက်နှာတွေမှာ ထူးဆန်းတဲ့ အမူအရာကို တွေ့လိုက်ရတယ်။

သူတို့က သမီး ညာပြောနေတယ်လို့ ထင်မှာစိုးလို့ အမေကို အခုနက တကယ်ပဲ ကလေးတစ်ယောက်နဲ့ တွေ့လိုက်တယ်လို့ ထပ်ပြောလိုက်တယ်။

ပြီးတော့ အိမ်ကို အဝတ်ဖြူတွေ ဝတ်ထာတဲ့ လူတွေ အများကြီးရောက်လာတယ်၊ တစ်ယောက်က ဦးထုပ်ရှည်ကြီး ဆောင်းထားပြီး လျှာက ဗိုက်အထိ ထွက်ကျနေတယ်"

"သမီးပြောတာကိုကြားတော့ အဖေက ရုတ်တရက်ကြောက်စရာကောင်းလာတယ်။

အဖေက သမီးရဲ့ ​ကော်လံကိုဆွဲပြီး ဘာတွေ မြင်ခဲ့လဲလို့ မေးတယ်။

အဲ့ဒီအချိန်မှာ သမီးက အဖေကို ကြောက်လို့ ငိုချလိုက်တယ်။

သမီး မြင်ခဲ့တာတွေကို ထပ်ပြောပြလိုက်တယ်။

အဲ့ဒီထူးဆန်းတဲ့ ဦးလေးတွေအကြောင်း။

ဒါကိုကြားလိုက်ရတော့ အဖေက ရုတ်တရက် ငိုချလိုက်တယ်။

အဲ့ဒီတုန်းက နားမလည်ခဲ့ပေမယ့် နောက်မှ သိရတာက ဒီလူတွေရောက်လာတာက အမေ့အတွက် မကောင်းဘူးဆိုတာပဲ။

သူတို့ရောက်လာရင် အမေကို ဘယ်သူမှမကယ်နိုင်တော့ဘူး"

ကျန်းရီက ရှောင်ယီငိုနေတာကိုကြားပြီး ခဏလောက် စဉ်းစားပြီးမေးလိုက်တယ်- "ရှောင်ယီ၊ သမီး တကယ်ပဲ ဦးထုပ်ဖြူ အရှည်ကြီးဆောင်းပြီး လျှာထုတ်ထားတဲ့ ဦးလေးတွေကိုမြင်ခဲ့တာလား?"

"တစ်ယောက်မကဘူး၊ အများကြီး မြင်ခဲ့တာ"

"သူတို့တစ်ယောက်ချင်းစီက ဦးထုပ်ဖြူ အရှည်ကြီးတွေဆောင်းထားပြီး လျှာတွေ ထုတ်ထားကြတာလား?"

"ဦးထုပ်တော့ အားလုံး ဆောင်းထားကြတယ်၊ ဒါပေမယ့် လျှာထုတ်တာကတော့ အားလုံးမဟုတ်ဘူး၊ သမီးလည်း မသိဘူး။"

ကျန်းရီက တစ်ခုခုကို နားလည်သလို ဖြစ်သွားပြီး - "ရှောင်ယီ၊ ဆက်ပြောပါ"

"ဟုတ်ကဲ့! အဲ့ဒီညမှာ အဖေက ဆရာဝန်ကို ပြန်လွှတ်ပြီးနောက် သမီးကိုချီပြီး အမေ့အိပ်ရာရှေ့မှာထိုင်နေတယ်။

သမီးခံစားမိတာက အမေက အရမ်းအားနည်းနေတယ်။

အမေကနိုးလိုက် အိပ်လိုက်၊ အိပ်လိုက် နိုးလိုက်ဖြစ်နေတယ်။

အဖေကသမီးကိုချီပြီး အမေ့ကို စကားမပြောနဲ့၊ အေးအေးဆေးဆေး ကြည့်နေဖို့ပြောတယ်"

