Chapters

ဇာတ်သိမ်းပိုင်း

Vol. 1 Ch. 19

ဇာတ်သိမ်းပိုင်း

Vol. 1 Ch. 19

ဧကရာဇ် နတ်ရွာစံပြီးတဲ့နောက် အိမ်ရှေ့မင်းသား နန်းတက်လာခဲ့သည်။

ဧကရာဇ်အသစ်ဟာ ဉာဏ်ပညာရှိတဲ့ အုပ်စိုးသူတစ်ဦးဖြစ်ပြီး မင်းသမီးရဲ့ မောက်မာတဲ့အပြုအမူတွေကို အမြဲတမ်း မုန်းတီးခဲ့သူဖြစ်သည်။

ညီလာခံမှာ မင်းသမီးကို ရာထူးဖြုတ်ချဖို့ တောင်းဆိုသံတွေ ပိုပြီး ကျယ်လောင်လာခဲ့သည်။

ဒါပေမဲ့ ဧကရာဇ်ရဲ့ တော်ဝင်အစောင့်တွေ မင်းသမီးအိမ်တော်ကို ရောက်တဲ့အချိန်မှာတော့ အိမ်က လုံးဝရှင်းလင်းနေပြီ။

ဧကရာဇ် နတ်ရွာစံတဲ့ညမှာပဲ စုန့်ရွှီနဲ့ကျွန်မက မင်းသမီးအိမ်တော်က ရွှေငွေရတနာတွေကို ယူဆောင်ပြီးတော့ မြို့တော်ကနေ တိတ်တဆိတ် ထွက်သွားကြတယ်။

ကျွန်မတို့က တောင်ဘက်ကို ခရီးထွက်ခဲ့ကြပြီး တစ်နှစ်ပတ်လုံး နွေဦးကာလလို နွေးထွေးတဲ့ အရပ်ဆီကို ဦးတည်ခဲ့ကြတယ်။

မြို့ထဲမှာ ကျွန်မတို့ စံအိမ်ကြီးတစ်လုံး ဝယ်ခဲ့ပြီး အဲ့ဒါကို ကျွန်မတို့ရဲ့ အိမ်အသစ်အဖြစ် သတ်မှတ်ဖို့ ရည်ရွယ်ထားတယ်။

ပစ္စည်းရွှေ့ပြောင်းမှုကို အပြီးသတ်ရမယ့်နေ့မှာ စုန့်ရွှီက ရုတ်တရက် သူ့မှာ ကိစ္စတစ်ခုရှိလို့ ကျွန်မကို တစ်ယောက်တည်း အရင်သွားခိုင်းလိုက်တယ်။

ကျွန်မက ညည်းညူရင်း ရထားလုံးစီးပြီး စံအိမ်ကို သွားတယ်။

အောက်ဆင်းလိုက်တဲ့အချိန်မှာပဲ ကျွန်မ ရပ်တန့်သွားခဲ့တယ်။

လေးလံတဲ့ သစ်သားတံခါးကြီးရဲ့ရှေ့မှာ ကျွန်မမိဘတွေက ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားပြီး ဘေးချင်းယှဉ် ရပ်နေကြကာ ကျွန်မကို နွေးနွေးထွေးထွေး ပြုံးပြနေကြတယ်။

"ယွင်အာ၊သမီး အိမ်ပြန်ရောက်ပြီ"

သူတို့က ပြောလိုက်၏။

ငိုပြီးတော့ ကျွန်မ သူတို့နှစ်ယောက်ရဲ့ ရင်ခွင်ထဲကို ပြေးဝင်ပစ်ချလိုက်တော့တယ်။

စုန့်ရွှီက တံခါးဝထဲကနေ ထွက်လာပြီး ကျွန်မကို ပြုံးပြနေတယ်။

ရုတ်တရက် သူပြောခဲ့တဲ့စကားကို ကျွန်မ သတိရသွားတယ်။

သူက အိမ်အသစ်ဆောက်ပြီး ကျွန်မမိဘတွေကို မြို့မှာခေါ်ထားမယ်လို့ ပြောခဲ့ဖူးတယ်။

သူက ကျွန်မကို ပိုကောင်းမွန်တဲ့ဘဝမျိုးနဲ့ နေထိုင်စေချင်တယ်လို့ ပြောခဲ့ဖူးတယ်။

သူက ကျွန်မနဲ့အတူတူ အိုမင်းသွားချင်တယ်လို့ ပြောခဲ့ဖူးတယ်။

(ပြီးပါပြီ)