ပုံရိပ်ယောင်နတ်ဆိုး သံစဉ်
Vol. 12 Ch. 168
ရွှီယန်အနေနှင့် နတ်ဆိုးဂိုဏ်းမှ ဒီလူများ အဘယ့်ကြောင့် အလွန်ဆင်းရဲနေသည်ကို နားမလည်နိုင်ဘဲ ဖြစ်နေပါသည်။ ရလဒ်အနေနှင့် သူ့ကို အနည်းငယ် ပွပေါက်တစ်ခု တိုးပြီဟုပင် မခံစားရစေခဲ့ပေ။
"ငါနင့်အတွက် နောက်ထပ် သိုင်းသခင်တစ်ယောက်ကို သတ်လိုက်ပြန်ပြီ။ စျေးနှုန်းကို တိုးပေးသင့်တယ်လို့ မထင်ဘူးလား။ သိုင်းသခင်တစ်ယောက်ရဲ့ အသက်အတွက် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀က ပြောရရင် သိုင်းသခင်တွေကို စော်ကားတာနဲ့ မတူဘူးလား.."
ရွှီယန်က သုယွီယင်းကို လေးနက်စွာ ကြည့်သည်။
လှည်းအတွင်းတွင် ယန်ခွမ်းဟာ သူ၏ဘဝကို သံသယတို့ ဝင်လာခဲ့ပါပြီ။ ဘယ်အချိန်တုန်းက သိုင်းသခင်များသည် သတ်ဖြတ်ရန် အလွန် လွယ်ကူသွားရသနည်း။ ခြင်များကို ရိုက်သကဲ့သို့ လက်ဝါးဖြင့် တစ်ချက်ရိုက်ကာ သတ်ဖြတ်ခဲ့လေသည်။
ဒီမကောင်းဆိုးဝါးငည် ဘယ်နေရာက လာခဲ့သနည်း။ သူသည်လည်းပဲ မရေမတွက်နိုင်သည့် ခက်ခဲမှုများကို ကြုံတွေ့ခဲ့ပြီး နှစ်ပေါင်းရာချီအောင် ကျင့်ကြံခဲ့သည့် သိုင်းသခင်တစ်ယောက် ဖြစ်သည်။
နောက်ဆုံးတွင် အလေးစားခံ သိုင်းသခင်တစ်ယောက် အောင်မြင်စွာ ဖြစ်လာခဲ့၏။ သို့ပေမယ့် ယခုအချိန်၌ သိုင်းသခင်များ၏ အလွန် ဈေးပေါလှကြောင်းကို တွေ့လာရလေသည်။
စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀နှင့် တစ်ယောက်ကို သတ်ဖြတ်နိုင်သည်လား။ သူသည် အလွန် အံ့သြလွန်းသဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကိုပင်လျှင် အလွန်နာကျင်နေသည်ဟု မတွေးနိုင်တော့ပေ။
သုယွီယင်းက ရွှီယန်ကို လေးနက်စွာ ကြည့်သည်။ ထို့နောက် ခေါင်းငြိမ့်၏။
"စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၃၀၀၀ဆိုရင်ရော.."
ရွှီယန်က ချွေအာဆီမှ စိတ်ဝိဉာဉ်စာရွက်ကို ယူလိုက်ရင်းမှ ပြော၏။
"ကျွန်တော့်အထင်တော့ သိုင်းသခင်တွေက ဂေါ်ဖီတုတ်တွေလို ပေါမနေဘူး။ သူတို့မှာ ခွန်အားအချို့ ရှိတယ်။ ကျွန်တော့်အတွက် သူတို့ကို သတ်ဖို့က းလွယ်ကူနေတာ မဟုတ်ဘူး။ ဒါက ပင်ပန်းဆင်းရဲတဲ့ ကြိုးစားအားထုတ်မှုပဲ.."
