← Chapters

မူလကျောက်တုံး

Vol. 019 Ch. 1824

မူလကျောက်တုံး

Vol. 019 Ch. 1824

ထိုအခိုက်တွင် ရီဖူရှင်း ရှိနေရာသည် အရာအားလုံးရပ်တန့်သွားကာ ရီဖူရှင်းသည်လည်း လုံးဝအေးခဲသွားဟန်ရသည်။ အရာအားလုံးသည် တိတ်ဆိတ်နေသည်။ အရိပ်အလင်း၏အောက်တွင် ပင်မအမြုတေသည် အေးခဲနေဟန်ရသည်။ အချိန်သည်ပင် ရပ်တန့်သွား၏။ ချီစွမ်းအားတချို့စီးဆင်းနေသည်မှလွဲ၍ အရာအားလုံးသည် ဖုန်မှုန့်များအသွင်ဖြင့် ပြောင်းလဲပျောက်ကွယ်သွားရတော့သည်။

သို့သော်လည်း ပကတိပျက်စီးခြင်းနေရာ၌ အသက်၏အငွေ့အသက်တချို့ရှိသေးပေသည်။ ချီစွမ်းအားမျှင်များသည် ဟိုမှသည်မှ ဖြစ်ပေါ်နေကာ ထိုနေရာကို မြောလွင့်နေ၏။

တိတ်ဆိတ်နေသော ပင်မအမြုတေတွင် ထိုနေရာတစ်ခုသည်သာ လှုပ်ရှားနေဟန်ရသည်။

အရိပ်စွမ်းအားများသည် ထိုနေရာကို စီးဆင်းနေသော်လည်း တခြားနေရာများကဲ့သို့ တိုက်ရိုက်ဖျက်ခြင်းမပြုပေ။ ထိုအစား ထိုနေရာမှ စီးကြောင်းများနှင့် အလိုက်သင့်မျောလွင့်ကြသည်။

ရီဖူရှင်းသည် ထိုနေရာ၏ဗဟိုချက်တွင်ပင် မလှုပ်မရှား ရပ်နေသည်။ သူ၏မျက်လုံးသည် တချိန်လုံးပွင့်နေ၏။

အရာအားလုံး ဖုံမှုန့်များဖြစ်သွားသည်ကို သူမြင်သည်။ အရိပ်စွမ်းအား၏အောက်တွင် မည်သည့်အရာမှ တည်ရှိနိုင်ခြင်းမရှိဟန်ရသည်။

သူသည်လည်း ထိုနည်းတူဖြစ်ကြောင်း ခံစားရသည်။ သူ့ခန္ဓာ၊သူ့ဝိညာဉ်နှင့် အတွေးများအားလုံးမှာ အရိပ်စွမ်းအား၏သက်ရောက်မှုကို ခံနေရသည်။ အရာအားလုံးမှာ အားနည်းသွား၏။

သို့သော်လည်း သူကား အသက်ရှင်နေသေးသည်။ အရိပ်စွမ်းအားများက ကမ္ဘာသစ်ပင်၏စီးကြောင်းအတိုင်း လိုက်ပါလှုပ်ရှားနေသည်ဟုပင် သူက ခံစားရသည်။ ကမ္ဘာသစ်ပင်က သူ့အသက်ကို ကယ်တင်ခဲ့ဟန်ရ၏။

တရှဲရှဲမြည်သံများနှင့်အတူ ကမ္ဘာသစ်ပင်၏ဝိညာဉ် ထွက်ပေါ်လာသည်။ သူက ဘေးကင်းစေရန် ဧကရာဇ်အသိကိုပင် ထုတ်လွှတ်လိုက်၏။ သူ့ထံမှ ရောင်ဝါများထွက်ပေါ်လာကာ သူ့ကိုဗဟိုပြု၍ ဧရာမသစ်ပင်ကြီးဖြစ်ပေါ်လာ၏။ အဆုံးမဲ့သော သစ်ကိုင်းသစ်ရွက်များသည် အဝေးသို့အထိ ရှည်လျားသွားခဲ့သည်။

ရီဖူရှင်းက သွေးနဂါးဘုံမှ အင်ပါယာခွာ၏အပျက်အစီးနယ်မြေကို ပြန်တွေးမိသည်။ ထိုအရာကား အရာအားလုံးကို ဖျက်ဆီးနိုင်သော မီးဝိညာဉ်ဓာတ်လုံးဖြစ်သည်။ ထိုအရာသည် နေမင်း၏အသက်ဝိညာဉ်ဖြစ်သော်လည်း ကမ္ဘာသစ်ပင်၏သန့်စင်ခြင်းကို ခံရ၏။

