← Chapters

နဂါးဟိန်းသံ၏ အစစ်အမှန်အဓိပ္ပါယ်၊ အကြွင်းမဲ့လေးရပ် သိုင်းသခင်(၂)

Vol. 12 Ch. 173

နဂါးဟိန်းသံ၏ အစစ်အမှန်အဓိပ္ပါယ်၊ အကြွင်းမဲ့လေးရပ် သိုင်းသခင်(၂)

Vol. 12 Ch. 173

ရွှီယန်၏ ပုံစံက အကူအညီမဲ့နေ၏။

"ချွေအာ... နင်မြင်လိုက်တယ်မလား... သူလည်း သတိလက်လွတ် ဖြစ်သွားတာ.."

သုယွီယင်းက သက်ပြင်းချကာ ပြော၏။ ချွေအာက တိတ်ဆိတ်နေပါသည်။ ဤသည်ကို မတော်တဆဖြစ်ရပ်မဟုတ်ဟု သံသယဝင်နေ၏။

အလောင်းကို စစ်ဆေးပြီးမှသာလျှင် ရွှီယန်တစ်ယောက် ပုံရိပ်ယောင်နတ်ဆိုး သိုင်းသခင်မှာ ယောက်ျားတစ်ယောက် ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။

ပုလွေမှာ ကောင်းမွန်သည့် ရတနာတစ်ခု ဖြစ်၏။ ထို့ကြောင့် ယူငင် သိမ်းဆည်းသည်။ သူသည် စိတ်ဝိဉာဉ် လက်မှတ်များစွာတို့ကို တွေ့လိုက်ရ၏။ ပြီးခဲ့တုန်းက နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်များထက် များစွာ ပိုမို များပြား၏။

စိတ်ဝိဉာဉ်ပုံဆောင်ခဲ ထောင်ဂဏာန်း အနည်းငယ်လောက် ရှိပါသည်။ ထို့အပြင် ဂီတစာအုပ်တစ်အုပ်လည်း ရှိ၏။

သူက ဖွင့်ကာ လှန်လောကြည့်သည်။ ထိုအထဲမှ စာမျက်နှာတစ်ခု၏ သီချင်းမှာ ပုံရိပ်ယောင်နတ်ဆိုးသံစဉ် ဖြစ်၏။

'ငါပြန်ယူသွားပြီးတော့ ဆရာ့ကို ပေးရမယ်။ သူအပျင်းပြေ ဖတ်လို့ရတာပေါ့..'

ရွှီယန်က ဝမ်းသာသွားသည်။ အတွင်းဘက်နယ်မြေသို့ ဒီခရီးစဉ်က သူ့အတွက်  အကျိုးအမြတ်များစွာ ရရှိစေခဲ့၏။

နဂါးဟိန်းသံ၏ စစ်မှန်သည့် အဓိပ္ပါယ်ကိုလည်း နားလည်သဘောပေါက်ခဲ့လေသည်။

'ဆရာပြောတာ မှန်တယ်... အခြားလူတွေဆီက လေ့လာသင်ယူပြီး သူတို့ရဲ့ အနှစ်သာရကို ကိုယ်ကိုယ်တိုင်အပေါ်မှာ ပေါင်းစည်းတာကပဲ စစ်မှန်တဲ့ သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်တယ်..'

ပုံရိပ်ယောင်နတ်ဆိုး၏ အလောင်းကို ကြည့်ကာ ရွှီယန်က သက်ပြင်းချပြီး ပြောသည်။

"ငါမင်းကို မသတ်ချင်ပါဘူး။ ဒါပေမယ့် မတော်တဆ သတ်မိပြီးပြီဆိုတော့ မြေမြှုပ်ပေးတာတော့ လုပ်သင့်တာပေါ့.."

