← Chapters

တစ်ဝက်တစ်ပြတ် စစ်ဘုရင်တစ်ယောက်နှင့် ပြင်းထန်သည့် တိုက်ပွဲ၊ နဂါးဟိန်းခြင်း တောင်နှင့်မြစ်

Vol. 12 Ch. 175

တစ်ဝက်တစ်ပြတ် စစ်ဘုရင်တစ်ယောက်နှင့် ပြင်းထန်သည့် တိုက်ပွဲ၊ နဂါးဟိန်းခြင်း တောင်နှင့်မြစ်

Vol. 12 Ch. 175

ကောင်းကင်မှ ကျက်သရေရှိသော လူတစ်ဦး သက်ဆင်းလာပြီး သူ၏ အရှိန်အဝါက ငရဲလှောင်ချိုင့် တစ်ခုကဲ့သို့ နက်ရှိုင်းလှည်။ ကောင်းကင်၏ စွမ်းအားတို့ ရစ်ပတ်နေသည့်နှယ် ရှိ၏။

ခြေထောက်များက မြေပြင်နှင့် သုံးပေအကွာတွင် ရပ်တန့်သွားပြီး မြေကြီးနှင့် လုံးဝ ထိတွေ့ခြင်း မရှိပေ။ လက်ထဲရှိ ခေါက်ယပ်တောင်ကို ညင်သာစွာ ခပ်၏။

ကြည့်ရသည်မှာ ယဉ်ကျေးတင့်တယ်ကာ ရည်မွန်ဟန်ရှိသည်။ သုယွီယင်းတို့ လူတစ်စုကို အံ့ဩသွားစေ၏။

‘စစ်ဘုရင် တစ်ယောက်လား’

ရွှီယန်၏ မျက်နှာပင်လျှင် ပြောင်းလဲသွားပြီး သူ၏ပုံစံက လေးနက်လာခဲ့သည်။

“စစ်ဘုရင် တစ်ယောက်လား.. နေပါဦး.. မဟုတ်သေးဘူး.. တစ်ခုခု လိုနေသလိုပဲ.. သူက အရမ်းများ အားနည်းနေလို့များလား။ အမှိုက် စစ်ဘုရင်လား”

ခရမ်းရောင် ဝတ်စုံနှင့် လူလတ်ပိုင်း လူကြီးသည် စစ်ဘုရင်တစ်ယောက်ကဲ့သို့ အငွေ့အသက်တို့ကို ပိုင်ဆိုင်ထား၏။ သို့ပေမယ့် အခြား စစ်ဘုရင်တစ်ယောက်အား ဓါးဖြင့် ခုခံဖူးသည့် ရွှီယန်အတွက် တစ်ဖက်လူ၏ တစ်ခုခု မှားယွင်းနေကြောင်းကို လျှင်မြန်စွာ သတိပြုမိလာစေခဲ့သည်။

“ဒီကောင်းကင် အငွေ့အသက်က ပုံမှန် စစ်ဘုရင်တစ်ယောက်ထက် အများကြီး အားနည်းတယ်။ အနှိုင်းမဲ့တယ်လို့ မခံစားရစေဘူး။ ဒါပေမယ့် သူ့ကို အနိုင်ယူဖို့ကလည်း မလွယ်ကူဘူး”

“ဖြစ်နိုင်တာက အမှိုက် စစ်ဘုရင်များလား.. လောကမှာ ဒီလောက် အားနည်းတဲ့ စစ်ဘုရင်မျိုးလည်း ရှိသေးတာလား”

ရွှီယန်မှာ လေးနက်လာခဲ့ရင်းနှင့် နားမလည်နိုင်လည်း

ဖြစ်နေပါသည်။ ဖြစ်နိုင်သည်မှာ စစ်ဘုရင်များ အကြားတွင် ယခုကဲ့သို့ အားနည်းသူများ ရှိနေသည်လား။

