တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၇) (အပိုင်းတစ်)
Vol. 62 Ch. 964
ဖေး အကြမ်းပတမ်းမလုပ်ရဲပေ။
ဤနေရာက ပင်လယ်မျိုးနွယ်စု၏ နယ်မြေဖြစ်သည်။ သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထားချက်အရ ဤမျိုးနွယ်စုတွင် ကျွမ်းကျင်သူ
များစွာရှိသည်။ သူတို့က ပင်လယ်ပြင်ကို နှစ်သန်းပေါင်းများစွာကြာအောင် သိမ်းပိုက်ထားခဲ့သူများဖြစ်သည်။ သမုဒ္ဒရာအောက်ခြေ၌ မည်ကဲ့သို့ အစွမ်းထက်သော ဝှက်ဖဲများ ရှိနေသည်ကို ပြောရန်ခက်ခဲသည်။ သတိမထားမိလျှင် ပိတ်မိပြီး အသတ်ခံရနိုင်ပါသည်။
ထို့ကြောင့် ဖေးသည် အလွန် သတိထားနေပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်သည် လှိုင်းလုံးများကဲ့သို့ အပြင်သို့ ဖြာထွက်နေသည်။ သူ ပတ်ဝန်းကျင်က အရာအားလုံးကို စစ်ဆေးခဲ့ပြီး ထူးဆန်းမှုများ မတွေ့ မှပင်လယ်ကြမ်းပြင်ပေါ် တဖြည်းဖြည်း ဆင်းသက်လာခဲ့ပါသည်။
ဤကား အစစ်အမှန် ပင်လယ်ကြမ်းပြင်ဖြစ်သည်။
ဖေး အသေအချာ အကဲခတ်ကြည့်လိုက်ပြီးနောက် ဤနေရာမှ ရှုခင်းများက အတော် တောက်ပနေသည်ကို တွေ့ရသည်။ အေးစက်စက် အလင်းရောင်ထွက်ပေါ်နေသော တောင်ကြီး တစ်လုံးကို သူမြင်လိုက်ရသည်။ အသေအချာကြည့်မှ ၎င်းက ရေအောက်သန္တာကျောက်တောအုပ်တစ်ခုဖြစ်နေသည်ကို သိလိုက်ရသည်။
အဖြူရောင်သန္တာသစ်ပင်များသည် ကြီးမားလှပြီးအကိုင်းအခက်များ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ နေရာတိုင်းတွင် ရှိနေခဲ့သည်။ ကုန်းမြေပေါ်ရှိ
သာမန်သစ်ပင်များနှင့် နှိုင်းယှဉ်ပါက ဤရုပ်ကြွင်းသစ်ပင်များတွင် အရွက်များမပါရှိဘဲ အကိုင်းအခက်များပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောပုံစံများ ရှိနေသည်။
ဤကျောက်သန္တာသစ်ပင်တစ်ပင်စီတိုင်းသည် အနည်းဆုံးဆယ်မီတာမြင့်ပြီး ၎င်းတို့တွင် အကိုင်းအခက်များစွာ ရှိသည်။
သို့ရာတွင် သစ်ပင်တို့သည် ရုပ်ကြွင်းဖြစ်လာကတည်းက ရေထဲတွင် လုံးဝ မရွေ့လျားဘဲ ပင်လယ်အောက်ခြေတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပုံရ၏။
ဖေး သန္တာ သစ်ပင်ကြီး၏ ထူထဲသော အကိုင်းအခက်တစ်ခုပေါ်တွင် ရပ်နားလိုက်သည်။
ပင်လယ်ကြမ်းပြင်တွင်တော့ မှောင်မဲနေခြင်းမရှိပေ။ သန္တာသစ်ပင်များမှ ထွက်ပေါ်နေသော အလင်းရောင်က မျက်စိစူးလောက်အောင်မရှိဘဲ ခပ်မှိန်မှိန်သာဖြစ်သည်။ သို့သော်လည်း သန္တာတောအုပ်ကြီး တစ်ခု ပေါင်းစပ်ပြီးနောက်တွင်တော့ ၎င်းက လရောင်ကဲ့သို့ပင် ပင်လယ်ကြမ်းပြင်ကို ညှင်သာစွာ လင်းထိန်စေပြီး ရင်သပ်ရှုမောဖွယ်ဖြစ်စေသည်။
