← Chapters

နတ်ဆိုးလူ (အပိုင်း ၁)

Vol. 61 Ch. 936

နတ်ဆိုးလူ (အပိုင်း ၁)

Vol. 61 Ch. 936

" ဦးလေး ဘာလော့တီ…” 

ပြုံးပြုံးရွှင်ရွှင်နှင့် ကောင်လေးက သက်ပြင်းချလိုက်၏။ သူ့ပုံစံက အရာအားလုံးကိုသိနေသော ပရောဖက်တစ်ပါးသဖွယ်ပင်။

ဖေးသည် ထိုစကားကိုကြားသောအခါ အတွေ့အကြုံရှိ ပညာရှိတစ်ဦး သူ့ဘေးတွင်ရပ်နေပြီး ၎င်းပညာရှိက လူငယ်လေးတစ်ယောက်မဟုတ်ဟု ခံစားနေရသည်။ သို့သော် ဆန့်ကျင်ဘက်အရာများကို ထိုကောင်လေးတွင် တွေ့မြင်ရပြီး သဘာဝကျသည်ဟုခံစားစေရသည်။

ကောင်လေးက သူ၏ သေးသေးသွယ်သွယ်လက်များကို ဆန့်ထုတ်ကာ ပွင့်နေဆဲ ဆံပင်ဖြူအကြီးအကဲ၏ မျက်လုံးများကို ညင်သာစွာသပ်၍ ပိတ်‌ပေးသည်။

ယခုတော့ ဖေးလည်း ဖြစ်ပျက်နေသည်များကို အကြမ်းဖျင်းနားလည်သွားပြီး အခုထိ ရှင်သန်နိုင်ခဲ့သော ထိုလူကြီးကို အလွန်လေးစားသွားသည်။

၎င်းက ဆရာသခင်အချင်းချင်း ပေးဆောင်ရမည့် လေးစာမှုတစ်ခုဖြစ်ပေသည်။

ကံဆိုးစွာဖြင့် ဖေးရောက်လာသည်က နည်းနည်းနောက်ကျနေသေးသည်။ ဘာလော့တီ ဟူသော ဤစီနီယာကြီးလည်း ယခုချိန်ထိ မည်သို့ ရှင်သန်နိုင်ခဲ့သည် ဆိုသည်က အံ့သြစရာတခု ဖြစ်နေ၏။  သူ့အတွင်းစွမ်းအင်များအားလုံး လောင်ကျွမ်းသွားခဲ့ပြီး သူဆက်ရှင်သန်ခဲ့သည်က ဆက်လက်တိုက်ခိုက်လိုသော သံမဏိသဖွယ် မာကျောသည့်စိတ်ကြောင့်ပင်ဖြစ်သည်။ ဖေး ရောက်ရှိလာပြီးနောက်တွင်တော့ အကြီးအကဲလည်း မမျှော်လင့်ချက်ပြန်လည်ရှင်သန်လာပြီး သူ၏စိတ်အားငယ်မှုများ ပျောက်သွားတော့သည်။ သူက နတ်ဘုရားများပင် ကယ်မရသော အခြေအနေတွင်ရှိနေခဲ့သူဖြစ်၏။

" ဟေး ၊ ညစ်ပေစုတ်ပြတ်နေတဲ့ လူသားကို သတ်ပစ်... သတ်ပစ်!"

အစောပိုင်း တုန့်ဆိုင်းမှုပြီးနောက်၊ ဤနေရာတစ်ဝိုက်ရှိ ပင်လယ်နွယ်ဝင်များ ပြန်လည်ထကြွလာကြပြန်သညါ။ လအဆင့်သခင်များ များဖြစ်ကြသော မြွေသူရဲနှစ်ဦးသည် ဖေး အား ကြမ်းတမ်းသောအမူအရာများဖြင့် စတင်တိုက်ခိုက်လာကြသည်။

တည်ငြိမ်အေးဆေးနေသော အခြေအနေမှာ ပြန်လည်ပျက်ပြားသွားတော့သည်။

ဆံပင်ဖြူ အကြီးတန်း၏ မီးဒြပ်စစ်သည်‌တော်စွမ်းအင်မှ မှ ဖိနှိပ်မှုမရှိတော့ရာ လေထဲတွင် ရေဓာတ်စွမ်းအားများ ပြင်းထန် လာ၏။

ကျယ်လောင်သော လှုပ်ခတ်သံများနှင့်အတူ အပြာရောင်စွမ်းအင်များ ကောင်းကင်သို့တိုးထွက်လာပြီး တစ်စတုရန်းကီလိုမီတာ ဧရိယာတစ်ခုလုံး ချက်ချင်းဖုံးလွှမ်းသွားတော့သည်။ အပြာရောင်နှင်းခဲအလွှာတစ်ခုက ချက်ချင်းဆိုသလို မြေပြင်ကိုဖုံးလွှမ်းသွားပြီး အလွန်အေးလွန်းသည့် အအေးဓာတ်ကြောင့် မြေပြင်ပေါ်ရှိသစ်ပင်များနှင့် ကျောက်တုံးများအားလုံး ရေခဲအဖြစ်အသွင်ပြောင်းသွားကြသည်။

" ပင်လယ်မျိုးနွယ်စုတ်တွေ "

 ကြေကွဲဖွယ် မြင်ကွင်းကိုမြင်ပြီးနောက် ဖေးထိုပင်လယ်မျိုးနွယ်ဝင်များကို လှည့်မကြည့်ဘဲ လက်သီးဖြင့် ထိုးလွှတ်လိုက်သည်။

ဖေး၏ လက်သီးများမှ ရွှေစွမ်းအင်လက်သီးနှစ်လုံးပေါ်ထွက်လာပြီး ရှေ့သို့ ပြေးထွက်သွားတော့သည်။

