← Chapters

အသံဖြင့် သတ်ဖြတ်ခြင်းအတတ်၊ စိတ်ပျက်သွားသည့် ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသိုင်းသခင်(၂)

Vol. 12 Ch. 171

အသံဖြင့် သတ်ဖြတ်ခြင်းအတတ်၊ စိတ်ပျက်သွားသည့် ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသိုင်းသခင်(၂)

Vol. 12 Ch. 171

အချိန်တိုအတွင်းတွင် ရွှီယန်တစ်ယောက် နားလည်လာခဲ့သည်။ ဒီနဂါး၏ တိုက်ပွဲခေါ်သံမှာ ပိုမိုကျယ်လောင်သည့် အသံတစ်ခုထက် ပိုမိုထူးကဲခြင်း မရှိပေ။ ရန်သူကို သတ်ဖြတ်နိုင်သည့် မည်သည့် စွမ်းအားကိုမှ ပိုင်ဆိုင်ထားခြင်း မရှိပါ။

သို့ရာတွင် သူ၏ ရွှေရောင်နဂါးကြီးက ထွက်ပေါ်လာကာ ကောင်းကင်ထဲမှ အောက်ကို ငုံ့ကြည့်လိုက်သည်နှင့် ညှို့ယူနေသည့် ပုလွေသံက ကဗျာကယာ ရပ်တန့်သွားကြောင်းကို တွေ့လိုက်ရသည်။

ဖိုမကွဲပြားခြင်း မရှိသည့် ပုံရိပ်ယောင်နတ်ဆိုး၏ မျက်လုံးများက ထိတ်လန့်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ လှိုင်းအလွှာများ ရေးတေးတေး ထွက်ပေါ်လာပြီး စွမ်းအင်တို့ လှိုင်းထလာကာ ပုလွေကို ကိုင်ဆောင်ထားရင်းမှ အရှိန်အဟုန်တို့ မြင့်တက်လာခဲ့သည်။ ပုလွေမှ အေးစက်သည့် အလင်းတစ်ခု ထွက်ပေါ်လာ၏။

"မင်းက ဘယ်သူလဲ။ ဘာလို့ ဒီကိစ္စမှာ ဝင်ရှုပ်နေတာလဲ။ ငါတို့ နတ်ဆိုးဂိုဏ်းက သိုင်းသခင်တွေ အားလုံးကို မင်းသတ်ခဲ့တာလား.."

ပုံရိပ်ယောင်နတ်ဆိုး၏ အသံက ပျော့ပျောင်းစွာ ထွက်ပေါ်လာသည်။ ၎င်းသည် အမျိုးသားအသံနှင့်ရော အမျိုးသမီးအသံနှင့်ပါ တူညီ၏။

သို့ပေမယ့် ရွှီယန်အနေနှင့် တစ်ဖက်လူ၏ ဖိုမကွဲပြားမှုကို ဂရုစိုက်ခြင်း မရှိပါ။ သူလိုချင်သည့် အရာမှာ အသံဖြင့် သတ်ဖြတ်ခြင်း အတတ်အား ဆက်လက်လေ့လာရန် ဖြစ်သည်။ နဂါး၏ စစ်ပွဲခေါ်သံအား အနှစ်သာရ ပြည့်ဝလာအောင် ပြုလုပ်မည် ဖြစ်၏။

ထို့အပြင် ဒီအသံဖြင့် သတ်ဖြတ်ခြင်း အတတ်ကို သူ၏ တောင်နှင့်မြစ် ဓားဆန္ဒအတွင်းသို့လည်း ထည့်ပေါင်းရန် စီစဉ်ထားသည်။

တိတ်ဆိတ်နေသည့် တောင်နှင့်မြစ်သည် အသက်ဓာတ် ကင်းမဲ့နေပြီး အနုပညာ အတွေးအမြင်အချို့ ကင်းမဲ့နေ၏။

ပုံရိပ်တစ်ထောင် နတ်ဆိုးအသံကို ကြားသည့် အချိန်အခိုက်အတန့်တွင် ရွှီယန်သည် ၎င်းတို့ကို နားလည်လာခဲ့သည်။

