← Chapters

စွမ်းအားကြီးဘုရင်(အပိုင်း ၁)

Vol. 61 Ch. 950

စွမ်းအားကြီးဘုရင်(အပိုင်း ၁)

Vol. 61 Ch. 950

 စခန်းတွင်းရှိ လူတိုင်း၊ အထူးသဖြင့် ရာနှင့်ချီသော တက္ကသိုလ်ကျောင်းသားများက

 ဒက်စလာကို ကြိုဆိုခဲ့ကြသည်။

စုန်းမလေး.. လူစီ ၏ ဦးဆောင်မှုအောက်တွင် တက္ကသိုလ်ကျောင်းသားများသည် အချိန်အနည်းငယ်ယူကာ ဒက်စလာအတွက် အထိမ်းအမှတ်ပွဲလေးတစ်ခု ကျင်းပခဲ့သည်။ သူတို့သည် အသက်အရွယ် အတူတူ ဖြစ်ကြပြီး သူတို့အားလုံးသည် ကြမ်းတမ်းသောအချိန်များကို ဖြတ်သန်းခဲ့ကြသောကြောင့် ဤကလေးများသည် လျင်မြန်စွာ သူငယ်ချင်းဖြစ်လာကြသည်။  ကောင်းစွာ ရောနှောနိုင်ကြပြီး စခန်းချရာနေရာ၌ ပျော်ရွှင်ရယ်မောသံများ ပဲ့တင် ညံနေသည်။

 တက္ကသိုလ်ကျောင်းသားများ ချက်ချင်းလက်မခံနိုင်သည့် တစ်ခုတည်းသောအချက်မှာ ဒက်စလာ၏ အင်အားသည် အချိန်တိုအတွင်း အလွန် မြင့်မားလာခြင်းဖြစ်သည်။ အခုအချိန်မှာ ဒီမျက်မမြင်ကောင်လေးသာ အလိုရှိလျှင် ကျောက်တုံးတွေနှင့် သံဓားတွေကို သူ၏ အစွမ်းထက် စွမ်းအားတွေအောက်မှာ အမှုန့်ဖြစ်အောင် အလွယ်တကူ ပြောင်းလဲနိုင်မည် ဖြစ်သည်။  သူ၏ စွမ်းအားက တကယ့်ကို ရူးသွပ်ဖွယ်ပင်။

 သို့သော် ဒက်စလာသည်  အပြစ်သွေးစက် ကျွန်းပေါ်တွင် တစ်သက်တာလုံး နေထိုင်သောကြောင့် ပြင်ပကမ္ဘာအကြောင်း ဘာမှမသိခဲ့ရဘဲ စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူစင်သည်။  

ထို့ကြောင့် ဤတက္ကသိုလ်ကျောင်းသားများသည် အတွေ့အကြုံ ပိုများသောကြောင့် သူတို့ကိုယ်သူတို့ ပိုအဆင်ပြေပြေ ခံစားလာရသည်။

 စုန်းမလေး၏ စီစဉ်မှုအောက်တွင်၊ တက္ကသိုလ်ကျောင်းသားများသည် နောက်ပိုင်းတွင် ဖြစ်ပျက်နေသည့်အရာများအကြောင်းကို ပိုမိုသိရှိနိုင်စေရန် မျှော်လင့်တိုက်ကြီးတစ်ဝိုက်တွင် ဖြစ်ပျက်နေသည့်အရာများအကြောင်းကို သူတို့၏

သူငယ်ချင်းအသစ်အား ရယ်ရယ်မောမော ပြောပြကြသည်။ အထူးသဖြင့် ဘုရင်ဖေး အကြောင်း သူရဲကောင်းဆန်သော ဒဏ္ဍာရီပုံပြင်များ ပါ၀င်သည်။

 တက္ကသိုလ်ကျောင်းသားများအားလုံးသည်  ဒက်စလာကို ဖေးအကြောင်း ပြောပြရန် ကြိုးစားကြသည်။

 ဒီဇာတ်လမ်းတွေက ဒက်စလာအား သွေးဆူစေခဲ့သည်။

 ပထမအကြိမ်၊ ဒီကောင်လေးက သူ့ကို ဘဝမှာ ဒုတိယအကြိမ်အခွင့်အရေးပေးခဲ့သည့် စွမ်းအားကြီး ပုဂ္ဂိုလ်က ကမ္ဘာပေါ်မှာ ဘာမဆို စွမ်းဆောင်နိုင်သည့် ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ယောက် ဆိုတာ သိလိုက်ရသည်။

 ဖေးသည် ဤအသက်ဝင်သော မြင်ကွင်းကို မြင်ရသည့်အတွက် ဝမ်းသာမိသည်။

 တူညီသော  အသက် အုပ်စုရှိ လူများ ပျော်ရန် အလွန် လွယ်ကူသည်။

 သူ သိသည့် လူတိုင်းကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုကို ခံစားရသည့်အတွက် ဒက်စလာကို ဂရုစိုက်ပြီး နှစ်သိမ့်ပေးခြင်းက အမှန်ပင် ထက်မြက်သည့် ဒီကောင်လေးအတွက် အန္တရာယ် ဖြစ်နိုင်ပါသည်။ 

ပိန်လှီသော်လည်း ခံနိုင်ရည်ရှိသော ကောင်လေးအတွက် သူ့သတက်တူရွယ်တူ ကောင်လေးများအုပ်စုနှင့် ခင်မင်ရင်းနှီးကာ

 ရယ်ရယ်မောမော စကားပြောဆိုခြင်းကသာ  နာကျင်မှုကို လျင်မြန်စွာ မေ့ပစ်လိုက်နိုင်ပြီး သူ၏ အိမ်သစ် ချမ်းဘော့ဒ်တွင် ပေါင်းစည်းနိုင်မည် ဖြစ်သည်။

 ...

