ခရီးဝေးသွား တည်နေရာ ပြောင်းရွှေ့ စနစ်( တာဝေးပြေး တယ်လီပို့စနစ်) (ပထမပိုင်း)
Vol. 61 Ch. 940
သွေးများဖြင့် စွန်းထင်းနေသော ကျေးရွာကို ပြန်ရောက်လာခဲ့သည်။ ဖေးက ကျေးရွာသားများ၏ အလောင်းများကို ချိုင့်ဝှမ်းဆီသို့ သွားရာလမ်းတစ်လျှောက် ကျဆုံးခဲ့ကြသော လူသားစစ်သူရဲများနှင့်အတူ မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့သည်။ ထို့နောက် တက္ကသိုလ်ကျောင်းသား သုံးဦး၊ လူငယ်လေး ဒတ်စလာ နှင့် သုံ့ပန်း ဧရာမ ဝေလငါးစစ်သားတို့နှင့်အတူ အမြန်ဆုံးအရှိန်ဖြင့် ကျွန်းတစ်ခုလုံးကို စစ်ဆေးလိုက်သည်။
အဖိုးတန်သော သွေးမျိုးရိုးများ ပိုင်ဆိုင်သည့် စွမ်းအားကြီး နတ်ဆိုးသားရဲသတ္တဝါအနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဖေးသည် အခြားလူသားတစ်ဦးတစ်လေကိုမျှ မတွေ့ခဲ့ပေ။ ထို့ပြင် ပင်လယ်မျိုးနွယ်စုဝင်အခြားသူများကိုလည်း ရှာမတွေ့ခဲ့ပါ။
တစ်နာရီကြာပြီးနောက် သူတို့သည် စခန်းသို့ ပြန်လာခဲ့ကြသည်။
ဖေးမရှိခိုက် ၎င်းတို့ကို လိုက်လံတိုက်ခိုက်ခဲ့သော ပင်လယ်မျိုးနွယ်စုများက ထပ်မံတိုက်ခိုက်မှုမရှိခဲ့သော်လည်း ထွန်းလင်းတောက်ပခြင်း စခန်းတည်ရှိရာကို သူတို့သိရှိထားကြောင်း ထင်ရှားနေသည်။
နေဝင်ချိန်တွင် တက္ကသိုလ်ကျောင်းသား ဒါမီယံသည် စခန်းအနီးတစ်ဝိုက် ပင်လယ်မျိုးနွယ်စုမှ စွမ်းအားရှင်သခင်များက သူ့သူငယ်ချင်းတို့ကို လှည့်ပတ် ချောင်းမြောင်းနေသည်ကို တွေ့ရှိခဲ့သည်။ သရဲတစ္ဆေများကဲ့သို့ ကျွန်းပေါ်ရှိ လူသားတို့ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
လက်ရှိအချိန်တွင် စခန်းကို အနည်းငယ်ပြောင်းလဲထားသည်။ လီယွန်ဘုရင် ဘက်ကင်ဟမ် နှင့် အခြားသုံ့ပန်းများကို ပြင်ပကမ္ဘာနှင့် လုံးဝသီးသန့်ထားသော မှော်အတတ်ဖြင့်ပြုလုပ်ထားသည့် တဲကြီးတစ်ခုအတွင်း ပိတ်သွင်းထားသည်။ ဖေးက ၎င်းတို့မှ လွတ်မြောက်နိုင်ခြင်းမရှိစေရန် မှော်ထောင်ချောက်များစွာကို ချထားပေးခဲ့သည်။
ပင်လယ်ပြင်ပေါ်တွင် စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့ပြီး ဘက်ကင်ဟမ် ၏ ညွှန်ကြားမှုဖြင့် သုံ့ပန်းများက ထွန်းလင်းတောက်ပခြင်း ကို ကယ်တင်ခဲ့သော်လည်း ချမ်းဘော့ဒ် တို့သည် ဤကဲ့သို့သော အန္တရာယ်များလှသည့် ပတ်ဝန်းကျင်တွင် သတိလက်လွတ်မဖြစ်စေရန် ဂရုပြုနေကြသည်။
ရလဒ်အနေဖြင့် လီယွန်မှ သုံ့ပန်းများ အပြင်ဘက်တွင် ဘာဖြစ်နေသည်ကိုမသိရချေ။
ထို့ကြောင့် သူတို့ ထိတ်လန့်နေကြ၏။
ဖေးပြန်ရောက်ပြီးနောက် တစ်နာရီအတွင်း စခန်းချရာအလယ်တွင် သေးငယ်သော တယ်လီပို့စနစ် အခင်းအကျင်းနှစ်ခုကို တည်ဆောက်ခဲ့သည်။
