အပိုင်း(၇)
Vol. 1 Ch. 7
ညရောက်တဲ့အချိန်တွင် စုန့်ရွှီသည် မင်းသမီးအိမ်တော်သို့ ရောက်ရှိလာ၏။
မင်းသမီးက စုန့်ရွှီရဲ့လက်မောင်းကို ချိတ်ပြီးတော့ ရထားလုံးပေါ်ကနေ ဆင်းသွားပြီး ကျွန်မကတော့ သူတို့နောက်လိုက်သွားဖို့ တွန့်ဆုတ်နေတယ်။
မင်းသမီးအိမ်တော်က အမှန်တကယ့်ကို ကြီးမားလှပြီး စုန့်အိမ်တော်ထက် ဆယ်ဆပိုပြီးတော့ ကြီးမားသည်။
၎င်းက အနုစိတ်ထွင်းထုထားတဲ့ လက်ရန်းတွေ၊ခမ်းနားထည်ဝါတဲ့ အလှဆင်မှုတွေနဲ့ ရွှေတွေ၊ကျောက်စိမ်းတွေဖြင့် စီခြယ်ထားသည်။
စုန့်ရွှီ မငြင်းပယ်နိုင်တာ အံ့ဩစရာမဟုတ်တော့ဘူး။
ဒါပေမဲ့ သူက တန်ဖိုးကြီးမားတဲ့နေရာကိုကြည့်ပြီး သူ့မျက်နှာထက်တွင် ပျော်ရွှင်မှုမရှိပေ။
"ဘာဖြစ်လို့လဲ? ရှင့်ကြည့်ရတာ မပျော်တဲ့ပုံပဲ"
မင်းသမီးက နှုတ်ခမ်းစူကာ သူ့ကို မေးလိုက်ပြီး သူမရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာက နူးညံ့သိမ်မွေ့ကာ ချစ်ဖို့ကောင်းနေသည်။
စုန့်ရွှီက ခေါင်းရမ်းလိုက်၏။
"အရှင်မင်းသမီး ကျွန်တော်က မြို့တော်ကို မနေ့ကမှ ပြန်ရောက်တာဖြစ်လို့ ကျွန်တော် နည်းနည်းပင်ပန်းနေလို့ပါ။ဒါ့အပြင် ကျွန်တော်ကအခုထိ အရှင်မင်းသမီးနဲ့တရားဝင်အဆင့်အတန်းမရှိသေးဘူးဆိုတော့ ကျွန်တော် မကြာခင်မှာ အိမ်တော်ထဲဝင်ဖို့ဆိုတာ မသင့်တော်ပါဘူး"
မင်းသမီးက သူ့လက်မောင်းကို ဖက်တွယ်လိုက်ပြီး
"ဪ.....အဲ့ဒါ ဘာအရေးပါလို့လဲ?ကျွန်မအဖေကို ကျွန်မတို့အကြောင်း ပြောပြီးပြီ။သူက ကျွန်မကို အရမ်းချစ်တာ မနက်ဖြန်မနက်ကျရင် ကျွန်မတို့ရဲ့လက်ထပ်ပွဲအတွက် တော်ဝင်အမိန့်တော် ထုတ်ပြန်လိမ့်မယ်"
ကျွန်မရဲ့နှလုံးသား ချက်ချင်းနစ်မြှုပ်သွားတယ်။
မင်းသမီးက ကျွန်မကို သတ်ပြီးတော့ ကျွန်မရဲ့ခေါင်းကို ချက်ချင်း စုန့်အိမ်တော်ကို ယူသွားတာလေ။သူမက ဘယ်လိုလုပ် ဒီကိစ္စကို ဧကရာဇ်နဲ့စကားပြောဖို့ အချိန်ရသွားတာလဲ?
သူတို့တွေ အဲ့ဒါကို မနေ့က စီစဉ်ထားခဲ့တာ မဟုတ်ရင်ပေါ့။
ဧကရာဇ်က မင်းသမီးရဲ့တောင်းဆိုမှုကို ပွင့်ပွင့်လင်းလင်း ခွင့်မပြုခဲ့ပေမယ့် သူမကို တိတ်တဆိတ် မင်္ဂလာပွဲချီးမြှင့်ခဲ့တာ ဖြစ်နေတာပဲ။
စုန့်ရွှီမှာ မိသားစုရှိတယ်ဆိုတာ သူ ကောင်းကောင်းသိထားတယ်။
အဲ့ဒီတော့ ကျွန်မကို သတ်တာက ဧကရာဇ်ရဲ့တိတ်တဆိတ် ခွင့်ပြုချက် ပါဝင်နေတာပေါ့။
ဧကရာဇ်က စဉ်းစားဆင်ခြင်ဉာဏ်ရှိပြီးတော့ ထက်မြက်တဲ့အုပ်ချုပ်သူတစ်ယောက်လို့ ကျွန်မ အမြဲတမ်း ထင်ခဲ့ပေမယ့် ဘယ်လို ဉာဏ်ရှိတဲ့အုပ်ချုပ်သူမျိုးက သူ့သမီးကို လူတစ်ယောက်ကို လမ်းပေါ်မှာ သတ်ခွင့်ပေးပြီးတော့ အခြားလူရဲ့ခင်ပွန်းကို လုယူခွင့်ပြုရတာလဲ?
စုန့်ရွှီ ရှင်က ဒီသုံးနှစ်လုံးမှာ ဒီလိုဧကရာဇ်မျိုးအတွက် ခါးသက်တဲ့စစ်ပွဲတွေ တိုက်ခဲ့ရတာပဲ။
ကျွန်မထင်ခဲ့တာ စုန့်ရွှီလည်း ကျွန်မလို တော်တော်လေး စိတ်ပျက်သွားနိုင်တယ်ပေါ့။ဒါပေမဲ့ သူက လုံးဝအံ့ဩသွားပုံမပေါက်ဘူး။သူ့ဘေးနားက လက်သီးတွေကိုသာ ဆုပ်ထားပြီး လက်ဆစ်တွေ ဖြူဖျော့လာခဲ့တယ်။