← Chapters

အပိုင်း(၁၁)

Vol. 1 Ch. 11

အပိုင်း(၁၁)

Vol. 1 Ch. 11

စုန့်ရွှီကို စမ်းသပ်ဖို့အတွက် ကျွန်မ သူ့ဘေးနားမှာ တစ်ညလုံး အော်ဟစ်ဆူပူနေခဲ့တယ်။

သူကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေဆဲ။

မနေ့ညက သူ ကျွန်မကို စကားပြောခဲ့တဲ့ဖြစ်ရပ်က တိုက်ဆိုင်မှုတစ်ခုလို့ပဲ ကျွန်မ ကောက်ချက်ချလိုက်တော့တယ်။သူ ကျွန်မကို တကယ်မမြင်နိုင်ပါဘူး။

ကျွန်မလည်းပဲ ကျွန်မက အခြားသရဲတွေနဲ့ ကွာခြားတယ်ဆိုတာကို ရှာတွေ့သွားတယ်။

အခြားသရဲတွေက စုန့်ရွှီ ဒါမှမဟုတ် မင်းသမီးအနားကို မကပ်နိုင်ကြဘူး။ဒါပေမဲ့ ကျွန်မကတော့ ဘာပြဿနာမှမရှိဘဲ သူတို့နားကပ်နိုင်တယ်။ကျွန်မက သူတို့ခန္ဓာကိုယ်တွေကိုတောင် ဖြတ်သွားနိုင်သေးတယ်။

ဒါ့အပြင် အခြားသရဲတွေက မင်းသမီးအိမ်တော်ထဲမှာ လှည့်ပတ်သွားလာနိုင်ပေမယ့် ကျွန်မကတော့ စုန့်ရွှီဘေးနားကနေ အတော်ဝေးဝေးကို ရောက်သွားတာနဲ့ အတင်းပြန်ဆွဲခေါ်ခံရတယ်။

ကျွန်မရဲ့ဝိညာဉ်ကလည်း စွက်ဖက်ခံထားရတာ ဖြစ်နိုင်လား?

နေ့အချိန်မှာ သရဲတွေရဲ့ ဝိညာဉ်စွမ်းအားဟာ အားနည်းပြီးတော့ သူတို့အားလုံးက အမှောင်ရိပ်ကျတဲ့ ထောင့်တွေဆီကို ဆုတ်ခွာကုန်ကြသည်။

ကျွန်မတစ်ယောက်တည်းကသာ စုန့်ရွှီနဲ့ ပေအနည်းငယ်အကွာမှာ ရှိနေပြီး သံကြိုးနဲ့အချည်ခံထားရတဲ့ ခွေးတစ်ကောင်လိုပဲ။

ကျွန်မ လွတ်လွတ်လပ်လပ် မသွားလာနိုင်မှတော့ အဲ့ဒီအစား ကျွန်မက မင်းသမီးရဲ့အခန်းထဲကိုပဲ တိုက်ရိုက်ဝင်သွားလိုက်တယ်။

စုန့်ရွှီက မင်းသမီးအတွက် ဘယ်လိုသဘောထားရှိလဲဆိုတာ ကျွန်မ ကြည့်ချင်တယ်။

ကျွန်မ မကြည့်ခဲ့မိရင် ပိုကောင်းတယ်-ကျွန်မ တွေ့လိုက်ရတဲ့အရာက ကျွန်မကို ဒေါသထွက်ပြီးတော့ သေစေနိုင်တယ်။

စုန့်ရွှီက အစောကြီးနိုးနေပြီးတော့ မင်းသမီးရဲ့အိပ်ရာဘေးကို တိုက်ရိုက်သွားကာ သူမကို စူးစူးစိုက်စိုက် ကြည့်နေလေ၏။

တဏှာရူးကောင်!

မနက်လယ်လောက်မှာ မင်းသမီးက နောက်ဆုံးတော့ နိုးလာခဲ့၏။

သူမက စုန့်ရွှီကို မြင်လိုက်ရတဲ့အချိန် ခဏလောက် ကြောင်သွားပြီး အဲ့ဒီနောက် သူ့ကို ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့မျက်နှာဖြင့် အားပါးတရ ပြုံးပြလိုက်သည်။

"ရှင် ကျွန်မကို တစ်ညလုံး စောင့်ကြည့်ပေးနေခဲ့တာလား"

စုန့်ရွှီက ပြန်ပြုံးပြလိုက်သည်။

"ဟုတ်တယ်။ကံကောင်းလို့ပေါ့ မနေ့ညက အရှင်မင်းသမီးကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် မကောင်းတဲ့အရာတွေ ရောက်မလာခဲ့ဘူး"

ကျွန်မ မျက်စောင်းထိုးလိုက်တယ်။

ဒီလူက အိပ်မပျော်ခင် ခဏလောက်လေးပဲ ငုတ်တုပ်ထိုင်လိုက်ပြီးတော့ သူက တစ်ညလုံး စောင့်ကြည့်နေခဲ့တာပါလို့ ပြောရဲသေးတယ်။