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် မြေပြင်ပေါ်တွင် ကြီးမားသည့် ချိုင့်ကြီးတစ်ခု ပေါ်လာခဲ့သည်။ ရွှေရောင်နဂါးက ပုံရိပ်ယောင်နတ်ဆိုး၏ အလောင်းကို သယ်ဆောင်ကာ တွင်းထဲသို့ ထည့်မြှုပ်၏။

မြှုပ်လိုက်သည့် အချိန်၌ နဂါးကြီးက အလောင်းကို  ချေမွလိုက်လေသည်။ ပုံရိပ်ယောင်နတ်ဆိုး၏ ခန္ဓာကိုယ်က ချက်ချင်းပင် ကြေမွသွားပြီး မြေမှုန်များနှင့်အတူ ရောထွေးသွား၏။

ရွှီယန်က စိတ်ထဲတွင် ရေရွတ်သည်။

'မင်းက သက်ဆိုင်ရာ ခွန်အားအဆင့်တစ်ခု ရှိပြီး  ထူးဆန်းတဲ့ နတ်ဆိုးတစ်ယောက်ပဲ။ လုံးဝ ချေမွပြီးမှပဲ သေချင်ယောင် ဆောင်မနေဘူးလို့ ငါစိတ်ချလက်ချ ယုံကြည်နိုင်မယ်..'

ရထားလုံးအတွင်းတွင် သုယွီယင်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။ သူမ၏ ခေါင်းကို အခြားတစ်ဖက်သို့သာ လှည့်ထားပြီး မည်သည်ကိုမှ မမြင်သည့်နှယ် ဟန်ဆောင်နေ၏။

ပုံရိပ်ယောင်နတ်ဆိုးအား သတ်ဖြတ်ပြီးနောက် လူစုက သူတို့၏ခရီးကို ဆက်လက် ထွက်ခဲ့သည်။ ဖြစ်နိုင်တာက ပုံရိပ်ယောင်နတ်ဆိုး၏ ကျရှုံးမှုကြောင့်လား မသိပေ။

ခရီးလမ်းတွင် မည်သည့် လုပ်ကြံသတ်ဖြတ်သူမှ မကြုံရတော့ဘဲ ချောမွေ့နေ၏။

ရွှီယန်က အနည်းငယ် နောင်တရစွာ ခံစားလိုက်ရသည်။

လုပ်ကြံသတ်ဖြတ်သူများ အဘယ်ကြောင့် မလာရတော့သနည်း။ အဆင်းရဲဆုံး သိုင်းသခင်တစ်ယောက်ပင်လျှင် အနည်းဆုံးတော့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ရာဂဏာန်းအနည်းငယ်လောက် သယ်ဆောင်လာပါသည်။

နောက်ထပ် အနည်းငယ်သာ သတ်ဖြတ်နိုင်ပါက  စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို လျှင်လျှင်မြန်မြန်နှင့်  ဆက်လက် စုစည်းနိုင်မည် မဟုတ်ပါလား။

သုယွီယင်းက စိတ်သက်သာရာ ရသွားသည်။ သုံးရက်အတွင်းတွင် သူမတို့ အိမ်သို့ ပြန်ရောက်လောက်ပါသည်။

ယန်ခွမ်းမှာ ရထားလုံးအတွင်းမှ ထပ်မံထွက်လာခြင်း မပြုတော့ပါ။ သူသည် အံ့သြမှုကို ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့လောက်အောင် ရှိနေ၏။

"ဘုန်း.."

ထိုနေ့တွင် ခရီးသွားနေသည့် လူစုက ရုတ်တရက် ရပ်တန့်သွားရ၏။ အရပ်မျက်နှာ လေးခုတို့ဆီမှ ပုံရိပ်လေးခုတို့ ရောက်ရှိလာကာ အဖွဲ့ကို ဝန်းရံထားသည်။

သုယွီယင်းက ရထားလုံးအတွင်းမှ လျှောက်ထွက်လာကာ သူမ၏ မျက်နှာက အလွန်လေးနက် နေပါသည်။

သိုင်းသခင်လေးယောက်တို့ကို ကြည့်ရှု့ပြီးနောက် ခံစားချက်တို့ လေးလံလာခဲ့၏။

အကြွင်းမဲ့လေးရပ် သိုင်းသခင်...

