အတွင်းဘက်နယ်မြေရဲ့ နေရာတိုင်းမှာ သိုင်းသခင်တွေ ရှိနေတာလား
Vol. 12 Ch. 180
ထန်းပေါင်စံအိမ်၏ မန်နေဂျာက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀တန်သည့် စိတ်ဝိဉာဉ်လက်မှတ် တစ်ခုနှင့် စိတ်ဝိဉာဉ်ဆေးပင် အိတ်တစ်အိတ်တို့ကို ယူဆောင်လာခဲ့သည်။
အိတ်ထဲတွင် ပြီးပြည့်စုံစွာ ချိတ်ပိတ်ထားသည့် အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်၂၅ခုတို့ ပါရှိ၏။
ရွှီယန်က စိတ်ဝိဉာဉ်လက်မှတ်နှင့် စိတ်ဝိဉာဉ်ဆေးပင်အိတ်ကို ပျော်ရွှင်စွာ လက်ခံပြီးနောက် လက်ထဲတွင်ကိုင်ကာ အနည်းငယ် ပြဿနာများစွာ ခံစားလိုက်ရသည်။
'ငါအခုပဲ စွန့်ပစ်ဒေသကို ပြန်သင့်လား... ဒါပေမယ့် ထွက်လာတာ ကြာတောင် မကြာသေးဘူး။ ဒီစိတ်ဝိဉာဉ်အိတ်ကြီးကို အမြဲတမ်း သယ်သွားဖို့ကလည်း မသင့်တော်ဘူး..'
ထန်းပေါင်စံအိမ်၏ မန်နေဂျာက သူ၏ အခက်အခဲကို သတိထားမိလိုက်သည်။ ချက်ချင်းပင် ပြော၏။
"သခင်လေးအနေနဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကို ယာယီသိုလှောင်ချင်တယ်ဆိုရင် ကျွန်တော် ၃လကြာ အလကား သိုလှောင်ခွင့်ကို ခွင့်ပြုပေးပါမယ်။ ၃လထက် ပိုရင်တော့ တစ်လကို စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀အဖြစ် သိုလှောင်မှုစရိတ်အတွက် ပေးဆောင်ရပါမယ်.."
ထိုစကားကို ကြားရပြီးနောက် ရွှီယန်က စိတ်ဝင်စားစွာဖြင့် မေးသည်။
"ဘယ်ထန်းပေါင်စံအိမ်မှာပဲ ဖြစ်ဖြစ် သိုလှောင်လို့ရလား.."
"ရပါတယ်။ ကျွန်တော်တို့ ထန်းပေါင်စံအိမ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက အကိုင်းအခွဲအားလုံး အတွက် ဖြစ်တယ်။ နေရာတိုင်းမှာ အသုံးပြုလို့ ရတယ်။ ဒါပေမယ့် အလကားသိုလှောင်ခွင့်ကတော့ ၃လပဲ ရပါမယ်။ အဲ့ဒီ့ထက်ကျော်ရင်တော့ ဝန်ဆောင်ခပေးဖို့ လိုအပ်ပါတယ်.."
မန်နေဂျာက အပြုံးတစ်ခုဖြင့် ဖြေကြား၏။
"ကိစ္စမရှိဘူး... ကျွန်တော့်ကို သိုလှောင်ခွင့် လုပ်ပေး.."
ရွှီယန်က ခေါင်းငြိမ့်သည်။
သိုလှောင်စရိတ် တစ်လလျှင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ၁၀၀မှာ ချင်းယွမ် အသီးတစ်ခုဖြင့် ညီမျှ၏။
ဒီထန်းပေါင်စံအိမ်က အမှန်တကယ်ကို ရက်စက်လွန်းလှသည်။
ထန်းပေါင်စံအိမ်၏ ပစ္စည်းသိုလှောင်ခြင်း ဝန်ဆောင်မှုကို အသုံးပြုရန် တတ်နိုင်သည်မှာ သာမာန်သိုင်းသမားများ မဖြစ်နိုင်ပါ။
ရွှီယန်က တိတ်တဆိတ် စဉ်းစား၏။
"မန်နေဂျာ... တစ်နှစ် သိုလှောင်ခွင့်ကို တစ်ခါတည်း သတ်မှတ်လိုက်ပါ။ ကုန်ကျစရိတ်ကို ကျွန်မပေးမယ်.."
သုယွီယင်းက ပြောသည်။
"ကျေးဇူးတင်ပါတယ်.."
ရွှီယန်က ဝမ်းသာသွား၏။ ဒီမိန်းကလေးသည် အမှန်တကယ်ကို ရက်ရောပြီး ပွင့်လင်းလှသည်။ သူမကို လမ်းတလျှောက် ကာကွယ်စောင့်ရှောက်ခဲ့တာ အလကားမဖြစ်ပေ။
သုယွီယင်းက ဆွဲဆောင်မှုရှိစွာ ပြုံးရင်းက ပြောသည်။
"ရှင်ပျော်ဖို့ပဲ အရေးကြီးတာပါ.."
