← Chapters

အပိုင်း(၁၆)

Vol. 1 Ch. 16

အပိုင်း(၁၆)

Vol. 1 Ch. 16

နောက်တစ်ရက်တွင် တော်ဝင်သမားတော် မင်းသမီးအိမ်တော်သို့ ရောက်လာ၏။

သူ့ကို ဧကရာဇ်လွှတ်လိုက်တာ ဖြစ်သည်။

မှော်ဆရာနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကြောင့် ဧကရာဇ်က သံသယဝင်လာခဲ့သည်။

ကံကောင်းစွာနဲ့ပဲ မင်းသမီးရဲ့ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တာတွေ မတွေ့ရသလို မွေးရာပါ ရောဂါအချို့တောင် သိသိသာသာ တိုးတက်လာခဲ့သည်။

စုန့်ရွှီ ရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုအောက်မှာ မင်းသမီးဟာ ပိုပြီး ကျန်းမာသန်စွမ်းလာ၏။

ဒီအကြောင်းကို ကြားရတော့ ဧကရာဇ်က သူ့ရဲ့သံသယတွေကို နောက်ဆုံးတော့ ပယ်ဖျက်လိုက်ပြီး မင်္ဂလာပွဲအတွက် ကောင်းမွန်တဲ့နေ့သစ်တစ်ခုကို ရွေးချယ်လိုက်တော့သည်။

မင်္ဂလာပွဲကို စောင့်ဆိုင်းနေရတဲ့ ရက်တွေအတွင်း မင်းသမီးက စုန့်ရွှီကို ရံဖန်ရံခါ အပြင်ခေါ်သွားလေ့ရှိသည်။

ကျွန်မက သူတို့နောက်ကနေ လိုက်ပြီး သူတို့တွေ လမ်းတွေပေါ်မှာ လမ်းလျှောက်တာ၊ သာမန်လင်မယားတွေလို ပြဇာတ်တွေကြည့်တာကို ကြည့်နေခဲ့တယ်။

မင်းသမီးရဲ့ စိတ်နေစိတ်ထားက ခန့်မှန်းရခက်ပြီး တစ်ခါတစ်ရံ လူသတ်ချင်စိတ်တွေ ပေါ်တတ်ပေမဲ့ စုန့်ရွှီကတော့ အမြဲတမ်း တားဆီးခဲ့သည်။

တဖြည်းဖြည်းနဲ့ မင်းသမီးရဲ့ သတ်ဖြတ်လိုစိတ်တွေ လျော့ပါးလာခဲ့ပြီး သူမက တကယ့်ကို ပြောင်းလဲသွားပုံပေါက်သည်။

တစ်ခါတုန်းကဆိုရင် လူတစ်ယောက်က သူမကို ဝင်တိုက်မိတဲ့အခါ သူမက ဒေါသမထွက်ခဲ့ဘဲ အဲ့ဒီလူကို ငွေတောင် ပေးလိုက်သေးတယ်။

သူတို့နောက်ကနေ လိုက်ရင်း ဒီလို သဟဇာတဖြစ်ပြီး ပျော်ရွှင်တဲ့ မြင်ကွင်းကို မြင်တွေ့ရတော့ ကျွန်မ ရုတ်တရက် စိတ်သက်သာရာ ရသွားခဲ့တယ်။

စုန့်ရွှီက မင်းသမီးကို တကယ်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ဒါက ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား?

နောက်ဆိုရင် မင်းသမီးလက်ချက်နဲ့ အပြစ်မဲ့ပြည်သူတွေ ထပ်သေရတော့မှာ မဟုတ်ဘူး။

တကယ်လို့ ဒါက စုန့်ရွှီ လုပ်ချင်တဲ့အရာ၊ သူဆန္ဒရှိတဲ့ အနာဂတ်ဆိုရင် ကျွန်မက သူ့ကို စိတ်ရင်းအမှန်နဲ့ ကောင်းချီးပေးဖို့ ဆန္ဒရှိပါတယ်။

မင်းသမီးကို ပြောင်းလဲပေးဖို့က စုန့်ရွှီ တကယ်လိုချင်ခဲ့တဲ့အရာ မဟုတ်ဘူးဆိုတာကို ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး။

