အပိုင်း(၁၀)
Vol. 1 Ch. 10
"မိန်းကလေး နင်လည်း မင်းသမီးဆီကနေ အသတ်ခံခဲ့ရတာလား"
ကျွန်မနား,နားမှာ ကြည်လင်ပြတ်သားတဲ့အသံတစ်ခု ထွက်ပေါ်လာတယ်။ကျွန်မ တုန်ယင်သွားပြီးတော့ လှည့်ကြည့်လိုက်တယ်။၎င်းက ငယ်ရွယ်တဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး မျက်နှာက ဖြူဆုတ်နေပေမယ့် သိသိသာသာ နူးညံ့တဲ့အစိတ်အပိုင်းများ ရှိနေသည်။
ကျွန်မ ခေါင်းညိတ်လိုက်တယ်။
"ဟုတ်တယ် ကျွန်မ မင်းသမီးကြောင့် အသတ်ခံခဲ့ရတာ။ရှင်လည်းအတူတူပဲလား"
အမျိုးသမီးက သက်ပြင်းချလိုက်၏။
"ငါတို့အားလုံးပဲ"
အခြားသရဲတွေက ကျွန်မတို့ စကားပြောနေတာကို ကြားပြီးတော့ သူတို့က ကျွန်မတို့နား ရောက်လာကြကာ တစ်ယောက်ချင်းဆီက သူတို့ရဲ့မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောကြားကြသည်။
"အဲ့ဒီနေတုန်းက ငါက မင်းသမီးရဲ့ရထားလုံးရှေ့ကနေ အချိန်မှီမဖယ်လိုက်နိုင်ဘူးလေ။အဲ့ဒါနဲ့ သူ(မ)က ငါ့ကို သတ်ပစ်တော့တာပဲ!"
"ငါ့ဟာကပိုပြီးတော့တောင် ရယ်စရာကောင်းသေးတယ်။ငါက အဝါရောင်ဝတ်စုံ ဝတ်ထားလို့ဆိုပြီး မင်းသမီးက အဝါရောင်ကရုပ်ဆိုးတယ်လို့ပြောပြီး သူ့လူတွေကို ငါ့ကို ဓားနဲ့ထိုးသတ်ခိုင်းခဲ့တာ"
"အာ....ခါးသီးလှတဲ့ကံကြမ္မာပဲ။ငါက ငါ့သမီးအတွက် တုတ်ထိုးသကြားလုံးပဲ ဝယ်နေတာပါ။ဒါပေမဲ့ မင်းသမီးက သူ(မ)ငယ်ငယ်တုန်းက ဧကရာဇ်က သူ(မ)ကို တုတ်ထိုးသကြားလုံးတွေ မစားခိုင်းဘူးလို့ပြောပြီး ငါတို့သားအမိနှစ်ယောက်လုံးကို သတ်ပစ်တယ်!"
"........"
