← Chapters

ကျိန်စာသင့် ပါရမီရှင် (အပိုင်းနှစ်)

Vol. 61 Ch. 945

ကျိန်စာသင့် ပါရမီရှင် (အပိုင်းနှစ်)

Vol. 61 Ch. 945

 " ကျွန်းပေါ်မှာ ရှိတဲ့ လူတိုင်းက ကျွန်တော့်ကို ဂရုစိုက်ပြီး တောင်းဆိုသမျှကို ဖြည့်ဆည်းပေးကြပါတယ် ဒါတင်မကပါဘူး.. ဦးလေး ဘဲလက်တီဟာ အဲ့ဒီစွမ်းအင်လမ်းကြောင်းတွေအတွက် နည်းလမ်းများစွာကို ကြိုးစားခဲ့တယ်.. ကျွန်တော် ကျင့်ကြံပြီး သခင်ဖြစ်လာဖို့ သူ အတော့်ကို စတေးခဲ့တယ်  ကြိုးစားမှုအားလုံး 

မအောင်မြင်ခဲ့ဘူး ဗျာ..

 တစ်ချိန်က ကျွန်တော် အဲ့ဒီအတွက်  အရမ်း စိတ်အားငယ်ပြီး စိတ်ဓာတ်ကျခဲ့တာပေါ့

 ကျွန်တော်က ဆယ်နှစ် ကြာအောင် ငြိမ်သက်နေခဲ့ပြီး နတ်ဘုရားတွေ ဒဏ်ခတ်တဲ့ ကျိန်စာကို လက်ခံခဲ့တယ်

အဲ့ဒီနောက်မှာတော့ ကျွန်တော့်ပတ်ဝန်းကျင်ကမ္ဘာကို နားလည်ဖို့ အချိန် လေးနှစ် ယူခဲ့ပါတယ်

 အသက် ဆယ့်လေးနှစ်.. 

အဲ့အချိန်ထိ ကိစ္စနှစ်ခုတည်းသာ ကျွန်တော်  ပြီးမြောက်ခဲ့တယ်  

သူများတွေ ဒါကို လုပ်ရတာ တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ခွဲလောက်ပဲ ကြာမယ်ထင်ပါတယ်

 တဖြည်းဖြည်းနဲ့ တခြားသူတွေ မတတ်နိုင်တဲ့ ပျော်ရွှင်မှုကို ကျွန်တော် ခံစားနိုင်ခဲ့ပြီး တခြားသူတွေ မတွေ့နိုင်တဲ့ အရာတွေကို ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်အခု ကျွန်တော်က ကျွန်တော့်ရဲ့အမှောင်ကမ္ဘာမှာ လင်းလက်စေတဲ့ အဲ့ဒိီ တိုတောင်းတဲ့ အလင်းတန်းလေးတွေကို ဖမ်းယူနိုင်ပါပြီ

 လူတိုင်းက ကျွန်တော့်ကို ပညာရှိလို့ ချီးကျူးကြတယ် 

ဒီလို ကိုယ်ခန္ဓာနဲ့ မမွေးဖွားလာရင် အရှိန်အဝါကြီးမားတဲ့ သူတစ်ယောက် ဖြစ်လာနိုင်တယ်လို့ သူတို့..ထင်ကြေးပေးကြတယ်

 သူတို့ရဲ့ လေသံက သနားကြင်နာမှုတွေနဲ့  ပြည့်နှက်နေတယ်

 ကျွန်းပေါ်မှာ အလှပဆုံး၊ အထက်မြက်ဆုံးနဲ့ အထူးချွန်ဆုံး မိန်းကလေးကို 

ကျွန်တော့်ရဲ့ စေ့စပ်ထားသူအဖြစ် သူတို့စုံဖက်ပေးခဲ့တယ် ကျွန်တော် အသက် ဆယ့်ရှစ်နှစ်ရောက်ရင် အဲ့ဒီကောင်မလေးနဲ့ လက်ထပ်လို့ ရပြီး မကြာခင်မှာ ကလေးမွေးရတော့မယ် ကျွန်တော်က ဗျူနို မိသားစုရဲ့ သွေးကို လက်ဆင့်ကမ်းပြီး လူတိုင်းရဲ့ ဦးခေါင်းထက်မှာ ရှိတဲ့ အမှောင်တိမ်ဆိုးတွေကို ဖြိုခွဲပစ်မယ်

 ကျွန်တော်က  ဘာမှ မတတ်နိုင်တော့တဲ့ သနားစရာကောင်းတဲ့ ဝိညာဉ်တစ်ယောက်ပဲလား

 ကျွန်တော်တော့ ကိုယ့်ကိုယ်ကို ဒီလို မထင်ဘူး

 ဒါတွေအားလုံးဟာ ကျွန်တော့်တာဝန်တွေ၊ ကျွန်တော့် ရည်မှန်းချက်တွေနဲ့ ဂုဏ်ပုဒ်တွေပဲ... ဒါတွေက ဘဝမှာ ကျွန်တော့်လို အသုံးမကျတဲ့ လူတစ်ယောက် အောင်မြင်နိုင်တဲ့ အကြီးမြတ်ဆုံး အရာတွေပါပဲ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေဟာ သမိုင်းမှာ မြှုပ်နှံလုနီးပါး ဖြစ်တဲ့ ဗျူနို မိသားစုအတွက် သူတို့အသက်နဲ့ သူတို့ရဲ့ သားစဉ်မြေးဆက်တွေရဲ့ ဘဝတွေကို 

ကျွန်တော့်အပေါ် သွန်းလောင်းခဲ့ကြတာလေ

 ကျွန်တော်  ဘာကြောင့် လောဘကြီးရမှာလဲ

 ဘာကြောင့် ပိုတောင်းဆိုချင်ရမလဲ

ကျွန်တော် ကျေနပ်တယ်

 ဒါပေမယ့် ကျွန်တော့်အပေါ်  ကျိန်စာက ဘယ်တော့မှ မရပ်သွားသလိုပဲ။

 ဝမ်းနည်းစရာတွေ ထပ်ကြုံရပြန်တယ်

တစ်နေ့တော့..

