← Chapters

စွမ်းအားကြီးဘုရင် (အပိုင်းနှစ်)

Vol. 61 Ch. 951

စွမ်းအားကြီးဘုရင် (အပိုင်းနှစ်)

Vol. 61 Ch. 951

 ယခုအချိန်တွင်၊ ဘုရင်သည် ပင်လယ်မျိုးနွယ်အား တိုက်ခိုက်ရန် အလိုရှိသဖြင့် ဤမဟာဗျူဟာအဆင့် ပစ္စည်းအသစ်များကို စစ်ပွဲတွင် စမ်းသပ်နိုင်စေခဲ့သည်။

 ကံမကောင်းစွာပဲ၊ ဘုရင်ဖေး၏ ဆန္ဒက အသက်မဝင်ခဲ့ပါ။

 နေမ၀င်ခင်၊ ရာသီဥတု အေးလာချိန်အထိ၊ ကျွန်းကို ဝိုင်းထားသည့် ပင်လယ်နွယ်ဝင်တွေက မတိုက်ခိုက်သေးကြ။

 ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်သော ပင်လယ်မျိုးနွယ်စုသည် ၎င်းတို့၏ ယခင် ကြီးမားသော ဆုံးရှုံးမှုများမှ သင်ခန်းစာ သင်ယူခဲ့ပုံရသည်။ 

 ဖေးနှင့် သူ့လူများကို လုံးလုံး မချေမှုန်းမီတွင် ပင်လယ်မျိုးနွယ်၏ တပ်မှူးသည် ချီတုံချတုံ ဖြစ်နေကာ လူအင်အား နောက်ထပ် စုဆောင်းနေပုံ ရသည်။

ဒရော့ဘာနှင့် ပီးယားစ်တို့သည် ကျွန်းတစ်ဝိုက်တွင် ကင်းလှည့်ပြီးနောက် ပြန်လည် သတင်းပို့လာခဲ့သည့် အစီရင်ခံစာအရ ယခုအခါ ပင်လယ် မျိုးနွယ်စုဝင် 

သုံးသိန်း ခန့်ရှိနေပြီဟု သိရသည်။

တောင်ပေါ် ၌ ရပ်ပြီး အဝေးကို မျှော်ကြည့်လိုက်လျှင် ပင်လယ်ရေက ထူထဲပြီး ပျစ်လာတာကို တွေ့ရလိမ့်မည်။ ၎င်းအစက် အပြောက် ပုံရိပ်လေးတွေက နေရာတိုင်းမှာ ရေအောက် သန္တာကျောက်တန်းတွေလိုပါပဲ။ အနီးနားရှိ ထိုသတ္တဝါများစွာဖြင့် ပင်လယ်လှိုင်းလုံးများသည် ၎င်းတို့၏ စွမ်းအင်ကိုပင် ဆုံးရှုံးသွားကာ သမုဒ္ဒရာကြီး အေးခဲသွားသလိုပင်။

ဒါဟာ စိတ်ပျက်စရာ ကောင်းပြီး အသက်ရှူမွန်းကြပ်ရသည့် မြင်ကွင်းတစ်ခုပါ။

 ညနေပိုင်းတွင် ချမ်းဘော့ဒ် စခန်းချရာနေရာ၌ ပေါ့ပေါ့ပါးပါး ရယ်မောသံများ  ညံ‌နေသည်။

 တင်းကြပ်စွာ ကာကွယ်ထားသည့် တယ်လီပို့စနစ် အစီအရင်ပေါ်တွင် ရောင်စုံမီးများ လင်းလက်လာပြီး  ချမ်းဘော့ဒ်၏ နိုင်ငံသားအားလုံး ချစ်မြတ်နိုးသော ဘုရင်မ အိန်ဂျလာသည် အင်အားကြီးသူတော်စင်လေးပါး၏ အကာအကွယ်ဖြင့် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ 

 ရှည်လျားသော ကောင်းကင်ပြာ ဝတ်စုံဖြင့် ချမ်းဘော့ဒ်သည် လှပသော အပြုံးတစ်ခုဖြင့် တယ်လီပို့စနစ်မှ စခန်း၏ အလယ်ဗဟိုသို့ ဆင်းလာခဲ့သည်။

 မိဖုရား ရောက်ရှိလာခြင်းသည် စစ်သားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးသည်။

 တကယ်တော့ သူတို့ထဲက တချို့က စစ်ပွဲကို စောင့်မျှော်နေကြပါသည်။

အမည်မသိရွာကလေး အဖြစ်အပျက်သည် စခန်းများတွင် ပျံ့နှံ့နေပြီး ရွာသားများ၏ ကြေကွဲဖွယ် အဆုံးသတ်က စစ်သားများကို ဒေါသထွက်စေခဲ့သည်။ သူတို့အားလုံးသည် ပင်လယ်မျိုးနွယ်စု၏ ဤလူယုတ်မာ များကို အသေအကြေ ထိုးနှက်ချင်နေကြသည်။

 ဖေး၏ တောင်းဆိုမှုအရ အိန်ဂျလာက ဒီကို ရောက်လာသည်။

 နတ်ဆိုးများ အားလုံးနှင့် ဆက်သွယ် ပြောဆိုနိုင်သော အံ့ဖွယ် အရည်အချင်း ပိုင်ဆိုင်သည့် သူ့မိဖုရားသည် ရက်စက်ကြမ်းကြုတ်သော ထိုပင်လယ်မျိုးနွယ်စုများကို အောင်နိုင်မလား ဘုရင်သည် သိလိုသည်။  