ယခု ဖေးရောက်နေသည်က သမုဒ္ဒရာကြမ်းပြင်အောင် မီတာတစ်သောင်းခန့်ရှိနေရာ ရေဖိအားက လွန်းစွာကြီးမားလှပေသည်။
ဘက်ကင်ဟမ်ကတော့ ထိုဖိအားကြောင့် အံကြိတ်က ခံနိုင်ရန် ကြိုးစားနေရ၏။
ဘက်ကင်ဟမ်မှာ သူ၏ စစ်သည်တော်စွမ်းအင်ကို ထုတ်၍ ခုခံလိုက်သည်။ ထိုအခါ အနီရောင်စက်လုံးတစ်လုံး သူ့ဘေးမှ ပေါ်လာပြီး သူ့ကို လွှမ်းခြုံကာကွယ်သွား၏။ သို့သော်လည်း ဘက်ကင်ဟမ်က မီးဓာတ်အခြေပြုဖြစ်ရာ ရေအောက်တွင်အစွမ်းကျသွားသည်။ သူက အဆင့်နိမ့်လပြည့်အဆင့်တွင်ရှိသော်လည်း ယခုတော့ လတစ်ပိုင်းအဆင့်လောက်သာ အစွမ်းထုတ်နိုင်၏။ နောက်မီတာ ၅၀၀၀လောက် ထပ်သွားပါက ခံနိုင်မည်မဟုတ်ချေ ။
"လီယွန်သား မင်းပြန်လိုက်တော့ တိုက်ပွဲဖြစ်ရင် ငါ့မှာ မင်းကိုကာကွယ်ပေးဖို့ အစွမ်းအပိုမရှိဘူးနော်" ဖေးက
ဘက်ကင်ဟမ်ကို ငုံ့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ဖေး၏ စကားက နားဝင်မချိုလှသော်လည်း စေတနာအပြည့်နှင့်ဖြစ်ပေသည်။
ဘက်ကင်ဟမ် ရှက်သွားပြီး တစ်ခုခုပြောချင်၍ ပါးစပ်ကို ဖွင့်လိုက်သည်။ သို့သော် ဖေးက နောက်လှည့်မကြည့်ပေ ဦးတည်ချက်တစ်ခုသတ်မှတ်ပြီး သန္တာပင်၏ အကိုင်းများပေါ်မှ ခုန်ပေါက်၍ မီးခိုးရောင်စွမ်းအင်ထွက်ပေါ်ရာနေရာသို့ သွားလိုက်သည်။
ထိုမီးခိုးရောင် စွမ်းအင်ရောင်ခြည်တန်းနားသို့ ချဉ်းကပ်ခြင်းဖြင့်သာ နိုးထလာသော ပင်လယ်မျိုးနွယ်၏ ရက်စက်သော နတ်ဘုရားနှင့် နီးစပ်နိုင်ကာ တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။
"ဟေး၊ ဟေး၊ ဟေး ချမ်းဘော့ဒ် ဘုရင် မင်းဘာလုပ်ချင်လဲ ငါသိတယ် ဒါပေမယ့် မင်းအောင်မြင်မှာမဟုတ်ဘူး နတ်ဘုရားတစ်ပါးက လုံး၀မနိုးသေးဘူးဆိုရင်တောင် ငါတို့က အဲ့ဒါကို မခုခံနိုင်ဘူး "
ဘက်ကင်ဟမ်က ဆက်လက် အော်ဟစ်သည်။
" မင်းတစ်ယောက်တည်း မသွားသင့်ဘူး! ငါတို့ ကျွမ်းကျင်သူတွေ ထပ်ရှာပြီး စုစည်းသင့်တယ် ဒီ နတ်ဘုရားကို အတူတူ တိုက်ခိုက်ကြမယ် ဒါမှမဟုတ် ဒီချိပ်တံဆိပ်ကို ပိုပြီး သက်တမ်းတိုးအောင် လုပ်ကြမယ်..."
ဘက်ကင်ဟမ်က ဖေးနောက် အမီ လိုက်ကာ အော်သည်။ဖေးကတော့ ဘက်ကင်ဟမ်ကို လုံးဝ လျစ်လျူရှုပြီး အရှိန်ေလျှာ့ခြင်းပင်မပြုပေ ။
ထို မီးခိုးရောင် စွမ်းအင် အလင်းတန်းနှင့် ပိုနီးလေလေ၊ ပိုမိုဆိုးသွမ်းသည့် စွမ်းအင်ကို အာရုံခံစားမိလေလေဖြစ်သည်။ ထူးဆန်းသည်က ပိုနီးလာလေလေ ရေပြင်က ပိုတည်ငြိမ်လာလေလေဖြစ်သည်။
အရာအားလုံးက သာယာသောနွေတစ်ညလို တည်ငြိမ်နေပြီး ပင်လယ်မျိုးနွယ်စုဝင်တစ်စုံတစ်ဦးကိုမျှ မတွေ့ရပေ။ ဖေးနှင့် ဘက်ကင်ဟမ်တို့မှာ အလောင်းတောင်ကြီးကို ဖြတ်သန်းနေသည့်အလား ရင်ထဲ အလိုလိုတဒိတ်ဒိတ်ဖြစ်နေ၏။