သုယွီယင်းနှင့် တခြားလူများက သူ့ကို ပဟေဠိဖြစ်စွာ ကြည့်သည်။ သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်မှာ မလွယ်ကူပေဘူးလား။
"စိတ်ဝိဉာဉ်ပုံဆောင်ခဲနဲ့ သိုင်းသခင်ကို တိုင်းတာတယ်ဆိုတာ သူတို့ကို တကယ့်ကို စော်ကားတာပဲ။ ကျွန်တော်ဆက်ပြီး မကြည့်ရက်တော့ဘူး.."
ရွှီယန်က သက်ပြင်းချ၏။
ယန်ခွမ်းလည်း တိတ်တဆိတ် သဘောတူမိသည်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲများနှင့် သိုင်းသခင်များ၏ အသက်ကို တိုင်းတာခြင်းမှာ အမှန်တကယ်ကို စော်ကားခြင်းဖြစ်၏။
ဒီလူနှင့် မတွေ့ခင်တွင် မည်သည့်သိုင်းသခင်မှ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀အတွက် ရိုက်သတ်ခံရခြင်း မရှိခဲ့ပါ။
"ရှင့်မှာ ဘာအကြံပြုစရာများ ရှိလဲ မသိဘူး.."
သုယွီယင်းက အတွေးနက်သွားပြီးနောက် မေးသည်။
"မင်းမှာ ရတနာသိုလှောင်အိတ် ရှိလား။ ငါ့ကို တစ်ခုလောက်ပေး။ အဲ့ဒါဆိုရင် သိုင်းသခင်တွေ ဘယ်လောက်လာလာ ငါသတ်ပေးမယ်.."
ရွှီယန်က သုယွီယင်းကို မျှော်လင့်စွာ ကြည့်သည်။
သူမ၏ အထူးသီးသန့်ဆန်သည့် နောက်ခံနှင့် နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်တို့၏ အကြိမ်ကြိမ် တိုက်ခိုက်လာမှုတို့ကို ကြည့်ကာ ရတနာသိုလှောင်အိတ် တစ်ခုအား ပိုင်ဆိုင်မည်လားဟု သူတွေးမိလိုက်သည်။
လောကကြီးတွင် ထိုကဲ့သို့ သိုလှောင်အိတ်မျိုး ရှိသည်ဟု သိလိုက်ရကတည်းက သူ.. မက်မက်မောမော လိုချင်နေခဲ့တာ ကြာပြီ ဖြစ်၏။
သုယွီယင်းနှင့် အခြားလူများက မှင်သက်သွားကြသည်။
ရတနာသိုလှောင်အိတ်လေလား။ ဤသည်မှာ စစ်ဘုရင်အဆင့်များ ပင်လျှင် အားလုံး မပိုင်ဆိုင်နိုင်သည့် ရတနာတစ်ခု ဖြစ်သည်။ ဘယ်လိုလုပ်ပြီး တစ်ခါတည်း တောင်းရဲရသနည်း။
"ခက်ခဲလို့လား.."
ရွှီယန်က သူတို့၏ မျက်လုံးများကို ကြည့်ကာ အနည်းငယ် နေရခက်သွားသည်။
"ခက်ခဲတာထက်တောင် ပိုတယ်။ ရတနာအိတ်တွေက အရမ်းရှားပါးလွန်းလို့ စစ်ဘုရင်အဆင့် တော်တော်များများမှာတောင် မပိုင်ဆိုင်နိုင်ကြဘူး။ နားထောင်ရတာ ခါးလိမ့်မယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် သိုင်းသခင်တွေရဲ့ အသက်က ဘယ်လောက်များများ ရတနာသိုလှောင်အိတ်တစ်ခုနဲ့ မနှိုင်းယှဉ်နိုင်ဘူး.."
