ပိုးတုံးလုံးလေးမှ လိပ်ပြာ ဘဝ ..(အပိုင်းတစ်)
Vol. 61 Ch. 948
ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုတွင် ဒက်စလာသည် ရှားပါး ပါရမီရှင်တစ်ဦးဖြစ်သည်။
ဤသည်မှာ သူ၏ ဝိညာဉ်စွမ်းအင်ကို ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းဖြစ်သော်လည်း သူသည် အတွေ့အကြုံရင့် စစ်သည်တော်များနှင့် မှော်ဆရာများအတွက်ပင် ထူးခြားနေသည့် ဤစွမ်းအင်အမျိုးအစားကို ချက်ချင်း ဆုပ်ကိုင်နိုင်သည်။
စောစောက ဖေးက သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ပြသသောအခါ၊ သူသည် ဒက်စလာ၏ ခေါင်းတွင် မျိုးစေ့တစ်ခုကို တိတ်တဆိတ်စိုက်ခဲ့သည်။
ဤမျက်မမြင်ကလေးသည် ဝိညာဉ်စွမ်းအင်ကို စတင်ကျင့်ကြံပြီးနောက် တစ်နေ့တွင် အဆင့်တစ်ခုသို့ ရောက်ရှိလျှင် ဤမျိုးစေ့ကို အသက်သွင်းနိုင်ပြီး ဝိညာဉ်စွမ်းအင်တွင် သိသာထင်ရှားစွာ ကြီးထွားလာကာ အစွမ်းထက်သော ကျွမ်းကျင်သူ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်သည်။
သို့သော် ဖေး အံ့အားသင့်ရသည်မှာ ဒက်စလာ သည် မိနစ်အနည်းငယ်အကြာတွင် ဤမျိုးစေ့၏တည်ရှိမှုကို သတိပြုမိပြီး
လျင်မြန်စွာ အသက်သွင်းခဲ့ပြီးခဲ့ပါပြိီ။
ယခုအချိန်တွင် ဖေးသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို လုံးလုံးလျားလျား ဆုတ်ခွာလိုက်ပြီး စောင့်ကြည့်နေခဲ့သည်။
ဒက်စလာ၏ ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေဆဲဖြစ်ပြီး သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် တုန်လှုပ်ချောက်ချားဖွယ်အရှိန်ဖြင့် ကြီးထွားလာသည်။
အဆင့် သုံး...
အဆင့် ကိုး..
အဆင့် ဆယ့်ငါး...
အဆင့် နှစ်ဆယ့်ငါး...
အဆင့် လေးဆယ်...
အဆင့် ခုနစ်ဆယ့်ငါး...
အဆင့် တစ်ရာ့တစ်ဆယ်...
အရှိန်အဟုန်ဖြင့် တိုးလာခြင်းသည် ဖေး အတွက် အံ့အားသင့်စရာ သက်သေဖြစ်သည်။ ဖေးသည် ထူးဆန်းသော ခရမ်းရောင် ကျမ်းစာလိပ်တွင် မှတ်တမ်းတင်ထားသော ပညာများကို အသုံးပြုကာ စိန့်ပီတာစဘတ်မြို့အပြင်ဘက်ရှိ မှော်အခင်းအကျင်းများကို ဖြတ်ကျော်သည်။ သူသည် အစွမ်းကုန်ကြိုးစားကာ ဝိဉာဉ် စွမ်းအင်ကို တိုးမြှင့်လိုက်သည့်တိုင် သူ၏တိုးတက်မှုနှုန်းသည် ယခုအချိန်တွင် ဒက်စလာထက် နိမ့်ကျနေဆဲ ဖြစ်သည်။
တစ်နည်းအားဖြင့်၊ ဒက်စလာ၏ ဝိညာဉ်စွမ်းအင် ကြီးထွားမှုသည် သေမျိုး၏ နယ်ပယ်ထက် ကျော်လွန်ခဲ့သည်။
"ဒီကလေးက မွန်းစတား တစ်ကောင်ပဲ!"
