← Chapters

ရွီယန် “ငါကရှဲ့လင်ဖုန်း” (၃)

Vol. 12 Ch. 179

ရွီယန် “ငါကရှဲ့လင်ဖုန်း” (၃)

Vol. 12 Ch. 179

“ယွီယင်း နားလည်ပါတယ်”

သုယွီယင်းက သူ့ကို စိုက်ကြည့်နေ၏။

ရွှီယန်က မှင်သက်သွားသည်။ နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။

‘ဒီမိန်းမ တစ်ခုခုကိုများ နားလည်မှု လွဲနေတာလား.. ထားလိုက်ပါတော့.. သူမကြောင့်နဲ့တော့ ခေါင်းစားခံမနေတော့ဘူး.. အစ်ကိုရှဲ့ကို လက်ဆောင်ကောင်းကောင်း ပေးနိုင်ရင် အဆင်ပြေပြီ’

သူရွှီယန်မှာ သိတတ်သူတစ်ယောက် ဖြစ်သည်။ အစ်ကိုရှဲ့က အလွန် သဘောကောင်းကာ အတွင်းဘက်နယ်မြေသို့ ရောက်ရှိပြီးပါက မည်သည့်ကိစ္စတို့ ကြုံတွေ့ရစေကာမူ သူ၏နာမည်ကို အသုံးပြုနိုင်သည်ဟု ကတိပေးခဲ့မှုကြောင့် သူ့အနေနှင့် ထိုနာမည်ကို အသုံးပြုပြီး တစ်ဖက်လူကို ကူညီနိုင်ခဲ့ရာ ဒီရက်ရောလှသည်ဟူသည့် ကျေးဇူးတင်ခြင်း လက်ဆောင်ကို သူ့အနေနှင့် လက်ခံလို့မရပေ။

'လက်ဆောင်ရပြီးရင် ငါအတွင်းဘက်နယ်မြေကို ရောက်နေပြီလို့ အစ်ကိုရှဲ့လည်း သိသွားလောက်တယ်’

ရွှီယန်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

သုယွီယင်းက ခရီးဆက်ရင်းမှ မြင်းရထားအတွင်းမှ ခေါင်းပြူကာ လှမ်းမေးသည်။

“သခင်လေးရှဲ့.. ကျွန်မတို့နဲ့အတူ အတွင်းမှာ လာထိုင်ပါလား”

သူမ၏ အချိုးကျလှပသည့် ခန္ဓာကိုယ်၊ နူးညံ့မှုတစ်ခုနှင့် ညင်သာသည့် အကြည့်များကို ကြည့်ကာ ရွှီယန်တစ်ယောက် ရုတ်တရက် ကျောချမ်းသွားသည်။ အမြန် ခေါင်းယမ်း၏။

“ရတယ်.. ရထားလုံးက သေးလွန်းတယ်။ အဆင်ပြေမှာ မဟုတ်ဘူး”

ထိုအချိန်၌ သူက သတိဝင်လာခဲ့၏။ လူက တောင့်တင်းသွားသည်။

“မကောင်းတော့ဘူး.. ငါ့ရဲ့ အတွေးတွေက အနည်းငယ် ရှုပ်ထွေးနေတာပဲ။ အပြင်ကိစ္စတွေရဲ့ နှောင့်ယှက်မှုကို ခံရတော့မလို့။ ဒါက ဓါးတာအိုမှာ အဆင့်တက်တာ မြန်လွန်းလို့ စိတ်ပိုင်းဆိုင်ရာက လိုက်မမှီတာ ဖြစ်မယ်”

“နေရာတစ်ခုရှာပြီး ငါ့စိတ်ကို လေ့ကျင့်ရမယ်”

ထိုပုံကို တွေ့ရပြီးနောက် သုယွီယင်းလည်း ရွေးချယ်စရာ မရှိပဲ လက်လျှော့လိုက်ရသည်။

အဖွဲ့က မြို့ကြီးတစ်ခုသို့ ရောက်ရှိလာ၏။ ထိုအချိန်၌ အကူအညီ လာပေးရန် မြို့မှ ထွက်လာနေသည့် သိုင်းသခင်နှင့် တွေ့ဆုံ၏။ သုယွီယင်း၏ ပြန်လာမှုကို တွေ့ရပြီးနောက် စိတ်သက်သာရာ ရသွားသည်။

“ဒီမြို့က ထယ်ရှန်းမြို့ထက် အများကြီး ပိုသာတယ်”

မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ရွှီယန်မှာ စိတ်ခံစားချက်တို့ဖြင့် ပြည့်နှက်နေ၏။ ထို့နောက် စိတ်လှုပ်ရှားလာခဲ့သည်။

လမ်းတစ်လျှောက်တွင် သူသည် မဆိုးလှသည့် စိတ်ဝိညာဉ်ပုံဆောင်ခဲ ပမာဏကို ရရှိထားခဲ့၏။ အဆင့်ခုနစ် စိတ်ဝိညာဉ်ဆေးပင် များလည်း အကြွေးရရန် ရှိသည်။

လူစုသည် မြို့ထဲရှိ ထန်းပေါင်စံအိမ်သို့ ရောက်ရှိလာ၏။

သုယွီယင်းက ရထားလုံးအတွင်းမှ ဆင်းလိုက်သည်နှင့် ထန်းပေါင်စံအမ်၏ စီမံသူက ထွက်လာနှုတ်ဆက်သည်။

“သခင်မလေးသု.. ကြိဆိုပါတယ်”

“ချွေအာ”

သုယွီယင်းက ချွေအာကို ခေါ်လိုက်၏။

“ဟုတ်ကဲ့ပါ သခင်မလေး”