ထို့အပြင် သူတို့သည် ပုန်းအောင်းတိုက်ခိုက်မှု၌ အလွန်ထူးချွန်ကြပါသည်။ အတူတူ ပူးပေါင်း တိုက်ခိုက်ပါက ပုံရိပ်ယောင်နတ်ဆိုး သိုင်းသခင်ထပ်ပင် များစွာ ပိုမို သန်မာ၏။

"ကျွန်မထင်တာ မမှားဘူးဆိုရင် ရှင်တို့လေးယောက်က လော့ယွင်ရွာရဲ့ အကြွင်းမဲ့လေးရပ် သိုင်းသခင်လေးပါး မလား။ ဘာလို့ သုမိသားစုရဲ့ ကိစ္စထဲမှာ ပါဝင်ရတာလဲ.."

သုယွီယင်းက အသံက နက်ရှိုင်းစွာ ထွက်ပေါ်လာ၏။

ရွှီယန်၏ မျက်ခုံးများက ကျုံ့သွားသည်။ လော့ယွင်ရွာလား။ သူသည် ဘယ်တုန်းကမှ ဤသည်ကို ကြားဖူးခြင်း မရှိပါ။ စုလင်းရှုံကလည်း မိတ်ဆက်ပေးခြင်း မရှိခဲ့ပါ။

သို့ရာတွင် သာမန်သိုင်းသခင်များ မဟုတ်သည့် သိုင်းသခင်လေးရောက်တို့အား ပိုင်းဆိုင်ထားနိုင်ရာ သူတို့၏ ခွန်အားက အားနည်းခြင်း မရှိပေ။

အကြွင်းမဲ့လေးရပ် သိုင်းသခင်တို့က ရှေ့သို့ ခြေတစ်လှမ်းချင်းစီ တက်လာခဲ့သည်။ သူတို့၏ အမြန်နှုန်းနှင့် အငွေ့အသက်တို့က ညီညာနေပြီး အရှိန်အဝါတို့ တူညီကာ အတွင်းအားချီများပင် ဆက်နွယ်နေသည့်နှယ် ရှိ၏။

အားလုံးက တိတ်ဆိတ်စွာသာ ရှိနေ၏။

သုယွီယင်းက  အသက်ကို နက်ရှိုင်းစွာ ရှူသည်။

"သခင်လေး ဂရုစိုက်ပါ... သူတို့က လော့ယွင်ရွာရဲ့  အကြွင်းမဲ့လေးရပ် သိုင်းသခင်တွေပဲ။ သူတို့ ကျင့်ကြံတာက အကြွင်းမဲ့လေးရပ် ပေါင်းစည်းခြင်း အတတ်ပဲ။ သူတို့ရဲ့ စိတ်ဝိဉာဉ်တွေက ပေါင်းစပ်နေပြီး စွမ်းအင်တွေကိုလည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းထားတယ်။ လူလေးယောက်ရဲ့ အထွက်အထိပ်စွမ်းအား ပေါက်ကွဲထွက်မှုက ကြောက်ဖို့ကောင်းလှတယ်..."

ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။

'အကြွင်းမဲ့လေးရပ် ပေါင်းစည်းခြင်း အတတ်လား။ အတွင်းဘက်နယ်မြေရဲ့ သိုင်းလောကက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ..'

'အတုအယောင် သိုင်းပညာဆိုရင်တောင် ကွဲပြားမှုတွေ အများကြီးရှိတယ်။ ဆရာက ငါ့ကို အထင်သေးတာ ဒါမှမဟုတ် သတိမဲ့တာမျိုး မဖြစ်စေဖို့ သတိပေးခဲ့တာ အံ့သြစရာမရှိဘူး။ အဲ့ဒီ့အစား  ဒီသိုင်းပညာတွေထဲက အနှစ်သာရကို လေ့လာခိုင်းတယ်...'