တောင်နှင့်မြစ် ဓားဆန္ဒက သေဆုံး မနေသင့်ပေ။ အသက်ဓာတ်တို့ဖြင့် ပြည့်နက်နေသင့်၏။

တစ်နည်းအားဖြင့် သူသည် ဓားတာအို၏ ဒုတိယအဆင့်ဖြစ်သည့် နှလုံးသားဓားအဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်း နီးကပ်လာခဲ့ပါပြီ။

ထို့ကြောင့် ပုံရိပ်ယောင်နတ်ဆိုးက ပုလွေမှုတ်မှုကို ရပ်တန့်လိုက်ချိန်တွင် အလိုမကျစွာ ခံစားလိုက်ရသည်။

"မင်းဘာလို့ ပုလွေကို ရပ်လိုက်တာလဲ... နားထောင်ရတာ ဒီလောက် မဆိုးတာကို... မရပ်နဲ့.. ဆက်ပြီးမှုတ်.. ငါစိတ်အခြေအနေကောင်းရင် မင်းကို မသတ်တော့ဘူး.."

ရွှီယန်က မျက်မှောင်ကျုံ့သွားပြီး ပြောသည်။

ပုံရိပ်ယောင်နတ်ဆိုး၏ မျက်နှာကြွက်သားများက တွန့်ကွေးသွား၏။

မောက်မာသည့်ကောင်ပင်။ သူ့ကို ဖျော်ဖြေရေးသမားတစ်ယောက်အဖြစ် သတ်မှတ်နေသည်လား။ သူက အဘယ်ကြောင့် ဆက်လက် မှုတ်သင့်သနည်း။

'ဒီကောင်က ငါ့ရဲ့စစ်မှန်တဲ့ ခွန်အားကို ပုံရိပ်ယောင်တစ်ထောင် သံစဥ်ထဲမှာ လုံးဝ မှီခိုနေတယ်လို့ ထင်နေတာလား..'

သူ၏ နတ်ဆိုးသံစဉ်အောက်တွင် မည်သူမှ အသက်မရှင်ကျန်ခဲ့လို့သာလျှင် သူ၏ စစ်မှန်သည့် ခွန်အားကို ထုတ်ဖော်ပြရန် အခွင့်အရေး မရခြင်းသာ ဖြစ်သည်။

"ကောင်လေး... မင်းကငါ့ကို ဒီလောက်အထိ ပထမဆုံး စော်ကားခဲ့တဲ့ ကောင်ပဲ။ မင်းသေရမယ်.."

သူ၏ ပုံရိပ်က ပုံရိပ်ယောင်ဆန်လာပြီး အရိပ်အလွှာများအဖြစ် ပြောင်းလဲသွားသည်။ ပုလွေမှလည်း တောက်ပသည့် ရေခဲရောင်အလင်းများ ထွက်ပေါ်လာပြီး ဥက္ကာခဲများ ရွာကျသည့်နှယ် ရှိနေ၏။

သုယွီယင်းက ထိတ်လန့်စွာဖြင့် အသက်ကို ရှူသွင်းမိသည်။ ပုံရိပ်ယောင်နတ်ဆိုး၏ စစ်မှန်သည့် ခွန်အားမှာ ဂီတအပေါ်တွင် မှီခိုနေတာ မဟုတ်ပေဘူးလား။ ဤသည်မှာ မည်ကဲ့သို့သော သတ်ဖြတ်ခြင်းအတတ် ဖြစ်သနည်း။

အေးစက်သော အလင်းများက မိုးစက်များသဖွယ် ကျဆင်းလာပြီး ရှောင်တိမ်းရန် သို့မဟုတ် ခုခံရန် မဖြစ်နိုင်သည့်ပုံ ရှိသည်။ တိုက်ခိုက်မှုအားလုံးတို့က ရွှီယန်ကို ဦးတည်ထား၏။

နောက်တွင် ရပ်နေသည့် ယန်ခွမ်းလည်း မှင်သက်သွားသည်။ သူ၏ အထွတ်အထိပ် အခြေအနေတွင်ပင်လျှင် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်မည့် အခွင့်အရေး လုံးဝ မရှိပါ။

သို့ပေမယ့် ရွှီယန်၏ သိုင်းသခင်တစ်ယောက်အား မည်မျှ အလွယ်တကူ သတ်ဖြတ်နိုင်ပုံကို အမှတ်ရနေပြီး နှလုံးသားထဲ၌ မျှော်လင့်ချက်တို့ ပေါ်လာခဲ့သည်။

"ဘုန်း.."