သုယွီယင်းက သက်ပြင်းချသည်။
ရွှီယန်က စုပ်သပ်မိ၏။ ရတနာ သိုလှောင်အိတ်များသည် ထိုမျှအထိ အဖိုးတန်လှသည်လား။ ၎င်းတို့သည် သိုင်းသခင်များ၏ အသက်ထက် ပိုမိုတန်ဖိုးကြီးသည်လား။
"ကြည့်ရတာ မင်းမှာ ပြဿနာ တော်တော်များတယ် ထင်တယ်။ သိုင်းသခင်နှစ်ယောက်တောင်မှ လာပြီးနေပြီ။ မင်းနတ်ဆိုးဂိုဏ်းရဲ့ အသိုက်ကိုများ သွားပြီးတော့ တုတ်နဲ့ထိုးခဲ့တာလား။ သိုင်းသခင်တစ်ယောက်ရဲ့ အသက်အတွက် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ထောင်ဂဏန်းအနည်းငယ်က မလုံလောက်ဘူး.."
အတွင်းဘက်နယ်မြေသို့ ရောက်ရှိခဲ့တာ အချိန်ခဏလေးသာ ရှိပါသေးသည်။ သို့ပေမယ့် နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်နှစ်ယောက်တို့ကို သတ်ဖြတ်ပြီးဖြစ်၏။
ရွှီယန်အနေနှင့် အတွင်းဘက်နယ်မြေ၌ သိုင်းသခင်များသည် ပုံမှန်သိုင်းသမားများသာ ဖြစ်ကြပြီး ထိပ်တန်းသိုင်းသမားများ အကြားတွင် မဝင်ရောက်နိုင်ပေဘူးလားဟု သံသယဝင်လာမိ၏။
သုယွီယင်းက တိတ်ဆိတ်သွားသည်။ ဇာတိအိမ်မှ အပြန်လမ်းတွင် ရွှီယန်အား အစောင့်အရှောက်အဖြစ် ခေါ်ဆိုနိုင်ခဲ့ခြင်းမှာ မထင်မှတ်ထားသည့် ကံကောင်းမှုဖြစ်၏။
သူ့ကို အလွန်သန်မာမည်ဟု ထင်မထားခဲ့ပေ။ သိုင်းသခင်များကို သတ်ဖြတ်သည်မှာ ခြင်ရိုက်သကဲ့သို့ အလွန် လွယ်ကူလှသည်။ တစ်ချက်ရိုက်သည်နှင့် သေဆုံးသွားစေနိုင်၏။
ထို့အပြင် သူမကို တိုက်ခိုက်လာသူများမှာ နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်များ ဖြစ်ကြသည်။ ထိုကိစ္စနောက်တွင် မူမမှန်သည့် လှုပ်ရှားမှုတို့ ပါဝင်နေမှာဖြစ်၏။ ရွှီယန်၏ လိုက်ပါစောင့်ရှောက်မှုကြောင့်သာ မဟုတ်ပါက ယခုအချိန်၌ သူမသည် နတ်ဆိုးဂိုဏ်း၏ လက်ထဲသို့ ကျရောက်ပြီး ဖြစ်နေမှာ စိုးရပါသည်။
"သခင်လေးက ဘာကို ဆိုလိုတာလဲ မသိဘူး.."
သုယွီယင်းက မေးသည်။
"စိတ်ဝိဉာဉ်ဆေးပင်... ငါစိတ်ဝိဉာဉ်ဆေးပင်တွေ လိုချင်တယ်.."
ရွှီယန်သည် ထိုအကြောင်းကို သတိရသွား၏။ သူ့တွင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ များစွာတို့ ရရှိပြီးဖြစ်သည်။
စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို ရှာဖွေရခြင်း၏ ရည်ရွယ်ချက်မှာ စိတ်ဝိဉာဉ်ဆေးပင်များအား ဝယ်ယူရန်ဖြစ်၏။ ထို့ကြောင့် အဘယ်ကြောင့် စိတ်ဝိဉာဉ်ဆေးပင်များကို ဆုကြေးအဖြစ် တစ်ခါတည်း မတောင်းမည်လဲ။
"ကျေးဇူးပြုပြီး ပြောပါသခင်လေး.."