သူတို့ကို နားထောင်ပြီးတော့ ကျွန်မ သဘောပေါက်သွားပြီ။
အဲ့ဒီတော့ ဒီငယ်ရွယ်လှပတဲ့ အမျိုးသမီးတွေအကုန်လုံးက သာမန်ဖြတ်သွားဖြတ်လာတွေဖြစ်ပြီး ကံမကောင်းတဲ့ မိခင်တွေနဲ့သူတို့ရဲ့ကလေးတွေပဲ။သူတို့အားလုံးက မင်းသမီးရဲ့လက်ထဲမှာ သေဆုံးသွားခဲ့ရတဲ့ အပြစ်မရှိတဲ့ ဝိညာဉ်တွေပဲ။
မင်းသမီးအတွက်တော့ ကျွန်မတို့က ဘာမှမဟုတ်ဘဲ နိမ့်ကျတဲ့သာမန်လူတွေပဲ။အဲ့လိုဆိုရင်တောင်မှ ကျွန်မတို့က ကျွန်မတို့ဘဝတွေကို စိတ်အားထက်သန်စွာ နေထိုင်ခဲ့ကြတာပါ။
ဒါပေမဲ့ ကျွန်မတို့ရဲ့ အသက်ရှင်ခွင့်ကိုတောင် သူမက ရက်ရက်စက်စက် နှုတ်ယူသွားခဲ့တယ်။
အာဏာက အမှန်တကယ်ကို ထူးဆန်းတဲ့အရာတစ်ခုပဲ။အဲ့ဒါက လူတွေကို စုပြုံစေပေမယ့် သူတို့ကို သရဲတစ္ဆေတွေထက် ပိုပြီးကြောက်စရာကောင်းအောင်လည်း ပြုလုပ်နိုင်တယ်။
"ရှင်တို့အားလုံး ဒီနေရာမှာ စုဝေးနေကြတာက မင်းသမီးကို ကလဲ့စားချေဖို့လား"
ကျွန်မက ငယ်ရွယ်တဲ့အမျိုးသမီးသရဲကို မေးလိုက်တယ်။
"ငါတို့လက်စားချေနိုင်ရင် အဲ့ဒါကစံပြဖြစ်လိမ့်မယ်။ဒါပေမဲ့ သရဲတစ္ဆေတွေက လူ့အသက်ကိုနှုတ်ယူလိုက်ရင် သူတို့က ဘယ်တော့မှ ပြန်ပြီးဝင်စားနိုင်မှာ မဟုတ်တော့ဘူး"
သူမက ပြန်ပြောလိုက်၏။
"ငါတို့က သူ(မ)ကို ခြောက်လှန့်ရုံပဲခြောက်လှန့်ပြီး ငါတို့အတွက် ဖြေရှင်းချက်တစ်ခု လိုချင်တာ"
ကျွန်မ ပဟေဠိဖြစ်သွားတယ်။
"မင်းသမီးရဲ့တုံ့ပြန်မှုကနေ ခန့်မှန်းရရင် သူ(မ)က အရင်တုန်းက တစ်ခါမှ သရဲမမြင်ဖူးတာ သေချာတယ်။နင်တို့အားလုံးက သူ(မ)ကို ခြောက်လှန့်ဖို့အတွက် ဘာလို့ ဒီညကို ရွေးလိုက်ကြတာလဲ"
"ငါတို့ ဒီနေရာမှာရှိနေတာ အချိန်တော်ကြာနေပြီ"
အမျိုးသမီးသရဲက ရှင်းပြလိုက်တယ်။
"အရင်တုန်းက မင်းသမီးရဲ့နားမှာ သရဲနှင်တဲ့အတားအဆီးတစ်ခု ရှိတယ်လေ။ငါတို့တွေ သူ(မ)နားကို ကပ်လို့မရသလို သူ(မ)ကလည်း ငါတို့ကို မမြင်နိုင်ဘူး"
"ဒါပေမဲ့ ဒီနေ့ညတော့ သူ(မ) အပြင်ကနေ အဲ့ဒီယောကျာ်းကို ခေါ်လာပြီးတဲ့နောက် အတားအဆီးက ကျိုးပျက်သွားပြီး ငါတို့တွေ သူ(မ)ကို ဉာဏ်သုံးပြီး ကြောက်အောင် ခြောက်နိုင်ခဲ့တယ်လေ။အခုလေးတင် အဲ့ဒီယောကျာ်းက သူ(မ)ပေါ်မှာ အဆောင်ထားလိုက်ပြီး သူ(မ)ရဲ့အတားအဆီးက ပြန်ရသွားပြီ"
ကျွန်မက ခေါင်းငုံ့ပြီးတော့ စဉ်းစားလိုက်တယ်။
သူမပြောသွားတဲ့ယောကျာ်းက သေချာပေါက် စုန့်ရွှီပဲ။
စုန့်ရွှီရောက်တဲ့အချိန်မှာပဲ မင်းသမီးရဲ့အတားအဆီးက ကျိုးပျက်သွားတယ်။စုန့်ရွှီ တစ်ခုခု လုပ်လိုက်တာများ ဖြစ်နိုင်လား?