“အားအနည်းဆုံး စစ်ဘုရင်တစ်ယောက် တောင်မှ သိုင်းသခင်တစ်ယောက်ထက် ဆယ်ဆ ပိုပြီး ခွန်အားကြီးတယ်မလား။ ဒီတစ်ယေက်ကတော့ ငါးဆ၊ ခြောက်ဆလောက်ပဲ ခွန်အားပိုကြီးတယ်။ ဆယ်ဆဆိုတဲ့ စံချိန်ထက် အများကြီး ပိုနည်းတယ်”

“အားအနည်းဆုံး သိုင်းသခင်တစ်ယောက်နဲ့.. ဥပမာ ယန်ခွမ်းလိုမျိုး လူတစ်ယောက်နဲ့ တွက်ရင်တောင် ဆယ်ဆက ရောက်ကို မ‌ရောက်တာ”

ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ ရန်သူက ပြိုင်ဘက်ကင်းမနေပါ။

သို့ရာတွင် သူ့အနေနှင့် ပဟေဋိဖြစ်နေမိ၏။ ဒီစစ်ဘုရင်သည် အဘယ်ကြောင့် အလွန် အမှိုက်ဆန်နေရသနည်း။

သုယွီယင်းက မြင်းရထား အတွင်းမှ ထွက်လာ၏။

ခရမ်းရောင်ဝတ်စုံနှင့် လူကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ နောက်ဆုံးတွင် ပြော၏။

“ချန်းလန်ကျွန်းရဲ့ သခင် ယင်ဟုန်လား”

“အမှန်ပဲ”

ယင်ဟုန်က အသာပြုံးသည်။

“မိန်းကလေးသုက ကျွန်တော့ကို သိကတည်းက.. နာနာခံခံနဲ့ လိုက်ခဲ့တာ ကောင်းမယ် ဆိုတာကို သိလောက်မှာပေါ့”

ယန်ခွမ်းလည်း ရထားလုံးအတွင်းမှ ထွက်လာခဲ့၏။ သူ၏ မျက်နှာက ဖြူရော်ကာ ဒဏ်ရာများက ကောင်းမွန်ခြင်း မရှိပေ။ ဒီအခြေအနေတွင် သူ့အနေနှင့် ပထမအဆင့် သိုင်းသမားတစ်ယောက်ကိုသာ ရင်ဆိုင်နိုင်လောက်သည်။

ယင်ဟုန်သာ တိုက်ခိုက်ပါက တစ်ချက်တည်းနှင့် အလွယ်တကူ သေဆုံးရမှာပါ။

“သခင်ယင်ဟုန်.. သုမိသားစုရဲ့ ကိစ္စမှာ ရှင်ဝင်ပါမလို့လား။ ဒီအခြေအနေသာ ဖြေရှင်းပြီးရင် သုမိသားစုရဲ့ စစ်ဘုရင်က သေချာပေါက် ရှင်းပြချက်တစ်ခု လာတောင်းမှာနော်”

ယန်ခွမ်းက လေးနက်စွာ ပြောသည်။

“ငါယင်.. လှုပ်ရှားဖို့ ဆုံးဖြတ်ပြီးကတည်းက.. သုမိသားစုရဲ့ စစ်ဘုရင်ကို မကြောက်ဘူးလို့ ဆိုလိုတာပဲပေါ့။ ပြီးတော့ မိန်းကလေးသုကို ငါက အခြားလူတစ်ယောက်အစား ခေါ်သွားမှာ။ မကိုင်တွယ်နိုင်တဲ့ ကိစ္စမျိုးကို မလုပ်ပါဘူး”

“မဟုတ်ရင် ဒီနေရာကို ခြေချပြီး သုမိသားစုရဲ့ သခင်မလေးသုကို ခေါ်သွားရဲပါ့မလား”

ယင်ဟုန်က အသာပြုံးကာ ပြောသည်။

“သခင်ယင်… ခင်ဗျားသေသေချာချာ စဉ်းစားသင့်တယ်။ ခင်ဗျားက တစ်ဝက်တစ်ပြတ် စစ်ဘုရင်လေး တစ်ယောက်ပဲ။ နောက်ဆုံးမှာ စစ်ဘုရင်အဆင့်ကို ချိုးဖျက်သွားရင်တောင် သုမိသားစု သခင်ရဲ့ ဒေါသကို ခံနိုင်ရည်ရှိမှာလား ဆိုတာကို တွေးကြည့်လိုက်”