'လက်စသတ်တော့ ဆရာက အရာအားလုံးကို ကြိုသိနေပြီးပြီပဲ။ လောကကြီးမှာ မရေမတွက်နိုင်တဲ့ သိုင်းပညာတွေ ရှိတယ်။ ဒါ့ကြောင့်မို့လို့ သူက ငါ့ကို သိုင်းကွက်တွေကို မသင်ပေးပဲ လမ်းစဉ်ကိုပဲ သင်ပေးခဲ့တာ။ အတတ်ပညာအားလုံးကို ငါ့ဆီမှာ  ပေါင်းစည်းနိုင်တယ်။ နည်းပညာအားလုံးက လမ်းစဉ်တစ်ခုတည်းကို ပြန်ရောက်တယ်...'

သူသည် စဉ်းစားလေလေ ဆရာဖြစ်သူအား စစ်မှန်သည့် ဉာဏ်ပညာကြီးရင့်ကာ အနှိုင်းမဲ့သည့် ပုဂ္ဂိုလ်ကြီးအဖြစ် မြင်ယောင်လာလေလေ ဖြစ်လာခဲ့သည်။

"ဘုန်း.."

တစ်ယောက်က လှုပ်ရှားမှု ပြုလာခဲ့သည်။ ကြီးမားသည့် လက်သီးကြီးက ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ထွက်ပေါ်လာ၏။

အခြားသုံးယောက်တို့ကလည်း သူတို့၏ စွမ်းအင်ကို စုစည်းကာ လှုပ်ရှားမှုပြုခဲ့သည့် လူ၏ တိုက်ခိုက်မှုစွမ်းအားကို ဆက်တိုက် တိုးမြှင့်ပေး၏။

"လာလုပ်ပြနေတယ်.."

ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး လက်ဝါးချက်တစ်ခုကို ရိုက်ထုတ်လိုက်သည်။

"ဝေါင်း.."

နဂါးဟိန်းသံက ထွက်ပေါ်လာ၏။ ကြီးမားသည့် ရွှေရောင်နဂါးကြီးက အော်ဟစ်စွာ ပြေးဝင်သွားသည်။

နဂါးစွမ်းအားက ကြီးစိုးစွာ ဖြတ်သန်းသွား၏။

၎င်းက လက်သီးပုံရိပ်ကြီးကို တစ်ခါတည်း ဖျက်ဆီးကာ  တိုက်ခိုက်သည့် လူဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

"မကောင်းတော့ဘူး.."

အခြားရန်သူ ၃ယောက်တို့၏ မျက်နှာများလည်း ကြီးစွာ ပြောင်းလဲသွားကြသည်။ သူတို့သည် အကူအညီ ပေးလိုကြ၏။ သို့ပေမယ့်  နဂါးဟိန်းသံက ဦးနှောက်များအတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာကာ လူကို ဦးညွှတ်သွားရစေသည်။

နှလုံးသားများက တုန်ခါနေပြီး စွမ်းအင်လည်ပတ်မှုတို့ကို ရပ်တန့်သွားစေ၏။ ကူညီချင်ပေမယ့် နောက်ကျလွန်းနေပါပြီ။

"ဘုန်း.."

စွမ်းအားကြီးမားသည့် နဂါးနိုင်လက်ဝါးက သက်ဆင်းလာပြီး တိုက်ခိုက်လာသည့်လူကို ချက်ချင်း ရိုက်နှက်ပစ်လိုက်သည်။

"အကိုကြီး.."

ကျန်ရှိသည့် ၃ယောက်တို့သည် ဒေါသတို့ဖြင့် ပြည့်နက်နေပြီး ထိတ်လန့်သွားကြ၏။ ရွှီယန်က လှုပ်ရှားမှုကို စတင်လုပ်သည်နှင့် မည်သည့် ညှာတာမှုမှ ပြမနေပါ။

နဂါးနိုင်လက်ဝါးသိုင်းသည် အလွန်ထည်ဝါကာ အနှိုင်းမဲ့လှ၏။ နဂါး၏ မျက်လုံးများက တောက်ပသည့် အလင်းဖြင့် လင်းလက်နေပြီး ဟိန်းသံက စိတ်ဝိဉာဉ်ကို တုန်ခါစေသည်။

နဂါး၏ စွမ်းအားက ဖြတ်သန်းသွားကာ အရာအားလုံးကို ဝပ်တွားသွားစေ၏။

"ဘုန်း ဘုန်း ဘုန်း.."