ရွှီယန်၏ ခန္ဓာကိုယ်မှ ရွှေရောင်နဂါးကြီးတစ်ကောင်  ထွက်ပေါ်လာပြီး လှည့်လည်ကာ ဖြတ်သန်းသွားသည်။

အေးစက်သည့် အလင်းက ၎င်းပေါ်တွင် သေးငယ်သည့် အပေါက်လေးများ ဖြစ်ပေါ်လာစေ၏။ ထိုပုံကို တွေ့ရပြီးနောက် ယန်ခွမ်း၏ နှလုံးသားက ချက်ချင်းပင် တင်းကြပ်သွားသည်။ သုယွီယင်း၏ မျက်နှာလည်း အနည်းငယ် ပြောင်းလဲသွား၏။ စိုးရိမ်မှုတို့ ပေါ်လာခဲ့သည်။

အနှိုင်းမဲ့လှသည့် ရွှေရောင်နဂါးကြီးသည် ယခုအချိန်၌ ဒဏ်ရာများ ရလာပြီး ထိုဒဏ်ရာများမှာ ဆက်လက် ဖြစ်ပေါ်လာနေ၏။ အကြာကြီး တောင့်ခံနိုင်ခြင်း မရှိသည့်ပုံ ရှိသည်။

"မင်းရဲ့ခွန်အားက အားမနည်းဘူး။ တကယ်တော့ မင်းကငါကြုံတွေ့ဖူးတဲ့ သိုင်းသခင်တွေထဲမှာ အသန်မာဆုံးပဲ.."

ရွှီယန်က ပုံရိပ်ယောင်မှော်ဆရာ၏ ခွန်အားကို အသိအမှတ်ပြုစွာ ရှိနေ၏။

သူက စိတ်ထဲတွင် သက်ပြင်းချသည်။ ဤသည်မှာ အတွင်းဘက်နယ်မြေရှိ အထွတ်အထိပ် သိုင်းသခင်တစ်ယောက်၏ စွမ်းအားလေလား။ ရှဲ့လင်ဖုန်းမှာလည်း သိုင်းသခင်တစ်ယောက် ဖြစ်ပေမယ့် သူသည် အလွန်ငယ်ရွယ်လွန်ပြီး သိုင်းသခင်အဆင့်သို့ ဝင်ရောက်တာ မကြာသေးပေ။ ထို့ကြောင့် အထွတ်အထိပ်အဆင့် သိုင်းသခင်တစ်ယောက်နှင့် အကွာအဝေးအချို့ ရှိနေပါသေးသည်။

"ဟန့်.."

ပုံရိပ်ယောင်နတ်ဆိုးက နှာခေါင်းရှုံ့သည်။ သူ၏အသံက အရပ်မျက်နှာ အားလုံးတို့ဆီမှ ပျံ့နှံလာ၏။ ပုံစံက ပိုမိုလေးနက်သွားကာ အေးစက်သည့် အလင်းများက ဆက်တိုက်ထွက်ပေါ်လာ၏။

တစ်ချိန်တည်းတွင် ပုလွေမှ ထွက်ပေါ်လာသည့် အေးစက်သည့် အလင်းများက ပိုမိုပိုမိုကာ ရှည်လျားလာခဲ့သည်။ အေးစက်သည့် အလင်းက ဓားတစ်ချောင်းနှယ် ရှိနေပြီး ထက်မြသည့် စွမ်းအားအမျှင်တန်းများ ပိုမို ခွဲဖြာလာခဲ့၏။

၎င်းတို့သည် လက်ဖက်ရည်တဲ၏ နေရာအနှံ့တွင် ပျံ့နှံ့နေပြီး ရွှီယန်ကို ဝန်းရံလာခဲ့သည်။ ကြည့်ရတာ နောက်တစ်စက္ကန့်တွင် ချက်ချင်း တိုက်ခိုက်မှုပြုပြီး ရန်သူကို လုံးဝသုတ်သင်တော့မည့်ပုံ ရှိသည်။