ယန်ခွမ်းက ဒေါသထွက်စွာ စူးစိုက်ကြည့်၏။

တစ်ဖက်လူသည် သုမိသားစု၏ ပိုင်နက်အတွင်းသို့ ခြေချကာ သခင်မလေးသုကို ပြန်ပေးဆွဲချင်နေ၏။ သခင်ကြီး၏ စိတ်နှင့် ကြားလူတစ်ယောက်ယောက် ဝင်ပါလာလျှင်တောင် ဒိကိစ္စကို ဒီအတိုင်းထားမည် မဟုတ်ပေ။

ယင်ဟုန်၏ မျက်နှာက မဲမှောင်သွားပြီး အေးစက်စွာ ပြောသည်။

“မင်းလို တတိယတန်းစား သိုင်းသခင်လေး တစ်ယောက်က ငါ့ကို လာပြီး ဆိုဆုံးမဖို့ ဘယ်က အဆင့်ရှိလို့လဲ။ သေချင်နေတာလား”

“မင်း”

ယန်ခွမ်း၏ မျက်နှာက ဒေါသဖြင့် ဖြူရော်သွား၏။ သာမန် သိုင်းသခင်တစ်ယောက်သာ ယခုကဲ့သို့ သူ့ကို စော်ကားပါက အဆင့်ခုနစ် စိတ်ဝိညာဉ်ဆေးပင် တစ်ပင်အား ပေးကာ ဒေါသဖြေရန် ရွှီယန်ကို သတ်ဖြတ်ခိုင်းလိုက်မှာပါ။

သို့ပေမယ့် ဒီတစ်ကြိမ်မှာ တစ်ဝက်တစ်ပြတ် စစ်ဘုရင်တစ်ယောက် ဖြစ်၏။ စစ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။ ဘာပဲဖြစ်ဖြစ် ရွှီယန်မှာ သိုင်းသခင်လေး တစ်ယောက်သာ ဖြစ်၏။

သူ့အနေနှင့် မည်မျှ သန်မာနေစေကာမူ တစ်ဖက်ရန်သူကို ကိုင်တွယ်နိုင်မည် မဟုတ်ပါ။

ယင်ဟုန်၏ အငွေ့အသက်တို့က ပိုမိုကာ ကြီးထွားလာပြီး ပိုမိုကာ လှိုင်းထန်လာခဲ့သည်။ သူက အေးစက်သည့် အသံဖြင့် ပြော၏။

“မိန်းကလေးသု.. ငါသတ်ဖြတ်ဖို့ စိတ်ကူးမထားဘူး။ နာနာခံခံနဲ့ လိုက်ခဲ့ပါ။ မဟုတ်ရင်တော့.. နင်ငှားထားတဲ့ စောင့်ရှောက်သူအပါအဝင် အားလုံး ဒီနေရာမှာ သေရမယ်”

သုယွီယင်း၏ နှလုံးသားက လေးလံသွာားသည်။ အသက်ကို နက်ရှိုင်းစွာ ရှူပြီး ပြော၏။

“ကောင်းပါပြီ။ ကျွန်မ ရှင်နဲ့ လိုက်ခဲ့လို့ရတယ်”

“သခင်မလေး”

ချွေအာ၏ မျက်နှာမှ မျက်ရည်များ စီးကျလာ၏။

“ချွေအာ.. စိတ်ဝိညာဉ်ဆေးပင်တွေကို ဒီက သခင်လေးကို အကြွေးဆပ်ဖို့ မမေ့နဲ့”

သုယွီယင်းက ညွှန်ကြားသည်။

“ဟုတ်ကဲ့ပါ သခင်မလေး”

ချွေအာက မျက်ရည်များဖြင့် ခေါင်းညှိတ်သည်။

“အခြေအနေကို နားလည်ပြီး အေးအေးချမ်းချမ်း နာခံတာက အကောင်းဆုံးပဲ”