ယခု အရိပ်စွမ်းအားသည်လည်း ထိုနည်းတူဖြစ်သည်။ ကမ္ဘာသစ်ပင်၏အကာအကွယ်အောက်တွင် ထိုစွမ်းအားသည် သူ့ကို ဖျက်ဆီးနိုင်ခြင်းမရှိပေ။

တခဏတာမျှ တိတ်ဆိတ်နေပြီးနောက်တွင် ရီဖူရှင်းက လှုပ်ရှားလိုက်သည်။ သူသည် ကမ္ဘာသစ်ပင်အဖြစ် ပြောင်းလဲသွားကာ နေမင်းစွမ်းအားများက ထိုနေရာကို စတင်၍ အပူပေးသည်။ ဤတွင် ထိုနေရာတွင် တခြားနေရာများကဲ့သို့ ဖျက်ဆီးအားမပြင်းတော့ပေ။

သူက ရှေ့ကို စတင်ရွေ့လျားကာ အရိပ်ဘုံ၏ပင်မအမြုတေထံသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင် အရိပ်စွမ်းအားသည် တွင်းနက်ကြီးအသွင်ဖြစ်ပေါ်နေ၏။

သူမြင်တွေ့ခဲ့သောလူငယ်သည် ထိုနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူသည် အရိပ်တွင်းနက်ကြီးထဲတွင် ကျင့်ကြံခဲ့ကာ အလွန်စွမ်းအားကြီးဟန်ရ၏။ သို့သော်လည်း သူသည် ထိပ်သီးတန်ခိုးရှင်အဆင့်၌ မရှိပေ။ အမှန်တကယ်အားဖြင့် သူသည် ထိုနေရာသို့ရောက်ရန် အဆင့်များစွာ လိုသေးသည်။ သူက အလွန်သန်မာနေခြင်းမှာ အရိပ်စွမ်းအားများကို သယ်ဆောင်လာသောကြောင့်ဖြစ်သည်။

သူ့အနေဖြင့် သည်နေရာသို့ ရောက်လာနိုင်သော ထူးခြားသောနည်းလမ်းတစ်ခုခုရှိရပေမည်။

အရိပ်ဘုံ၏ပင်မအမြုတေသည် ထိပ်သီးပုဂ္ဂိုလ်များပင် ရောက်လာရန် မလွယ်ကူပေ။

မှော်နက်အဖွဲ့သည် ထိုစွမ်းအားကို တပ်မက်ခဲ့သည်။ အရှင်ဒွန်ဟောင်သည် ကောင်းကင်ဒေသကို အုပ်စိုးသော်လည်း ထိုစွမ်းအားကို မသုံးခဲ့ပေ။

ရီဖူရှင်းက ထိုအရိပ်တွင်းနက်ကြီးကိုကြည်ကာ အနည်းငယ် တွန့်ဆုတ်နေသည်။ သူက အတွင်းသို့ ဝင်ရမည်လော။

အရိပ်ဘုံ၏လျှို့ဝှက်ချက်သည် ၄င်းအထဲတွင် ရှိရပေမည်။ သို့သော် သူသာ အတွင်းထဲကို ဝင်သွားပါက ခံနိုင်ရည်ရှိမည်လော။

နောက်ဆုံးတွင် ရီဖူရှင်းက ဆုံးဖြတ်ချက်ချလိုက်သည်။

ဧကရာဇ်အသိက သူ့အား လောင်ကျွမ်းစေကာ ကမ္ဘာသစ်ပင်အား ရောင်ဝါများဖြင့် ထွန်းလင်းစေသည်။

သူက လျပ်တပြက် အရိပ်မုန်တိုင်းအတွင်းသို့ ဝင်ရောက်သွား၏။ ချက်ချင်းပင် သူသည် အဆုံးမဲ့သော အရိပ်စီးကြောင်းများ၏ဝါးမျိုးခြင်းကို ခံရသည်။ အပြင်မှ ကြည့်နေသူများမှာ သူ့ကို မြင်တွေ့ရတော့မည်မဟုတ်ပေ။

သူက မုန်တိုင်းအတွင်းသို့ ဝင်လိုက်သည်။ ထိုနေရာမှ အရိပ်စွမ်းအားများမှာ အလွန်သိပ်သည်းထူထဲကာ ပြင်းထန်၏။ သူ၏ဧကရာဇ်အသိသည်ပင် ထိုနေရာတွင် အေးခဲလာသည်။

တွင်းနက်ကြီးထဲတွင် အရာအားလုံးသည် တိတ်ဆိတ်နေသည်။ အရိပ်စွမ်းအားမှလွဲ၍ ထိုအထဲတွင် မည်သည့်အရာမှ မတည်ရှိနိုင်။ သူနှင့်သူ့ဝိညာဉ်သည်သာ သည်နေရာတွင် ရှိသည်။

