Chapters

အပိုင်း(၆)

Vol. 1 Ch. 6

အပိုင်း(၆)

Vol. 1 Ch. 6

စုန့်ရွှီက မျက်ရည်ကျနေတဲ့မျက်လုံးများဖြင့် ရပ်နေပြီး ကျွန်မမိဘတွေက သူ့ကို ကျိန်ဆဲ ထုရိုက်နေကြတယ်။

နောက်ဆုံးမှာတော့ သူတို့တွေ ပင်ပန်းသွားကြပြီး သူတို့လက်တွေကို ရုတ်သိမ်းသွားကာ မြေကြီးပေါ်လဲကျသွားပြီး ငိုကြွေးနေကြသည်။

စုန့်ရွှီက သူ့အစေခံတွေခေါ်ပြီးတော့ ကျွန်မရဲ့မိဘတွေကို မြို့ပြင်ကို အန္တရာယ်ကင်းကင်းပို့ပေးဖို့ သူတို့ကို ညွှန်ကြားလိုက်တယ်။

အဲ့ဒီနောက် သူက သူတို့ထဲကတစ်ယောက်ကို တိုးတိုးလေးပြောလိုက်ပြီး ကျွန်မ ငုံ့ပြီးနားထောင်ပေမယ့် သူပြောလိုက်တာကို မကြားလိုက်နိုင်ဘူး။

ကျွန်မမိဘတွေက ရထားလုံးပေါ်တက်သွားကြပြီး ကျွန်မလည်း တက်သွားတယ်။

ကျွန်မက ကျွန်မအမေရဲ့လက်ကို ဖက်တွယ်ထားပြီး ငိုချင်နေပေမယ့် မျက်ရည်တွေက ထွက်မလာဘူး။

ကျွန်မ သူ(မ)ကို အရမ်းလွမ်းတယ်၊သူတို့နဲ့ အိမ်ပြန်ချင်တယ်။

ဒါပေမဲ့ ရထားလုံးအဝေးထွက်သွားတာနဲ့ အဲ့ဒီထူးဆန်းတဲ့အင်အားက ကျွန်မရဲ့ဝိညာဉ်ကို တစ်ဖန်ပြန်ပြီးတော့ ဆွဲခေါ်သွားပြန်တယ်။

ကျွန်မ ရုန်းကန်ပေမယ့် မထိန်းချုပ်နိုင်ဘဲနဲ့ စုန့်ရွှီရဲ့ဘေးနားကို ပြန်ရောက်သွားတယ်။

ကျွန်မရဲ့မိဘတွေ လမ်းမတစ်လျှောက် တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ကျွန်မ အကူအညီမဲ့စွာနဲ့ ဒီအတိုင်း ကြည့်နေခဲ့ရတယ်။

ရုတ်တရက် ကျေးလက်မှာ သူတို့နဲ့အတူရှိခဲ့တဲ့ နေ့ရက်တွေကို တဟုန်ထိုး ပြန်သတိရလာတယ်။

အဲ့ဒီအချိန်တုန်းက ဘဝက ဆင်းရဲပေမယ့် နေ့တိုင်းပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

အိမ်မှာဆိုရင် အစားအသောက်ကောင်းတွေရှိတဲ့အချိန်တိုင်း သူတို့က အရင်ဆုံး ကျွန်မအတွက်သိမ်းထားကြတယ်။အကယ်၍ အဝတ်အစားအသစ်ရှိတယ်ဆိုရင် သူတို့က ကျွန်မအတွက် အရင်ဆုံးဝယ်ပေးကြတယ်။

အိမ်နီးချင်းတွေက ကျွန်မရဲ့မိဘတွေကို သားတစ်ယောက်မွေးဖို့ ပြောပြီးတော့ သားကပဲ အစစ်အမှန် အထောက်အပံ့ဖြစ်နိုင်တယ်ဆိုပြီး မကြာခဏ နှိုးဆော်ကြတယ်။

ဒါပေမဲ့ ကျွန်မရဲ့မိဘတွေက ယွင်အာရှိတာက လုံလောက်ပါပြီဆိုပြီး အမြဲတမ်းပြောလေ့ရှိတယ်။

ဒီလိုမျိုး ကျွန်မကို အရမ်းချစ်တဲ့မိဘတွေက ကျွန်မမရှိဘဲနဲ့ သူတို့ဘယ်လိုနေကြမလဲ?

ကျွန်မ အဲ့ဒီအကြောင်းကို ပိုပြီးစဉ်းစားလေ ပိုပြီးတော့ ဝမ်းနည်းလာလေပဲ။ဒါပေမဲ့ ကျွန်မရဲ့ သရဲတစ္ဆေပုံစံက မျက်ရည်မကျနိုင်တာကြောင့် ကျွန်မ အော်ဟစ်ပြီးတော့ ကျိန်ဆဲတော့တယ်။

"မကောင်းတဲ့ကောင်!ကျွန်မ ရှင်နဲ့ ဘယ်တုန်းကမှ လက်မထပ်ခဲ့ဖို့ ဆုတောင်းတယ်"

"မဟုတ်ဘူး! ကျွန်မရှင့်ကို လုံးဝမကယ်ခဲ့သင့်ဘူး!ကျွန်မ ရှင့်ကို အဲ့ဒီကျောက်စွန်းကနေ ပြုတ်ကျပြီး သေအောင်လွှတ်ထားခဲ့ရမှာ"

စုန့်ရွှီက စကားတစ်လုံးမှ မကြားနိုင်ပေ။

သူက အဲ့ဒီနေရာမှာပဲ မတ်တပ်ရပ်နေပြီး မြို့တော်ဂိတ်တံခါးတွေကို စိုက်ကြည့်နေကာ သူ့မျက်ဝန်းထဲတွင် ညှိုးငယ်သည့်အရိပ်အယောင် ရှိနေသည်။