← Chapters

နဂါးဟိန်းသံ၏ အစစ်အမှန်အဓိပ္ပါယ်၊ အကြွင်းမဲ့လေးရပ် သိုင်းသခင်များ

Vol. 12 Ch. 172

နဂါးဟိန်းသံ၏ အစစ်အမှန်အဓိပ္ပါယ်၊ အကြွင်းမဲ့လေးရပ် သိုင်းသခင်များ

Vol. 12 Ch. 172

"ဒီလိုမှပေါ့.. အသက်ကမှ အရေးကြီးဆုံးအရာပဲ။ မြန်မြန်လေးမှုတ်.."

ရွှီယန်၏ မျက်နှာပေါ်၌ ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် ပုံရိပ်ယောင်နတ်ဆိုးသည် လက်တွေ့ဆန်သည့် လူတစ်ယောက် ဖြစ်၏။

ကိစ္စများ၏ ပြောင်းလဲမှုက အလွန်လျှင်မြန်စွာ ဖြစ်သွားခဲ့ပြီး သုယွီယင်းကို တုံ့ပြန်ရန် အချိန်မရ ဖြစ်သွားစေခဲ့သည်။

ပုံရိပ်ယောင်နတ်ဆိုးက ရှုံးနိမ့်ခဲ့သည်လား။ ထို့အပြင် အဘယ်ကြောင့် သူမတို့သည် ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးသံစဉ်အား နားထောင်ဖို့ လိုအပ်မည်နည်း။

ဘေးရှိ ချောမောသည့် လူငယ်ကိုကြည့်ကာ သုယွီယင်း၏ နှလုံးသားက အခုန်မြန်လာခဲ့သည်။ သူမ၏ မျက်နှာပေါ်၌ ရှက်ရွံ့မှုတစ်ခု ရေတေးတေး ပေါ်လာခဲ့၏။

"ငါလည်း ပုလွေမှုတ်တဲ့ ပညာကို သင်သင့်လား.."

သူမ၏ ခေါင်းထဲတွင် ထိုအတွေးက ရုတ်တရက်  ပေါ်လာခဲ့သည်။

ပုံရိပ်ယောင်နတ်ဆိုးက နဂါးကြီးသုံးကောင်တို့ကို ကြည့်သည်။ ၎င်းတို့က သူ့ကို လှည့်ပတ်နေပြီး ထွက်ပြေးရန် လမ်းကြောင်းကို ပိတ်ဆို့ထားပါသည်။

ဒီကောင်ကြီးများကို ချိုးဖျက်ပြီးမှသာလျှင် ထွက်ပြေးနိုင်မည် ဖြစ်၏။ သို့ရာတွင် ရွှေနဂါးကြီးများ၏ အရှိန်အဝါက အနှိုင်းမဲ့စွာ ရှိနေပါသည်။ သူ့အနေနှင့် အားကုန်သုံးလျှင်တောင် တစ်ခုကို ချိုးဖျက်ရန်ပင် အချိန်အချို့ယူရမှာ ဖြစ်၏။ ထိုအချိန်၌ ဒီလျှို့ဝှက်ဆန်းကြယ်သည့် လူငယ်က ဒီအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပါ။

ထို့ကြောင့် ယခုအချိန်၌ သူ့အနေနှင့် နာခံစွာဖြင့်သာ ပုလွေကို မှုတ်ရ၏။ ပြီးလျှင် အခွင့်အရေးရှာပြီး ထွက်ပြေးရပေမည်။

ထို့ကြောင့် ပုလွေကို နှုတ်ခမ်းတွင်တေ့ကာ စတင်မှုတ်ရပြန်၏။

ရွှီယန်က ခဏတာ နားထောင်ပြီးနောက် မျက်မှောင်ကျုံ့သွားသည်။

"မင်းမှုတ်နေတာ မမှန်ဘူး... ပုံရိပ်ယောင်နတ်ဆိုး သံစဥ်က ဘယ်မှာလဲ။ ခွန်အားအားလုံးကို အသုံးပြုပြီး မင်းရဲ့အသံနဲ့ သတ်ဖြတ်ခြင်းအတတ်နဲ့ ငါ့ကို တိုက်ခိုက်စမ်းပါ.."

"မင်းပြောတာနော်.."