သုယွီယင်းက စိတ်သက်သာရာ ရသွား၏။
ဘာပဲဖြစ်ဖြစ် စိတ်ဝိဉာဉ်ဆေးပင်များကို စိတ်ဝိဉာဉ်ပုံဆောင်ခဲများဖြင့် ဝယ်ယူလို့ရပါသည်။
"သိုင်းသခင်တစ်ယောက်ကို သတ်ဖြတ်မှုအတွက် အဆင့်၆အဆင့် စိတ်ဝိဉာဉ်ဆေးပင်တစ်ခု.."
ရွှီယန်က လက်ချောင်းတစ်ချောင်းကို ထောင်ကာ ပြောသည်။
"အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်က ရှားပါးတယ်။ ပုံမှန်မြို့တစ်ခုက ထန်းပေါင်စံအိမ်မှာ ဆိုရင်တောင်မှ မရှိနိုင်ဘူး။ အဲ့ဒါက စိတ်ဝိဉာဉ်ဆေးပင်တွေထဲမှာမှ အရမ်းကို အဆင့်မြင့်တယ်။ ရိုးရိုးသားသားပြောရရင် ကျွန်မအနေနဲ့ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တစ်ခုကိုတောင် ထုတ်မပေးနိုင်ဘူး.."
သုယွီယင်း၏ မျက်နှာက အကူအညီမဲ့သွား၏'အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များဟားးက အလွန်ရှားပါးကာ အဖိုးတန်သည်လား..'
ဤသည်က ရွှီယန်ထင်ထားတာထက် ကျော်လွန်သွားပါပြီ။ ခဏတာစဉ်းစားပြီးနောက် ထပ်မံပြော၏။
"အဲ့ဒါဆိုရင် သိုင်းသခင်တစ်ယောက်ကို သတ်ဖြတ်မှုအတွက် အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်တစ်ခုထက် နည်းလို့ မရဘူး။ ငါတို့ပြောနေတာ သိုင်းသခင်တစ်ယောက်ရဲ့ အသက်ဆိုတာ နင်သိထားဖို့လိုတယ်.."
"ကောင်းပြီ.."
သုယွီယင်းက သဘောတူစွာ ခေါင်းငြိမ့်သည်။ အလဲအလှယ်အား သဘောတူညီချက် ရရှိပြီးနောက် ရွှီယန်က ဝမ်းသာသွား၏။
သူ့အနေနှင့် သုယွီယင်းအား နတ်ဆိုးဂိုဏ်းကို မည်ကဲ့သို့ ထိပါးခဲ့သည်နှင့် သူမ၏ နောက်ခံမည်သူဖြစ်သည်ကို မေးမြန်းနေခြင်း မရှိပါ။
ခရီးလမ်းတွင် လိုက်ပါစောင့်ရှောက်မှု ပြီးဆုံးကာ ဆုကြေးကို ရရှိပြီးပါက နောင်တွင် သူတို့အနေနှင့် ထပ်မံတွေ့ဆုံမည်မှာ သေချာခြင်းပင် မရှိပေ။ ရွှီယန်တွင် ယခုလောက်အထိ စပ်စုလိုစိတ် ကြီးမားခြင်းမရှိပါ။
တစ်ညအပြီးတွင် လူစုသည် ခရီးကို ဆက်လက်ထွက်ခဲ့ကြ၏။ နေ့ဝက်ကြာပြီးနောက် အနက်ရောင်ဝတ်စုံနှင့် လူများက လာရောက်တိုက်ခိုက်ခဲ့ပြန်သည်။ သို့ပေမယ့် အားလုံးဟာ ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် ခွန်အားသာ ရှိကြ၏။