စုန့်ရွှီ မင်းသမီးအတွက် ဆွဲပေးတဲ့ အဆောင်လက်ဖွဲ့က သူမရဲ့ သရဲနှင်တဲ့အတားအဆီးကို ပြန်ရစေပေမယ့် သူက ဘာလို့ သူ သရဲတွေအားလုံးကို နှင်ထုတ်လိုက်ပြီဆိုပြီး မင်းသမီးကို လှည့်စားရတာလဲ?
ကျွန်မ တံခါးဝကို ကြည့်လိုက်တယ်။စုန့်ရွှီက မင်းသမီး သူ့အတွက် ပြင်ပေးထားတဲ့ ပိုးထည်ဖျာပေါ်မှာ ထိုင်နေပြီး သူ့မျက်လုံးတွေကို မှိတ်ထားသည်။
၎င်းက သူက ခြံဝင်းထဲမှာ သရဲတွေပြည့်နှက်နေတာကို မမြင်နိုင်တဲ့အတိုင်းပင်။
"အဲ့ဒီယောကျာ်းကရော ဘယ်လိုလဲ?နင် သူ့အနားကို ကပ်လို့ရလား?"
ကျွန်မက စုန့်ရွှီကို လက်ညှိုးထိုးပြလိုက်တယ်။
အမျိုးသမီးသရဲက ခေါင်းရမ်းလိုက်၏။
"သူ့မှာလည်း သရဲနှင်တဲ့အတားအဆီးရှိတယ်။ဒါပေမဲ့ အဲ့ဒါက သူ မင်းသမီးကို ပေးလိုက်တဲ့ အိတ်ကနေလာတာ မဟုတ်ဘူး"
အဲ့ဒီတော့ စုန့်ရွှီက မင်းသမီးကို မရိုးသားဘူးပဲ။
သူ တကယ်ပဲ ဘာတွေလုပ်နေတာလဲ?
ကျွန်မ သူ့ရှေ့မှာ ငုတ်တုပ်ထိုင်ပြီးတော့ ကျွန်မလက်တွေကို သူ့ရှေ့မှာ ဝှေ့ယမ်းပြလိုက်တယ်။
စုန့်ရွှီက သူ့မျက်လုံးတွေ ဖွင့်လာပေမယ့် ကျွန်မကို မကြည့်ပေ။
ကျွန်မ သူ့ကို ဟန်ဆောင်လိမ်ညာဖို့ ဆုံးဖြတ်လိုက်တယ်။
"ဟေး စုန့်ရွှီ ဟန်ဆောင်နေတာ ရပ်လိုက်တော့။ရှင် ကျွန်မကို မြင်နိုင်တယ်ဆိုတာ ကျွန်မ သိတယ်"
စုန့်ရွှီက မြေကြီးကိုပဲ စိုက်ကြည့်နေပြီးတော့ ကျွန်မကို လျစ်လျှူရှုထားတယ်။
"ရှင် ကျွန်မကို ဆက်ပြီးတော့ လျစ်လျှူရှုနေဦးမယ်ဆိုရင် ကျွန်မ အဲ့ဒီသရဲတွေကို ရှင် ကျောက်စွန်းပေါ်ကနေ ပြုတ်ကျခဲ့တဲ့အချိန်တုန်းကအကြောင်းကို ပြောလိုက်မှာနော်"
စုန့်ရွှီက ကျွန်မကို လျစ်လျှူရှုထားတုန်းပဲ။
"စုန့်ရွှီ! ကျွန်မ စိတ်တိုလာပြီနော်! ကျွန်မ အငြိုးကြီးသရဲအဖြစ်ပြောင်းပြီး ရှင်နဲ့မင်းသမီးနှစ်ယောက်လုံးကို သတ်ပစ်တော့မယ်!"
ကျွန်မက သူ့ကိုခြောက်လှန့်ဖို့အတွက် လက်တွေကို ဝှေ့ယမ်းပစ်တယ်။
စုန့်ရွှီက သူ့မျက်လုံးတွေကို မှိတ်လိုက်၏။
ပြီးနောက် သူက တခေါခေါနှင့်ဟောက်တော့သည်။
"စုန့်ရွှီ!!!!!!!”