← Chapters

ဘုရင်၏ ကိုယ်ရည်ကိုယ်သွေး ..(အပိုင်းတစ်)

Vol. 61 Ch. 942

ဘုရင်၏ ကိုယ်ရည်ကိုယ်သွေး ..(အပိုင်းတစ်)

Vol. 61 Ch. 942

 ထိုအရှက်မရှိသည့် ဖက်တီးကို ဘာလုပ်ရမှန်း မသိသည့်အတွက် ၎င်းကိုဖေး လုံးဝ လျစ်လျူရှုလိုက်သည်။ 

ကူးပြောင်းပို့ဆောင်ရေး အစီအရင်ထဲမှ လမ်းလျှောက်လာသည့် တက္ကသိုလ်ကျောင်းသားများကို လက်ဝှေ့ယမ်းပြ နှုတ်ဆက်ပြီးနောက် သူတို့နှင့် စကားစမြည် ပြောပြီး 

မကြာခင်မှာပင် ပါတိုနှင့် ဒါမီယန်တို့က စွမ်းအား ချိတ်ပိတ်ထားသည့် ဧရာမ ဝေလငါးစစ်သည်တော်ကို သယ်ဆောင်လာတာကို ဖေး တွေ့လိုက်ရပါသည်။

 "အာ့! ဒီကောင်က အရမ်းသန်တယ်.. ဒီကြွက်သားတွေက အစစ်တွေလား"

ပီယာနှင့် ဒရော့ဘာတို့သည် ထိုဧရာမဝေလငါး စစ်သည်တော်အား တွေ့လိုက်ရသည်နှင့် တပြိုင်နက် အံ့သြသွားကြ၏။  သူတို့သည် သူတို့၏ လက်ရုံးကြွက်သားများကို အစွမ်းကုန် ညှစ်ထုတ်ကြသော်လည်း ၎င်းတို့၏ ကြွက်သားများသည် ဤဝေလငါး စစ်သည်တော်၏ ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် မယှဉ်နိုင်ပေ။ ထို့ကြောင့် ရှက်စိတ်ဖြင့် ခေါင်းကို အမြန် ငုံ့လိုက်ကြသည်။

ဒရော့ဘာတို့နှစ်ဦးက ၎င်းတို့၏ ဖုထစ်လှပသော ကြွက်သားများအတွက် ဂုဏ်ယူကြပြီး ချမ်းဘော့ဒ်တွင် ဗလအရှိဆုံးအမျိုးသားများ ဖြစ်သည်ဟု ဆိုကြသည်။  သို့သော်လည်း ဤဧရာမဝေလငါးစစ်သည်၏ဗလက ဤလူနှစ်ဦးပေါင်းစပ်ထားသည်ထက် ကြွက်သားများထက်ပင်ပို၍ ကြီးမားသည်။၎င်းနှင့်ယှဉ်ပါက သူတို့နှစ်ယောက်သည် သေးငယ်ပြီး အားနည်းပုံပေါ်သည်။

 " ဒီကောင်ကြီးကို ငါ့အတွက် ကောင်းကောင်းကိုင်တွယ်ကြ ၊ သူ့ဆီကနေ အချက်အလက်တွေ အားလုံး ရအောင် စစ်မေး "  

ဘုရင်ဖေးက ငမြှောက်ကောင် အိုလက်ကို လက်ဝှေ့ယမ်းရင်း ခိုင်းစေခဲ့ပါသည်။

 အိုလက်က သူ၏ ခွန်အား အသုံးချရ၍  ပျော်နေသည်။ သူသည် ဘုရင်ရှေ့တွင် သူ၏ စွမ်းရည်များကို ထပ်မံ ပြသနိုင်မည်ဖြစ်၏။ အိုလက်သည် ဧရာမဝေလငါး စစ်သည်တော်အား ဖမ်းကိုင်ကာ  စခန်းချရာ အနောက်ဘက်ရှိ အတော်လေး ဝေးလံသော တဲသို့ အလုပ်စတင်ရန် သွားခဲ့သည်။

 မကြာမှီ မချိမဆံ့ အာခေါင်ခြစ်၍ အော်ဟစ်သံများ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ထိုအခါ ပီးယားစ်နှင့် ဒရော့ဘာတို့ဟာ ထိုကြွက်သား တောင့်တင်းသည့် စစ်သည်တော်အပေါ်  စာနာမိသွားသည်။

 ဘုရင်က ဖက်တီးအိုလက်ထံ တရားခံတစ်ဦး ဝကွက်အပ်လိုက်တိုင်း ထိုတရားခံက ကြောက်စရာကောင်းသည့် ပြစ်မှု ကျူးလွန်ကာ ဘုရင်အား ဒေါပွစေသည်ဟု ဆိုလို‌နေသည်။ တကယ်တော့ ၎င်းက သေဒဏ်ချမှတ်ခံရခြင်းနှင့် မခြားနားလှ‌ပေ။