ပုံရိပ်ယောင်နတ်ဆိုးက အေးစက်စွာ ပြုံးသည်။ အသက်ကို နက်ရှိုင်းစွာရှူပြီးနောက် သူ၏ အငွေ့အသက်တို့ လှိုင်းထံလာခဲ့၏။ ပုလွေကို ထပ်မံမှုတ်လိုက် ပြန်သည်။

ထိုအချိန်၌ သူ၏ စွမ်းအားတို့က ပုလွေအတွင်းသို့ ရေစီးကြောင်းနှယ် စီးဝင်သွားကြသည်။ ပြင်းထန်ကြမ်းတမ်းသည့် ပုလွေသံက ရုတ်တရက် ထွက်ပေါ်လာပြီး မမြင်နိုင်သည့် လှိုင်းများရိုက်ခတ်ကာ ရွှေရောင်နဂါးများကို တိုက်ခိုက်သည်။

ရွှီယန်က ခေါင်းငြိမ့်သည်။ ဤသည်ကသာလျှင် စစ်မှန်သည့် အသံဖြင့် သတ်ဖြတ်ခြင်းအတတ် ဖြစ်၏။ သူက ခေါင်းကိုစောင်းကာ သေသေချာချာ နားထောင်၏။

နဂါးနိုင်လက်ဝါးက အသံလှိုင်း၏ သတ်ဖြတ်ခြင်းကို ဆက်တိုက် ခံယူနေပြီး သံစဥ်အတွင်းရှိ  အကွေ့အကောက်များနှင့် သတ်ဖြတ်ခြင်း နည်းလမ်းတို့ကို အာရုံခံစားသည်။

'ပုံရိပ်ယောင် နတ်ဆိုးသံစဉ်က ဒီပုလွေကနေ လာတယ်။ ကြည့်ရတာ ဒါက အသံနဲ့သတ်ဖြတ်ခြင်း စွမ်းအားကို မြှင့်တင်ပေးတဲ့ ရတနာတစ်ခုပဲ။ သူဒီအသံနဲ့ သတ်ဖြတ်ခြင်း အတတ်ကို အသုံးပြုတာ.. ပြောရရင် သူဟာနဲ့သူ တစ်သီးတစ်သန့် ဆန်လှတယ်...'

'ငါနားလည်ချင်တာက နဂါးဟိန်းသံပဲ။ အဲ့ဒါက သာမန် အသံသတ်ဖြတ်ခြင်း အတတ်တွေနဲ့ ခြားနားတယ်။ နဂါးဟိန်းသံရဲ့ အစစ်အမှန် အဓိပ္ပါယ်ကို လိုချင်တာ။ ဒါတွေက သူတို့အတတ်တွေ နှိုင်းယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး..'

'အသံနဲ့သတ်ဖြတ်ခြင်း နည်းလမ်းက နည်းလမ်းလေးတစ်ခုပဲ။ ဒါပေမယ့် နဂါးဟိန်းသံရဲ့ အစစ်အမှန်အဓိပ္ပာယ်ကတော့ တာအိုနဲ့ နီးကပ်တဲ့ အဆင့်တစ်ခုမှာ ရှိနေတယ်..'

ရွှီယန်က ဂရုတစိုက် ခံစား၏။ နဂါးကြီးက လှည့်ပတ်နေရင်းမှ ရံဖန်ရံခါ ပါးစပ်ကိုဖွင့်ပြီး  ညင်သာသည့် ဟိန်းသံတစ်ခုကို ထုတ်လွှတ်လေ့ရှိသည်။ ဟိန်းသံတိုင်းက ပုံရိပ်ယောင်နတ်ဆိုး သံစဉ်ကို ဖိနှိပ့်ခံရသည့်အလား ရပ်တန့်သွားစေ၏။

ပုံရိပ်ယောင်နတ်ဆိုး၏ နှလုံးသားက လေးနက်သွားသည်။ သူက ပုလွေကို ဆက်လက်မှုတ်ရင်းမှ ချိုးဖျက်ထွက်ပြေးနိုင်မည့် အခွင့်အရေးကို ရှာဖွေနေ၏။

သုယွီယင်းက ရထားလုံးဆီသို့ ပြန်၏။ သူမ၏ အစေခံဖြစ်သူ ချွေအာက နီရဲသော မျက်နှာဖြင့် လူတိုင်းကို မျက်နှာချင်းမဆိုင်ရဲအောင် ဖြစ်နေပါသည်။

အထူးသဖြင့် ရွှီယန်ဖြစ်၏။ သူမသည် ပုံရိပ်ယောင်နတ်ဆိုးသံစဉ်အောက်တွင် ထိုကဲ့သို့သော ပုံရိပ်ယောင်များကို စိတ်ကူးခဲ့မိလေသည်။

"သခင်မလေး.."

သုယွီယင်းက ရထားလုံးအတွင်းတွင် ပြန်ထိုင်သွား၏။ သူမ၏ပုံစံက ပြန်လည် တည်ငြိမ်လာခဲ့သည်။

"ငါတို့တွေ သူ့ကို နောက်ထပ် အဆင့်၇စိတ်ဝိဉာဉ်ဆေးပင်လေးပင် အကြွေးတင်သွားပြီ။ စာရင်းမှတ်ထား.."