ဖေးသည် အစောပိုင်းတုန်လှုပ်ခြင်းမှ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ နောက်တော့ ဒက်စလာ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်၏။
ဒီမျက်မမြင်ကောင်လေးဟာ မွေးကတည်းက ကံဆိုးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါသည်။ သူပြောသလိုပင်၊ သူ့ကိုယ်သူ တည်ငြိမ်အေးချမ်းပြီး သူ့ကံကြမ္မာကို လက်ခံဖို့ ဆယ်နှစ်လောက် အချိန်ယူခဲ့ပြီး သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို သူ့စိတ်နှလုံးနှင့် စောင့်ကြည့်လေ့လာဖို့ လေးနှစ် ကြာခဲ့ပါသည်။ ဆယ့်ငါး နှစ်အတွင်းမှာ သူ ဒီ ကိစ္စရပ်နှစ်ခုပဲ လုပ်ခဲ့၏။
သို့သော် ထိုအရာနှစ်ခုသည် ဝိညာဉ်စွမ်းအင် ကျင့်ကြံရန် အခြေခံအုတ်မြစ်များဖြစ်နေသည်ပင်။
ဒက်စလာသည် သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို မမြင်နိုင်သောကြောင့်၊ သူသည် ကမ္ဘာရှိ အလင်းတန်းများနှင့် စိတ်ကူးယဉ်ပြကွက်များကြောင့် လှည့်စားခြင်း သို့မဟုတ် ဆွဲဆောင်ခြင်းမခံခဲ့ရပါ။ ထို့အတူ၊ သူခံစားခဲ့ရသော ဝေဒနာများသည် သူ့စိတ်ကို ချုပ်ငြိမ်းစေပြီး သူ၏ ဝိညာဉ်လောကကို အလွန် သန့်စင်စေသည်။
အမှန်တော့၊ ဤနှစ်များတစ်လျှောက်လုံး၊ ဒက်စလာ သည် မူလအရှိဆုံး၊ သဘာဝအရှိဆုံးနှင့် အသန့်စင်ဆုံးနည်းလမ်းကို အသုံးပြု၍ ဝိညာဉ်စွမ်းအင်ကိုကျင့်ကြံနေခဲ့သည်။ သို့သော် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးချရန်နှင့် ထုတ်ဖော်ရန် နည်းစနစ်မရှိသောကြောင့် သူ ဘာမှ မလုပ်နိုင်ခဲ့ပါ။
ဖေးသည် သူ့အား ထိန်းချုပ်ရန်နှင့် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန် ကူညီနိုင်သည့် ကိရိယာများကိုသာ ထောက်ပံ့ပေးခဲ့သည်။
နောက်တော့ ကျန်တာတွေအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားပါသည်။
၎င်းက ရိုးရှင်းလှသည်။
အဆင့် တစ်ရာ့ငါးဆယ်...
အဆင့် တစ်ရာ့ရှစ်ဆယ်...
အဆင့် နှစ်ရာ့နှစ်ဆယ်...
အဆင့် နှစ်ရာ့ခြောက်ဆယ်...
ဒက်စလာသည် ပဟေဠိဆန်သော ဉာဏ်အလင်း ရရှိသည့် အခြေအနေတွင် ရှိနေကြောင်း ရှင်းရှင်းလင်းလင်း သိသာသည်။
မမြင်နိုင်သော စွမ်းအင်တစ်ခုက သူ့ကို ဝိုင်းရံထားပြီး တဲရှိ မီးရောင်များကို ရောင်ပြန်ဟပ်နေသည်။ ပါးလွှာသော ဝိညာဉ်စွမ်းအင်များက သူ့ပတ်ပတ်လည်တွင် ပျံဝဲကာ ပိုးအိမ်တစ်စကို ဖြည်းညှင်းစွာ ထုလုပ်ကာ အတွင်းဘက်တွင် ပတ်ထားသည်။
ဤသည်မှာ ဒက်စလာအတွက် ပိုးအိမ်ကွဲပြီး ပြန်လည်မွေးဖွားရန် အခွင့်အရေးတစ်ခုဖြစ်သည်။ ကြောက်မက်ဖွယ် စွမ်းအား အမျှင်များသည် အပြင်ဘက်သို့ နိုးထလာပြီး စိတ်ဝိညာဉ် စွမ်းအင် သည်လည်း စွဲမက်ဖွယ် အရှိန်အဟုန်ဖြင့် ဆက်လက် ပေါက်ကွဲလာသည်။
ဘုန်းး!
ဘုန်းး!ဘုန်းး!ဘုန်းး!
မမြင်နိုင်သော အားလှိုင်းများသည် အပြင်သို့ ချက်ချင်းပျံ့နှံ့သွားသည်။
နောက်ဆုံးတွင်၊ ဘုရင်၏ တဲကြီးသည် ဤစွမ်းအားအောက်တွင် ကျယ်ပြန့်လာပြီး ပေါက်ကွဲသွားသည်။
ကွဲအက်နေသော ပိတ်စများနှင့် ကျိုးကျနေသော သံတိုင်များသည် လမ်းကြောင်း အရပ်ရပ်သို့ လျင်မြန်စွာ ပျံသန်းသွားကာ လေထုကို တိုက်မိချိန်တွင် ကောင်းကင်၌ တောက်ပနေသော မီးပွားများစွာကို ဆွဲငင်စေသည်။
ဤ ရုတ်တရက် ပြောင်းလဲမှုသည် စခန်းတွင်းရှိ အခြားလူများကို တုန်လှုပ်စေခဲ့သည်။