အပိုင်း(၁၇)
Vol. 1 Ch. 17
လပြည့်ညမှာ သရဲတစ်ရာတို့ လက်စားချေဖို့ ရောက်လာခဲ့ကြသည်။
မင်းသမီးရဲ့ ဝိညာဉ်က သူမခန္ဓာကိုယ်ကနေ ထွက်ခွာသွားတဲ့အချိန်မှာ အားပြင်းတဲ့ စွမ်းအားတစ်ခုက ကျွန်မကို ဆွဲခေါ်သွားခဲ့တယ်။
ကျွန်မ မျက်လုံးပြန်ဖွင့်လာတဲ့အချိန် သုံးရက်တောင် ကြာသွားခဲ့ပြီ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ သရဲတွေလည်း မရှိသလို မင်းသမီးရဲ့ အရိပ်အယောင်တောင် မတွေ့ရပေ။
စုန့်ရွှီ တစ်ယောက်တည်းပဲ အဲ့ဒီမှာ ရှိနေသည်။
သူက ကုတင်ဘေးမှာ ထိုင်ပြီး ကျွန်မကို ပြုံးပြနေခဲ့တယ်။
အရင်ကလိုပဲ သူ့ရဲ့အပြုံးက လောကကြီးမှာ ဘယ်သူ့ရဲ့အပြုံးထက်မဆို ပိုလှပပြီး ပိုနူးညံ့နေခဲ့တယ်။
ကျွန်မ လက်လှမ်းပြီးတော့ သူ့မျက်နှာဆီကို ဂရုတစိုက် ဆန့်တန်းလိုက်တယ်။
ကျွန်မရဲ့လက်ချောင်းထိပ်ဖျားတွေဆီက နွေးထွေးတဲ့ ခံစားမှုတစ်ခု ရုတ်တရက် ရောက်ရှိလာတယ်။
ရုတ်တရက် ကျွန်မ မျက်ရည်တွေ ဝဲတက်လာခဲ့တယ်။
မင်းသမီးရဲ့အိမ်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအားလုံးက စုန့်ရွှီနဲ့ ဆက်စပ်နေတယ်လို့ ကျွန်မ သံသယဝင်ခဲ့တာ ကြာပြီ။ ဒါပေမဲ့ တစ်နေ့ကျရင် ကျွန်မ အသက်ပြန်ရှင်လာမယ်လို့တော့ တစ်ခါမှ မတွေးခဲ့မိဘူး။
စုန့်ရွှီ က နယ်စပ်မှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်တယ်ဆိုတာ လိမ်ပြောခဲ့တာလို့ ကျွန်မကို ပြောပြတယ်။ ဒါပေမဲ့ အနောက်တိုင်းဒေသက မှော်ဆရာတစ်ယောက်ကို သိတယ်ဆိုတာကတော့ အမှန်ပဲ။
သူက ရန်သူ့လက်ထဲကနေ အဲ့ဒီမှော်ဆရာရဲ့ အသက်ကို ကယ်ခဲ့လို့ မှော်ဆရာက သူ့ကို သူသိတဲ့ပညာတွေ အကုန်သင်ပေးခဲ့တာလို့ ပြောပြတယ်။
မြို့တော်ကို သူပြန်ရောက်တဲ့နေ့မှာ စုန့်ရွှီက ညီလာခံမှာ မင်းသမီးကို အရှက်ခွဲခဲ့ပြီး သူမက သူ့ကို လက်စားချေလိမ့်မယ်လို့ ထင်ခဲ့ပြီးသားဖြစ်တယ်။
ဒါပေမဲ့ မင်းသမီးက ဒီလောက်တောင် ရက်စက်ပြီး ကျွန်မကို သတ်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။
သူ ကျွန်မကို မြှုပ်နှံတဲ့အချိန်တုန်းက သူ ဘယ်တော့မှ မခွဲဘဲ ဆောင်ထားတဲ့ ကျောက်စိမ်းဆွဲပြားပေါ်မှာ ဝိညာဉ်ချုပ်အဆောင်ကို ထားခဲ့ပြီး ကျွန်မနဲ့အတူ မြှုပ်နှံခဲ့တယ်။
ဒီလိုလုပ်ခြင်းအားဖြင့် သူက ကျွန်မဝိညာဉ်ကို သူ့ဘေးနားမှာ ထားနိုင်ခဲ့တယ်။
"ရှင်က ကျွန်မဝိညာဉ်ကို မင်းသမီးဝိညာဉ်နဲ့ လဲလှယ်ဖို့ အစကတည်းက စီစဉ်ထားတာလား"
ကျွန်မ သူ့ကို မေးလိုက်တယ်။
စုန့်ရွှီက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်၊ ဒါပေမဲ့ ဝိညာဉ်လဲလှယ်တဲ့ပညာက တင်းကြပ်တယ်။ မင်းသမီးက ဝိညာဉ်ခွဲထွက်ဆေးကို ဆယ့်ငါးရက်ဆက်တိုက် သောက်ရမယ်။ ပြီးတော့ မင်းရဲ့ဆံပင်ကို သူ(မ)နဲ့အတူ ဆောင်ထားရမယ်။သူ(မ)ရဲ့ ဝိညာဉ်စွမ်းအား အားအနည်းဆုံးအချိန်မှသာ သူ(မ)ရဲ့ ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်ပြီး မင်းက သူ(မ)နေရာကို ယူနိုင်မှာ"
