← Chapters

ကျိန်စာသင့် ပါရမီရှင် (အပိုင်းတစ်)

Vol. 61 Ch. 944

ကျိန်စာသင့် ပါရမီရှင် (အပိုင်းတစ်)

Vol. 61 Ch. 944

 အရသာရှိသော ညစာများက တဲ၏ညာဘက်အခြမ်းရှိ ထမင်းစားပွဲပေါ်တွင် ရှိနေပြီး အစားအသောက်၏ မွှေးကြိုင် သင်းပျံ့သော ရနံ့ကလေထဲတွင် ဝဲနေပါသည်။

 ဖေးသည်  ဒီကောင်လေး အတော်လေး ဆာလောင်နေပြီ ဖြစ်ကြောင်း ပြောနိုင်သည်။ သူ့နှုတ်ခမ်းများက ခြောက်သွေ့နေပြီဖြစ်၏။

 အခြားကိစ္စများ ကိုင်တွယ်ရန် တဲထဲက မထွက်ခင် အစာစားဖို့ ပြောခဲ့သော်လည်း ‌ဤကလေးဟာ ဆာလောင်မှုကို ထိန်းထားပြီး အစားအစာ၏ အနံ့ကို ခံနိုင်ရည် ရှိခဲ့ပါသည်။ 

 ဤအသေးစိတ်အသေးစိတ်အချက်လေးများက ကောင်လေး၏ အရည်အသွေးကို ပြသ‌နေ ခဲ့ပြီး ၎င်းက ဖေး သူ့ကို သဘောကျရသည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်နိုင်ပါသည်။

 "လာစားလေ"

 ဖေး ဒက်စလာအတွက် နို့တစ်ခွက်နဲ့ စွပ်ပြုတ်တစ်ပန်းကန် မယူပေးမီ ထမင်းစားရန် သူ့အား  ကူညီပေးခဲ့ပါသည်။ 

ထို့နောက် ဖေးက ပြုံးပြီး

 “မင်း အဆင်ပြေရင် ဒီကျွန်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြောပြပေးနိုင်မလား၊ မင်းနဲ့ ရွာသားတွေ ဒီကျွန်းမှာ အခြေချတဲ့ အချိန်ကို ငါသိချင်တယ်”

 ဒက်စလာသည် ဤနို့ပူပူခွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ် သောက်လိုက်သည်။  ထို့နောက် နှုတ်ခမ်းမှ နွားနို့များကို သပ်လိုက်၏။

 နွားနို့သောက်ပြီးနောက်တွင် ကောင်လေးက ပိုတက်ကြွလာပြီး တက်ကြွလန်းဆန်းလာသည်။ သူ၏ သွေးရောင် မရှိသောမျက်နှာသည် အနည်းငယ် နီရဲလာခဲ့သည်။

 “ကျေးဇူးတင်ပါတယ် အရှင်၊ ကျွန်တော့်နာမည်က ဒက်စလာ၊ ဗျူနိုဒက်စလာပါ.. ကျွန်တော့်ကို ဒီကျွန်းမှာ မွေးခဲ့တာပါ…”

 "ကျွန်တော့်နာမည်က ဒက်စလာ၊ ဗျူနိုဒက်စလာပေါ့ "

"ကျွန်တော် မှတ်မိသလောက်တော့ 

ကျွန်တော့် ပတ်ဝန်းကျင်က လူတိုင်းက ဒီကျွန်းကို အပြစ်သွေးစက် ကျွန်းလို့ ခေါ်ကြတယ်ဗျ.. ဒီကျွန်းပေါ်မှာ ကျွန်တော် နေခဲ့တာပါ"

 "ကျွန်တော့်ပတ်ဝန်းကျင်က အခြားသူတွေ ပေးတဲ့ ဖော်ပြချက်တွေအရအပြစ်သွေးစက် ကျွန်းဟာ လုံခြုံတဲ့ ဘုံဗိမာန်လေးပေါ့ဗျာ... ကောင်းကင်ကြီးလို လှတယ် ..ကျွန်တော်တို့ ခေါင်းထက်မှာ ပုန်းအောင်းနေတဲ့ အဖြစ်ဆိုးကနေ ကျွန်တော်တို့ လွတ်မြောက်နိုင်ခဲ့တယ် "

"အခြားသူတွေ ပြောကြတာတော့ ဒီကျွန်းက အရမ်း လှတယ်တဲ့ ..  ကံမကောင်းစွာပဲ၊  ဒီကျွန်းကို ကျွန်တော် တွေ့မြင်ခွှင့်မရှိခဲ့ဘူး  အဖြူရောင်ကမ်းခြေက ဘယ်လိုပုံစံလဲ

ကျွန်တော်.. မသိဘူး... ကျွန်တော့်ကိုကြင်နာတဲ့ ဦးလေး ဘဲလက်တီက ဘယ်လိုအသွင်အပြင်မျိုး ရှိမလဲ ကျွန်တော်...မသိဘူး.....ကျွန်းပေါ်က မိန်းကလေး အယောက် ခြောက်ဆယ်ထဲက ရွေးချယ်ခံရတဲ့ ကျွန်တော့် အနာဂတ် သတို့သမီးက ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော်..မသိပါဘူး။  ကျွန်တော့်သူငယ်ချင်းတွေပြောတဲ့အတိုင်းဆိုရင်တော့ သူက အရမ်းပဲ လှတယ်၊ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတယ်တဲ့ "