ရွှီယန်အနေနှင့် ထိုလူများကို လှုပ်ရှားမှုပြုရန် စိတ်ဝင်စားခြင်းပင် မရှိပါ။ ဤသည်မှာ ကိုယ့်ကိုယ်ကို လာရောက်အသေခံခြင်း ဖြစ်၏။
စိတ်ဝိဉာဉ်ပုံဆောင်ခဲများလည်း အများကြီး သယ်ဆောင်ထားမည့်ပုံ မရှိပေ။ သုယွီယင်း၏ အစောင့်များက ထိုလူများကို တိုက်ခိုက်၏။
အဆင့်တစ် သိုင်းသမားဖြစ်သည့် မြင်းမောင်းသမားလည်း ပါဝင်ရာ တိုက်ခိုက်သူ အားလုံးတို့ကို သတ်ဖြတ်နိုင်ခဲ့လေသည်။
ထယ်ရှန်းမြို့မှ ထွက်ခွာပြီး ၃ရက်အကြာတွင် သူတို့သည် ရိက္ခာပြန်လည် ဖြည့်တင်းရန်အတွက် မြို့တစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့၏။
ပုံမှန်အတိုင်းပင် သုယွီယင်းက ထန်းပေါင်စံအိမ်သို့ သွားရောက်ကာ ယန်ခွမ်းအတွက် ဒဏ်ရာကုသခြင်း စိတ်ဝိဉာဉ်ဆေးပင်ကို ရှာသည်။
သို့ရာတွင် ဒီမြို့၏ ထန်းပေါင်စံအိမ်တွင် သူမလိုချင်သည့် စိတ်ဝိဉာဉ်ဆေးပင် မရှိပေ။ မြို့မှ ထွက်ခွာပြီးနောက် သူတို့ ခရီးကို ဆက်လက်ထွက်ခဲ့၏။
ညနေပိုင်းတွင် လမ်း၏အလယ်၌ ပုံရိပ်တစ်ခု ရပ်နေခဲ့၏။ သံသယဝင်စရာမကောင်းလောက်အောင် သိုင်းသခင်တစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်နေပါသည်။
သူ၏ ထူးခြားလှသည့် မျက်လုံးများက အေးစက်သည့် အငွေ့အသက်တို့ကို ထုတ်လွှတ်နေပြီး ခန္ဓာကိုယ်၌ ခြောက်ခြားဖွယ်ကောင်းသည့် စွမ်းအင်တို့ ရစ်ပတ်နေပါသည်။ နတ်ဆိုးဂိုဏ်းမှ နောက်ထပ် သိုင်းသခင်တစ်ယောက်ဖြစ်၏။
သုယွီယင်း၏ မျက်ခုံးများက ကျုံ့သွားပြီး စဉ်းစားသည်။ ယန်ခွမ်းလည်း လေးနက်လာခဲ့၏။ နတ်ဆိုးဂိုဏ်းမှ သိုင်းသခင် တစ်ယောက်နှစ်ယောက် ပေါ်လာခြင်းက နားလည်ပေးလို့ ရသေးသည်။
သို့ပေမယ့် အဘယ်ကြောင့် နောက်ထပ်သိုင်းသခင်များ ဆက်လက် လာရောက်တိုက်ခိုက်နေရသနည်း။ သူတို့ စိတ်ကူးထားသည့် ရန်သူဟာတော့ ပေါ်လာခြင်း မရှိပေ။
ရွှီယန်က လှုပ်ရှားမှု မပြုခင်တွင် ယန်ခွမ်းက ရထားလုံးအတွင်းမှ ထွက်လာပြီး နက်ရှိုင်းသည့်အသွင်ဖြင့် ပြော၏။
"ငါတို့ သုမိသားစုက.. နတ်ဆိုးဂိုဏ်းနဲ့ ဘာရန်ငြိုးရန်စမှမရှိဘူး...မင်းတို့တွေ ဘာလို့ဒီကို ရောက်လာတာလဲ။ မင်းက ဘယ်နတ်ဆိုးအရှင်သခင်အောက်မှာ ခစားတာလဲ.."