 "ဟေး၊ မင်းတို့နှစ်ယောက်၊ ဟိုမှာ ကြောင်တောင်တောင် ရပ်မနေနဲ့.. မင်းတို့နှစ်ယောက်က ဥပဒေစိုးမိုးရေးအရာရှိ ၂၀၀၀ နဲ့ တက္ကသိုလ်ကျောင်းသား ၃၀၀ နဲ့အတူ ဒီကိုအားလပ်ရက်ခရီး ထွက်လာတာ မဟုတ်ဘူးလေ သူတို့ကို စုစည်းပြီး လေ့ကျင့်ပေး.. မကြာခင် စစ်ဖြစ်တော့မှာ၊ ရန်သူက အတော် အားကောင်းလိမ့်မယ်..ငါတို့စစ်သားတွေ ကောင်းကောင်း လေ့ကျင့်ထား..ချမ်းဘော့ဒ်အတွက် အရှက်မရစေနဲ့"

 ဖေး က အော်စကာကို ခေါ်လိုက်ပြီး

 ချမ်းဘော့ဒ်၏ အရေးကြီးသည့် အရာရှိနှစ်ယောက်ကို အရာအားလုံးအား  ရှင်းပြခိုင်းပါသည်။ ထိုလူမိုက်နှစ်ယောက်က အခြေအနေကို နားမလည်နိုင်ခြင်း ဖြစ်‌ပေလိမ့်ဖြစ်မည်။

 ...

 ဖေးက အစီအစဉ်ကို ပြောင်းပြီး ဤအမည်မသိကျွန်းတွင် ခဏနေရန် ဆုံးဖြတ်လိုက်သည်။

 သူသည် ပြင်းထန်သော ပင်လယ်မျိုးနွယ်စုနှင့် ကောင်းကောင်းကြီး တွေ့ဆုံတော့မည်ဖြစ်၏။

  ပင်လယ်၌ ဘုရင်သည် ထွန်းလင်းတောက်ပခြင်း စစ်သင်္ဘော ကို ကာကွယ်ရသောကြောင့် ပင်လယ်မျိုးနွယ်ဝင်များ တိုက်ခိုက်သောအခါတွင် သူ၏ အင်အားကို အပြည့်အ၀ အသုံးမချနိုင်ခဲ့ပေ။  ထို့ကြောင့် သူသည် ညံ့ဖျင်းပြီး ပင်လယ်မျိုးနွယ်စု၏ သခင်များ လက်အောက်တွင် အရေးနိမ့်ခဲ့ရသည်။ ထို့ကြောင့် မကျေမနပ်ဖြစ်နေပြီး သူ၏ စိတ်မကျေနပ်မှုကို ထုတ်ဖော်ချင်သည်။

 ဖေးသည် မည်သို့  ရန်ငြိုး မထားဘဲ ရှိနိုင်ပါမည်နည်း။ ဖေးသည် ၎င်း၏ ပြိုင်ဘက်များကို လက်သီးတစ်ချက်ဖြင့် ခန္ဓာကို သုံးပိုင်း ပိုင်းနိုင်သူ ဖြစ်၏။

 ထို့ကြောင့် သူသည် ပင်လယ်မျိုးနွယ်နှင့် အမှန်တကယ် စစ်တိုက်တော့မည် ဖြစ်သည်။ ဖေး၏ အမြင်တွင် ဤကဲ့သို့ ကြမ်းတမ်းသော စွမ်းအားသည် ချမ်းဘော့ဒ် တပ်ဖွဲ့အတွက် ပြီးပြည့်စုံသော လေ့ကျင့်မှု ဖြစ်သည်။ စစ်မှန်သောတိုက်ပွဲများကို ဖြတ်သန်းဖူးသော စစ်သည်များသာလျှင် သေခြင်းရှင်ခြင်း တိုက်ပွဲများတွင် လူသတ်စိတ်ဓာတ်နှင့် သွေးအေးမှုကို ရရှိနိုင်သည်။

 ယခုအချိန်တွင်၊ ချမ်းဘော့ဒ်နိုင်ငံ၏ 

နယ်မြေများနှင့် လူဦးရေသည် များစွာတိုးလာခဲ့သည်။ ၎င်းတွင် ဥပဒေစိုးမိုးရေးအရာရှိ ၁၀,၀၀၀ ကျော်၊ သူတော်စင် ၆၆ ပါးနှင့် တက္ကသိုလ်ကျောင်းသား ၁,၀၀၀ ကျော်တို့ရှိနေပြီဖြစ်သည်။

 ဤစစ်သသည်များသည် ချမ်းဘော့ဒ် ၏ ထိပ်တန်းတပ်များဖြစ်ပြီး လေ့ကျင့်မှုအမျိုးမျိုး ခံယူပြီးသား ဖြစ်၏။ ၎င်းတို့ထဲမှ အချို့သည် သူရဲကောင်း မြို့တော်ရှိ 

ပြိုင်ကွင်းပြင်များသို့ပင် သွားရောက်ခဲ့ကြသည်။ ထိုစစ်သားအချို့သည် ဒိုင်ယာဘလို ကမ္ဘာမှ အတွေ့အကြုံရစေရန် ဖေး ဆင့်ခေါ်ထားသည့် ကျဆုံးသွားသော နတ်ဆရာကဲ့သို့သော မွန်းစတားများနှင့် တိုက်ခိုက်ခဲ့ကြသည်။

ပြီး

All Chapters