တတိယ စွမ်းအား ပုံစံ(အပိုင်းနှစ်)
Vol. 61 Ch. 947
“ အိုး လူအများစုက စစ်သည်တော်စွမ်းအားနဲ့ မှော်စွမ်းအားကို ကျင့်ကြံတာဟာ အစွမ်းထက်ကျွမ်းကျင်သူဖြစ်လာမယ်လို့ သိကြတယ်၊ စစ်သည်တော်စွမ်းအားနဲ့ မှော်စွမ်းအားဟာ ကမ္ဘာပေါ်ရှိ သဘာဝဒြပ်စင်များကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားပုံစံနှစ်ခုပဲ သမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ သူရဲကောင်းတွေနဲ့ သြဇာရှိ ပုဂ္ဂိုလ်အများစုက စစ်သည်တော် ဒါမှမဟုတ် မှော်ဆရာတွေပဲ ဒါပေမယ့် ကမ္ဘာပေါ်မှာ လူအနည်းစုလောက်ပဲ ဒီတတိယ စွမ်းအား တည်ရှိတာကို သိနိုင်တယ် မင်း ဒါကို မြင့်မားတဲ့ အဆင့်အထိ ကျင့်ကြံနိုင်ရင် မင်း အစွမ်းထက်ပြီပဲ ဒီတတိယ စွမ်းအင်က စစ်သည်တော်စွမ်းအားနဲ့ မှော်စွမ်းအားထက် မနိမ့်ကျဘူးကွ..”
“တတိယ စွမ်းအင် အဲ့ဒါက ဘာများပါလဲ”
“ ဝိညာဉ် စွမ်းအင်ပဲ “
ဖေး၏ စကားကို ကြားပြီးနောက် ဒက်စလာခေါင်းငုံ့ကာ ခဏမျှ စဉ်းစားနေခဲ့သည်။ များမကြာမီ သူသည် ဖေး၏ ရည်ရွယ်ချက်ကို နားလည်ပြီး ပြုံးကာ မော့ကြည့်ရင်း...
“အရှင်၊ ကျွန်တော်က စိတ်ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံနိုင်မယ်လို့ ဆိုလိုတာလား၊ ညှိုးနွမ်းနေတဲ့ ကျွန်တော့်ရဲ့ စွမ်းအင်လမ်းကြောင်းတွေက အဲ့ဒါကို မထိခိုက်လား “
ဖေးက ပြုံးကာ ခေါင်းညိတ်ပြီး
“မှန်တယ်။ ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းဟာ စစ်သည်တော်စွမ်းအင်နဲ့ မှော်စွမ်းအင်ကျင့်ကြံခြင်းနဲ့ အလွန် ကွာခြားတယ်။ နောက်ပြီး မွေးရာပါ ပင်ကိုယ်စွမ်းရည်နဲ့ ကိုယ်ခန္ဓာဖွဲ့စည်းမှုကို ကန့်သတ်မထားဘူးကွ “
“ခင်ဗျား ကျွန်တော့်ကို သင်ပေးမှာလား”
“ဒါပေါ့.. ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်းဟာ ကျွမ်းကျင်သူတွေကြားက လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး လူအနည်းငယ်ပဲသိပေမယ့် အစွမ်းထက် လျှို့ဝှက်ပညာကို ငါ ရထားတယ် မင်း စိတ်ဝင်စားတယ်ဆိုရင်တော့ သင်ပေးနိုင်တယ်။ မင်းက ဝိဉာဉ်စွမ်းအားကို ကျင့်ကြံတဲ့နေရာမှာ အရမ်းထူးချွန်မယ်လို့ ငါ ယုံကြည်တယ်ည”
ဖေးသည် ဒက်စလာအား လေ့လာရန် သင့်လျော်သော အဆိုပါ လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင် ကျမ်းတွင် စွမ်းအားကြီးသော စွမ်းအားပညာအကြောင်း တွေးခဲ့သည်။
“ဆရာ၊ ကျွန်တော် လေ့လာချင်တယ်၊ ကျေးဇူးပြုပြီး သင်ပေးပါ”
ဒက်စလာက ခုံပေါ်ကနေ မတ်တပ်ထရပ်ပြီး ဖေး ရှေ့မှာ မြေပေါ် ဒူးတစ်ဖက် ထောက်၍ အရိုအသေပြုလိုက်ပါသည်။
“ကောင်းပြီ၊ မင်းက စိတ်ဝင်တစား ရှိတယ်ဆိုတော့ သေချာနားထောင် ဝိညာဉ်စွမ်းအင်က ဘာလဲ၊ ဝိညာဉ်စွမ်းအင်ကျင့်ကြံပုံနဲ့ အဲ့ဒီလျှို့ဝှက်နည်းကို ငါ ပြောပြမယ် ပြီးတော့ မင်းကို ဝိညာဉ်စွမ်းအင်တွေ ခံစားနိုင်ပြီး စွမ်းအားကို မြင်အောင် ငါကူညီပေးမယ်...”
