နတ်ဆိုး လူ (အပိုင်း ၂ )
Vol. 61 Ch. 937
“လူသား၊ သင့်အမည်ကိုထုတ် ပြောစမ်း ၊ သင်ကပင်လယ်မျိုးနွယ်စုရဲ့ စစ်သည်တော်တွေကို သတ်ခဲ့တာကြောင့် ပင်လယ်ဘုရားသခင်က သင့်အား အပြစ်ပေးလိမ့်မယ် ”
ကောင်းကင်တွင် ရပ်နေသော ဝေလငါး စစ်သည်က ရုတ်တရက် အော်လိုက်သည်။ သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ တုန်ဟီးနေကာ ချိုင့်တစ်ဖက်တစ်ချက်ရှိ တောင်များကိုပင် တုန်ခါသွားသည် ။ ကျောက်တုံးလေးများက တောင်ကုန်းပေါ်သို့ လှိမ့်ဆင်းလာပြီး သစ်ပင်ကြီးများပင် လှုပ်ခါသွားသည်။
ဒဏ္ဍာရီခေတ်အတွင်းမှ တိုက်ကြီး၏ ဘုံဘာသာစကားကို သူအသုံးပြုခဲ့သည်။ ၎င်း၏ အသံထွက်များက ထူးဆန်းေန၏။ သို့သော်လည်း ဤပင်လယ်နွယ်သခင်အနေနှင့် သူပြောလိုသည့် အဓိပ္ပာယ်ကို ဖေးနားလည်စေရန် လုံလောက်စေခဲ့သည်။
ဖေးသည် အာကာရာ နှင့် ကိန်း တို့ထံမှ ပညာသင်ကြားခဲ့ပြီး ဒဏ္ဍာရီလာခေတ်၏ ဘုံဘာသာစကားကို သင်ယူခဲ့သည်။ ဧရာမ ဝေလငါး စစ်သည်တော် ပြောသည်ကို သူ သဘောပေါက်နားလည်သည်။
သို့သော် ဘုရင်က တုံ့ပြန်ခြင်းမရှိပေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကြီးမားသော ရွှေစွမ်းအင် မီးတောက်များသည် သမုဒ္ဒရာတစ်ခုလို သူ့ခန္ဓာကိုယ်မှ ထွက်လာသည်။ ထို့နောက် မြေပြင်ပေါ်ရှိ ပင်လယ်နွယ်သခင်နှစ်ဦးကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများဖြင့် ဖုံးအုပ်ထားကာ ဖေးဆီသို့ အထိန်းအကွပ်မရှိ တွန်းပို့ခံလိုက်ရသည်။
“မဟုတ်ဘူး!”
" ငါ့... ပင်လယ်နတ်ဘုရားကို တိုင်တည်ပြ မင်းကို ကျိန်ဆဲမယ်!"
ပင်လယ်မျိုးနွယ်စု၏ သခင်နှစ်ဦးသည် နဂါးတစ်ကောင်၏ ဆုပ်ကိုင်မှုခံထားရသော ကြက်များနှင့်တူ၏။ သူတို့ ပြန်မတိုက်နိုင်ဘဲ ထိတ်လန့်နေကာကျိန်ဆဲရုံသာ တတ်နိုင်သည်။ သူတို့ စိတ်ဓာတ်ကျနေပြီဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာ အိပ်စက်ရာမှ နိုးထပြီးနောက် ကုန်းမြေပေါ်ရှိ လူသားများကို သုတ်သင်နိုင်မည်ဟု တွေးထင်ခဲ့ကြသည်က လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြုလုပ်ခဲ့သည့်အတိုင်းပင်... ယခုလိုတော့ သူတို့ ဤမျှမြန်မြန် မသေချင်ခဲ့ကြပေ။
သို့သော် ဖေး သည် သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး လည်ပင်းများကို ဆုပ်ကိုင်လိုက်သည်။
" ခရက် "
ဖေး၏ ခပ်သာသာ လက်တစ်ချက်အလှည့်၌ပင် ပင်လယ်မျိုးနွယ်စု သခင်နှစ်ဦး၏အလောင်းများမှအသက်စွမ်းအင်များက လျင်မြန်စွာ စွန့်ခွာသွားသည်။
နောက်အခိုက်အတန့်မှာ ဖေးက မော့ကြည့်လိုက်ပြန်သည်။
နှေးကွေးစွာ ဆုတ်ခွာသွားသော ပင်လယ်မျိုးနွယ်၏ သခင်နှစ်ဦးကို ပစ်မှတ်ထားပြီး အလောင်းကောင်ကြီးကို သူ့လက်ထဲတွင် ရှေ့သို့ ပစ်ချလိုက်သည်။
" ဘန်း....ဘန်း.."
