← Chapters

စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း

Vol. 12 Ch. 166

စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း

Vol. 12 Ch. 166

အတွင်းဘက်နယ်မြေသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်သည့်အလျောက် ရွှီယန်သည် နှိမ့်ချသည့် နိယာမကို လက်ကိုင်ထားသည်။ ရှဲ့လင်ဖုန်းနှင့် သူ၏ ဂျူနီယာညီမဖြစ်သူ စုလင်းရှုံတို့ဆီမှ အတွင်းဘက်နယ်မြေ၏ ယေဘုယျ အကြောင်းအရာများကို သိရှိပြီးလျှင်တောင် ဖြစ်၏။

ဘာပဲဖြစ်ဖြစ် သူသည် အသေးစိတ်ကျခြင်း မရှိသည့်  အပေါ်ယံအကြမ်းထည်ကိုသာ နားလည်ခြင်း ဖြစ်သည်။

ဤသည်မှာ စာအုပ်အတွင်းတွင် ရေးသားထားသည့် ရှု့ခင်းအကြောင်းကို ဖတ်ရခြင်းနှင့် ကိုယ်တိုင်ကြုံတွေ့ရသည်နှင့် ခြားနားသကဲ့သို့ ရှိ၏။

အတွင်းဘက်နယ်မြေသို့ ရောက်ရှိလာစဉ် ကတည်းက ရွှီယန်သည် ကိုယ့်ကိုယ်ကို မည်မျှ ဆင်းရဲကြောင်းကို သိလိုက်ရသည်။ ယခုအချိန်၌ သူလုပ်ဆောင်ချင်သည့် အရာအားလုံးမှာ လုံလောက်သည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို ရှာဖွေပြီး စိတ်ဝိဉာဉ်ဆေးပင်များ ဝယ်ယူရန်ဖြစ်၏။

ရထားလုံးပေါ်ရှိ လူတွင် မည်သည့်ရည်ရွယ်ချက်တို့ ရှိနေစေကာမူ.. အကောက်ကြံကြံ မကြံကြံ ရွှီယန် စိုးရိမ်ခြင်းမရှိပါ။ သူသည် အတွင်းဘက်နယ်မြေတွင် ပြိုင်ဘက်ကင်းနိုင်ခြင်း မရှိပေမယ့် သိုင်းသခင်အဆင့် သိုင်းသမားအများစုနှင့်တော့ အလွယ်တကူ ရင်ဆိုင်နိုင်ပါသေးသည်။

ဒီလူအုပ်အတွင်းတွင် စွမ်းအားအကြီးဆုံးမှာ ဒဏ်ရာအပြင်းအထန် ရရှိထားသည့် သိုင်းသခင်တစ်ယောက်သာဖြစ်ရာ သူ့အတွက် ဘာအန္တရာယ်မှ မရှိပေ။

လုံလောက်သည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများသာ ရှိနေပါက သူတို့အနေနှင့် တစ်ခုခု လှုပ်ရှားလာရန်ပင် ရွှီယန် မျှော်လင့်၏။ ဤသည်က သူ့အတွက် များပြားသည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ပမာဏတစ်ခုကို ရရှိစေမှာ ဖြစ်သည်။

"ကျွန်မမိခင်ရဲ့ ဆန္ဒအရ သူမရဲ့ပြာကို ဇာတိမြို့ဆီကို ပြန်ယူသွားတာ။ ဒါပေမယ့် လမ်းခရီးက အန္တရာယ်တွေကို ဖြတ်သန်းရမှာ။ ရှင့်ရဲ့ခွန်အားကို တွေ့ရတော့ ကျွန်မတို့ကို လိုက်ပါ ကာကွယ်ပေးဖို့ ငှားရမ်းချင်စိတ် ပေါ်လာလို့.. ရှင်လက်ခံမလား မသိဘူး.."