"ဒီကောင်က စွမ်းအားနည်းနည်း ကြီးတယ်။ သူက နတ်ဆိုးဂိုဏ်းရဲ့ သိုင်းသခင်တစ်ယောက်ပဲ။ ဒါပေမယ့် မိစ္ဆာကျင့်စဉ်တွေကို မကျင့်ဘူး။ ကြည့်ရတာ မိစ္ဆာဂိုဏ်းရဲ့ လူထူးတွေထဲက တစ်ယောက် ဖြစ်လိမ့်မယ်.."

"ငါ့ရဲ့ ခွန်အားကို အားကုန်သုံးလိုက်ပြီး ရိုက်သတ်လိုက်ရင် သူချက်ချင်း သေသွားမှာ။ ဒါပေမယ့် သူ့ရဲ့ နတ်ဆိုးသံစဉ်ကို မှုတ်နိုင်မှာ မဟုတ်တော့ဘူး။ ဒဏ်ရာရသွားရင်တောင်မှ သံစဉ်က နားထောင်ရတာ ပိုဆိုးလာနိုင်တယ်.."

ရွှီယန်က စဉ်းစားသည်။ အနည်းငယ် ရှုပ်ထွေးစွာ ခံစားလိုက်ရ၏။ ပြင်းထန်စွာ တိုက်ခိုက်မိပါက ပုံရိပ်ယောင်နတ်ဆိုးအား ထိခိုက်မိမည်ကို စိုးရိမ်ရသည်။

အားနည်းစွာ တိုက်ခိုက်လျှင်လည်း တစ်ဖက်ရန်သူက သူ့ကို စွမ်းရည်မရှိဟု ထင်မြင်ကာ သူ့အတွက် ပုံရိပ်တစ်ထောင် သံစဉ်အား အတင်းတီးခတ်ခိုင်းနိုင်မည် မဟုတ်ပေ။

ရွှီယန်၏ မျက်နှာက တုံ့ဆိုင်းနေစဉ် ရွှေရောင်နဂါးကြီးက ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုး၏ တိုက်ခိုက်မှုကို ခုခံနေ၏။

ရွှီယန်မှာမူ ပုံရိပ်ယောင်နတ်ဆိုးကို ဒဏ်ရာအပြင်းအထန် မရစေဘဲ အညံ့ခံလာစေရန် ခွန်အားမည်မျှအား သုံးရမည်ကိုသာ စဉ်းစား၏။ တစ်ဖက်လူကို သံစဉ်အား အတင်းဆက်လက် မှုတ်ခိုင်းရပေမည်။

ရလဒ်အနေနှင့် ရွှေရောင်နဂါးကြီး၏ ထိခိုက်မှုများက ပိုမိုကာ တိုးပွားလာခဲ့၏။ ကုန်ဆုံးနေသည့် အခိုက်အတန့်တိုင်းက ၎င်း၏တည်ရှိမှုကို အန္တရာယ်ကျရောက်နေပါသည်။

ပုံရိပ်ယောင်နတ်ဆိုး၏ မျက်လုံးများက အေးစက်သွားသည်။

"ကောင်လေး.. ငါမင်းကို ခြေချောင်းလက်ချောင်းတွေ တစ်ချောင်းချင်းစီ ဖြတ်ပေးမယ်.."

သူသည် စိတ်ထဲတွင် အလွန်အံ့ဩစွာ ခံစားနေရ၏။

ဒီရွှေရောင်နဂါးကြီးက အမှန်တကယ်ကို ထည်ဝါလှပါသည်။ ဤသည်မှာ မည်ကဲ့သို့သော ကျင့်စဉ်ဖြစ်သနည်း။

ကြီးစိုးလှသည့် အငွေ့အသက်က စစ်မှန်သည့် နဂါးတစ်ကောင်ကို ပုံဖော်ထားသည်။ သို့ရာတွင် ဤသည်မှာ အစစ်အမှန်နဂါး ဖြစ်လာရန်အတွက် အလွန် ဝေးကွာနေသေး၏။

ယန်ခွမ်း၏ ပုံစံက ညှို့မှိုင်းသွားသည်။

'ပုံရိပ်ယောင်နတ်ဆိုးက အရမ်းကို သန်မာလွန်းတယ်။ ကြည့်ရတာ သူ့အကြာကြီး တောင့်မခံနိုင်တဲ့ ပုံပဲ။ ငါတို့တွေ လှုပ်ရှားကြမလား..'

