Chapters

အပိုင်း(၄)

Vol. 1 Ch. 4

အပိုင်း(၄)

Vol. 1 Ch. 4

သူ ရထားလုံးထဲဝင်လာတာနဲ့ မင်းသမီးက ပြုံးပြီးတော့ သူမကိုယ်သူမ သူ့ရင်ခွင်ထဲမှာ မှီနေလိုက်တယ်။

စုန့်ရွှီက မငြင်းပယ်ခဲ့ဘဲ သူမကို သူ့ရင်ခွင်ထဲ တစ်ဝက်လောက်အိပ်ခွင့်ပေးထားပြီး အခြေအ‌နေကို အခွင့်ကောင်းယူနေတယ်။

ကျွန်မ အဲ့ဒါကို ဆက်ပြီးသည်းမခံနိုင်တော့ဘဲ ဒေါသတွေနဲ့လောင်ကျွမ်းနေပြီး ရထားလုံးအမိုးပေါ်မှာ တက်ထိုင်နေလိုက်တယ်။

ရထားလုံးက ရင်းနှီးနေတဲ့လမ်းတွေကို ဖြတ်သန်းသွားပြီး သိပ်မကြာခင်မှာပဲ စုန့်အိမ်တော်နား နီးကပ်လာခဲ့သည်။

အဝေးကနေပြီးတော့ ရင်းနှီးနေတဲ့ပုံရိပ်နှစ်ခုက မြေကြီးပေါ်မှာ ဒူးထောက်နေပြီးတော့ ငိုကြွေးနေကြတာကို ကျွန်မ တွေ့လိုက်ရတယ်။

"ငါ့သမီးကိုပြန်ပေး! ငါ့သမီးကို ပြန်ပေးလို့!"

ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ သူတို့ရဲ့အသံတွေက အဝေးက ကျွန်မဆီကို ရောက်ရှိလာတယ်။ကျွန်မရဲ့နှလုံးသား တင်းကြပ်သွားတယ်........အဲ့ဒါ ကျွန်မရဲ့အဖေနဲ့အမေပဲ!

ကျွန်မ သူတို့ဆီ အမြန်ပြေးသွားလိုက်တယ်။

သူတို့က ဝမ်းနည်းပူဆွေးခြင်းအဝတ်အစားတွေ ဝတ်ဆင်ထားကြပြီး စုန့်အိမ်တော်ရဲ့တံခါးဝရှေ့မှာ ဒူးထောက်နေကြကာ သူတို့ရဲ့လက်သီးတွေ သွေးထွက်လာသည်အထိ မြေကြီးကို ထုနေကြသည်။

ဒါပေမဲ့ စု့န်အိမ်တော်တံခါးကတော့ တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး တစ်ယောက်မှ သူတို့ကို အသိအမှတ်မပြုကြချေ။

ကျွန်မ သူတို့ကို ထဖို့ကူညီပေးရန် ကြိုးစားပေမယ့် ကျွန်မရဲ့ လက်တွေက သူတို့ရဲ့ခန္ဓာကိုယ်ပဲ ထပ်ခါထပ်ခါ ဖြတ်သွားတယ်။

ကူကယ်ရာမဲ့စွာနဲ့ ကျွန်မရဲ့မိဘတွေဘေးနားမှာ ဒူးထောက်နေလိုက်ပြီး သူတို့ကို ဘယ်လိုကူညီရမလဲဆိုတာ သေချာမသိပေ။

ရုတ်တရက် မင်းသမီးရဲ့ရထားလုံးက စု့န်အိမ်တော်ရှေ့မှာ ရပ်တန့်သွား၏။

သူမက လိုက်ကာစကိုမပြီး အေးစက်စက် ကြေညာလိုက်တယ်။

"ကြင်ယာတော်မင်းသားရဲ့အိမ်တော်ရှေ့မှာ ဘယ်လိုမျိုး တောကလာတဲ့ အရိုင်းအစိုင်းတွေက ဒီလိုစော်ကားတဲ့အပြုအမူမျိုး လုပ်ရဲကြတာလဲ?အစောင့်တွေ သူတို့ကို ဆွဲထုတ်သွားပြီးတော့ ခေါင်းဖြတ်ပစ်လိုက်ကြစမ်း!"