ယင်ဟုန်က အသာရယ်၏။

သူက သုယွီယင်းကို ခေါ်ဆောင်သွားတော့မည့် အချိန်၌ သူ၏နားထဲသို့ အသံတစ်ခု ဝင်ရောက်လာခဲ့သည်။ အစော်ကား ခံလိုက်ရသကဲ့သို့ ခံစားရ၏။

“လန့်သွားတာပဲ.. ငါက စစ်ဘုရင်တစ်ယောက်လို့ ထင်နေတာ။ ဒါပေမယ့် လက်စသတ်တော့ တစ်ဝက်တစ်ပြတ် စစ်ဘုရင်လေးတစ်ယောက် ဖြစ်နေတာကို။ တကယ့်ကို တစ်ဝက်မီးဖုတ်ကောင်ပဲ”

ရွှီယန်၏ မျက်နှာပေါ်၌ နားလည်သဘောပေါက်သွားသည့် အကြည့်တစ်ခု ပေါ်လာ၏။

သူက ဒီစစ်ဘုရင်ကို အဘယ်ကြောင့် အလွန် အားနည်းနေရသနည်းဟု စဉ်းစားနေတာပါ။ သူသိသည့် စစ်ဘုရင်များနှင့် နှိုင်းယှဉ်ပါက ခြားနားချက်က အလွန် ကြီးမားနေ၏။

လက်ဆသတ်တော့ တစ်ဖက်လူသည် တစ်ဝက်မီးဖုတ်သာ ဖြစ်နေ၏။ သူ့တွင် စစ်ဘုရင်တစ်ယောက်၏ စွမ်းအားတစ်စိတ်တစ်ပိုင်း ရှိနေပေမယ့် စစ်မှန်သည့် စစ်ဘုရင်တစ်ယောက် မဟုတ်ပါ။

ထိုသို့ဆိုပါက ကြောက်စရာမရှိပေ။

အတွင်းဘက်နယ်မြေသို့ စတင် ရောက်ရှိခဲ့စဉ် ကတည်းက သူသည် သိုင်းသခင်များကို တစ်ယောက်ပြီးတစ်ယောက် ရင်ဆိုင်ခဲ့၏။ အားလုံးတို့မှာ လက်ဝါးချက်တစ်ချက်ဖြင့် သေဆုံးခဲ့ကြသည်။ မည်သူမှ သူ၏ စစ်မှန်သည့် စွမ်းအားကို ထုတ်ဖော်ရစေရန် ဖိအားပေးနိုင်ခြင်း မရှိခဲ့ပေ။

ဒီယင်ဟုန်မှာ ထိုက်တန်သည့် ပြိုင်ဘက်တစ်ယောက် ဖြစ်၏။

‘ငါအခု နဂါးဟိန်းသံရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို နားလည်ပြီးပြီ။ ဒါပေမယ့် တောင်နဲ့မြစ် ဓါးဆန္ဒကတော့ ပြည့်ပြည့်စုံစုံ မဖွံ့ဖြိုးရသေးဘူး။ တောင်နဲ့မြစ်တွေက ဘယ်တော့မှ တိတ်ဆိတ်နေလို့ မရဘူး။ ငါ့မှာ မြှင့်တင်ဖို့အတွက် လားရာတစ်ခုလည်း ရှိနေပြီးပြီ’

‘အခုအချိန်မှာ လိုအပ်နေတာက ငါ့ရဲ့ ဓါးဆန္ဒကို ခံနိုင်မယ့် ထိုက်တန်တဲ့ ရန်သူတစ်ယောက်ပဲ။ ငါသာ စစ်မှန်တဲ့ တိုက်ပွဲတစ်ခုကို တိုက်ခိုက်နိုင်ခဲ့ရင် သေချာပေါက် အဲ့ဒါကို ပြည့်စုံလာစေမှာ။ အဲ့ဒီအပြင် ဓါးဆန္ဒအပေါ် မှီခိုပြီး ဓါးပညာတစ်ခုကို နားလည်လာနိုင်တယ်'