"ကျွန်တော်က မွေးရာပါ မျက်မမြင် တစ်ယောက်ပေါ့

 မွေးကတည်းက အမှောင်ထဲမှာ ဘဝကို ဖြတ်သန်းဖို့ ကံကြမ္မာ အမိန့်ကျပြီးသားဖြစ်တယ်

 ကျွန်တော်သာ မျက်စိသာ ကန်းရုံပဲဆိုရင် ကျိန်စာက ဒီလောက် အစွမ်းထက်မှာ မဟုတ်ဘူး  တခြားရွေးချယ်စရာတွေ ရှိ သေးတယ် 

ဒါပေမယ့်  ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာက လည်း အသုံးမကျဘူးဆိုတာ နောက်ပိုင်းမှာ သိလာရတယ် ကျွန်တော့်အသက်တစ်နှစ်သားအရွယ်မှာ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးပြီး ကျွန်တော်က  အသုံးမဝင်တော့ဘူးလို့ သိခဲ့ရပါတယ် သာမန်လူတွေက စစ်သည်တော်စွမ်းအင် ဒါမှမဟုတ် မှော်စွမ်းအင်ကို ကျင့်ကြံနိုင်ဖို့ သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ  စွမ်းအင်လမ်းကြောင်းအချို့  ပိုင်ဆိုင်နိုင်တယ် ဒါပေမယ့် ကျွန်တော့် ခန္ဓာကိုယ်မှာတော့ ကျင့်ကြံခြင်း လမ်းကြောင်းပိတ်နေတယ် "

" ကျွန်တော့် ခန္ဓာကိုယ်မှာ ရှိတဲ့ စွမ်းအင်လမ်းကြောင်းတွေကို ပိတ်ဆို့နေ တယ်

 အဲ့ဒီတော့ ကျွန်တော့်လို မျက်မမြင်တစ်ဦးက စွမ်းအားကြီးမြတ်တဲ့ အရှင်သခင်တစ်ယောက်လည်း ဖြစ်မလာ

နိုင်တော့ဘူးလေ

 နတ်ဘုရားတွေက ကျွန်တော့်အပေါ် ရက်စက်လွန်းပါတယ်

 တကယ်လို့ ကျွန်တော်သာ အခြားနေရာမှာ မွေးဖွားလာခဲ့ရင် ကျွန်တော်က စကားပြောနည်းကို မသင်ယူမီမှာ တောနက်ထဲမှာ  စွန့်ပစ်ခံရပြီး သားရဲစာ ဖြစ်သွားမှာပါပဲ

 ကျွန်တော့်အတွက် တစ်ခုတည်းသောကံကောင်းမှုက ကျွန်တော်မွေးပြီးတာနဲ့ ဗျူနိုရဲ့ ဂုဏ်ထူးဆောင်မိသားစု ဘွဲ့ထူးကို ရခဲ့တာပါပဲ

 ကျွန်တော်က ဒဏ္ဍာရီလာ လူသားသူရဲကောင်း ဖြစ်တဲ့ ဗျူနိုရဲ့ တစ်ဦးတည်းသော သားစဉ်မြေးဆက်ပေါ့

 ကျွန်တော်က မွေးကတည်းက အပြစ်သွေးစက် ကျွန်းရဲ့ မိသားစုခေါင်းဆောင်ဆိုလည်း ဟုတ်ပါတယ်

 လူတိုင်း ဒီကျွန်းကို မပြောင်းခင်မှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုမှာ အဖေ ဆုံးပါးခဲ့ပြီး သားဖွားစဉ်မှာ ကျွန်တော့်ကို မွေးဖို့ အခက်အခဲကြောင့် အမေ ဆုံးပါးသွားတယ်လို့ ကြားခဲ့ရတယ်  ဦးလေး ဘဲလက်တီ အပါအဝင် ..ကျွန်းပေါ်မှာ ရှိတဲ့ လူပေါင်း ၂၀၀၀ က  ဗျူနိုမိသားစုရဲ့ အစေအပါး.... အမှုထမ်းတွေနဲ့ ...သူတို့ရဲ့ သားမြေးတွေပါပဲ

 သူတို့အားလုံးက ဂုဏ်ယူဝံ့ကြွားစရာ ကောင်းတဲ့ သစ္စာစောင့်သိတဲ့  စစ်သည်တော်တွေ.. သက်ကြီးရွယ်အိုတွေနဲ့  သူငယ်ချင်းတွေပေါ့ဗျာ...

ကျွန်တော်က ဒုက္ခိတ တစ်ယောက်အနေနဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ခံယူခဲ့ရတယ်

 ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေဟာ စစ်မှန်ကြောင်း ကျွန်တော် ပြောနိုင်ပါတယ်။ အဲ့ဒီအရာတွေက အတုအပ မဟုတ်ဘူး၊ သနားခြင်းမှ ပေါက်ဖွားလာတာ မဟုတ်ခဲ့ဘူး " 

All Chapters