ဒီလ ၁၅ ရက်နေ့မှာ ပုံမှန်အတိုင်းပဲ၊ စုန့်ရွှီက မင်းသမီးရဲ့အခန်းထဲမှာ စောင့်ကြည့်နေခဲ့တယ်။

ကျွန်မကတော့ ခြံဝင်းထဲမှာ သရဲတွေနဲ့ စကားပြောနေခဲ့တယ်။

သူတို့ထဲက တချို့က မင်းသမီး လူမသတ်တော့ဘူးဆိုတာကို သိလိုက်ရတော့ ဝမ်းသာအားရဖြစ်ပြီး၊ သူတို့ရဲ့ ရန်ငြိုးတွေကို လွှတ်ချကာ ဘဝသစ်ကို ပြောင်းလဲဖို့ (ပြန်လည်မွေးဖွားဖို့) သွားကြသည်။

ဒါပေမဲ့ တချို့ကတော့ လက်စားချေဖို့ စိတ်ကူးတွေ ရှိနေဆဲဖြစ်ပြီး မင်းသမီးရဲ့အိမ်တော်ထဲမှာပဲ သူတို့ရဲ့အခွင့်အရေးကို စောင့်ဆိုင်းရင်း ကျန်နေခဲ့သည်။

သူတို့က ကျွန်မရဲ့အစီအစဉ်တွေက ဘာလဲလို့ မေးကြတော့ ကျွန်မက သက်ပြင်းချပြီး ပြောလိုက်တယ်။

"ကျွန်မလည်း ဘဝသစ်ကို ပြန်ဝင်စားချင်ပါတယ်၊ ဒါပေမဲ့ မထွက်ခွာနိုင်သေးဘူး"

သူတို့က အမျိုးမျိုးသော သီအိုရီတွေကို စတင်ပြောဆိုကြတယ်။ တချို့က ကျွန်မမှာ မပြည့်စုံသေးတဲ့ ဆန္ဒတွေရှိနေသေးတယ်လို့ ပြောကြပြီး၊ တချို့ကတော့ ကျွန်မက စုန့်ရွှီကို နက်နက်ရှိုင်းရှိုင်း ချစ်နေတာမလို့ သူ့ကို မခွဲနိုင်တာလို့ ပြောကြတယ်။

ကျွန်မက ပခုံးတွန့်လိုက်ပြီး အားလုံးကို ငြင်းဆိုလိုက်တယ်။

ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေတုန်းမှာပဲ အသက်အကြီးဆုံး အမျိုးသမီးသရဲက ရုတ်တရက် မျက်လုံးပြူးလာပြီး မင်းသမီးရဲ့အခန်းဘက်ကို စိုက်ကြည့်နေခဲ့တယ်။

"ဘာဖြစ်လို့လဲ"

ကျွန်မ သူမကို မေးလိုက်တယ်။

"ငါ ခံစားလို့ရတယ်"

သူမက ပြောတယ်။

"မင်းသမီးရဲ့ အကာအကွယ်က အားနည်းလာပုံရတယ်"

ဒါကိုကြားရတော့ ကျန်တဲ့သရဲတွေအားလုံး မင်းသမီးရဲ့အခန်းဆီကို အရူးအမူး ပြေးဝင်သွားကြသည်။

ကျွန်နလည်း အမြန်လိုက်သွားတယ်။

ကျန်ရှိနေခဲ့တဲ့ သရဲတွေက လက်စားချေချင်စိတ်ရှိတဲ့သူတွေချည်းပဲ ဖြစ်တယ်။ မင်းသမီးရဲ့ အကာအကွယ် တကယ်ပဲ ပျက်စီးသွားမယ်ဆိုရင်တော့ ပရမ်းပတာတွေ ဖြစ်သွားတော့မှာပဲ။

စုန့်ရွှီအတွက်တော့ သူ ဘာဖြစ်မလဲဆိုတာ ကျွန်မ မသိဘူး။ သူက ဒီတစ်လျှောက်လုံး မင်းသမီးကို ကူညီနေခဲ့တာဆိုတော့ သရဲတွေက သူ့ကို အလွတ်

ပေးမှာ မဟုတ်ဘူး။

အခန်းထဲကို ကျွန်မဝင်သွားတဲ့အချိန် မင်းသမီးက စုန့်ရွှီရဲ့ ရင်ခွင်ထဲမှာ မှီပြီး သူမက ညည်းညူနေတဲ့ မျက်နှာနဲ့ အိပ်မက်ဆိုးမက်ခဲ့တယ်လို့ ပြောနေတာကို တွေ့လိုက်ရတယ်။