"ဟုတ်ကဲ့ပါ သခင်မလေး.."

ချွေအာက ပုဝါတစ်ခုကို ထုတ်ကာ အပေါ်တွင်  အရေအတွက်ကို မှတ်လိုက်သည်။

"သခင်မလေး... ဒီသခင်လေးကို ကျွန်မတို့တွေ ဆုကြေးအဖြစ် ဒီလောက်များတဲ့ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်တွေ ပေးဖို့ တကယ်ပဲ တတ်နိုင်လို့လား.."

ချွေအာ၏ အသံက စိုးရိမ်မှုတို့ ပါဝင်နေ၏။ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်များမှာ အလွန် အဖိုးတန်ပါသည်။

အဓိက အင်အားစုများပင်လျှင် တစ်ကြိမ်ထဲတွင် အများအပြားကို ထုတ်ယူနိုင်ခြင်း မရှိပေ။

"ဒါက ကိစ္စကြီးမဟုတ်ဘူး.."

သုယွီယင်းက ဂရုစိုက်ခြင်း မရှိပါ။

"ကျွန်မတို့တွေ မပေးဘူးဆိုရင် ဒီသခင်လေးက ဒီအတိုင်း လက်လျှော့သွားမယ့်ပုံ မပေါ်ဘူး.."

ချွေအာက မျက်မှောင်ကျုံ့သွားသည်။ သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်ပြီး သတ်ဖြတ်ရာတွင်လည်း မျက်တောင်ခတ်ခြင်းပင် မရှိပေ။

ဤသည်မှာ သိသာစွာပင် အလွယ်တကူ သွားရှုပ်လို့ရသည့် လူတစ်ယောက် မဟုတ်ပါ။ အထူးသဖြင့်  တစ်ဖက်လူ၏ ပုံစံမှာ သခင်မလေးကို လှပသူဟူ၍ တုံ့ဆိုင်းနေမည့်ပုံ မပေါ်ပါ။

"ငါတို့ မိသားစုရဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေ ပိုင်ဆိုင်မှုကို အထင်မသေးနဲ့။ ဒီဆေးပင်တွေက ဘာမှမဟုတ်ဘူး.."

သုယွီယင်းက အရေးမစိုက်စွာ ပြောသည်။ ရထားလုံး၏ ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်ချိန်၌ ရွှီယန်၏ သံစဉ်ကို အာရုံစိုက်စွာ နားထောင်နေဆဲရှိကြောင်းအား တွေ့ရသည်။

"သခင်မလေး... ပြီးရင် သခင်လေးက ပုံရိပ်ယောင်နတ်ဆိုးကို တကယ်ပဲ လွှတ်ပေးမှာလား.."

ချွေအာက သိလိုစွာ မေးသည်။

"သူက တော်တော်လေး မာနကြီးတဲ့ပုံပဲ။ ဒါ့ကြောင့် သူ့ရဲ့စကားကို သေချာပေါက် တည်လောက်မှာ.."

သုယွီယင်းက လေးနက်စွာ ပြောသည်။

ရွှီယန်က ပုံရိပ်ယောင်နတ်ဆိုး သံစဉ်အား ဂရုတစိုက်ဖြင့် နားထောင်နေ၏။ ရုတ်တရက် တစ်ခုခုကို နားလည်လိုက်ပုံ ပေါ်သည်။

"ငါသိပြီ.."

စိတ်လှုပ်ရှားစွာဖြင့် ရွှေရောင်နဂါးကြီး သုံးကောင်တို့ ရုတ်တရက် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကြ၏။

ပိုမိုကာပင် ကြီးမားသည့် နဂါးကြီးတစ်ကောင် ဖြစ်လာခဲ့သည်။

နဂါးကြီး၏ အရှိန်အဝါက ကျယ်ပြောကာ သူ၏မျက်လုံးများက တောက်ပစွာ လင်းလက်နေပါသည်။ ရုတ်တရက် ခေါင်းကိုငုံ့ကာ နဂါးဟိန်းသံ တစ်ခုကို ထုတ်လွှတ်လိုက်၏။

"ဝေါင်း.."

နဂါးဟိန်းသံက ပဲ့တင်ထပ်စွာ ထွက်ပေါ်လာခဲ့သည်။

လေနှင့်တိမ်တို့ ပြောင်းလဲသွားကြ၏။ ခဏတာအတွင်း နဂါး၏ အရှိန်အဝါက ကြီးစွာမြင့်တက်လာပြီး မြေကြီးကို တုန်ခါစေကာ လက်ဖက်ရည်ဆိုင်ကို အမှုန့်များအဖြစ် ပြောင်းလဲသွားစေသည်။ မြေလွှာတစ်ခုလည်း တစ်ခါတည်း ပြိုလဲသွားခဲ့၏။

"ဝေါ့.."