သုယွီယင်းက သူမ၏ ရည်ရွယ်ချက်ကို ပြော၏။

ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။ ကိစ္စက ထိုသို့ဖြစ်သည်လား။ သိုင်းသခင်တစ်ယောက် စောင့်ကြပ်နေလျှင်တောင် သူမသည် လုံခြုံစွာ ခံစားရခြင်း မရှိပေဘူးလား။ ဆိုလိုသည်ကား ရင်ဆိုင်ရမည့် ရန်သူများမှာ အလွန်သန်မာလှမှာပါ။

'ငါက အခုမှ အတွင်းဘက်နယ်မြေကို ရောက်ပြီး ဘယ်သူ့ကိုမှလည်း မသိဘူး။ ဘာပိုက်ဆံမှလည်း မရှိဘဲ ငမွဲတစ်ယောက် ဖြစ်နေတယ်။ ဒီက သိုင်းလောကနဲ့ ပတ်သက်တဲ့ ဗဟုသုတကလည်း အကန့်အသတ်နဲ့။ ဘာပဲဖြစ်ဖြစ် ဂျူနီယာညီမလေး ပြောပြခဲ့တာ အားလုံးက နာမည်ကြီးပြီး စွမ်းအားကြီးတဲ့ အဖွဲ့တွေချည်းပဲ..'

'အတွင်းဘက်နယ်မြေမှာ မရေမတွက်နိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဂိုဏ်းတွေ ရှိနေတယ်။ ယွဲ့နိုင်ငံရဲ့ နယ်စပ်အတွင်းမှာပဲ လှုပ်ရှားသွားလာနေတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပြီ။ နိုင်ငံအပြင်ဘက်ဆိုရင် ပြောဖို့တောင် မလိုလောက်ဘူး..'

'သူမကို လိုက်ပို့ရမှာက မကောင်းတဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်ဘူး။ သူမ ရန်သူတွေကတော့ ငါတတ်နိုင်ရင် တိုက်ခိုက်မယ်။ မတတ်နိုင်ရင် ထွက်ပြေးမယ်။ ဒီကိစ္စမှာ အများကြီး ပါဝင်ပတ်သက်မိမှာကို စိုးရိမ်စရာ မလိုအပ်ဘူး။ ကိစ္စတွေ အမှန်တကယ် အခြေအနေ ဆိုးလာရင်လည်း အကိုရှဲ့ရဲ့ နညမည်ကို ပြောလိုက်ရုံပဲ..'

ရွှီယန်က စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို  ပြုလုပ်သည်။

"လိုက်ပို့ရမှာက ငါ့အတွက် ကိစ္စမရှိဘူး။ ဒါပေမယ့် တန်ကြေးကတော့..."

ဒီမိန်းကလေးသည် မြင့်မားသည့် နောက်ခံတစ်ခုကို  ပိုင်ဆိုင်ထားပြီး စိတ်ဝိဉာဉ်ပုံဆောင်ခဲ ပမာဏ များများကို ကမ်းလှမ်းလာလောက်ပါသည်။ ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။

"စိတ်ဝိဉာဉ်ပုံဆောင်ခဲ၁၀၀... ဘယ်လိုလဲ.."

သုယွီယင်းက ပြောသည်။

ရွှီယန်က ချက်ချင်းပင် သူ၏အပြုံးကို ဖိစီးကာ သူမကို မနှစ်မြို့စွာ ကြည့်၏။

"သူတောင်းစားပေး ပေးနေတာလား.."

သူက နောက်သို့လှည့်ကာ ထွက်ခွာသွားတော့မှာပါ။

"သခင်လေး.. ကျေးဇူးပြုပြီး စောင့်ပါဦး... ကျွန်မဆိုလိုတာက တစ်ရက်ကို စိတ်ဝိဉာဉ်ပုံဆောင်ခဲ  ၁၀၀လို့ပါ.."

သုယွီယင်းက ပြောလိုက်ပြန်၏။

"တစ်ရက်ကို စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀လား.."

ရွှီယန်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွား၏။ ကြည့်ရတာ ဒီတန်ကြေးက မဆိုးလှသည့်ပုံ ရှိသည်။

"နင့်အိမ်ကို ပြန်ရောက်မယ့် ခရီးအချိန်က စုစုပေါင်း ဘယ်နှစ်ရက်လောက် ကြာမှာလဲ.."

ရွှီယန်က တစ်ခါတည်း သဘောတူခြင်း မရှိပါ။ ခရီးက တိုတောင်းပါက ၂ရက်အတွင်းတွင် သွားလိုသည့် အရပ်ကို ရောက်ရှိသွားသည့်အခါ သူ၏ တန်ကြေးတို့ လျော့ကျမသွားပေဘူးလား။

"ခရီးစဉ်က အန္တရာယ်များတယ်။ အဲ့ဒါကြောင့်မို့လို့  ရက်ဘယ်လောက် ကြာမလဲဆိုတာကို ပြောဖို့ခက်ခဲတယ်.."