သုယွီယင်းမှာလည်း စိုးရိမ်နေပါသည်။ သူမ၏ နှလုံးသားထဲတွင် စိတ်ပူမှုတို့ဖြင့် ပြည့်နက်နေ၏။

ယန်ခွမ်းက အံကိုကြိတ်သည်။ သူ၏ အငွေ့အသက်က လှိုင်းထလာပြီး ရှေ့သို့တက်ရန် ဆုံးဖြတ်လိုက်၏။

"ညီငယ်လေး... ငါ့အသက်ကိုရင်းပြီး ဒီပုံရိပ်ယောင်နတ်ဆိုးကို တားထားမယ်။ မင်းက သခင်မလေးနဲ့အတူ  ထွက်ပြေးကြ.."

ရွှီယန်က သူ့ကို ထူးဆန်းစွာကြည့်ပြီး ပြောသည်။ "ခင်ဗျားက ဒီလောက် ဒဏ်ရာအပြင်းအထန် ရထားတာ တားထားနိုင်မှာ သေချာလို့လား။ ကြည့်ရတာ အင်း... တစ်ခါတည်း အသတ်ခံရမယ့်ပုံနော်.."

ယန်ခွမ်းမှာ သူ၏လည်ချောင်းသို့ သွေးတလုတ် ဆောင့်တက်လာသည်ဟု ခံစားလိုက်ရသည်။ ရုတ်တရက် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများပင် ပိုမိုဆိုးဝါးသွားသည့်ပုံ ပေါ်၏။

တစ်ဖက်လူ၏ စကားလုံးများမှာ နားထောင်ရတာ မကောင်းပေမဲ့ ကြည့်ရတာ လက်ရှိအခြေအနေတွင် ထိုကဲ့သို့သာ ဖြစ်မည့်ပုံလည်း ရှိ‌ေနပါသည်။

သူက အမှန်တကယ်ကို တစ်ချက်တည်းနှင့်  ရိုက်သတ်ခံရနိုင်လောက်၏။ အလွန်အရှက်ရစွာ ခံစားလိုက်ရသည်။

'ငါက သိုင်းသခင်တစ်ယောက် ဟုတ်သေးရဲ့လား... ဘာလို့ ခြားနားချက်က ဒီလောက်တောင် ကြီးမားရတာလဲ..'

ယန်ခွမ်းသည် အလွန်ပင်ပန်းနေပြီး သူ၏ဘဝကို  အဓိပ္ပါယ်မရှိစွာ ခံစားလာရသည်။ နှစ်ပေါင်းတစ်ရာကျော်ကြားအောင် သိုင်းပညာအား ကျင့်ကြံပြီးမှုတွင် အဆုံးသတ်မှာ ယခုမျှလောက်သာ ရှိသည်လား။

"ဘုန်း.."

ရွှေရောင်နဂါးကြီးက ပျက်စီးသွားခဲ့သည်။

"ကောင်လေး... ဒီအချိန်က မင်းသေရမယ့်အချိန်ပဲ.."

ပုံရိပ်ယောင်နတ်ဆိုးက အေးစက်စွာ ပြုံးသည်။သူ၏ပုလွေမှ အေးစက်သည့် အလင်းတစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်၏။

"ငါ့အသက်ကို ရင်းရပါစေ ဒီတိုက်ခိုက်မှုကို ကာရမယ်.."

ယန်ခွမ်း၏ မျက်လုံးများက ပြတ်သားသွားသည်။ သူက ပုံရိပ်ယောင်နတ်ဆိုး၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် သူ၏အသက်ကို စတေးရန် အဆင်သင့် ဖြစ်နေ၏။

သို့ပေမယ့်... မည်သည်ကို မြင်လိုက်ရသနည်း။ ပိုမိုကြီးမားသည့် ရွှေရောင်နဂါးကြီးတစ်ကောင်က မည်သည့်နေရာမှ မသိဘဲ အလိုလိုပေါ်လာခဲ့ပြီး တိုက်ခိုက်မှုအားလုံးကို ကာသွားလေသည်။

"ဝေါ့.."