ရွှေရောင်က အလှဆုံးအရောင်တစ်ခု ဖြစ်သော်လည်း ဤနေရာတွင်တော့ ၎င်းက သေမင်းတမန်အရောင်ဖြစ်သည်။

ရွှေကျောက်တုံးနှစ်လုံးသဖွယ်ပင် စွမ်းအင်လက်သီးနှစ်လုံးက အားနည်းပြီး စွမ်းအားမရှိသော ရေဒြပ်စင်ကြီးလှိုင်းလုံးထဲတိုးဝင်သွား၏။

ရလဒ်ကတော့ အံ့မခန်းပင်ဖြစ်သည်။

တုံ့ပြန်ရန် အချိန်ပင်မရလိုက်ပဲ ပင်လယ်မျိုးနွယ်စု၏ သခင်နှစ်ဦးထံ စွမ်းအင်လက်သီးများက ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ပင်လယ်မျိုးနွယ်ဆရာသခင်များအတွက် မမျှော်လင့်သော အရာပင်ဖြစ်သည်။

ခဏရပ်ပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံ များထွက်ပေါ်လာသည်။

" ဘန်း ! ဘန်း ! "

ဤမြွေမျိုးနွယ် ဆရာစခင်များ၏ မျက်နှာပေါ်တွင် ထိတ်လန့်ခြောက်ခြားဖွယ် အမူအရာများ ပေါ်လာသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကျယ်ပြန့် ဖောင်းကားလာကာ ပူဖောင်းများသဖွယ်ပေါက်ကွဲသွားတော့သည် ။  စိမ်းလန်းသော သွေးများနှင့် တစ်စစီဖြစ်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများသည် မီးရှူးမီးပန်းများကဲ့သို့ လမ်းကြောင်းအားလုံးကို ပျံ့လွင့်သွားကြသည်။

အစွမ်းထက်သော ခန္ဓာကိုယ်နှစ်ခုသည် သွေးဂျယ်လီနှင့် သွေးအမှုန်အမွှားများသဖွယ် ပြောင်းလဲသွားသည်။ ရေ ဒြပ်စင် လှိုင်းများနှင့် အပြာရောင်စွမ်းအင်လှိုင်းများ ခေတ္တရပ်သွားကာ ဆူနာမီကဲ့သို့ မြည်ဟီးသံများလည်း ပျောက်ကွယ်သွားသည် ။

ချက်ခြင်းသတ်။

ပင်လယ်မျိုးနွယ်၏ အခြားဆရာသခင်များသည် အံ့အားသင့်သွားကြသည်။

ကောင်းကင်မှာ ရပ်နေသော ဝေလငါး သူရဲကောင်းကြီးသည် သူ့အမြင်ကို မယုံနိုင်ဖြစ်ပြီး နှုတ်ခမ်းများ တွန့်လာသည်။ သူ့ဘေးရှိ ငါးမန်းသူရဲနှစ်ယောက်လည်း မှိန်ဖျော့သွားကာ ပင်လယ်မျိုးနွယ်၏ လ အဆင့်အခြားခြောက်ဦးသည် ရှေ့သို့ အားသွင်းရပ်တန့်ကာ ဖေး ကို ကြမ်းကြုတ်သော ကောက်ရိတ်သူကဲ့သို့ ကြည့်နေလေသည်။

သူတို့မျက်လုံးများက လူသတ်သမားများ၏ အေးစက်မှုမျိုးရှိနေသော်လည်း အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။

စက္ကန့်ပိုင်းအတွင်း ရုတ်တရက်ပေါ်လာသော ဤလူသားသည် အလွန်ကြောက်စရာကောင်းကြောင်း သူတို့သိလိုက်ကြသည်။ သူတို့ကိုယ်တိုင်က  လအဆင့် ဆရာသခင်များဖြစ်သော်လည်း ဤလူသားကို မတိုက်နိုင်ဘူးဆိုတာ သိလိုက်ပေပြီ။

လန်းဆန်းသောလေညင်းများ တိုက်ခတ်လာသည်နှင့်အမျှ တောထဲရှိသစ်ပင်များက ဆူညံသံမျိုးစုံကို ကြားနေရသည်။

အရိပ်တွင် ရပ်နေသော ကောင်လေးသည် ရှေ့သို့ တစ်လှမ်းချင်း ပေါ့ပါးစွာ လျှောက်သွားကာ နေ့၏ နောက်ဆုံးနေရောင်ခြည်သည် သူ့မျက်နှာ ဖြူဖျော့ဖျော့ဖျော့‌ပေါ်ဖြာကျနေ၏ ။ သူသည် အလွန်ငြိမ်သက်နေသည်။ ဆံပင်ဖြူ စီနီယာ ကွယ်လွန်ခြင်းအတွက် သူ ဝမ်းနည်းပုံမပေါ်သလို မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားသောအခါတွင် သူ အသက်ရှင် လွတ်မြောက်လာရခြင်းအတွက် သူ မပျော်ခဲ့ပါ။

သူက အေးစက်နေတဲ့ လက်လေးကို ဆန့်ထုတ်လိုက်ပြီး ဖေး အင်္ကျီပေါ်ကို ဆွဲတင်လိုက်သည်။

  ဖေးက သနားစိတ်ဖြင့် ကောင်လေး၏လက်ကို ဆုပ်ကိုင်လိုက်သည်။

ကောင်လေး၏လက်က အေးစက်နေပြီး အားနည်းသော ဤပိန်ပိန်ကောင်လေးကို ဖေးက ကိုယ်ချင်းစာသည်။

All Chapters