Chapters

ရက်ရက်စက်စက်သတ်ဖြတ်ခြင်း (အပိုင်းနှစ်)

Vol. 61 Ch. 939

ရက်ရက်စက်စက်သတ်ဖြတ်ခြင်း (အပိုင်းနှစ်)

Vol. 61 Ch. 939

ထိုငါးမန်းသူရဲ၏ မှတ်ညဏ်ကိုဖတ်ပြီးနောက် ပင်လယ်မျိုးနွယ်ဝင်များသည် ဤစွမ်းအားကို 'ပင်လယ်စွမ်းအင်' ဟုခေါ်ကြောင်း ဖေးသိရှိခဲ့သည်။ ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးသော ပါဝါဖြစ်သည်ဟု သူတို့ယုံကြည်ကြသည်။ ဒီစွမ်းအားကို မြင့်မားတဲ့အဆင့်အထိ လေ့ကျင့်ပြီးသည့်အခါ ကြောက်စရာကောင်းလာသည်။

ထို့အပြင် သမုဒ္ဒရာထဲတွင် ပင်လယ်မျိုးနွယ်စုပေါင်း ထောင်သောင်းချီရှိခဲ့သည်။

လူများစွာ၏ ယူဆချက်နှင့် ကွဲပြားသည်။ ပင်လယ်မျိုးနွယ်စုသည် မျိုးစိတ်များနှင့် မျိုးနွယ်စုများအပေါ် အခြေခံ၍ မခွဲခြားထားပေ။ ယင်းအစား၊ ၎င်းတို့ကို ပထဝီဝင်တည်နေရာများအပေါ် အခြေခံ၍ အုပ်စုဖွဲ့ထားသည်။

ဥပမာတစ်ခုအနေဖြင့် [ရနံ့ပင်လယ်] မှပင်လယ်မျိုးနွယ် ကို​ကြည့်​နိုင်သည်။

ရေသူမမျိုးနွယ်စုက အုပ်ချုပ်ခဲ့ပြီး ငါးမန်းမျိုးနွယ်စု၊ ဧရာမဝေလငါးမျိုးနွယ်နှင့် ပင်လယ်မြင်းမျိုးနွယ်စသည့် မျိုးနွယ်စု ဆယ်စုကျော်ကို ထိန်းချုပ်ထားသည်။

မတူညီသောမျိုးစိတ်များတွင် မတူညီသောကိုယ်ခန္ဓာဖွဲ့စည်းပုံရှိသော်လည်း ၎င်းတို့တွင် တူညီသောစွမ်းရည်များရှိပြီး ၎င်းတို့အားလုံးသည် ပင်လယ်မျိုးနွယ်စုသုံးနိုင်သည့် တစ်ခုတည်းသောစွမ်းအင်ဖြစ်သည့် ပင်လယ်ဘစွမ်းအားကို လေ့ကျင့်နိုင်ကြသည်။

တစ်ခုတည်းသော ခြားနားချက်မှာ ပင်လယ်မျိုးနွယ်၏ အဆင့်အတန်းမြင့်သော မျိုးနွယ်စုအချို့တွင် ပင်လယ်စွမ်းအား ကို မွေးမြူရာတွင် ပိုမိုကောင်းမွန်သော အဖွဲ့ဝင်များ ရှိပြီး အဆင့်နိမ့်မျိုးနွယ်စုများသည် များစွာ ညံ့ဖျင်းပါသည်။

ဖေးသည် ဤငါးမန် သူရဲ၏ကိုယ်ထည်ဖွဲ့စည်းပုံကို ရှာဖွေတွေ့ရှိပြီးနောက်၊ သူသည် သူ၏စွမ်းအင်ကို ပြန်လည်ထုတ်ယူကာ ဤသတ္တဝါ၏မှတ်ဉာဏ်ကို စတင်ဖတ်ရှုပြီး ပထမငါးမန်းသူရဲထံမှ ရရှိသည့် အချက်အလက်အတွက် ထပ်လောင်းအချက်အလက်အချို့ကို ရယူလိုက်သည်။

"နတ်ဆိုး၊ မာရ်နတ်၊ ယုတ်မာတဲ့လူသား၊ မင်းဟာ ငရဲ တွင်းနက်ကြီးထဲက ဆင်းသက်လာတဲ့ နတ်ဆိုးဖြစ်ရမယ်။" 