"သူ(မ)ရဲ့ အကာအကွယ်က ရှိနေတုန်းပဲ"

အမျိုးသမီးသရဲက ပြောလိုက်၏။

ကျွန်မက သရဲအုပ်စုကြားထဲကနေ တိုးထွက်သွားပြီး သွားစစ်ဆေးကြည့်လိုက်တယ်။ တကယ်ပဲ မင်းသမီးပတ်လည်မှာ အပြာရောင်အလင်းတန်းလေး ရှိနေတုန်းဖြစ်တယ်။

ဒါပေမဲ့ အဲ့ဒီအပြာရောင်အလင်းက အရင်ကထက် မှိန်ဖျော့နေပုံရတယ်။

ကျွန်မ အလင်းကို ထိဖို့ လက်လှမ်းလိုက်တုန်းမှာပဲ စုန့်ရွှီက ကျွန်မကို မော့ကြည့်လာတယ်။

ဒီရက်ပိုင်းတွေမှာ သူ့အကြည့်က ကျွန်မဆီကို ဒီလိုမျိုး တစ်ခါတလေ ကျရောက်တတ်ပေမဲ့ ကျွန်မကတော့ ဒါကို တိုက်ဆိုင်မှုတစ်ခုလို့ပဲ ထင်ပြီး သိပ်ဂရုမစိုက်ခဲ့ဘူး။

"ယွင်အာ"

သူက ရုတ်တရက် စကားပြောလိုက်ပြီး ကျွန်မနာမည်ကို ခေါ်လာတယ်။

ကျွန်မ ရပ်တန့်သွားပြီး လက်က လေထဲမှာ တန်းလန်းကြီး ဖြစ်နေခဲ့တယ်။

"စုန့်ရွှီ၊ ရှင် ဘာပြောလိုက်တာလဲ"

မင်းသမီးက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

စုန့်ရွှီက ခေါင်းလှည့်လိုက်ပြီး မင်းသမီးကို ပြုံးပြီး တည်ငြိမ်စွာ ကြည့်လိုက်၏။

"အရှင်မင်းသမီး၊ အချိန်တန်ပြီ"

စုန့်ရွှီက သူ့လက်ကိုမြှောက်ပြီး မင်းသမီးရဲ့နဖူးကို အသာလေး ပုတ်လိုက်သည်။

မင်းသမီးရဲ့ ဘေးပတ်လည်က အပြာရောင်အလင်းတန်းက ချက်ချင်း ပျောက်ကွယ်သွားပြီး၊ နောက်တစ်ခဏမှာတော့ သူမရဲ့မျက်လုံးတွေက ထိတ်လန့်တကြား ပြူးကျယ်လာခဲ့သည်။

"အား—!"

ညကောင်းကင်ယံကို ဖောက်ထွက်သွားတဲ့ စူးရှတဲ့ အော်သံတစ်သံ ထွက်ပေါ်လာ၏။

"သူ(မ)ရဲ့ အကာအကွယ် ပျက်သွားပြီ!"

အမျိုးသမီးသရဲက ရူးသွပ်စွာ ရယ်မောရင်း မင်းသမီးဆီကို ပြေးဝင်သွားသည်။

မင်းသမီးကို သရဲတွေက လျင်မြန်စွာ ဝိုင်းရံလိုက်ကြပြီး ခဏအကြာမှာတော့ သူမကို မမြင်ရတော့ပေ။

ကျွန်မတစ်ယောက်တည်းကသာ အဲ့ဒီမှာ ကြက်သေ,သေစွာ ရပ်နေခဲ့မိတယ်။

စုန့်ရွှီက သရဲအုပ်စုကြားကနေ ကျွန််မဆီ လျှောက်လာတာကို ကျွန်မ ကြည့်နေမိတယ်။

လပြည့်ညရဲ့အလင်းရောင်က သူ့ရဲ့ ကြည်လင်တောက်ပတဲ့ မျက်လုံးတွေထဲမှာ ထင်ဟပ်နေတယ်။

"ယွင်အာ နောက်ဘဝမှာ မင်းသမီး ဖြစ်ချင်တယ်လို့ မင်း မပြောခဲ့ဘူးလား"

All Chapters