သူက ဖြေးလေးသွားခဲ့ကာ သူရင်ဆိုင်နေရသောစွမ်းအားကို တုန့်ပြန်နေဟန်ရသည်။ သူက တစ်လှမ်းချင်း ရှေ့တိုးသွားသည်။

မကြာမီ ထိုအရိပ်မုန်တိုင်းကြီးသည် အမှန်တကယ်အားဖြင့် ဂူပေါက်ကောင်းကင်တစ်ခုဖြစ်သည်ကို တွေ့ရသည်။ မုန်တိုင်းသည် ထိုနေရာတစ်ခုလုံးကို ဖုံးအုပ်ထားကာ အရိပ်ဘုံ၏ဗဟိုချက်မ၌ စီးဆင်းကြသည်။

ဤသည်ကပင် အရိပ်ဘုံ၏တည်ရှိခြင်း အကြောင်းပြချက်ဖြစ်ပေမည်။ ယိုယွဲ့နန်းတော်သည် အရိပ်စွမ်းအားများပေါက်ဖွားခြင်းမှ ဖြစ်ပေါ်လာကာ သည်နေရာသည် ယိုယွဲ့နန်းတော်၏အောက်တည့်တည့်တွင် ရှိနေသည်။

သူက မြန်ဆန်စွာ မရွေ့လျားရဲတော့ပေ။ သူသည် အချိန်ကိုပင် မေ့လျော့သွားဟန်ရသည်။ သူက တွင်းနက်ကြီးထဲသို့သာ ဆက်လက်ရွေ့လျားသွားသည်။ သူသည် ရိုးရှင်းကာ နှေးကွေးလာသည်ကို ခံစားမိ၏။

အချိန်မည်မျှကြာသွားသည်မသိ၊ ပြင်ပမှ မုန်တိုင်းသည်လည်း လွင့်ပျယ်သွားပြီဖြစ်သည်။ အရိပ်စွမ်းအားများ ပြင်းထန်စွာ လှုပ်ရှားခြင်းမှ အနက်ရောင်ဝတ်လူငယ်ကြောင့်ဖြစ်ကာ သူထွက်သွားပြီးနောက်တွင် အရာအားလုံး ငြိမ်သက်သွား၏။ လူအများအပြားမှာ တဖန် အရိပ်ဘုံသို့ ဆင်းသက်လာကြသည်။ လူအများအပြားက နတ်ရတနာကို ရှာဖွေကြ၏။

တခြားလူများက ရီဖူရှင်းကို ရှာဖွေကြသည်။ သူတို့မှာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများဖြစ်ကြသည်။

အရှင်ထိုက်ရွှမ်၊ အင်ပါယာနန်နှင့် တခြားထိပ်သီးပုဂ္ဂိုလ်များ မြေအောက်သို့ ကိုယ်တိုင်ဆင်းသက်ကြသည်။ သူတို့ စိတ်ပူပန်နေကြ၏။

သူတို့က ရီဖူရှင်းကို ရှာမတွေ့ပေ။

အကယ်၍ သူသာ သေဆုံးသွားလျှင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ကဒ်ဘေးကြီးဖြင့် ကြုံတွေ့ရနိုင်သည်။

ရီဖူရှင်းက သည်နည်းဖြင့် သေဆုံးသွားမည်ဟု အရှင်ထိုက်ရွှမ်က မယုံကြည်ပေ။

“ကျုပ် သူ့ကို ရှာမတွေ့ဘူး” အရှင်ထိုက်ရွမ်က အင်ပါယာနန်ကို ပြောသည်။ သူတို့က အောက်ကို ဆက်ဆင်းလျှင် သူသည် ပို၍ စိတ်ပူပန်လာ၏။

“ကျုပ်တို့ ထပ်ရှာကြတာပေါ့” အင်ပါယာနန်က ပြောသည်။ သူတို့အောက်ကို ဆက်ဆင်းသွားလျှင် အရာအားလုံးမှာ ပကတိရှင်းလင်းနေသည်ကိုသာ တွေ့ရ၏။ မည်သည့်သက်ရှိကိုမှ သူတို့မတွေ့ရ။

“ဒါ...”

