Chapters

အပိုင်း(၃)

Vol. 1 Ch. 3

အပိုင်း(၃)

Vol. 1 Ch. 3

ရုတ်တရက် ထူးဆန်းတဲ့စွမ်းအင်တစ်ခုက ကျွန်မကို ဆွဲခေါ်သွားတယ်။

ချက်ချင်းပဲ ကျွန်မက စုန့်ရွှီဘေးနားကို တစ်ဖန်ပြန်ရောက်သွားတယ်။ကျွန်မ ခေါင်းရှုပ်သွားရပြီ။

ကျွန်မရဲ့မြေပုံဆီ ပြန်သွားဖို့ ကြိုးစားပေမယ့် ကျွန်မ စုန့်ရွှီဆီကနေ အဝေးကိုသွားလိုက်တာနဲ့ သူ့နားကိုပဲ အတင်း ပြန်ရောက်သွားတယ်။

အတော်လေးစိတ်ရှုပ်သွားပြီးတော့ ကျွန်မဦးနှောက်ကို အလုပ်လုပ်ခိုင်းပြီး အဖြေရှာတော့တယ်။

ကျွန်မကြားဖူးတာတော့ အကယ်၍ လူတစ်ယောက်က စွဲလမ်းစရာတစ်ခုခုနဲ့ သေသွားတယ်ဆိုရင် သူတို့ရဲ့ဝိညာဉ်က သူတို့စွဲလမ်းတဲ့လူရဲ့ဘေးနားမှာပဲ ချည်နှောင်နေပြီးတော့ ထွက်သွားဖို့ ငြင်းပယ်ကြတယ်တဲ့။

ဒါပေမဲ့ ကျွန်မမှာ ဘာစွဲလမ်းမှုမှမရှိဘူးလေ!စုန့်ရွှီက သူ့ကိုယ်သူ မင်းသမီးရဲ့ရင်ခွင်ထဲ ပစ်ဝင်သွားပြီ.....ကျွန်မမှာ ဘယ်လိုစွဲလမ်းတွယ်တာမှုမျိုး ကျန်နေနိုင်မှာလဲ?ကျွန်မ လိုချင်တာကတော့ မြေအောက်လောကကို မြန်မြန်သွားပြီးတော့ မုန့်ပေါ်ရဲ့စွပ်ပြုတ်ကိုသောက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝအသစ် ပြန်လည်ဝင်စားဖို့ပဲ။

အကယ်၍ အဲ့ဒါကစွဲလမ်းမှု မဟုတ်ဘူးဆိုရင် ဘာလဲ?

ကျွန်မရဲ့ သင်္ချိုင်းမြေပုံကို လှမ်းကြည့်လိုက်တယ်။

အိုး....ဟုတ်သားပဲ! အုတ်ဂူကျောက်တိုင်! ကျွန်မမှာ အုတ်ဂူကျောက်တိုင် မရှိဘူးလေ။

အဲ့ဒါ ဖြစ်ရမယ် အဲ့ဒါကြောင့် ကျွန်မ မြေအောက်လောကကို မသွားနိုင်တာပဲ ဖြစ်ရမယ်။

သောက်ကျိုးနည်းစုန့်ရွှီက အမြန်ပြန်သွားပြီး မင်းသမီးကို ချော့မော့ဖို့ စိတ်အားထက်သန်နေပြီး ရှင်က ကျွန်မကို အုတ်ဂူကျောက်တိုင်တစ်ခု လုပ်ပေးဖို့တောင် စိတ်မဝင်စားခဲ့ဘူးပဲ!

ကျွန်မက ကန်လိုက်ပြီးတော့ သူ့ကို ဘေးနားကနေ ဆဲဆိုနေပေမယ့် သူကတော့ မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ မင်းသမီးရဲ့ ရထားလုံးပေါ် တက်သွားတယ်။