ဖေးသည် လျှို့ဝှက်ဆန်းကြယ် ခရမ်းရောင်ကျမ်းမှ ရလာသည့် အချက်အလက်များကို အခြေခံပြီး အသိပညာ ငတ်နေသော ဒီကောင်လေးကို သင်ပေးခဲ့သည်။ ကောင်လေးသည် စိတ်ရှည်သည်းခံပြီး ရှုပ်ထွေးသော အယူအဆများကို အကြိမ်ကြိမ် ကျော်ဖြတ်ခဲ့သည်။
သူ့ဘ၀မှာ တကယ့်မီးရောင်တွေကို တစ်ခါမှ မမြင်ဖူးသည့် ဒီကောင်လေးက ဒါက သူ့နောက်ဆုံးအခွင့်အရေးဆိုတာ သိလိုက်ရသည်။
ထို့ကြောင့် သူသည် ဂရုတစိုက် နားထောင်ကာ ခေါင်းငုံ့ကာ စဉ်းစားခဲ့ပြီး ဂရုတစိုက် မေးခွန်းများ မေးပါသည်။
ဖေးက ဤကောင်လေးအား ဝိညာဉ်စွမ်းအင်အကြောင်း သူသိထားသမျှကို သင်ကြားပေးရန် နှစ်နာရီတိတိ အချိန်ယူခဲ့ရသည်။
ဒက်စလာသည် ထက်မြက်သော ကလေးဖြစ်သည်။ ဖေး စကားပြီးသောအခါတွင် ဝိညာဉ်စွမ်းအင်ကို ဘယ်လို ကျင့်ကြံရမလဲ လုံးဝ နားလည်နေပြီ ဖြစ်သည်။
“ဒါဆို သေချာမှတ်ပါ။ ဒါ ဝိညာဉ်စွမ်းအင်ပဲ…”
ဖေးက သူ့အတွေးတစ်ချက်ဖြင့် အားကောင်း၍ မမြင်နိုင်သော စွမ်းအင်တစ်ခုအား ထုတ်ဖော်လိုက်ပြီး လေထဲကို ဖြည်းညှင်းစွာ ပျံဝဲကာ ထိုအားနည်းသည့် ကောင်လေး၏ ဝန်းကျင်ကို ရစ်ပတ်သည်။
ဒက်စလာသည် ပါးစပ်ကို တအံ့တဩ ကျယ်ကျယ်ဖွင့်လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲ ဖြည်းညှင်းစွာ ဝင်ရောက်လာတဲ့ သူ့ပတ်ဝန်းကျင်က လျှို့ဝှက်ဆန်းကြယ် စွမ်းအင်တွေကို သူ ခံစားလိုက်ရသည်။ သူသည် ဤလုပ်ငန်းစဉ်ကို လောဘကြီးစွာ ခံစားနေပြီး အသေးစိတ်တိုင်းကို မှတ်မိရန် ကြိုးစားနေပါသည်။
ဒါဟာ ဆန်းကြယ်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။
ဤအခိုက်အတန့်တွင် နှစ်ပေါင်းများစွာ ပိတ်ထားသော ဖုန်မှုန့်များ လွင့်ပြယ်ကာ သူ့ရှေ့တွင် ဖြည်းညှင်းစွာ ပွင့်သွားသည့် တံခါးတစ်ခုအား ဒက်စလာ ရိုးသားစွာ ခံစားခဲ့ရသည်။
နောက်ဆုံးတွင် ရေကာတာကျိုးသွားသလိုပင် သူ့စိတ်ထဲမှ ပြင်းထန်သော စွမ်းအင်များ ထွက်လာသည်။
နှစ်သန်းပေါင်းများစွာကြာအောင် စုဆောင်းထားခဲ့သော ရေလှောင်ကန်ကြီးသည် ၎င်း၏ တံခါးပေါက်ပွင့်သွားသကဲ့သို့ပင်၊ လွင့်ထွက်နေသော စွမ်းအင်သည် ရပ်တန့်မသွားနိုင်ဘဲ တုန်လှုပ်ချောက်ချားစရာပင်။
ဒက်စလာသည် အလွန်ကောင်းမွန်သော ခံစားချက်ကြောင့် အော်ဟစ်လုနီးပါးဖြစ် နေသည်။
ဖေးသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်လည် သိမ်းယူထားပြီး ဖြစ်သော်လည်း ဒက်စလာသည် လေထဲတွင် လွင့်မျောနေဆဲဖြစ်သည်။
“အလို! ဒီကလေးက ဝိဉာဉ်စွမ်းအားကို ကျင့်ကြံရာမှာ ထက်ထက်မြက်မြက်ရှိရုံပဲလို့ ငါထင်ခဲ့တယ်၊ ဒါပေမယ့် သူက
မထင်မှတ်ထားလောက်အောင် အလွန်ရှားပါးတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေလေရဲ့ ။”
ဖေးသည် အလွန်ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် သူ့ဘာ့သာသူ တွေးနေမိသည်။
---------------