မှော်အခင်းအကျင်းတစ်ခုစီကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် လေးမီတာကျော်ရှည်သော သတ္တုပြားခြောက်ခုကို အသုံးပြု၍ ဖန်တီးထားသည်။ ၎င်းတို့ပေါ်တွင် ရေးထွင်းထားသော စာများသည် တည်ငြိမ်သော လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန် ကူညီပေးခဲ့ပြီး အိပ်မက်ဆန်ဆန် အလင်းရောင်များဖြင့် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေခဲ့သည်။ ရိုးရှင်းသောစမ်းသပ်မှုပြီးနောက်၊ ဂဏန်းများနှင့် ရုန်း အမျိုးမျိုးကို အသုံးပြု၍ မှော်အခင်းများထဲသို့ ကုဒ်များကို အတွဲလိုက်ထည့်သွင်းခဲ့သည်။ ၎င်းတို့ကို အခြား အစီအရင်များနှင့်လည်း ချိတ်ဆက်ထားသည်။
ထိုအခြား အစီအရင်များ မည်သည့်နေရာတွင် ရှိသနည်း။
အဖြေကို အမြန်ထွက်ပေါ်လာသည်။
ထူးခြားသော ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ချမ်းဘော့ဒ် စစ်သားများသည် တယ်လီပို့အခင်းအကျင်းထဲမှ တယောက်ပြီး တယောက် ထွက်လာကြသည်။ သူတို့အတွက် ထူးခြားလှသည့် ဤကျွန်းပေါ်သို့ ဆင်းသက်ခဲ့ကြသည်။
ချမ်းဘော့ဒ် ၏တပ်။
စစ်သားတွေကို အဝေးကြီးမှ သယ်ပို့သည်။
ဒါကို ဘက်ကင်ဟမ်သာ မြင်ခဲ့လျင် သူ့ရင်ထဲတွင်ထိတ်လန့်သွားပေမည်။
ခရီးဝေးသွား မှော်ဆက်သွယ်ရေးစနစ်။
ဤမှော်အသုံးပြုမှုအဆင့်သည် အဆင့် ငါး အထက်ရှိ အင်ပါယာများသာ အသုံးပြုနိုင်သော အရာဖြစ်သည်။
သို့သော်၊ အဆင့် တစ် အင်ပါယာ၏ လက်အောက်ခံနိုင်ငံလေးက ဤဗးအဆင့်စွမ်းရည်ကို ကျွမ်းကျင်စွာသုံးနိုင်ခဲ့သည်။
ဒါက ထိတ်လန့်စရာအကောင်းဆုံး ဖြစ်နေပြီဖြစ်သည်။
ချမ်းဘော့ဒ် ၏ တယ်လီပို့ အစီအရင်၏ ရိုးရှင်းမှုနှင့် တည်ဆောက်မှုအမြန်နှုန်းသည် အံ့မခန်းဖြစ်၏။ တိုက်ကြီးမှာပင် စံချိန်ချိုးနေပြီဖြစ်သည်။ မိနစ်သုံးဆယ် အတွင်း စူပါတာဝေး တယ်လီပို့စနစ် ခင်းကျင်းခြင်းကို တည်ဆောက်ခြင်းသည် အဆင့်ကိုး အင်ပါယာများပင် မလုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။
ကီလိုမီတာ ငါးသောင်းကျော်ကို ဆက်သွယ်ထားသည့် တာဝေး တယ်လီပို့စနစ် ခင်းကျင်းတည်ဆောက်မှုတွင် အရင်းအမြစ်များ၊ အချိန်နှင့် လူအင်အား အမြောက်အမြားကို ထည့်သွင်းရမည်။ လက်ရှိ မှော်ပညာ အသုံးချမှုနှင့် မှော်ပညာ ယဉ်ကျေးမှုသည် ဒဏ္ဍာရီဆန်ဆန် ခေတ်နှင့် နှိုင်းယှဉ်လျှင် များစွာ ညံ့ဖျင်းပါသည်။
ချမ်းဘော့ဒ်က ဤကမ္ဘာကြီးတွင် နည်းပညာအလွန်အဆင့်မြင့်နေပြီဖြစ်သည်။
ချမ်းဘော့ဒ်များ တီထွင်ဖန်တီးခဲ့သော မှော်အဝေးသွား တယ်လီပို့စနစ်၏ အစိတ်အပိုင်းများသည် ရိုးရှင်းပြီး ၎င်းတို့ကို ကလေးကစားစရာများကဲ့သို့ ပေါင်းထည့်နိုင်သည်။ သာမာန်စစ်သားများပင်လျှင် အပိုင်းအစများအားလုံးကို စုစည်း၍ သယ်ဆောင်ရလွယ်ကူသော တာဝေးသွား မှော်တယ်လီပို့စနစ်အခင်းအကျင်းကို အသက်သွင်းနိုင်သည်။ ဤသည်မှာ အလွန်ပင် ထူးခြားလှသည်။