 နေက ကျွန်းပေါ်မှာ ထွန်းလင်းနေသည်။

 သေချာ စီစဉ်ပြီး တစ်ညတာ တည်ဆောက်ပြီးနောက်၊ ချမ်းဘော့ဒ်၏ တပ်များ၏ စခန်းများကို ဖန်တီးခဲ့သည်။

 နေရောင်ခြည်အောက်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် သတ္တု အလင်းတန်းများသည် စိမ်းလန်းသော မြက်ခင်းများ၊ အဖြူရောင်ကမ်းခြေများနှင့် ဧရာမ တောင်တန်းများကို အစားထိုး ဝင်ရောက်လာခဲ့သည်။

 ချမ်းဘော့ဒ် စစ်သည်တော်များက သတ္တုဖွဲ့စည်းပုံအားလုံးကို ကာကွယ်ရေးယန္တရားများအဖြစ် ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။  ၎င်းတို့အား သင့်လျော်သော နေရာများတွင် ထားရှိပြီးနောက် တောက်ပြောင်သော

ချပ်ဝတ်များ ၀တ်ဆင်ထားသော

 ချမ်းဘော့ဒ်၏ ဥပဒေအရာရှိများက ၎င်းတို့ကြားတွင် လှည့်လည်ခဲ့ကြသည်။

 သိပ်သည်းလှသော်လည်း ပေါ့ပါးသော မှော်အာရုံခံစားမှုသည် လေထဲသို့ စိမ့်ဝင်သွားပြီး ဒုတိယမျိုးဆက် နဂါးသတ်မြှားပေါင်း ငါးဆယ်ကျော်သည် စခန်းချရာနေရာတစ်ဝိုက်တွင် တည်ရှိနေပါသည်။  လအဆင့် လက်ရွေးစင်များကို အလွယ်တကူ သတ်နိုင်သော မြှားများ စုဆောင်းထားပြီးဖြစ်ပြီး၊ ၎င်းတို့က ဤနယ်မြေထဲသို့ ကျူးကျော်လာသော ရန်သူအားလုံးကို ချေမှုန်းနိုင်သည်။

 ချမ်းဘော့ဒ်ရှိ စစ်လက်နက် ပစ္စည်းများနှင့် အဆောက်အဦများသည် ဘုရင်သည် ကမ္ဘာမြေပေါ်ရှိ သူ၏ ယခင်ဘဝမှ ယူဆောင်လာသည့် အတွေးအခေါ်များနှင့် အယူအဆများဖြင့် လွှမ်းမိုးခဲ့သည်။

ယခု ချမ်းဘော့ဒ်တွင် ၎င်း၏ကိုယ်ပိုင် မြေအောက် စံချိန်စံညွှန်းပြည့်မီသော ထုတ်လုပ်မှု စက်ရုံရှိသည်။  ၎င်း၏ အတိုင်းအတာနှင့် စွမ်းရည်မှာ အကန့်အသတ်ရှိသော်လည်း ချမ်းဘော့ဒ်လို နိုင်ငံငယ်တစ်ခု၏ လိုအပ်ချက်အတွက် လုံလောက်ပါသည်။ လက်နက်များနှင့် မှော်အတတ်ပစ္စည်းများအားလုံးကို သိပ္ပံရူးဓာတ်ခွဲခန်း သို့မဟုတ် ချမ်းဘော့ဒ် မြို့ပြနှင့် စစ်ရေး တက္ကသိုလ်မှ ဒီဇိုင်းထုတ်ထားပြီး အသေးစိတ်ပုံစံများကို အမြောက်အမြားထုတ်လုပ်သည့် စက်ရုံသို့ မပေးအပ်မီ ၎င်းတို့ကို စမ်းသပ်ပြီး အတည်ပြုခဲ့သည်။

 ခေတ်မီကမ္ဘာကြီး၏ လွှမ်းမိုးမှုဖြင့် ဒီဇိုင်းထုတ်ထားသည့် လက်နက်များသည် အစွမ်းထက်သည်၊ လွယ်ကူစွာ တပ်ဆင်နိုင်၍ လွယ်ကူစွာ ပြုပြင်နိုင်သည်။ 

ကောင်းစွာ လေ့ကျင့်ထားသော ဥပဒေအရာရှိများသည် အချိန်တိုအတွင်း လက်နက်အသစ် ဖန်တီးရန် ပျက်စီးသွားသော ပစ္စည်းသုံးမျိုးမှ လေးခု၏ အစိတ်အပိုင်းများကို အသုံးပြုနိုင်သည်။

 ချမ်းဘော့ဒ်၏ ခေတ်မီ စခန်းချ စခန်းများကို ပထမဆုံးအကြိမ် ထုတ်ပြခဲ့ခြင်း ဖြစ်သည်။

ဖေးသည် ၎င်းတို့အတွက် အလွန် ဂုဏ်ယူမိပြီး 'ပြည့်စုံမှု' ဟူသော စကားလုံးသည် လက်ရှိ တပ်ဆင်မှုကို ဖော်ပြရန်အတွက် ပြီးပြည့်စုံသည်ဟု သူ ခံစားရသည်။

All Chapters