"သမီးက အဖေ့ကို အဲ့ဒီကလေးလေးက ဆရာဝန်နဲ့ အတူလာတာလားလို့မေးတော့ အဖေကမသိဘူးလို့ပြောပြီး နောက်တစ်ခါ တွေ့ရင် သူ့ကိုခေါ်ခဲ့ဖို့ပြောတယ်"

"အဲ့ဒီညမှာ အဖေက အမေနဲ့ တစ်ညလုံးအတူရှိနေခဲ့တယ်။

နောက်တစ်နေ့မှာ ဘုန်းကြီးတွေ၊ တာအိုရေသ့တွေ အိမ်ကို ရောက်လာကြတယ်။

သမီးက အဖေ့ကို အိမ်ရှေ့မှာ တွေ့ခဲ့တဲ့ ထူးဆန်းတဲ့လူတွေနဲ့ ကလေးအကြောင်း ပြောပြလိုက်တယ်။

ဒါနဲ့ အဲ့ဒီ တာအိုရေသ့တွေနဲ့ ဘုန်းကြီးတွေက အဲဒီမှာ တရား ရွတ်ဖတ်ခဲ့ကြတယ်၊ ဦးကျန်းရီ အဲဒီကလေးက တကယ်ပဲသရဲလား?"

ဒီမေးခွန်းကိုကြားတော့ ကျန်းရီက "ဖြစ်နိုင်တယ်"လို့ ပြောလိုက်တယ်။

"ဒါပေမယ့် သူကသမီးကို ဘယ်တော့မှ မထိခိုက်ခဲ့ဘူး။

အကြိမ်တိုင်း သူက လှေကားထစ်မှာ ထိုင်ပြီးစောင့်နေတယ်။

အိုး…ဒါနဲ့ ညတော်တော့များများလောက် သူက သမီးအိပ်ရာဘေးမှာပေါ်လာပြီး သမီးနာမည်ကို ဖြည်းဖြည်းချင်း ခေါ်ပြီးနှိုးခဲ့တယ်။

အခန်းထဲမှာ အဆောင်စာရွက်တွေ အများကြီးရှိတယ်၊ ဒါပေမယ့် အဲဒါတွေက အလုပ်မဖြစ်ဘူး။

အဖေကသမီးကို အခန်းပြောင်းခိုင်းတယ်၊ တခြားနေရာတွေမှာတောင်နေခိုင်းတယ်၊ ဒါပေမယ့် သမီးဘယ်သွားသွား သူက အမြဲရောက်လာတယ်"

"နောက်ဆုံးတော့ အမေက တစ်ခါ ကြမ်းပြင်မှာ လဲကျသွားခဲ့တယ်၊ သမီးက အဖေနဲ့အတူ အမေ့ကိုဆေးရုံပို့ခဲ့တယ်။

အမေ့ကို ကုနေတုန်း သမီးက စင်္ကြံ လမ်းထဲမှာ ရပ်နေရင်း သူ့ကို ထပ်မြင်လိုက်ရတယ်။

အဲ့ဒီအချိန်က အမေ့ကို ဆုံးရှုံးမှာ ကြောက်လို့ သူ့ဆီပြေးသွားပြီး အမေ နေမကောင်းဘူး၊ အမေကို ကာကွယ်ပေးနိုင်မလားလို့ မေးလိုက်တယ်"

"သူက သမီးလက်ကို ဆုပ်ကိုင်ထားတယ်။ သူငိုနေတာမြင်ရတော့ သမီးလည်း ငိုလိုက်တယ်။ ဒါပေမယ့် သူက သမီးငိုတာကို မြင်တော့ သမီး မျက်ရည်တွေကို သုတ်ဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် သူ့လက်တွေက သမီး မျက်ရည်တွေကို သုတ်လို့မရဘူး၊ အစ်မ မငိုနဲ့တော့၊ အစ်မအမေ အဆင်ပြေသွားလိမ့်မယ်၊ ကျွန်တော့်ကို ကောင်းချီးပေးခွင့်ပြုမလားလို့ပြောတယ်"