ချွေအာက ရှေ့သို့တက်ကာ ထန်းပေါင်စံအိမ်၏ စီမံသူအား စာရင်းတစ်ခုကို ပေးလိုက်သည်။

“ဒီစိတ်ဝိညာဉ်ဆေးပင်တွေ ရှင်တို့ဆီမှာ ရှိတယ်မလား။ ပြီးတော့ ပုံဆောင်ခဲ ၁၀၀၀၀အတွက် စိတ်ဝိညာဉ်ပုံဆောင်ခဲ လက်မှတ်တစ်ခုကို လုပ်လိုက်”

ချွေအာက ပြောသည်။

ထန်းပေါင်စံအိမ်၏ မန်နေဂျာက စာရင်းကို ကြည့်၏။ ထို့နောက် သုယွီယင်းကို အံ့ဩစွာ ကြည့်သည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် မေး၏။

“သခင်မလေးသု.. ဒီအဆင့်ခုနစ် စိတ်ဝိညာဉ် ဆေးပင်တွေက တော်တော်လေး ဈေးကြီးတယ်။ နင်ဝယ်မှာ သေချာရဲ့လား”

“မန်နေဂျာ.. ရှင်စိတ်မပူပါနဲ့။ ကျွန်မ သုယွီယင်းက မှာရဲရင် ဝယ်နိုင်လို့ပဲ”

သုယွီယင်းက ပြတ်သားစွာ ပြော၏။ စိတ်အခြေအနေ တက်ကြွစွာ ရှိနေပါသည်။

“ကောင်းပါပြီ။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါ”

မန်နေဂျာက ထွက်သွားတော့မည့် အချိန်၌ ရွှီယန်က ဝင်ရောက်မေး၏။

“မန်နေဂျာ.. မင်းတို့ဒီမှာ သိုလှောင်အိတ်တစ်ခု ရှိလား”

သူအလိုချင်ဆုံး ပစ္စည်းမှာ သိုလှောင်အိတ်ဖြစ်သည်။

မန်နေဂျာက ရွှီယန်ကို အံ့ဩစွာ ကြည့်သည်။

ရောက်လာသည်နှင့် သိုလှောင်အိတ်တစ်ခုကို အလွယ်တကူ မေးလာခဲ့သည့် ဒီလူငယ်သည် မည်သူ ဖြစ်သနည်း။

သုမိသားစုအတွက် ပင်လျှင် တတ်နိုင်စေကာမူ ဝယ်ယူမည်ဆိုပါက သေချာပေါက် အရင်းအမြစ်များစွာအား အသုံးပြုရမှာပါ။

“ကျွန်တော်တို့ ထန်းပေါင်စံအိမ် အခွဲမှာတော့ သိုလှောင်အိတ်တွေ မရှိပါဘူး။ သခင်လေးအနေနဲ့ ဝယ်ချင်တယ်ဆိုရင် စံအိမ်ခေါင်းဆောင်က လှမ်းမှာပေးလို့ ရပါတယ်”

မန်နေဂျာက ရှင်းပြသည်။

ရွှီယန်က စိတ်ပျက်သွား၏။ သူ့အနေနှင့် ဝယ်ယူရန် တတ်နိုင်ခြင်း မရှိပါ။ သို့ပေမယ့် တစ်ခါလောက် ကြည့်ရပါကလည်း မဆိုးလှပေ။ သို့ရာတွင် ကြည့်ခွင့်ရရန်မှာပင် အလွန် ခက်ခဲသည့်ပုံ ရှိသည်။

သူသည် ဒီနေရာတွင် အကြာကြီးနေမည် မဟုတ်ပါ။ ဆုကြေးကို ရရှိပြီးသည်နှင့် ထွက်ခွာမှာ ဖြစ်၏။ ထို့ကြောင့် ခေါင်းကိုယမ်းကာသာ ပြောသည်။

“ထားလိုက်ပါတော့.. မရှိလဲ”

သုယွီယင်းက သူ့ကို တိတ်ဆိတ်စွာ ကြည့်သည်။ နှလုံးသားထဲတွင် စဉ်းစား၏။

“သခင်လေးရှဲ့က သိုလှောင်အိတ်ကို အရမ်းနှစ်သက်တဲ့ ပုံပဲ။ အင်း.. ဘယ်သူက အဲ့လိုရတနာမျိုးကို မကြိုက်ပဲ နေမှာလဲ”

“အထူးသဖြင့် သခင်လေးရှဲ့လို လောကရဲ့ အနှိုင်းမဲ့ ပါရမီရှင် တစ်ယောက်ဆို ပိုတောင် ပိုင်ဆိုင်ထားသင့်တယ်”

“ကျန်းကျွင်းရာမှာ သိုလှောင်အိတ် ရှိပေမယ့် အဲ့ဒါက စစ်ဘုရင်တွေရဲ့ လက်ထဲမှာပဲ။ ဂိုဏ်းအပိုင်တွေကလည်း လဲလှယ်ယူပြီးသွားကြပြီ။ နောက်ပြီး ကျန်းကျွင်းယာရဲ့ စည်းမျဉ်းအရဆို သိုလှောင်အိတ်ကို လိုချင်ရင် ကိုယ့်ဘာသာ ရှာယူဖို့ လိုအပ်တယ်”

“ငါသာ သခင်လေးရှဲ့အတွက် သိုလှောင်အိတ်တစ်ခုကို ရှာနိုင်ခဲ့ရင်…”

သုယွီယင်းက ထိုကဲ့သို့ စဉ်းစားပြီးနောက် နက်ရှိုင်းစွာ သက်ပြင်းချသည်။ သိုလှောင်အိတ်တစ်ခုကို ဝယ်ယူရန်မှာ အလွန် ခက်ခဲလွန်းလှ၏။

All Chapters