← Chapters

ဘုရင်၏ ကိုယ်ရည်ကိုယ်သွေး (အပိုင်းနှစ်)

Vol. 61 Ch. 943

ဘုရင်၏ ကိုယ်ရည်ကိုယ်သွေး (အပိုင်းနှစ်)

Vol. 61 Ch. 943

 သို့သော်လည်း တပ်တွင်းရှိ စစ်သားအများစုသည် တကယ့်စစ်ပွဲကို မကြုံဖူးသော လူသစ်များ ဖြစ်သည်။

လေ့ကျင့်မှုက အစစ်အမှန်တိုက်ပွဲနှင့် မတူညီပေ။ စစ်မှန်သော တိုက်ပွဲများမှတဆင့်သာ လူသစ်များမှ အတွေ့အကြုံရှိစစ်ပြန်များအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။

ထို့အတွက်ကြောင့် ဖေး အစီအစဉ်ကို ပြောင်းလိုက်ခြင်း ဖြစ်၏။

 အရေးကြီးဆုံး အကြောင်းအရင်းက ဖေး ငါးမန်း စစ်သည်တော် နှစ်ဦးထံမှ အဓိက အချက်အလက်များကို ရယူနိုင်ခဲ့ပြီး ဤဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခြင်းဖြစ်သည်။ ထိုသို့မှ မဟုတ်လျှင် လူသားများ အနာဂတ်တွင် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဖြစ်သည်။

ထိုသို့မဟုတ်ပါက ဖေးသည် သူစုဆောင်းထားသည့် အရင်းအမြစ်များကို အကုန်အကျခံကာ သူ့နိုင်ငံသားများ၏ အသက်ကို အန္တရာယ် ဖြစ်စေမည် မဟုတ်‌ပေ။

 ...

 အော်စကာထံမှ ပင်လယ်မျိုးနွယ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို ကြားပြီးနောက်၊ ပီယာ နှင့် ဒရော့ဘာတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လျက် လက်များကို ပွတ်သပ်ကာ အနည်းငယ် ကြောက်ရွံ့နေသော တက္ကသိုလ်ကျောင်းသားများကို တစ်ဖန် ကြည့်လိုက်ကြသည်။

 "ဟားဟား ..ဒါက ငါတို့ကို လိုက်နေတဲ့ ရန်သူတွေလား"

 "ဟဲဟဲ.. ငါတို့ အခု ရန်သူတွေ အများကြီး သတ်နိုင်တော့မှာပေါ့"

 "ပြိုင်မလားကွ။ ဒီငါးတွေကို ဘယ်သူက ပိုသတ်နိုင်မလဲဆိုတာ ကြည့်မယ်"

 "ကောင်းပြီ၊ မင်းရှုံးရင် တခြားသူတွေကို အပြစ်မတင်နဲ့"

ပီယာ နှင့် ဒရော့ဘာတို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပုခုံးဖက်ကာ ဥပဒေစိုးမိုးရေး အရာရှိများဆီသို့ ဦးတည်၍ လျှောက်သွားကြသည်။ သူတို့က စစ်သားတွေကို လှည့်ပတ်၍ အကဲခတ်၏။ စစ်သားများသည် ဆုံးဖြတ်ချက်ပြတ်သား၍ တည်ငြိမ်နေပုံ ရသည်။

 အော်စကာ၏ စကားကို ကြားပြီးနောက်၊ တက္ကသိုလ်ကျောင်းသားများသည် ဒဏ္ဍာရီများတွင်သာ တည်ရှိသည့် ရက်စက်ကြမ်းကြုတ်သော ပင်လယ်မျိုးနွယ်ကို ရင်ဆိုင်ရန် နည်းနည်းတော့ ဖြုံသွားကြသည်။ သို့သော် သူတို့ စီနီယာ နှစ်ယောက် ကြိမ်းဝါး ပြောဆိုသံကို ကြားပြီးနောက်မှာတော့ သူတို့ စိတ်ထဲမှာ ကြောက်ရွံ့မှုတွေကို လွင့်စင်ပြီး ရဲရင့်လာပြန်သည်။

 ဤလူငယ်များမှာ ၎င်းတို့ဘဝတွင် ပထမဆုံးအကြိမ် တိုက်ပွဲဝင်ရမှာ ဖြစ်သည်။ ရင်ဆိုင်ရတော့မည့် မုန်တိုင်းအတွက်  သူတို့ အချင်းချင်း အားပေး‌နေ ကြသည်။