မန်နေဂျာက ရွှီယန်ကို အံ့သြမှုအချို့ဖြင့် ကြည့်၏။ ကြည့်ရတာ သုမိသားစု၏ သခင်မလေးက ဒီလူငယ်ကို သဘောကျနေသည့်ပုံ ရှိသည်။
သူက တစ်နှစ်စာ သိုလှောင်ခွင့်ကို ဘောင်ချာလုပ်ပြီးနောက် ရွှီယန်ကိုပေးသည်။ ရွှီယန်က ပျော်ရွှင်စွာဖြင့် လက်ခံပြီး ထွက်ခွာသွားတော့မှာပါ။
သူသည် စိတ်ဝိဉာဉ်ဆေးပင်ကို ဒီဆိုင်တွင် သိုလှောင်ရန် စိတ်ကူးထားခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ သုယွီယင်း၏ ပိုင်နက်ဖြစ်ပြီး စွန့်ပစ်ဒေသနှင့် အလွန်ဝေးကွာလှပါသည်။
"ဒါနဲ့ မန်နေဂျာ... စိတ်ဝိဉာဉ်ဆေးပင်တွေ ပျောက်သွားမှာတော့ မဟုတ်ပါဘူးနော်.."
ထန်းပေါင်စံအိမ်၏ မန်နေဂျာမျက်နှာက မဲမှောင်သွားသည်။
ဒီကောင်လေးက ထန်းပေါင်စံအိမ်၏ ဂုဏ်သတင်းကို မေးခွန်းထုတ်နေသည်လား။ အတွင်းဘက်နယ်မြေတွင် သူတို့၏ ဂုဏ်သိက္ခာကို လူတိုင်း သိကြပါသည်။
"သခင်လေး စိတ်ချထားပါ... စိတ်ဝိဉာဉ်ဆေးပင်သာ ပျောက်ဆုံးရင် ထန်းပေါင်စံအိမ်က သိုလှောင်ထားတဲ့ ပမာဏ၃ဆကို ပြန်ပြီး လျော်ကြေးပေးမှာပါ။ ထိခိုက်မှုရှိသွားရင် မူလ ပမာဏအတိုင်း လျော်ကြေးပေးမှာပါ.."
"ဒါဆိုရင် စိတ်ချရပါပြီ.."
ရွှီယန်က အခုမှ စိတ်သက်သာရာ ရသွား၏။
'ငါသိုလှောင်ထားတဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေသာ ပျောက်သွားရင်ကောင်းမယ်။ လျော်ကြေး၃ဆရမှာ..'
ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်ရင်းက ထွက်ခွာသွား၏။
သုယွီယင်းက သူ၏နောက်ကျောကို ကြည့်ရင်းမှ သူမ၏မျက်လုံးများထဲတွင် အပြုံးတစ်ခု လက်သွားခဲ့သည်။
"သခင်ကြီးကို.. ငါပြန်လာပြီ.. ထန်းပေါင်စံအိမ်မှာ ရှိနေတယ်လို့ ပြောလိုက်။ ငါ့ကို လူလွှတ်ပြီးတော့ လာကြိုခိုင်းလိုက်။ ပြီးတော့ လက်ဆောင်ကောင်းကောင်းလေးလည်း စီစဉ်ဖို့ ပြောထားလိုက်ဦး။ ငါအသုံးလိုတယ်လို့.."
သုယွီယင်းက ခါးကိုမတ်ကာ ပြောသည်။
"သခင်မလေး... ကျွန်တော် သခင်ကြီးကိုသေသေချာချာ ရှင်းပြလိုက်ပါမယ်.."
ယန်ခွမ်းက သူမကို လေးနက်စွာ အာမခံ၏။
....…..
အကြီးဆုံးတပည့်က အတွင်းဘက်နယ်မြေသို့ သွားရောက်ပြီး ဒုတိယတပည့်က ကြီးမြတ်သောနေ ရွှေခန္ဓာကျင့်စဉ်ကို လေ့လာနေပါသည်။
တတိယတပည့်မှာ ရွှေအရိုးကို ပြီးပြည့်စုံလုနီးပါး ရှိနေပြီး ဖြစ်၏။ သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ရန်မှာ ကြာရှည်မည် မဟုတ်တော့ပါ။
လီရွှမ် အနည်းငယ် စိတ်သက်သာစွာ ခံစားလိုက်ရ၏။ သူသည် သူ၏ အချိန်အများစုတို့ကို ထုံးရွှမ်အဆင့်၏ အထက်ရှိ ကျင့်စဉ်အား ဖန်တီးရာ၌ စတင်မြှုပ်နှံလာခဲ့သည်။ ထုံးရွှမ်အဆင့်၏ အထက်တွင် မည်ကဲ့သို့ ကျင့်ကြံရမည်အား စဉ်းစား၏။
မုန့်ချုံက မူလအဆင့်ကို ချိုးဖျက်နေပါသည်။ လီရွှမ်က သူ့ကို တိတ်တဆိတ် အာရုံစိုက်နေ၏။ မုန့်ချုံ၏ အဆင့်ချိုးဖျက်မှုမှာ