တစ်ချိန်က နာမည်ကျော်ကြသည့် အကြွင်းမဲ့လေးရပ် သိုင်းသခင်များ အားလုံး ချက်ချင်း အသတ်ခံခဲ့ရသည်။

ရွှီယန်က ရှေ့သို့တက်ကာ အလောင်းများကို ရှာဖွေသည်။ သူ၏ မျက်နှာပေါ်၌ စိတ်ပျက်သည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။

လက်စသတ်တော့ ဆင်းရဲလှသည့် မသာများပင်။ သူတို့တွင် မည်သည့် စိတ်ဝိဉာဉ်လက်မှတ်ကိုမှ သယ်ဆောင်ထားခြင်း မရှိပါ။

သုယွီယင်း၏ နှုတ်ခမ်းအစုံက ပွင့်ဟနေ၏။ ခဏတာအတွင်း မည်သည်ကို ပြောရမည်မသိ ဖြစ်နေပါသည်။

လော့ယွင်ရွာမှ အကြွင်းမဲ့လေးရပ် သိုင်းသခင်တို့မှာ ယွဲ့နိုင်ငံ၏ နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

မည်မျှ များပြားလှသည့် ရန်သူများကို ရင်ဆိုင်ရစေလျှင်တောင် သူတို့လေးယောက် ဘေးချဉ်းကပ်ကာ အမြဲတမ်း ကျော်လွှားနိုင်ခဲ့၏။ သာမန် သိုင်းသခင်များအနေနှင့် လုံးဝထိပါးရဲခြင်း မရှိပေ။

ပြဿနာတစ်ခုကို သူမ ရုတ်တရက် နားလည်လာခဲ့၏။

လော့ယွင်ရွာမှ အကြွင်းမဲ့လေးရပ် သိုင်းသခင်တို့ ပါဝင်လာရာ လော့ယွင်ရွာလည်း ဒီကိစ္စတွင် ပါဝင်ပတ်သက်ရန် ဆုံးဖြတ်ချက် ချခဲ့သည်လား။

ထိုသို့ဆိုပါက အကြွင်းမဲ့လေးရပ် သိုင်းသခင်တို့ သေဆုံးပြီးနောက် လော့ယွင်ရွာ၏ ပိုင်ရှင်ကိုယ်တိုင် လှုပ်ရှားမှု မပြုနိုင်ပေဘူးလား။

ဤသည်မှာ စစ်မှန်သည့် စစ်ဘုရင်တစ်ယောက်ဖြစ်သည်။

"မြန်မြန်လေး သွားရအောင်။ ငါတို့တွေ အမြန်ဆုံး ပြန်ရမယ်.."

သုယွီယင်းက လေးနက်သည့် မျက်နှာဖြင့် ပြောသည်။ အဖွဲ့၏ အမြန်နှုန်းက ရုတ်တရက် မြင့်တက်လာပြီး သူတို့သည် ဒုံးဆိုင်း ထွက်ခွာသွား၏။

အကြွေးမဲ့လေးရပ် သိုင်းသခင်တို့ကို သတ်ဖြတ်ပြီးနောက် သုယွီယင်းမှာ စစ်ဘုရင်ကိုယ်တိုင် ရောက်လာပြီး သူမတို့ကို သတ်ဖြတ်မည်အား ကြောက်ရွံ့သွားခဲ့သည်။

ထို့ကြောင့် လမ်းတလျှောက် အမြန် ခရီးနှင်လာခဲ့၏။ 

ကြမ်းတမ်းသည့် လမ်းကြောင်းက ဒဏ်ရာအပြင်းအထန် ရနေပြီးဖြစ်သည့် ယန်ခွမ်းကို အလွန်မသက်မသာ ခံစားရစေသည်။

All Chapters