အကယ်၍ သူမသည် ပင်လယ်မျိုးနွယ်၏ အဆင့်နိမ့် အဖွဲ့ဝင်များကို ထိုဘုရင်အဆင့် နတ်ဆိုးသားရဲများလို ထိန်းချုပ်နိုင်ခဲ့ပါက လူသားများအတွက် ဤအဖြစ်ဆိုးကို စွန့်လွှတ် အနစ်နာခံမှု မရှိဘဲ ဖြေရှင်းနိုင်မည် ဖြစ်သည်။

 သို့သော် ကြိုးစားမှု မအောင်မြင်ခဲ့ပါ။

 စမ်းသပ်မှုအဖြစ် ဖမ်းခံထားရသော ပင်လယ်နွယ်၏ အဆင့်နိမ့်အဖွဲ့ဝင် အနည်းငယ်နှင့် ဆက်သွယ်ရန် ကြိုးစားပြီးနောက် အိန်ဂျလာသည် သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် နာကျင်မှုများ ပေါ်လာစဉ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် သူမသည် သူမတို့ကြားမှ ဆန်းကြယ်သော ဝိညာဉ်အဆင့် ချိတ်ဆက်မှုကို ရပ်တန့်လိုက်သည်။

 ခဏလောက် အသက်ရှူထုတ်ပြီး နှုတ်ဆိတ်နေပြီးနောက် အိန်ဂျလာက ခေါင်းခါပြီး

 "ဆောရီး၊ အလက်ဇန္ဒား၊ ငါ မလုပ်နိုင်ဘူး။ ဒီသတ္တဝါတွေရဲ့ စိတ်တွေဟာ လူသတ်

ဝိဉာဉ်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်နှက်နေတယ်။ သူတို့ကို ငါ မငြိမ်သက်စေနိုင်တော့ဘူး။ ကုန်းပေါ်က နတ်ဆိုးတွေနဲ့ မတူဘဲ၊ သူတို့ရဲ့ ဝိဉာဥ်မှာ ကြင်နာပြီး ငြိမ်းချမ်းတဲ့ တစ်ဘက်ခြမ်း မရှိဘူး။ ဒီအကောင်တွေက သွေးဆာပြီး အရာအားလုံးကို ဝါးမြိုဖို့ အဆင်သင့် ဖြစ်နေပြီ...ငါ မကူညီနိုင်ဘူး..."

 ဖေးသည် ချစ်စဖွယ် သူ့ဇနီး၏ လက်ကို ဆုပ်ကိုင်ထားပြီး သူမ စိတ်မပျက်စေရန် နှစ်သိမ့်လိုက်သည်။ ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းကာ အချက်ပြလိုက်တော့  သူတော်စင်အနည်းငယ်သည် လျှောက်လာကာ ထိုစမ်းသပ် သတ္တဝါအနည်းငယ်ကို ဖေးတို့တဲထဲမှ ဆွဲထုတ်သွားသည်။

 အခု ဘုရင်၏ တဲထဲမှာ ဘုရင် ဖေးနှင့် အိန်ဂျလာသာ ရှိတော့သည်။

ဖေးသည် အိန်ဂျလာ၏ နူးညံ့လှသော အနက်ရောင်ဆံပင်ရှည်ကို ပွတ်သပ်ပြီး ချောမွေ့သော နဖူးကို နမ်းပြီးနောက် ဤနတ်ဘုရားမလေးကို ပွေ့ဖက်ကာ သူမ၏ ကိုယ်သင်းရနံ့ကို ရှူရှိုက်ကာ ပြုံးလျက်

 "အချစ်လေး..၊ မင်း ကိုယ့်ကို သတိရနေတယ် မဟုတ်လား"

 “အင်း...”  

အိန်ဂျလာ ခေါင်းညိတ်သည်။ 

ဖေးက သူမကို အလိုရှိနေမှန်း သူမ သိသည်။

 သူမ၏ သလင်းဖန်သားလို ကြည်လင်သော မျက်လုံးများတွင် စွဲမက်ဖွယ် အလင်းတန်းများ ပေါ်လာပြီး သူမ၏ လှပသော မျက်နှာထက်ဝယ် မီးလို.. ရေခဲလို..နှစ်မျိုးသော..အမူအရာ နှစ်ခုစလုံး

ဖြစ်တည်သည်။ 

 သူမ၏ နူးညံ့သွယ်လျသော လက်များသည် ဖေး၏ လည်ပင်းတွင် တွယ်ယှက်နေပြီး၊ အေးစက်သော အနီရောင်နှုတ်ခမ်းများက ဖေးမျက်နှာအား ဖိကပ်ကာ  ဖေး၏ စိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးပြီး သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းစေသည်။

 ဖေး စကား ပြန်မပြောနိုင်ခင် အိန်ဂျလာ၏ နူးညံ့သည့် လက်တွေက ဖေးပခုံးအား ဖက်တွယ်လာသည်။

သူမသည် ကမ္ဘာတွင် စွမ်းအားကြီး လှသော ဘုရင်ကြီးကို ဒီအတိုင်း ကုတင်ပေါ်  လှဲချလိုက်သည်။ 

 --------------

All Chapters