ရွှီယန်က စိတ်လှုပ်ရှားလာခဲ့၏။

ယင်ဟုန်၏  တင့်တယ်သည့် မျက်နှာက ရုတ်တရက် အေးခဲလာခဲ့သည်။ တစ်ဖက်လူသည် မည်သည်ကို ဆိုလိုသနည်း။ စစ်ဘုရင်အဆင့်သို့ တစ်ခါတည်း ချိုးဖျက်နိုင်ခြင်း မရှိသည့် လူတစ်ယောက်ဖြစ်သည်နှင့် တစ်ဝက်မီးဖုတ် ဖြစ်ရောလား။

ဤသည်က သူ့ကို အမှိုက်ဖြစ်သည်ဟု တိုက်ရိုက် စော်ကားပြောဆိုနေခြင်း မဟုတ်ပါလား။

တစ်ဝက်တစ်ပြတ် စစ်ဘုရင်အဆင့်တွင် ရပ်တန့်နေခြင်းမှာ သူ၏ နှလုံးသားထဲတွင် နောင်တတစ်ခုအဖြစ် အမြဲတမ်း အမြစ်တွယ်နေခဲ့၏။ ယခုအချိန်၌ မျက်နှာချင်းဆိုင်ကာ အလှောင်ခံရရာ ဘယ်လိုလုပ်ပြီး ဒေါသမထွက်ပဲ နေမည်လဲ။

ခဏတာအတွင်း လေထုက လူသတ်ငွေ့တို့ဖြင့် အေးစိမ့်လာခဲ့သည်။

“ကောင်လေး.. မင်းက သေချင်နေတာပဲ”

ယင်ဟုန်က လက်ထဲရှိ ခေါက်ယပ်တောင်ကို ဖွင့်လိုက်သည်။ ကြီးမားသည့် ဖိအားတစ်ခု သက်ဆင်းလာခဲ့၏။ သူ၏ခန္ဓာကိုယ်ကို ဗဟိုပြုကာ အံ့ဩစရာ ကောင်းလှသည့် စွမ်းအားလှိုင်းတို့ အထပ်လိုက် မြင့်တက်လာခဲ့သည်။

လှိုင်းများနှင့်အတူ မိုးချိန်းသကဲ့သို့ မြည်ဟည်းသံများပင် သယ်ဆောင်လာ၏။

သုယွီယင်း၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွားသည်။

ရွှီယန်မှာ တိုက်ခိုက်မှုပြုရန်အတွက် စိတ်အားထက်သန်စွာ ရှိနေ၏။ သို့ပေမယ့် ဤသည်မှာ သုယွီယင်း၏ ရန်သူဖြစ်သည်ကို သူ့အနေနှင့် မေ့သွားခြင်း မရှိပါ။ အလကား တိုက်ခိုက်မှု ပြုပေးမည်မဟုတ်ပေ။

“သခင်မလေးသု.. ဒီတစ်ကြိမ် ကျွန်တော် ကူညီပေးပြီးရင် အဆင့်ခုနစ် စိတ်ဝိညာဉ်ဆေးပင် တစ်ခုက မလုံလောက်တော့ဘူးနော်။ ဒီတစ်ဝက်မီးဖုတ်ကောင်က ခွန်အား တော်တော်လေး ကြီးတယ်။ သာမန် သိုင်းသခင်တစ်ယောက်ထက် အများကြီးကို စွမ်းအားပိုကြီးတာ”

ရွှီယန်က လေးနက်သည့် မျက်နှာဖြင့် ပြောသည်။

သုယွီယွင်းက ဝမ်းသာသွား၏။ ရွှီယန်က တိုက်ခိုက်မှု ပြုလိုကတည်းက ဆိုလိုသည်မှာ သူသည် တစ်ဝက်တစ်ပြတ် သိုင်းသခင်ကို ရင်ဆိုင်နိုင်သည်ဟု ဖြစ်သည်။

All Chapters