"သမီးကဟုတ်ကဲ့လို့ပြောလိုက်ပြီး နှစ်ယောက်လုံး စင်္ကြံ လမ်းထဲမှာ ဒူးထောက်လိုက်ကြတယ်။

သူကကပြောတယ် ရှောင်ယီ့အမေကို ကာကွယ်ပေးမယ်၊ အစ်မအမေ ဘာမှမဖြစ်ဘူးလို့ ပြောသေးတယ်။

ဒါပေမယ့်သူက လိမ်တယ်။

အမေ့ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားပေမယ့် အမေ ဆုံးသွားတယ်။

ဆရာဝန်တွေက အမေ့ကို တွန်းထုတ်လာတဲ့အခါ အမေ့မျက်နှာကို အဖြူဝတ်နဲ့ အုပ်ထားတယ်။

အမေက အရမ်းရုပ်ဆိုးနေတယ်။

အရင်က အမေက အရမ်း လှတယ်။

ဒါကသမီး ပထမဆုံးအကြိမ် အရမ်းရုပ်ဆိုးတဲ့ အမေ့ကိုမြင်ရတာ။

သမီးက သူ့ကိုမေးတယ်၊ အမေဘာလို့ နိုးမလာတာလဲ၊ ပြီးတော့ သူ့ကို ဆူလိုက်တယ်၊ နောက်တော့... သူထွက်သွားတယ်"

"သူထွက်သွားပြီးဘာဖြစ်သွားလဲ?"

"သူ့ကို နောက်တစ်ကြိမ် တွေ့ခဲ့တယ် ဒါပေမယ့် ဒါက သူ့ကို တွေ့ရတာ နောက်ဆုံးအကြိမ်ပဲ၊ နောက်တစ်ခါမှ မတွေ့ရတော့ဘူး"

"အဲ့ဒီကလေးနဲ့ နောက်တစ်ခါမှ မတွေ့ရတော့ဘူးလား?"

"ဟုတ်တယ်၊ သူကရုတ်တရက် ပျောက်သွားတယ်၊ နောက် တစ်ခါမှ မတွေ့ရတော့ဘူး"

ရှောင်ယီပြောတဲ့အခါ အသံအနည်းငယ် ညှိုးနွမ်းနေသလိုခံစားရပြီး ကိုယ့်ကိုကိုယ် အပြစ်တင်နေသလိုလည်းခံစားနေရတယ်။သူမက ငယ်သေးတဲ့ ကလေးဖြစ်ပြီး ဒီလိုမျိုး စိတ်ကူးယဉ်လွန်းတဲ့ အရာတွေကို ပြောနိုင်ပေမယ့် သူမရဲ့စိတ်ထဲမှာတော့ ၆နှစ်သား ကလေးငယ်တစ်ယောက်ပါပဲ။

ကျန်းရီက ဒီကိစ္စကို တိတ်တိတ်လေး စဉ်းစားနေစဉ် ချူမိသားစုကဝင် ကလည်းတိတ်ဆိတ်နေခဲ့တယ်။ သူရဲ့ သမီးကို ဒီကိစ္စကို ပြောပြခွင့်ပေးဖို့ ဆုံးဖြတ်ထားသလိုပါပဲ။

"ဦးကျန်းရီ၊ အဖေက အခု သမီးကို အမေ့ရဲ့ မှတ်တမ်းစာအုပ်ပေးလိုက်တယ်။ အမေရေးခဲ့တဲ့မှတ်တမ်းတွေဖတ်ပြဖို့ပြောတယ်။ အမေရေးခဲ့တဲ့ အရာတွေထဲမှာ သမီးနဲ့ ဆိုင်တာတွေ အများကြီးပါတယ်။ ဒါကြောင့် ဦးကျန်းရီ နားထောင်ပေးပါလား"

"ကောင်းပါပြီ၊ ဦး မေးချင်တာက အမေက ဘယ်တုန်းက ထွက်ခွါသွားခဲ့တာလဲ?"

"ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကပါ"

"ကောင်းပြီ၊ ရှောင်ယီရေ ဖတ်ပြပါဦး။ မဖတ်တတ်တဲ့ စာလုံးတွေရှိရင် သမီး အဖေ့ကို မေးလိုက်ပါ"

ရှောင်ယီက ခဏလောက် တိတ်ဆိတ်သွားပြီး မြန်မြန် ပြန်ဖတ်ပြခဲ့တယ်-

"၂၀၁၃၊ ဇွန်၁၃၊ ရာသီဥတု- တိမ်ထူ"

"ဒီနေ့ ရာသီဥတုက နည်းနည်း ညှိုးနွမ်းနေတယ်။ ငါ့ရဲ့ကလေးက ဒီကမ္ဘာကို ရောက်လာတော့မယ်။ ငါအရမ်းပျော်တယ်၊ ဒါပေမယ့် ညရောက်မှာကိုတော့ ကြောက်နေတယ်။ ငါ့ခင်ပွန်းက အလုပ်များနေပြီး ငါနဲ့အတူ မနေနိုင်ဘူး။

ဒါကြောင့် ညဘက်တွေမှာ ငါတစ်ယောက်တည်းအိပ်ရတယ်"

"ဒီညသူနဲ့ ထပ်တွေ့မလားမသိဘူး၊ ဒါပေမယ့် သူဘာပဲတွေးတွေး ငါ့ကလေးကို ဘယ်သူမှ ထိခိုက်ခွင့်မပြုနိုင်ဘူး!"

"၂၀၁၃၊ ဇွန်၁၄၊ ရာသီဥတု- တိမ်ထူ"

"မနေ့ညက သူထပ်လာပြန်တယ်။ မနက် အစောကြီးမှာပဲ၊ ငါသေချာ ပိတ်ထားတဲ့ ခန်းဆီးက ဘာအသံမှ မမြည်ဘဲ ပွင့်နေတယ်။ လရောင်က ထူထပ်နေတဲ့ တိမ်တွေ အထဲကနေဖြတ်ပြီး အခန်းထဲကို ဒီလိုဖြူဖပ်ဖပ်နဲ့ အလင်းကဝင်လာခဲ့တယ်"

"သူက...ငါ့အိပ်ရာရှေ့မှာရပ်နေတယ်၊ သူ့ရဲ့ လက်ထဲမှာ ကလေးတစ်ယောက်ကို ပွေ့ထားတယ်။ ဒီကလေးမှာ မျက်လုံး အဖြူသားတွေ မရှိဘူး၊ မျက်လုံးတွေက အကုန် အနက်ရောင်ပဲ။ သူကငါ့ကို ဆိုးဆိုးရွားရွားကို ကြည့်နေတယ်၊ ဘာလို့ အဲ့ဒီမျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်နေတာလဲ? ငါ့ကို မုန်းနေတာလား? ငါ့ကိုမုန်းတယ်ဆိုရင် ဘာလို့ ငါ့ဗိုက်ကို ကြည့်နေတာလဲ?"

"ငါအရမ်းကြောက်နေတယ်။ ငါနိုးနေပြီ၊ ဒါပေမယ့် အသံမထွက်ရဲဘူး။ နှလုံးသားတွေတောင် တုန်နေတယ်၊ ဒါပေမယ့် ဘာမှ မပြောရဲဘူး။ သူ... သူပွေ့ထားတဲ့ကလေးကို ချလိုက်တယ်"

"အဲ့ဒီကလေးက ငါ့ဗိုက်ပေါ်မှာ ထိုင်နေတယ်။ အရမ်းအေးတယ်... အရမ်းကို အေး​နေတယ်...!"

All Chapters