ယန်ခွမ်းမှာ သွေးတလုတ်ကို အန်ချလိုက်မိသည်။ ခုနက သူသည် အသက်ကို စတေးမည်ဟူ၍ ဆိုးဝါးလှသည့် ဒဏ်ရာများကို လုံးဝလျစ်လျူရှု့ထား လိုက်၏။

သို့ပေမယ့် သူက လှုပ်ရှားမှု မပြုခင်တွင် ရွှီယန်က ပိုမိုကြီးမားသည့် နဂါးကြီးကို ဆင့်ခေါ်ခဲ့လေသည်။ တိုက်ခိုက်မှုအားလုံးတို့ကို ကာလိုက်၏။

တစ်ဖက်လူတွင် ဖုံးကွယ်ထားသည့် ခွန်အားတို့ ရှိနေသေးသည်လား။ ထိုသို့ဆိုပါက မျက်နှာပေါ်တွင် အဘယ်ကြောင့် ခက်ခဲနေသည့် အသွင်အပြင်တို့ ပေါ်နေရသနည်း။

မသိပါက အကုန်လုံးကို ထားခဲ့ကာ ထွက်ပြေးသွားတော့မည်နှယ် ရှိနေပါသည်။

ယန်ခွမ်း၏ မျက်လုံးများက စိုစွတ်လာခဲ့သည်။သူ၏ဒဏ်ရာများသည် အချိန်အနည်းငယ် ယူပြီးနောက် အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီး ဖြစ်၏။ သို့ပေမယ့် ဒီအချိန်၌ ပြန်လည်ဆိုးရွား လာခဲ့လေသည်။

ရွှီယန်က သူ့ကို ထူးဆန်းစွာ ကြည့်သည်။ သိုင်းသခင်တစ်ယောက်သည် အဘယ်ကြောင့် ယခုမျှအထိ အလွန်ချည့်နဲ့ရသနည်း။

"ယန်ခွမ်း.. ရှင်အဆင်ပြေရဲ့လား... ရှင့်ကို ဘာတိုက်ခိုက်မှုစွမ်းအင်မှ မသက်ရောက်ပါဘူးနော်.."

"ကျွန်တော် အဆင်ပြေပါတယ်။ နည်းနည်းလေး စိတ်လှုပ်ရှားပြီး ဒဏ်ရာတွေ ထကြွလာတာပဲရှိတာ.."

ယန်ခွမ်းက နှုတ်ခမ်းရှိ သွေးများကို သုတ်သည်။ သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်လက်ပျက် အကြည့်များဖြင့် ရထားလုံးအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ဒဏ်ရာများကိုသာ ကုသ၏။

ပုံရိပ်ယောင်နတ်ဆိုး၏ မျက်နှာက အကြိမ်ကြိမ်ပြောင်းလဲနေ၏။ ဘယ်လိုလုပ်ပြီး နောက်ထပ် နဂါးကြီးတစ်ကောင် ရုတ်တရက် ပေါ်လာရသနည်း။ ကြည့်ရတာ ပိုမိုကာပင် သန်မာသည့်ပုံ ရှိသည်။

သူက အံကိုကြိတ်ကာ မျက်လုံးများထဲတွင် အေးစက်သည့် အလင်းတစ်ချက် လက်သွား၏။

"ချိုးဖြတ်စမ်း.."

ထိုအချိန်၌ သူ၏ စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့သည်။ အေးစက်သည့် အလင်းက ပုလွေမှ ထွက်ပေါ်လာပြီး ရွှေရောင်နဂါးကြီးကို ရက်စက်ကြမ်းကြုတ်စွာ ဝင်ရောက် တိုက်ခိုက်၏။

"ဘုန်း.."

နဂါးကြီးက ပျက်စီးသွားခဲ့သည်။

"ကောင်လေး မင်းသေ..."