ဒီစကားကြားတော့ ကျွန်မ နားလည်သွားခဲ့တယ်။
စုန့်ရွှီ မင်းသမီးရဲ့ဆေးထဲကို လျှို့ဝှက်ထည့်ပေးနေတဲ့ ဆေးလုံးနက်တွေက ဝိညာဉ်ခွဲထွက်ဆေးရဲ့ ပါဝင်ပစ္စည်းတွေပဲ။ စုန့်ရွှီက မင်းသမီးအတွက် ဆေးကို နေ့တိုင်း ကိုယ်တိုင်ပြင်ဆင်ပေးခဲ့ပြီး သူမ မဖြစ်မနေ သောက်ဖို့ သေချာစေခဲ့တယ်။
ဝိညာဉ်ခွဲထွက်ဆေးအပြင် စုန့်ရွှီက ခန္ဓာကိုယ်ကို သန်မာစေဖို့ တခြားပါဝင်ပစ္စည်းတွေကိုလည်း ထည့်ပေးခဲ့တယ်။
သူပြောတာက ခန္ဓာကိုယ်က နောက်ဆုံးမှာ ကျွန်မရဲ့ဟာ ဖြစ်လာမှာမလို့ ဒုက္ခတွေကို မင်းသမီးကပဲ ခံစားသင့်တယ်တဲ့။
ပူးဝင်ခံရတဲ့ မှော်ဆရာကလည်း သူ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ်။
လပြည့်ညရောက်လာပြီး သရဲတွေ အားအပြင်းဆုံးဖြစ်တဲ့အချိန်မှာ စုန့်ရွှီက မင်းသမီးရဲ့ အကာအကွယ်ကို ဖျက်ဆီးခဲ့တယ်။
အခန်းထဲက သရဲတွေအပြည့်ကြောင့် မင်းသမီး ထိတ်လန့်တကြားဖြစ်ပြီး သူမရဲ့ စိတ်ဓာတ်တွေ လုံးဝပျက်စီးသွားခဲ့တယ်။
"ဆံပင်ကရော? ကျွန်မဆံပင်ကို သူ(မ) ဘယ်လိုဆောင်ထားအောင် လုပ်ခဲ့တာလဲ" လို့ ကျွန်မ မေးလိုက်တယ်။
စုန့်ရွှီက ကျွန်မခါးကို လက်ညှိုးထိုးပြလိုက်တယ်။
အဲ့ဒါက ပိုးနီအိတ်လေး ဖြစ်နေခဲ့သည်။
ဪ ဟုတ်သားပဲ၊ မင်းသမီးအိမ်တော်ကို ပထမဆုံးရောက်တဲ့ညက စုန့်ရွှီက မင်းသမီးကို ဒီအိတ်လေး လက်ဆောင်ပေးခဲ့တာပဲ။
မင်းသမီးကတော့ ဒီသရဲမဝင်အောင် ကာကွယ်ပေးတဲ့ အိတ်လေးထဲမှာ တကယ်တော့ ကျွန်မဆံပင်တွေ ရှိနေတယ်ဆိုတာ ဘယ်တော့မှ ထင်မှာမဟုတ်ဘူး။
"မင်းသမီးကရော? သူ(မ)ကို ဘာဖြစ်သွားတာလဲ"
ကျွန်မ ထပ်မေးလိုက်တယ်။
တကယ်တော့ မင်းသမီးကို ကျွန်မ စိတ်မပူပါဘူး။ သရဲတွေကိုပဲ စိတ်ပူနေခဲ့တာ။
သူတို့အားလုံး အသက်ရှင်တုန်းက အပြစ်မဲ့ခဲ့ကြပေမယ့် အငြိုးကြီးတဲ့ သရဲတွေဖြစ်ပြီး အဲဒါကြောင့် ဘဝသစ်ကို ဝင်စားနိုင်ခြင်းမရှိဘူးဆိုရင် တကယ်တမ်း မတန်ဘူးလေ။
မင်းသမီးအကြောင်း ပြောလိုက်တာနဲ့ စုန့်ရွှီရဲ့ မျက်နှာအမူအရာက ချက်ချင်း မှောင်မိုက်သွားခဲ့သည်။
"ဝိညာဉ်လဲပြီးတဲ့နောက် မင်းသမီးရဲ့ဝိညာဉ်က မင်းခံစားခဲ့ရတဲ့ ခေါင်းဖြတ်ခံရတာ၊ မီးရှို့ခံရတာ စတဲ့ နာကျင်မှုတွေအားလုံးကို ခံစားရလိမ့်မယ်။ ဘယ်ဆင်းရဲဒုက္ခကမှ လွတ်မြောက်မှာ မဟုတ်ဘူး။ သရဲတွေကတော့ မင်းသမီး အပြစ်ခံရတာကို မြင်တော့ လက်စားချေဖို့ စိတ်ကူးကို စွန့်လွှတ်ပြီး ဘဝသစ်ကို ပြန်ဝင်စားသွားကြပြီ"
"မင်းသမီးကရော? သူ(မ)လည်း ပြန်ဝင်စားသွားပြီလား"
စုန့်ရွှီက ပြုံးလိုက်ပြီး
"သူ(မ)ကို မင်းတွေ့ချင်လို့လား"