သူဘယ်လောက်လျှာသွက်လဲဆိုတာ ဘာလို့အရင်က သတိမထားမိခဲ့တာလဲ။

ဒါပေမဲ့ မင်းသမီးကတော့ အဲ့ဒါကို မသိဘူး။

သူမက အရမ်းစိတ်လှုပ်ရှားသွားပြီး သူ့ကိုချစ်ခင်စွာ စိုက်ကြည့်နေတာကြောင့် သူမရဲ့လှပတဲ့မျက်လုံးတွေဟာ ကြည်လင်တဲ့စမ်းရေတွေနဲ့ ပြည့်လျှံတော့မလိုပါပဲ။

သူမသာ ကျွန်မကို မသတ်ခဲ့ဘူးဆိုရင် သူမက လှပပြီးကြင်နာတတ်တဲ့လူတစ်ယောက်လို့ ကျွန်မ ယုံသွားလောက်တယ်။

ပုံပန်းသွင်ပြင်နဲ့ မဆုံးဖြတ်ရဘူးဆိုတာ လူတိုင်းသိထားကြပေမယ့် ဘယ်သူမှ အဲ့ဒါကနေ မလွတ်မြောက်နိုင်ကြဘူး။

ကျွန်မ စုန့်ရွှီဆီကနေ မလွတ်မြောက်နိုင်ခဲ့သလိုပဲ စုန့်ရွှီက မင်းသမီးဆီကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။

သူတို့နှစ်ယောက်က ခဏလောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး အဲ့ဒီနောက် မင်းသမီးက ရုတ်တရက် သူမနဖူးကိုလက်နဲ့ဖိလိုက်၏။

"စုန့်ရွှီ ကျွန်မ ဘာလို့လဲ မသိဘူး။အရမ်းပင်ပန်းနေသလို ခံစားရတယ်။ကျွန်မ လုံးဝအားမရှိသလိုပဲ"

စုန့်ရွှီက စိုးရိမ်သွားပြီး မျက်‌မှောင်ကြုတ်ကာ

"တကယ်လို့ အရှင်မင်းသမီး နေမကောင်းဘူးဆိုရင် ကျွန်တော်တို့ နန်းတော်ကနေ တော်ဝင်သမားတော် ဆင့်ခေါ်သင့်လား"

မင်းသမီးက ခေါင်းညိတ်လိုက်တယ်။

"အဲ့ဒါကောင်းတယ်။ကျွန်မ နေမကောင်းဘူးဆိုတာ ခမည်းတော်ကြားတဲ့အခါကျရင် သူ သေချာပေါက် စိတ်မကောင်းဖြစ်သွားမှာ"

ဧကရာဇ်က သူ့သမီးတော်ကို သည်းသည်းလှုပ်ချစ်တယ်ဆိုတာ ထင်ရှားတယ်။ဒါပေမဲ့ သူ့အချစ်က သူ့သမီး အပြစ်မဲ့တဲ့သူတွေကို သတ်နေတာကို ခွင့်ပြုထားတဲ့အထိဖြစ်လိမ့်မယ်လို့တော့ ကျွန်မ ဘယ်တုန်းကမှ စိတ်ကူးမထားမိခဲ့ဘူး။

နေ့လယ်ခင်းတွင် တော်ဝင်သမားတော် ရောက်ရှိလာ၏။သူမကို ခဏလောက် စစ်ဆေးပြီးတဲ့နောက် သူက ရောဂါမရှာဖွေနိုင်ဘဲ မင်းသမီးက ထိတ်လန့်ကြောက်ရွံ့သွားတဲ့အတွက်လို့သာ ပြောခဲ့သည်။သူက စိတ်ငြိမ်ဆေးအချို့ကို ညွှန်ကြားခဲ့ပြီး ကောင်းကောင်းအနားယူဖို့ ပြောသွားသည်။

သမားတော် ထွက်သွားပြီးတဲ့နောက် မင်းသမီးက စုန့်ရွှီနဲ့ နေ့လယ်စာစားပြီး အဲ့ဒီနောက် ပြန်လှဲသွားသည်။

စုန့်ရွှီက သူကိုယ်တိုင် သူမအတွက် ဆေးကျိုချက်ပြီးတော့ သူမကို ဆေးခွံ့တိုက်ကာ အိပ်ပျော်အောင် ချော့ပေးနေခဲ့၏။

စုန့်ရွှီရဲ့အရမ်း အလေးအနက်ပြုမူနေတာကိုကြည့်ပြီး ကျွန်မ သက်ပြင်းချလိုက်တယ်။

"အိုးးး ဘုရားရေ။အကယ်၍ နောင်ဘဝဆိုတာ တကယ်ရှိရင် ကျွန်မလည်း မင်းသမီးတစ်ပါးဖြစ်ပါရစေ"