ပုံရိပ်ယောင်နတ်ဆိုးက လူသတ်ငွေ့ဆန်သည့် အပြုံးတစ်ခုဖြင့် ရှေ့သို့ တက်လာတော့မည့် အချိန်၌ နောက်ထပ် ရွှေရောင်နဂါးကြီးတစ်ကောင် ပေါ်လာမှု့ကို တွေ့လိုက်ရသည်။ ပြီးခဲ့သည့် တစ်ကောင်ထက် ပိုမိုသန်မာ၏။

သူက ကြောင်တောင်သွားခဲ့သည်။ ရုတ်တရက် ဒုတိယရွှေရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာ ပြန်သည်။

သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်‌လာပြီး ၎င်း၏ ကြောက်စရာကောင်းသည့် အရှိန်အဝါတို့က လူကို မွန်းကြပ်‌စေ၏။

ထွက်ပြေးမည့် လမ်းကြောင်းကို ပိတ်ဆို့ထားသည်။

ပုံရိပ်ယောင်နတ်ဆိုး၏ မျက်နှာက ပြောင်းလဲသွားပြန်သည်။ နောက်သို့ဆုတ်ခွာကာ ထွက်ပြေးတော့မည့်အချိန်၌  နောက်ထပ် နဂါးကြီးတစ်ကောင် ဦးခေါင်းထက်တွင် ပေါ်လာခဲ့ပြန်၏။

သူသည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်ပေ။ ယခုအချိန်၌ ထွက်ပြေးရန်လုံးဝ လမ်းမရှိတော့ပါ။

"ပုံရိပ်ယောင် နတ်ဆိုးလား။ ငါတို့တွေ အလဲအလှယ်လုပ်ကြရင်ရော.."

ရွှီယန်က ပြုံး၏။ သူသည် နောက်ဆုံးတွင် ပုံရိပ်ယောင်နတ်ဆိုး၏ ထွက်ပြေးမည့် လမ်းကြောင်းကို  ပိတ်ထားနိုင်ခဲ့ပါပြီ။

"ဘယ်လို အလဲအလှယ်လဲ.."

ပုံရိပ်ယောင်နတ်ဆိုး၏ မျက်နှာက မဲမှောင်သွားသည်။ ကြည့်ရတာ သူသည် ထောင်ချောက်တစ်ခု အတွင်းသို့ ကျဆင်းသွားသည့်ပုံ ရှိသည်။

"မင်း.. ငါ့အတွက် နတ်ဆိုးသံစဉ်ကို ဆက်ပြီးတော့ မှုတ်ရမယ်။ ငါကျေနပ်ရင် မင်းကိုလွှတ်ပေးမယ်.."

ရွှီယန်က အပြုံးတစ်ခုဖြင့် ပြောသည်။

"စော်ကားလိုက်တဲ့ကောင်.. ငါပုံရိပ်ယောင်နတ်ဆိုး သိုင်းသခင်က လမ်းဘေးက ဖျော်ဖြေသူတစ်ယောက် မဟုတ်ဘူး.."

ပုံရိပ်ယောင်နတ်ဆိုးက အလွန်ဒေါသထွက်သွား၏။

"ဒါဆိုရင် မင်းအသက်မရှင်ချင်ဘူးလား.."

ရွှီယန်၏ အကြည့်က ခက်ထန်သွားသည်။

ပုံရိပ်ယောင်နတ်ဆိုးမှာ ရှူးရှူးရှဲရှဲနှင့် လမ်းပျောက်နေပါပြီ။ ဒီမကောင်းဆိုးဝါးသည် ဘယ်နေရာက ရောက်လာခဲ့သနည်း။

"မင်းအသက်ရှင်ချင်ရင် ငါ့အတွက် ပုလွေမှုတ်ပေးရမယ်။ မဟုတ်ရင်တော့ ပြာအဖြစ် အလွင့်ခံရမယ်.."

ရွှီယန်က အေးစက်စွာ ပြော၏။

"ငါအသက်ရှင်ချင်တယ်.."

နောက်ဆုံးတွင် ပုံရိပ်ယောင်နတ်ဆိုးက အံကိုကြိတ်ကာ ဖြေကြား၏။

All Chapters