သုယွီယင်းက ပြန်ဖြေသည်။

"စတင်ကြေးအဖြစ် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀.. ပြီးတော့ အပိုတစ်ရက်ကို၁၀၀.. အဲ့ဒါဆိုရင် ငါလက်ခံမယ်.."

ရွှီယန်က စဉ်းစားပြီးနောက် သူ၏ ကမ်းလှမ်းချက်ကို ပြောသည်။

"သဘောတူတယ်.."

သုယွီယင်းက လျှင်မြန်စွာပင် သဘောတူလိုက်၏။

သူမ၏ ထိုကဲ့သို့ တွေဝေသွားခြင်း မရှိပုံကို တွေ့ရပြီးနောက် ရွှီယန်က မနေနိုင်ဘဲ ခေါင်းကိုကုပ်သည်။ ကြည့်ရတာ သူသည် တန်ကြေးနည်းပါးစွာ ပြောလိုက်မိသည်လား။

"သခင်လေးအတွက် မြင်းတစ်ကောင် ပေးလိုက်.."

သုယွီယင်းက ညွှန်ကြားသည်။

"ဟုတ်ကဲ့ပါ သခင်မလေး.."

အစောင့်တစ်ယောက်က မြင်းတစ်ကောင်ကို  ယူဆောင်လာ၏။

ရွှီယန်က မြင်းပေါ်သို့ တက်ပြီးနောက် ရထားလုံး၏ အနားသို့ကပ်ကာ ပြောသည်။

"စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေက ဘယ်မှာလဲ။ ငါအရင်ဆုံး ၁၀၀၀ကိုလိုချင်တယ်.."

"‌ဒီမှာပါ.. ရော့.."

ချွေအာက ရထားလုံး၏ လိုက်ကာကို ဖွင့်ကာ ပါးလွှာသည့် စက္ကူကဲ့သို့ ငွေကဒ်တစ်ခုကို ပေးသည်။ ၎င်းသည် ၃လက်မလောက် ရှိ၏။

ရွှီယန်က ကြည့်လိုက်ပြီးနောက် ငွေကဒ်ပေါ်တွင် ထန်းပေါင်စံအိမ်ဟူသည့် စကားလုံးကို ထွင်းထားပြီး အောက်ပိုင်းရှိ ဘယ်ဘက်ထောင့်တွင် ၁၀၀၀ဟူသည့် စကားလုံးကို ရေးထားကြောင်းအား တွေ့ရသည်။ ကဒ်၏ အနောက်ဘက်တွင် သေးငယ်သည့် စိန်သဏ္ဍာန် အမှတ်သားတစ်ခု ပါရှိသည်။

"ဒါက စိတ်ဝိဉာဉ် စာရွက်ပဲ... တန်ကြေး၁၀၀၀ ရှိတယ်။ ဒါကို အသုံးပြုပြီး ထန်းပေါင်စံအိမ်မှာ ပစ္စည်းဝယ်တာ သို့မဟုတ် စိတ်ဝိဉာဉ်ပုံဆောင်ခဲနဲ့ လဲလှယ်တာ လုပ်လို့ရတယ်.."

ချွေအာက ရွှီယန်အား လူသစ်တစ်ယောက်ဖြစ်ပြီး ထန်းပေါင်စံအိမ်၏ စိတ်ဝိဉာဉ်စာရွက်အား မသိနိုင်ကြောင်းကို တွေးမိပြီးနောက် စတင် ရှင်းပြ၏။

"ဒါက စိတ်ဝိဉာဥ်စာရွက်ကို.."

ရွှီယန်က အနီးကပ် သေသေချာချာ စူးစမ်းကြည့်၏။ စိတ်ဝိဉာဉ်စာရွက်သည် ပုံမှန်စာရွက်ထက် ပိုမိုခိုင်ခံ့၏။

သို့ပေမယ့် ပျော့ပျောင်းကာ ခေါက်လို့ရပါသည်။ ခေါက်ပြီးနောက် မည်သည့် ခေါက်ရာမှ ကျန်ရစ်ခြင်း မရှိပေ။

"ဒီစိတ်ဝိဉာဉ်စာရွက်က လုပ်ရတာ မခက်သလိုပဲ။ ထန်းပေါင်စံအိမ်က ပုံတူကူးခံရမှာကို မကြောက်ဘူးလား.."

ရွှီယန်က သံသယဖြင့် မေးသည်။

"ခစ် ခစ်.."