 သူတို့ မသိခဲ့သည်က မီတာ ၁၀၀ လောက်ဝေးသည့် အမှောင်ထဲသို့ ပီယာနှင့် 

ဒရော့ဘာတို့ လျှောက်သွားခဲ့ပြီး သူတို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားကာ ထိုနှစ်ယောက်သည် ပြန်လှည့်လာကာ  စိတ်ဓာတ်တက်ကြွနေသည့် လူငယ်လေးတွေကို  လေးနက်သည့် မျက်နှာထားများဖြင့် လှည့်ကြည့်‌နေကြသည်။

"ဒီတစ်ခေါက် ငါတို့ရဲ့ ပြိုင်​ဘက်​က ခက်​ခဲနိုင်တယ်..​"

 "ဒါနဲ့များ မင်းက ဘယ်လိုမျိုး အကြွားသန်ရဲရတာလဲ"

 "ငါတို့ အဲ့လို မပြောရင် အလောင်းတွေနဲ့ သွေးတွေကို တစ်ခါမှ မမြင်ဖူးသေးတဲ့ ဒီကောင်လေးတွေက တိုက်ပွဲမစခင်မှာ သူတို့ရဲ့ ဘောင်းဘီထဲ သေးပေါက်ချတော့မှာပေါ့ကွ..."

 "ဟမ့်! မင်းက ဉာဏ်ကောင်းသွားပြန်ပြီ.."

 "ဟားဟား၊ ဟုတ်တယ်လေကွာ၊ ဘုရင်မင်းမြတ်နဲ့ မိဖုရားနှစ်ပါးကလွဲရင် ငါ့ထက် ဘယ်သူက ပိုထက်မြက်သေးလဲ"

 "အရူးကောင် မင်းနဲ့ ဒီလောက် အကြာကြီး လက်တွဲတိုက်ခိုက်ခဲ့တာ၊ မင်း ဒီလောက် အရှက်ကင်းမဲ့သူဆိုတာ ငါ တစ်ခါမှ မသိခဲ့ဘူး၊ တခြားလူတွေကို ဘေးဖယ်ထားလိုက်၊ ငါ့သမီးလေး လူဝီ‌တောင်က မင်းထက် အဆတစ်သောင်းလောက် ပိုထက်မြက်တယ်ကွ!"

ဘုရင် ဖေးမှာ မျက်နှာပေါ်တွင် အပြုံးတစ်ခုဆင်မြန်းလျှက်သူ၏ တဲအဝင်ဝတွင် ရပ်ကာ ထိုလူသန်ကြီး နှစ်ယောက်ကို ရပ်ကြည့်နေသည်။

 ရန်သူများနှင့် ဇင်းနစ် မြို့တစ်ဝိုက်သို့ လှည့်လည်တိုက်ခိုက်ပြီးနောက် ထုံထိုင်းပြီး စိတ်ဆတ်တတ်သော ဤလူသန်ကြီး  နှစ်ဦးသည် တဖြည်းဖြည်း ထက်မြက်လာပြီး ရင့်ကျက်လာပြီဖြစ်သည်။

ဖေးသည် အသက် တစ်ချက် ရှူထုတ်ပြီးနောက် လှည့်၍ သူ့တဲထဲသို့ လျှောက်သွားလိုက်သည်။

 ...

ကလေးငယ်၏ အမည်မှာ ဒက်စလာ ဖြစ်ပြီး၊ ထိုအမည် မသိသော  ရွာကလေးမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။ ဒက်စလာသည် တဲထဲတွင် ငြိမ်သက်စွာ ထိုင်နေပြီး မျက်လုံးများကို တင်းတင်း မှိတ်ထားသည်။  

သူ့မျက်နှာပေါ်တွင် တည်တည်ငြိမ်ငြိမ်

ရှိသော အမူအရာဖြင့် အသက် ဆယ့်လေးနှစ်ခန့်သာ ရှိသေးသော ထိုကလေးသည် ဘဝတွင် အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ဖူးသော ပညာရှိတစ်ဦးနှင့် တူသေးသည်။

 ဖေး၏ ခြေသံကို ကြားတော့

 ဒက်စလာ၏ နားရွက် အနည်းငယ် လှုပ်သွားပြီး ချက်ချင်း ထရပ်လိုက်သည်။

 "ကလေး..၊မလန့်ပါနဲ့..! ထိုင်ပါ"  

 ဖေးသည် ထိုသို့ပြောဆိုလိုက်ပြီး ကောင်လေး၏ ပခုံးကို ရင်းနှီးစွာ ပုတ်လိုက်သည်။

မည်သည့် အချက်ကြောင့်မှန်း မသိ... ဖေးသည် ခပ်ပိန်ပိန်နှင့် ထူးဆန်းသော ဤကောင်လေးကို ချက်ချင်း သဘောကျသွားသည်။

 ပြီး

All Chapters