သူမရဲ့စကားတွေက ကျွန်မနှလုံးသားကို နာကျင်သွားစေပြီး ကျွန်မက ရထားလုံးဆီပြေးသွားကာ သူမကို ကျွန်မတတ်သမျှ ကျိန်ဆဲတော့တယ်။

ဒါပေမဲ့ ကျွန်မစပြောတဲ့အချိန်မှာပဲ ထူးဆန်းတဲ့အပူတစ်ခုက ကျွန်မခန္ဓာကိုယ်ကို ဖြတ်သန်းသွားတယ်။

အိုးးးး မဖြစ်ဘူး ကျွန်မ အငြိုးကြီးသရဲဖြစ်တော့မယ်။

အကယ်၍ ကျွန်မသာ အငြိုးကြီးသရဲဖြစ်လာခဲ့ရင် မင်းသမီးရဲ့အသက်ကိုယူနိုင်တယ်။ဒါပေမဲ့ ကျွန်မသာ အသက်တစ်ခုကို နှုတ်ယူလိုက်ပြီဆိုရင် ဘယ်တော့မှ ပြန်လည်ဝင်စားနိုင်မှာ မဟုတ်တော့ဘူး။

ဒါပေမဲ့လည်း ကျွန်မသာ ကျွန်မရဲ့မိဘတွေကို ကယ်တင်နိုင်ရင် ကျွန်မ ပြန်ပြီးမဝင်စားနိုင်တော့ရော ဘာဖြစ်လဲ?ကျွန်မ မင်းသမီးကိုသတ်ဖို့ ကြံရွယ်နေတုန်းမှာပဲ စုန့်ရွှီက ရုတ်တရက် ပြောလာတယ်။

"အရှင်မင်းသမီး ဒီနေ့က ကျွန်တော်တို့အတွက် အရမ်းပျော်ရွှင်စရာကောင်းတဲ့နေ့တစ်နေ့ပါ။သွေးထွက်သံယိုကို မမြင်တာက အကောင်းဆုံးပါပဲ"

မင်းသမီးရဲ့အမူအရာက ချက်ချင်း နူးညံ့သွားတယ်။

သူမက ပြတင်းပေါက်ကို ပျင်းပျင်းရိရိမှီလိုက်ပြီး သူမရဲ့မျက်လုံးတွေကို ကျဉ်းမြောင်းထားသည်။

"အဲ့ဒါဆို ရှင် ဘာအကြံပေးချင်လဲ"

"ယွင်နျန်းရဲ့မိဘတွေက သာမန်ကျေးလက်တောသားတွေပါ။သူတို့ကို သူတို့ရွာပြန်ပို့ပြီးတော့ နောက်ဘယ်တော့မှ မြို့ထဲထပ်ဝင်မလာနိုင်အောင် တားမြစ်ထားလိုက်မယ်" စုန့်ရွှီက ပြန်ပြောလိုက်ပြီး "ကျွန်တော် ဒီကိစ္စကို အရှင်မင်းသမီးကိုယ်စား ကိုင်တွယ်ပေးဖို့ ဆန္ဒရှိပါတယ်"

"ကောင်းပြီလေ ဒါဆိုလည်း အဲ့ဒါကို မြန်မြန်လုပ်လိုက်"

မင်းသမီးက ပြောလိုက်ပြီးတော့ လိုက်ကာစကို ဆွဲချလိုက်သည်။

စုန့်ရွှီက ရထားလုံးထဲကနေ ထွက်လာပြီး ကျွန်မရဲ့မိဘတွေဆီ လျှောက်သွားတယ်။

သူတို့က သူ့ကိုမြင်တဲ့အချိန်မှာ ရူးသွပ်သွားကြပြီးတော့ သူ့ကို လက်သီးတွေနဲ့ထုနှက်ကြတော့တယ်။

"နင်က ယွင်အာကို နင်နဲ့လက်ထပ်ခွင့်ပြုဖို့ ငါတို့ကိုတောင်းပန်ခဲ့တယ်!သူ(မ)ကလေ နင်နဲ့လက်ထပ်ပြီးတော့ အခန်းလွတ်ထဲမှာ နင့်ကို အချိန်အကြာကြီး စောင့်နေခဲ့ရတာ။အခုကျ နင် နောက်ဆုံးမြို့တော်ကို ပြန်လာတော့ သူ(မ)က သေသွားရပြီ။ မကောင်းတဲ့ကောင်ရဲ့!ယွင်အာကို ငါတို့ဆီ ပြန်ပေး!"

သူတို့ရဲ့လက်သီးတွေက စုန့်ရွှီရဲ့ရင်ဘတ်ကို မိုးရေစက်တွေလိုမျိုး ထိမှန်နေပေမယ့် သူက အောက်ကိုသာငုံ့ကြည့်နေပြီး တိတ်ဆိတ်နေကာ ဘာမှမတုံ့ပြန်ပေ။