ချွေအာက ရယ်၏။

"စိတ်ဝိဉာဉ်စာရွက်ကို ပြုလုပ်ဖို့လိုအပ်တဲ့ ကုန်ကြမ်းက ထန်းပေါင်စံအိမ်ရဲ့ အထူးပစ္စည်း တစ်ခုပဲ။ ပြီးတော့ အဲ့ဒီ့အပေါ်မှာ အတုအပတွေကို သိနိုင်ဖို့ လျှို့ဝှက်သင်္ကေတ ထည့်ထားတယ်။ ဘယ်သူက အတုလုပ်နိုင်မှာလဲ။ နောက်ပြီး စိတ်ဝိဉာဉ်စာရွက် အတုကို လုပ်တာက ထန်းပေါင်စံအိမ်ရဲ့ အခြေခံကို ထိပါးတာနဲ့ ညီမျှတယ်။ ဒါက သူတို့အပေါ်  စစ်ကြေညာတာနဲ့ အတူတူပဲ။ ဘယ်သူက လုပ်ရဲမှာလဲ.."

ရွှီယန်က ခေါင်းငြိမ့်သည်။ စိတ်ဝိဉာဉ်စာရွက်ကို အိတ်အတွင်းသို့ ထည့်ကာ မြင်းကိုစီးပြီး အပြုံးနှင့်အတူ မြို့ထဲမှ ထွက်ခဲ့၏။

"အတွင်းဘက်နယ်မြေမှာရှိတဲ့ မြင်းတွေက စွန့်ပစ်ဒေသက မြင်းတွေထက် ပိုသန်မာပြီးတော့ မြန်ဆန်ကြတယ်။ သူတို့ရဲ့ သက်လုံကလည်း အများကြီး ပိုကောင်းတယ်။ ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီရှိတဲ့နေရာမှာနေလို့ စိတ်ဝိဉာဉ်စွမ်းအင်ရဲ့ အာဟာရအကျိုးကို ခံစားရလို့များလား.."

ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစား၏။

သူတို့သည် သံတောင်မြို့မှ ထွက်ခွာပြီးနောက် အမြန်နှုန်းက ပိုမြင့်လာပြီး အရှေ့ဘက်သို့ ခရီးဆက်ခဲ့၏။

ရွှီယန်က လားရာအရပ်ကို မေးမြန်းခြင်း ပြုမနေပါ။ သူ့အတွက် ပိုက်ဆံသာရပါက အဆင်ပြေ၏။ ဘာပဲဖြစ်ဖြစ် စောင့်ကြပ်ပေးလိုက်ရုံသာ ရှိသည်။

ရထားလုံး၏ အတွင်းထဲတွင် သုယွီယင်းက  တိတ်ဆိတ်စွာ ထိုင်နေ၏။ သူမ၏ အစေခံဖြစ်သူ ချွေအာက ဓားတစ်ချောင်းကိုကိုင်ကာ သူမ၏ဘေးတွင် ထိုင်နေပါသည်။ တစ်ခုခုကို တွေးနေပုံ ပေါ်၏။ သို့ပေမယ့် ပြောဖို့လုပ်ပြီးနောက် အချိန်များစွာ တုံ့ဆိုင်းစွာဖြင့် ရပ်တန့်သွားခဲ့သည်။

"သခင်မလေး... သူစိမ်းတစ်ယောက်ကို ဘာလို့  အစောင့်အကြပ်အဖြစ် ငှားရတာလဲ။ သူက ငယ်လည်းအရမ်းငယ်တယ်။ အလွန်ဆုံး တတိယအဆင့်  သိုင်းသမားလောက်ပဲ ရှိမှာပေါ့။ စွမ်းအားကြီးမားတဲ့ ရန်သူတွေကိုတွေ့ရင် ဘာအသုံးဝင်မှာလဲ.."

သူမ၏ သိလိုစိတ်ကို မထိန်းနိုင်ရာ နောက်ဆုံးတွင်  ချွေအာက မေး၏။

သုယွီယင်းက ခဏတာတိတ်ဆိတ်နေပြီးနောက် ပြောသည်။

"ဘာမှမသိပုံပေါ်တဲ့ လူသစ်တစ်ယောက်က ယုံကြည်ချက်အပြည့် ရှိနေတယ်။ သူ့ရဲ့လက်ထဲမှာ အဆင့်၅ သိုင်းသမားတစ်ယောက် ပျောက်ကွယ်သွားခဲ့တယ်။ သူက အားမနည်းဘူး..."

All Chapters