အရှင်ထိုက်ရွှမ်က တစ်စုံတစ်ခုကို သတိထားမိကာ လက်လှမ်းလိုက်သည်။ သူက ထိုအရာကိုမြင်လျှင် မျက်နှာပြာနှမ်းသွား၏။

“ဒါက ဘာလဲ...” ကျန့်ချန်းကျီက မေးသည်။

“ဝိညာဉ်လက်နက်အပိုင်းအစပဲ...” အရှင်ထိုက်ရွှမ်က ထိုအပိုင်းအစကို ပွတ်သပ်လိုက်လျှင် ဖုန်မှုန့်အဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။

ဝိညာဉ်လက်နက်များသည်ပင် ထိုသို့ပျက်စီးရလျှင် လူသားတစ်ဦးက မည်သို့ အသက်ရှင်နိုင်မည်နည်း။

သူတို့အားလုံး မကောင်းသောခံစားချက်ကို ရနေသည်။ ဘုံကိုးခု၏အထူးချွန်ဆုံးသောပါရမီရှင်က ထိုသို့သေဆုံးသွားသည်လား။

သူတို့က အောက်ကို ဆက်ဆင်းလာကြသည်။ နောက်ဆုံးတွင် သူတို့သည် အရိပ်မုန်တိုင်းကို တွေ့ကြရ၏။ သို့သော်လည်း ထိုနေရာမှ လာသောအန္တရာယ်အငွေ့အသက်များကြောင့် မည်သူမှ ရှေ့ကို မတိုးရဲကြတော့။

သူတို့အားလုံးတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သက်ပြင်းချကြသည်။

သူတို့အတွက် မျှော်လင့်ချက်များ ကုန်ဆုံးနေပြီဖြစ်သည်။

“သူ သေသွားတာလား...” ရွှေရောင်နတ်ပြည်ထောင်က ဝမ်းသာသောလေသံဖြင့် ရေရွက်သည်။

အားလုံးက သူ့အား အေးစက်စွာ လှမ်းကြည့်ကြသော်လည်း ကိုက်ထန်က ဂရုမစိုက်ပေ။ သူက ထူးမခြာနားစွာ ပြောသည် “အခု ရီဖူရှင်း သေပြီ။ ခင်ဗျားတို့ မဟာမိတ်အဖွဲ့က ဘယ်လောက်တာရှည်ခံမှာလဲ...”

“မင်းသမီး ရောက်လာတယ်” တစ်ယောက်က စိတ်ဖြင့် ပြောသည်။ မင်းသမီးကိုယ်တိုင်ပင် ရောက်လာခဲ့သည်။ သူမက တခြားလူများကို ခေါ်ဆောင်လာခြင်းမရှိဘဲ တစ်ယောက်တည်း ရောက်လာခြင်းဖြစ်သည်။

သူမက အရှင်ထိုက်ရွှမ်နှင့် တခြားလူများကို တစ်ချက်ကြည့်ကာ အရိပ်မုန်တိုင်းကို ကြည့်သည်။ သူမ၏မျက်လုံးများထဲတွင် မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရပေ။ သူမ ဘာတွေးနေသည်ကို မည်သူမှ မသိပေ။

“မင်းသမီး... ဒီမှာ အန္တရာယ်များတယ်။ ကျုပ်တို့ ထွက်သွားသင့်တယ်” ထျန်းရှင်းကျောင်းအုပ်က ပြောသည်။

မင်းသမီးက ခေါင်းယမ်းသည် “ဒါက ငါ့အတွက် အတားအဆီးမဟုတ်ဘူး”

ထျန်းရှင်းကျောင်းအုပ်က မည်သည့်စကားမှ မဆိုတော့ဘဲ သူမ၏ဘေးတွင် ရပ်နေသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် ပင်မအမြုတေ၏ဗဟိုချက်မသို့ ရောက်လာခဲ့ပြီဖြစ်သည်။

သူက အနီးပတ်လည်ကို ကြည့်သည်။ သူ့ရှေ့တွင် ကြောက်မက်ဖွယ်တစ်စုံတစ်ခုသည် စီးကြောင်းများရစ်ပတ်လျှက် လည်ပတ်နေသည်။

ထိုစီးကြောင်းများတွင် လျှပ်စီးအက်ကြောင်းများကိုပင် သူမြင်ရသည်။

ရီဖူရှင်းက ထိုအလင်းများကိုကြည့်သည်။ ထိုနေရာ၏ဗဟိုတွင် ရှေးဟောင်းကျောက်တုံးတစ်ခုသည် တည်ငြိမ်စွာ ရှိနေကာ အရိပ်မုန်တိုင်းများကို ထုတ်လွှတ်နေ၏။

မူလဘုံကား တစ်လောကလုံး၏မူလဘူတဖြစ်သည်။ ကောင်းကင်လမ်းစဉ်ပြိုလဲပြီးနောက်တွင် မူလတည်ရှိခြင်းသည်လည်း ပျက်စီးရသည်သာ။ သည်ကျောက်တုံးသည် ကောင်းကင်လမ်းစဉ်ပြိုလဲခြင်းမှ အကြွင်းအကျန်လား။

***

All Chapters