အလောင်းနှစ်လောင်းသည် ပင်လယ်မျိုးနွယ်၏ သခင်နှစ်ဦးပေါ်သို့ ကျိုးကျခဲ့ပြီး မီးရှူးမီးပန်းလေးစင်း ပြတ်တောက်သွားပုံရသည်။ အစိမ်းရောင်နှင့် အနီရောင်သွေးအခိုးအငွေ့တို့သည် နေရာတိုင်းသို့ လွင့်စင်သွားကာ ပင်လယ်မျိုးနွယ်စု၏ သခင်နှစ်ဦးသည်လည်း အပိုင်းပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဖေး၏ ခွန်အားသည် ပင်လယ်မျိုးနွယ်စု၏ ကျန်သခင်များကို ကြောက်လန့်လာစေခဲ့သည်။
မြေပြင်ပေါ်ရှိ အခြားသော ပင်လယ်နွယ်ဝင် လမင်းအတန်းအစား လေးယောက်က တိုက်ခိုက်ရန် မဝံ့ရဲတော့ပါ။ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျက်လုံးထဲတွင် ကြောက်လန့်တကြား အော်ဟစ်ကာ လှည့်ထွက်ပြေးကြသည်။
ဖေးက သူတို့နောက်သို့ မလိုက်သွားတော့ပေ။ ထိုအစား သူက လက်သီးဖြင့် နှစ်ကြိမ်ထိုးလိုက်သည်။
ရွှေစွမ်းအင်လက်သီးလေးလုံး ပေါ်လာပြီး ရှေ့ကို ပြေးထွက်သွားသည် ။
"ဟင့်အင်း! ငါမသေချင်ဘူး!"
"ငါနိုးလာလို့! ငါက ပင်လယ်မျိုးနွယ် ရဲ့ ထိပ်တန်းအဖွဲ့ဝင်တစ်ယောက်ပါ။ ငါ..."
“ကယ်ပါဦး…”
ဆက်တိုက် အော်ဟစ်သံများ ထွက်ပေါ်လာသည်နှင့်အမျှ ပင်လယ်မျိုးနွယ်စုမှ ထွက်ပြေးလာသော သခင်လေးဦးသည် ရွှေစွမ်းအင်လက်သီးများဖြင့် ဖျက်ဆီးခံလိုက်ရသည်။ ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ဆက်တိုက် ပဲ့တင်ထပ်နေသည်။ ဘုရင်ကြီး၏ သန်မာသော လက်သီးများအောက်တွင် ဘာမှမကျန်တော့ပေ။
လျှပ်စီးကြောင်းကဲ့သို့ မြန်သည်။
ဤသည်မှာ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်သည်။
ကောင်းကင်တွင်ရှိနေသည့် ပင်လယ်မျိုးနွယ်စု၏ အခြားသခင်သုံးဦးသည် စောင့်ကြည့်ရုံမျှသာဖြစ်ပြီး အချိန်မီမတုံ့ပြန်နိုင်ဘဲ ၎င်းတို့၏ရွယ်တူများကို မကယ်တင်နိုင်ခဲ့ပါ။
"အား..! ငါသိပါတယ် မင်းက ဒီနတ်ဆိုးကြီးပဲ၊ မင်းဟာ ငါတို့ပင်လယ်နွယ်သခင်တွေ အများကြီးကို သတ်ခဲ့တဲ့ နတ်ဆိုးလူသားပဲကွ၊ မင်းက ဒီကျွန်းမှာရှိနေတာလား။"
ရွှေစွမ်းအင်လက်သီးချက်များကိုမြင်တော့ ပင်လယ်မျိုးနွယ်စု၏ ဧရာမဝေလငါးစစ်သည်တော်သည် တစ်ခုခုကို စဉ်းစားပြီး အခြေအနေကို နားလည်သွားသည်။ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ငြိမ်သက်မနေနိုင်တော့ချေ။
ဖေး၏ နာမည်ပြောင်အသစ်ကိုကြားပြီးနောက် သူ့နောက်ကွယ်မှ ငါးမန်းသူရဲနှစ်ယောက်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့၏ မျိုးနွယ်စုတွင်၊ သူတို့၏မိဘများကဲ့သို့ မျိုးဆက်တစ်ဆက်တည်းရှိ တန်ခိုးကြီးသော သခင်နှစ်ဦးသည် လွန်ခဲ့သော နှစ်ရက်က ပင်လယ်ထဲတွင် ဤနတ်ဆိုးလူသား၏ အသတ်ကို အလွယ်တကူ ခံခဲ့ရသည်။
ပင်လယ်မျိုးနွယ်စုသည် ၎င်းတို့၏ ပြင်းထန်မှု အထူးသဖြင့် ငါးမန်းမျိုးရိုးကြောင့် လူသိများသည်။ ပင်လယ်မျိုးနွယ်စု၏ ငါးမန်းသူရဲကောင်းများသည် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေကာ ကြောက်ရွံ့မှုကင်းသည်။ သို့သော် ဖေးသည် ပင်လယ်မျိုးနွယ်စု၏ သခင်များစွာကို သတ်ပစ်ခဲ့သည်။
ရနံ့ပင်လယ် ရှိ ပင်လယ်မျိုးနွယ်စုသည် ဖေး ကို အစပိုင်းတွင် ငုံ့ကြည့်ခဲ့သော်လည်း ဒေါသအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် ထို ဒေါသသည် ကြောက်စိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။
နှစ်ထောင်ပေါင်းများစွာကြာပြီးနောက်၊ သူတို့သည် လူသားတစ်ဦးကို ထပ်မံကြောက်ရွံ့ခဲ့ရပြန်သည်။
End