ကျွန်မ စိတ်ထင်တာပဲလားဆိုတာ မသေချာပေမယ့် စုန့်ရွှီရဲ့ပုံရိပ်က ခဏလောက် ရပ်တန့်သွားတာကို မြင်လိုက်ရတယ်။

သိပ်မကြာခင်မှာပဲ မင်းသမီး အိပ်ပျော်သွားပြီး စုန့်ရွှီက ထလာကာ စာရေးစားပွဲဆီ လျှောက်သွားလိုက်သည်။

သူက ကျွန်မ ခေါင်းရှေ့တည့်တည့်အပေါ် တန်းပြီး ထိုင်ချလိုက်တယ်။

"ဟေးး ဒီမှာ လူထိုင်နေတာ နင်မတွေ့ဘူးလား?"

ကျွန်မက ဒေါသတကြီး ရေရွတ်လိုက်ပြီး သူ ထိုင်ဖို့‌ ဘေးဖယ်ပေးလိုက်တယ်။

စုန့်ရွှီက သူ့အင်္ကျီလက်ထဲကနေ စာအုပ်တစ်အုပ် ထုတ်လာပြီး အဲ့ဒါကို စတင်လှန်လှောတော့တယ်။

ကျွန်မ ငုံ့ကြည့်လိုက်တယ်။ဟက် အဲ့ဒါက ကျွန်မ မကြာသေးခင်ကမှ ဖတ်နေခဲ့တဲ့ ပုံပြင်စာအုပ်ပဲ!

ကျွန်မ အသက်ရှင်နေတုန်းက ကျွန်မအနှစ်ခြိုက်ဆုံးအချိန်က ပုံပြင်စာအုပ်တွေ ဖတ်ရတဲ့အချိန်ပဲ။

ကျွန်မတို့ လက်ထပ်ပြီးတဲ့နောက် စုန့်ရွှီက မကြာခဏ ကျွန်မကို အဖော်လုပ်ပေးပြီးတော့ စာအုပ်အသစ်တွေ လိုက်ဝယ်ပေးလေ့ရှိတယ်။

သူ စစ်ပွဲသွားတဲ့အချိန် ကျွန်မက သူ့ကိုလွမ်းတဲ့အခါတိုင်း ပုံပြင်စာအုပ်တွေ ဖတ်နေလိုက်တယ်။

သူ ပြန်ရောက်လာတဲ့နေ့တုန်းက ကျွန်မက မကြာသေးခင်တုန်းက ဝယ်ခဲ့တဲ့ ပုံပြင်စာအုပ်အသစ်အကြောင်း သူ့ကို ပြောပြခဲ့တယ်။

ကံမကောင်းစွာနဲ့ပဲ ကျွန်မ မသေခင်မှာ တဝက်ပဲ ဖတ်ပြီးသေးတယ်။

စုန့်ရွှီက ဒီစာအုပ်ကို မင်းသမီးအိမ်တော်ဆီ ယူလာလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားဘူး။

မယုံနိုင်စရာပဲ။ကျွန်မ သေသွားတယ်၊သူက ကျွန်မအတွက် စာအုပ်ကို မီးမရှို့ပေးဘဲနဲ့ အဲ့ဒါကို သူ့အတွက်သူ သိမ်းထားတယ်တဲ့!

ကျွန်မ ဒေါသထွက်ထွက်နဲ့ စုန့်ရွှီကို သုံးခါလောက် ထိုးပစ်လိုက်တယ်။

သူက စာအုပ်ကို ဖွင့်လိုက်ပြီး အထဲမှာ ကျွန်မလုပ်ထားခဲ့တဲ့ သစ်ရွက်စာအုပ်မှတ် ရှိနေတယ်။

စုန့်ရွှီက စာအုပ်မှတ်ကို ခဏလောက် စိုက်ကြည့်နေခဲ့ပြီး အဲ့ဒီနောက် ၎င်းကို ဆွဲထုတ်လိုက်၏။

သူက ပထမစာမျက်နှာကို လှန်လိမ့်မယ်လို့ ကျွန်မ ထင်ထားခဲ့ပေမယ့် အဲ့ဒီအစား သူက မှတ်သားထားတဲ့ စာမျက်နှာကနေ စတင်ဖတ်ရှုနေတယ်။

ကျွန်မ ဝမ်းသာအားရဖြစ်သွားပြီး သူ့ကို မှီလိုက်တယ်။ကျွန်မတို့ စာအတူတူဖတ်နေရင်း ကျွန်မခေါင်းကို သူ့ပုခုံးပေါ်တင်ထားလိုက်တယ်။

သူက စာမျက်နှာတွေကို ဖြည်းဖြည်းချင်း လှန်ပြီးတော့ ဆည်းဆာနေရောင်က သူ့ရဲ့သွယ်လျတဲ့လက်ချောင်းတွေပေါ် ကျရောက်နေသည်။

ကျွန်မ အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အတိုင်းပင်။

All Chapters