ဧရာမ ဝေလငါး စစ်သည်တော်သည် ရုန်းကန်ပြီး အရူးအမူး ကျိန်ဆဲခဲ့သည်။ သူသေပြီဆိုသည်ကို သေချာသိပြီးနောက် မြန်မြန်ဆန်ဆန်နဲ့ မနာကျင်ဘဲ သေခြင်းတရားကို ရနိုင်ဖို့ ဖေးကို ပိုပြီး နှိုးဆော်ချင်ခဲ့သည်။

ဒုတိယငါးမန်းစစ်သည်တော်သည် ထိုရက်စက်ကြမ်းကြုတ်သော ဝိညာဉ်ရှာဖွေရေးနည်းပညာကို ဖြတ်သန်းပြီးနောက်တွင် စွမ်းအားမဲ့စွာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူချက်ချင်းမသေသော်လည်း သူ့ခန္ဓာကိုယ်၏ မသိစိတ်က တုန်ယင်နေသည်။ သူ့ဦးနှောက် ပျက်စီးသွားပြီး သတိလစ်သွားသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်သည် တုန်ခါနေဆဲဖြစ်ပြီး သူဖြတ်သန်းခဲ့ရသည့် အလွန်နာကျင်သည့် ဖြစ်စဉ်ကို ပြသနေသည်။

"အရှင်မင်းကြီး!"

"ကျောင်းအုပ်!"

ထိုအချိန်တွင် တက္ကသိုလ်ကျောင်းသား သုံးယောက် ပြေးလွှားနေကြသည်။

ဘူးဝစ်၊ ပတိုး နှင့် အော်စကာ တို့က စိတ်လှုပ်ရှားနေပုံရသည်။ မြေပြင်ပေါ်ရှိ တိုက်ပွဲအမှတ်အသားများကို တတ်နိုင်သမျှ ခြေရာခံကာ ဖေး နောက်သို့ လိုက်လာကြသည်။ ဤနေရာကိုရောက်သည့်ခါ တိုက်ပွဲက ပြီးသွား‌ပေ ပြီ။ သူတို့ကို ပျော်ရွှင်စေတဲ့အရာကတော့ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ရှိခြင်းပါပဲ။ သူတို့အသက်အုပ်စုထဲမှာရှိတဲ့ ကောင်လေးတစ်ယောက်ပါ။

" သူက အရမ်းပိန်တယ်... နေမကောင်းဘူးလား?" 

လူဝစ်သည် အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ငြိမ်သက်နေပြီး ညည်းတွားနေသည့် ဤကောင်လေးကို စိုက်ကြည့်နေသည်။

“သနားစရာ… ပင်လယ်မျိုးနွယ် ရဲ့ ယုတ်မာတဲ့ အဖွဲ့ဝင်တွေက သူ့ကို ချစ်ရသူအားလုံးကို ဆုံးရှုံးစေခဲ့တယ်…”

 အော်စကာက နူးညံ့သိမ်မွေ့သည်။ မိဘမဲ့တစ်ယောက်အနေနဲ့ မျက်စိမှိတ်ထားသည့် ဤကောင်လေးကို ကိုယ်ချင်းစာမိသည်။

"မင်္ဂလာပါ၊ ငါ့နာမည်က ဒက်စလာပါ။" 

ကောင်လေးက ဖေး၏အင်္ကျီကို လွှတ်လိုက်ပြီး ချိုင့်ဝှမ်းထဲက ထွက်လာသည်။ သူက နှေးကွေးသော်လည်း မျက်နှာပေါ်က အပြုံးက လေပြည်လေးလို နွေးထွေးနေသည်။  တက္ကသိုလ်ကျောင်းသားသုံးဦးက သူ့ကို ချက်ချင်းပင် သဘောကျစေခဲ့သည်။

မျက်လုံးမှိတ်ထားရင်း ကောင်လေးက သူ့လက်ကို ကျောင်းသား သုံးယောက်ထံ ဆန့်ထုတ်လိုက်သည်။

ဤဟာသည် နတ်ဘုရားတွေ၏ နယ်ပယ်နဲ့ အနီးစပ်ဆုံးဖြစ်သည့် ချမ်းဘော့ ၏ အနာဂတ် တန်ခိုးအကြီးဆုံး ရွှေသူတော်စင် နှင့် သူ့ရွယ်တူများကြားက ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါသည်။

ဤသည်ကို သမိုင်းစာအုပ်များမှာ မှတ်တမ်းတင်မထားပါချေ။

ဤအခိုက်အတန့်တွင် နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်သွားပြီး၊ အမှောင်ထုသည် ကုန်းမြေကို ဖုံးလွှမ်းသွားသည်။

End