ပုံရိပ်ယောင်နတ်ဆိုးက သွေးတလုတ်ကို အန်ထုတ်သည်။

သူ၏မျက်လုံးများက မျက်ဆံလည်သွားပြီး မြေပြင်ပေါ်သို့ တစ်ခါတည်း ကျဆင်းသွားခဲ့၏။ သူက သေဆုံးသွားခဲ့လေသည်။

နဂါးမှာ မူလကတည်းက သူ၏လားရာဆီသို့ ကြည့်နေခြင်းဖြစ်၏။ နဂါးဟိန်းသံ ထွက်ပေါ်လာသည်နှင့် ကြောက်စရာကောင်းလှသည့် နဂါးစွမ်းအားက  သူ၏ နှလုံးသားနှင့် စိတ်ဝိဉာဉ်ဆီသို့ တည့်မတ်စွာ  ဦးတည်လာခဲ့သည်။ သူ့ကို ပစ်မှတ်ထားကာ တိုက်ခိုက်သည်နှင့်ပင် တူနေ၏။

ပုံရိပ်ယောင်နတ်ဆိုးမှာ ကြာရှည်စွာ ပုလွေမှုတ်ပြီးနောက် ကိုယ်ကိုယ်တိုင်က အားအင်တို့ ကုန်ခမ်းနေပြီး ဖြစ်သည်။

နဂါးကြီးများ ပေါင်းစပ်သွားပုံကို တွေ့ရပြီးနောက်  ပျော်ရွှင်စွာဖြင့် ထွက်ပြေးတော့မှာပါ။ သို့ရာတွင်  သူ၏ ဦးခေါင်းထဲ၌ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။

ကြောက်စရာကောင်းသည့် ဖိအားက သက်ဆင်းလာကာ မူလကတည်းက အားအင်ကုန်ခမ်းနေပြီး ဖြစ်သည့် အသိစိတ်ကို ဖျက်ဆီးသွားခဲ့သည်။

သူသည် တစ်ခါတည်း သေဆုံးကာ အောက်သို့ ကျဆင်းသွားခဲ့၏။ နောက်ဆုံး အော်ဟစ်သံ တစ်ခုကိုပင် မပြုနိုင်ခဲ့ပေ။

"သခင်မလေး..."

ချွေအာက သူမ၏သခင်မလေးကို ကြည့်သည်။ မည်သည်ကို ပြောရမည်မသိ ဖြစ်သွားခဲ့၏။

ပြောသည့်အတိုင်း လုပ်သည်လား...

သုယွီယင်းမှာလည်း မှင်သက်နေပါသည်။ တစ်ဖက်လူသည် အဘယ်ကြောင့် ရန်သူကို ရုတ်တရက် သတ်ဖြတ်လိုက်ရသနည်း။

ရွှီယန်က ခေါင်းကိုကုပ်သည်။ သူ၏ မျက်နှာပေါ်၌ တောင်းပန်သည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။ သူသည် ပုံရိပ်ယောင်နတ်ဆိုးကို သတ်ဖြတ်ရန် မရည်ရွယ်ခဲ့ပါ။

နဂါးဟိန်းသံ၏ စစ်မှန်သည့် အဓိပ္ပါယ်ကို နားလည်မှုရပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အလိုလို အသုံးပြုမိခဲ့ခြင်းသာ ရှိ၏။ မထင်မှတ်စွာပင် ပုံရိပ်ယောင်နတ်ဆိုးအား တစ်ခါတည်း သေစေခဲ့လေသည်။

"စိတ်မကောင်းဘူး... ငါမင်းကိုသတ်ဖို့ တကယ်ပဲ မရည်ရွယ်ခဲ့ပါဘူး.."

ရွှီယန်က သက်ပြင်းချသည်။ အလောင်းဆီသို့ လျှောက်သွားပြီးနောက် ခန္ဓာကိုယ်ကို စတင်ရှာဖွေ၏။

ယခုအချိန်၌ သူ၏ လှုပ်ရှားမှုများက အလွန်အတွေ့အကြုံ ကြီးရင့်နေပါပြီ။

"မင်းက သိုင်းသခင်တစ်ယောက် ဖြစ်ပြီး ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားနည်းရတာလဲ။ နဂါးဟိန်းသံလေးတစ်ခုက သေသွားစေခဲ့တယ်.."

All Chapters