 နေမ၀င်ခင်မှာ ပင်လယ်ထဲက တစ်ခါမှ မပေါ်ဖူးတဲ့ နတ်ဆိုးတွေက  လှပတဲ့ကမ်းခြေတွေမှာ  တွားသွားလာပြီး ရွာကို စီးမင်းဝင်ရောက်ကြတယ် စီနီယာတွေ..သူငယ်ချင်းတွေ..သူတို့တွေအကုန်လုံး  နတ်ဆိုးတွေရဲ့ လက်ထဲမှာ အသက်ပျောက်သွားကြပြီး အစွမ်းထက်တဲ့ ဦးလေးဘဲလက်တီတောင် ဒီနတ်ဆိုးတွေကို အနိုင် မယူနိုင်ခဲ့ပါဘူး 

မတတ်သာဘဲ သူဟာ  အခြားသူတွေကို မျက်ရည်စက်လက်နဲ့  စွန့်ပစ်ခဲ့ရပြီး ရွာမှာ ရှိတဲ့ အားအသန်ဆုံး စစ်သည်တော်တွေနဲ့ပူးပေါင်းပြီး ကျွန်တော့်ကို လွတ်မြောက်အောင် ကူညီပေးခဲ့တယ်။

 နောက်ဆုံးမှာ ကျွန်တော်တို့ကို  နတ်ဆိုးတွေက ဖမ်းမိသွားတယ်လေ

 ကျွန်တော်တို့ သေလုမျောပါး ဘေးတွေ့နေပါပြီ

ကျွန်တော်က  မမြင်နိုင်ပေမယ့် ဦးလေးဘဲလပ်တီရဲ့ ဒေါသ နဲ့ ဝမ်းနည်း ကြေကွဲမှုကို ခံစားနိုင်တယ်

 နတ်ဘုရားတွေက ဗျူနို မိသားစုကို တကယ်ပဲ မုန်းနေပါသလား ဒါမှမဟုတ်  ကျွန်တော့်ကိုပဲ ကြောက်နေတာလား  

သူတို့ ဘာကြောင့် ဒီလောက် ပြင်းပြင်းထန်ထန် ကျိန်စာတွေ ပေးခဲ့တာလဲ ဒါက ဗျူနိုသွေးမျိုးဆက်ကို သုတ်သင်ဖို့ ကြိုးစားနေတာလား

အဲ့ဒီအခိုက်အတန့့်မှာ ပြိုင်ဘက်ကင်း အရှင်တစ်ပါးဟာ စစ်နတ်ဘုရား တစ်ပါးလို ကောင်းကင်က ဆင်းသက်လာခဲ့တယ်.. .

အရှင်က  နတ်ဆိုးတွေကို သတ်ပြီး 

ကျွန်တော့်ကို ကယ်တင်ခဲ့တယ်…”

 ...

 ဒက်စလာက သူ့ဘဝဇာတ်ကြောင်းကို အေးဆေးတည်ငြိမ်သည့် လေသံနှင့် ပြောပြနေချိန်မှာ ဖေး ဂရုတစိုက် နားထောင်ပြီး ဒီကောင်လေးကို သနားပြီး စာနာစိတ်နဲ့ ကြည့်နေခဲ့သည်။

 သူက အသက် ဆယ့်လေးနှစ်သာ ရှိသေးသော ကောင်ငယ်လေးတစ်ယောက်ဖြစ်သည်။  

 သို့သော် သူသည် ပြင်းထန်သော ကိစ္စ အများကြီး ဖြတ်သန်းခဲ့ရပြီး သူ့စိတ်နေစိတ်ထားက အရွယ်ရောက်ပြီးသူ အတော်များများထက် မြင့်မားနေပြီဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူအများစုသည် 

သည်းခံနိုင်စွမ်း သိပ်မရှိကြဘဲ သူတို့၏ မျက်နှာပေါ်တွင် ဟန်ဆောင်အပြုံးပန်းများ ရှိနေကြသည်။ 

 ဤကောင်လေး၏ စိတ်ဓာတ်ကတော့ မယိမ်းယိုင်ပါပေ။

 သူသာ ကျင့်ကြံနိုင်လျှင် အသေအချာပင် မြင့်မားသည့် အဆင့်ကို ရောက်လိမ့်မည်။

သူ့ဇာတ်လမ်းက သနားစရာ ကောင်းလွန်းသည်။

 "မင်းရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင်လမ်းကြောင်းတွေကို စစ်ဆေးကြည့်ရအောင်... မင်းရဲ့ ပြဿနာကို ငါဖြေရှင်းနိုင်ပြီး မင်းအတွက် ကျင့်ကြံဖို့ အခွင့်အရေးရမလား..."  

ဖေးက ဒီကောင်လေးကို ကူညီချင်တာကြောင့် စမ်းသပ်မှုကို စတင်ခဲ့ပါသည်။ 

 ဗျူနိုဒက်စလာ၏ လက်ကောက်ဝတ်ပေါ်တွင် ဖေးက သူ၏ လက်ချောင်းများဖြင့် ထိတွေ့၍ ရွှေရောင်စွမ်းအင် စီးကြောင်းတစ်ခုသည် ကောင်လေး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ပြီး

All Chapters