တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၇) (အပိုင်းနှစ်)
Vol. 62 Ch. 965
အကယ်၍ သာမန် ကျွမ်းကျင်သူ တစ်ဦးဆိုပါက ထိုဆိုးယုတ်သော အရှိန်အဝါများကြောင့် တိုက်စားခံရကာ ယိုယွင်းသွားပေလိမ့်မည်။ ရေထုဖိအားပါ ထပ်ပေါင်းပါက ပြောရန်မလိုပေ။
“ဒီအရူးကတော့…”
ဖေးက သူ့ကို လုံးဝ ဂရုမစိုက်သည့်အတွက် ဘက်ကင်ဟမ် စိတ်တိုသွားသည်။
သို့သော် သူအတွက် ဖေး၏နောက်သို့ လိုက်ရုံသာရှိသည်။ အံကို တင်းတင်းကြိတ်ကာ ရှေ့ကို ဆက်လိုက်သွားလိုက်သည်။
ဘက်ကင်ဟမ်သည် မာနကြီးပြီး ထက်မြက်သူတစ်ဦးဖြစ်သည်။ ဖေး၏တုံ့ပြန်ပုံကို မြင်ရုံမျှဖြင့် မည်သို့နားချပါစေ မရ၊ နောက်ပြန်ဆုတ်ခိုင်းဖို့ မဖြစ်နိုင်ကြောင်း ဘက်ကင်ဟမ် သိသည်။
အမှန်တော့ သူ့ စကားများကလည်း အဓိပ္ပာယ်မရှိကြောင်း သူသိသည်။ ဆိုးယုတ်သော အရှိန်အဝါများ၏ ထွက်ပေါ်နှုန်းအရ အချိန်များစွာသိပ်မကျန်တော့ပေ။ သူတို့ လူလိုက်စုချိန်တွင်ပဲ ဤနတ်ဘုရားက လွတ်မြောက်သွားပေလိမ့်မည်။
ထို့နောက် ပင်လယ်မျိုးနွယ်၏ဆိုးယုတ်သော ထိုနတ်ဘုရားက သူ၏ခွန်အားကို ပြန်လည်ရရှိနေပြီဖြစ်ပြီး သင်းရနံ့ပင်လယ်ဝန်းကျင်ရှိ အင်ပါယာအနည်းငယ်ကို ဖျက်ဆီးပစ်ကာ အသက်များစွာကို ဝါးမြိုသွားမည်ဖြစ်သည်။
အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက ကမ်းရိုးတန်း၏ ကီလိုမီတာထောင်ပေါင်းများစွာအကွာတွင်ရှိသော ကုန်းမြေသည် လူသေကောင်များ ပြည့်နှက်နေပြီး ထိုဒေသရှိ လူသားမျိုးနွယ် မျိုးသုဉ်းသွားမည်ဖြစ်သည်။
ပင်လယ်မျိုးနွယ်စု၏ ဤနတ်ဘုရားသည် ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သော တည်ရှိမှု တစ်ခု ဖြစ်သည်။
ရှေးခေတ် ဒဏ္ဍာရီများတွင် နတ်ဘုရားများနှင့် နတ်ဆိုးများကြားမှ စစ်ပွဲသည်ကမ္ဘာကြီးကိုပင်ဖျက်စီးနိုင်လောက်သည့်အထိ အဖျက်စွမ်းအား ကြီးသည်။ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးနတ်ဘုရားများသည် အခြားမျိုးနွယ်အားလုံးကို အစာအဖြစ် ဝါးမြိုကာ တစ်နေ့လျှင် အသက်သန်းပေါင်း များစွာကို ဝါးမျိုသွားနိုင်သည်။ သူတို့ကို မည်သူမှ တား၍ မရပါချေ။
သို့သော် ဒဏ္ဍာရီခေတ် ကုန်ဆုံးသွားသောအခါ စစ်မှန်သော နတ်ဘုရားများနှင့် နတ်ဆိုးများသည် တိုက်ကြီးပေါ်တွင် နှစ်ထောင်ချီကြာသည့်အထိ ထပ်ပေါ်မလာတော့ပေ။
လူအချို့က အတင့်ရဲစွာ ထင်ကြေးပေးကြသည်။ နတ်ဘုရားများနှင့် နတ်ဆိုးများသည် အချင်းချင်း သတ်ဖြတ်ကြပြီး တစ်ဦးအပေါ်တစ်ဦး စွမ်းအားများယုတ်လျော့ခဲ့စေသည်ဟု သူတို့က ဆိုကြသည်။ အမှန်တော့ မြင့်မြတ်သော ဘုရားကျောင်းရှိ ဘုန်းတော်ကြီး အချို့သည်ပင်လျှင်
နတ်ဘုရားများနှင့် မြင့်မြတ်နယ်မြေကို
မယုံကြည်ခဲ့ကြပေ။ သူတို့သည် နတ်ဘုရားများအကြောင်းကို ဟောပြောသည်က သူတို့လုပ်နေသမျှကို ဖြောင့်မတ်ပုံ ပေါက်စေလိုသောကြောင့်သာဖြစ်သည်။
ယခုအချိန်တွင် ဘက်ကင်ဟမ်ည် မယုံကြည်နိုင်ဖြစ်နေဆဲဖြစ်သည်။
"ဘဒီပင်လယ်အောက်ခြေမှာ တကယ် အသက်ရှင်နေတဲ့ ပင်လယ်မျိုးနွယ်ရဲ့ ရက်စက်တဲ့ နတ်ဘုရားတစ်ပါး ရှိနေတာလား နတ်ဘုရားတွေ အားလုံး ပျက်သုဉ်းပြီလို့ လူတွေက မပြောကြဘူးလား..ဒီလို ကြောက်စရာကောင်းတဲ့ အရာတစ်ခုက ကမ္ဘာမှာ တကယ်ပေါ်လာတော့မှာလား..."
ဘက်ကင်ဟမ်က သူ့ဘာ့သာသူ တွေးလိုက်သည်။
ဤ အဖြစ်အပျက်ကို တခြားသူများသာ ပြန်ပြောပြပါက သူယုံနိုင်မည်မဟုတ်ပေ။ ယခုတော့ မျက်မြင်ကိုယ်တွေဖြစ်၍ မယုံ၍ရပေ။ မဟုတ်လျှင် သူကိုယ်တိုင်လည်း ၎င်းကို ယုံကြည်မှာ မဟုတ်ချေ။
ထို့ကြောင့် ဘက်ကင်ဟမ်သည် အံကြိတ်ကာ ချမ်းဘော့ဒ် ဘုရင်နောက်သို့ လိုက်ခဲ့သည်။ ဤအခိုက်အတန့်၌ လီယွန်အင်ပါယာ၏ နံပါတ် တစ် ရန်သူတော်အပေါ် မယုံနိုင်စရာကောင်းလောက်အောင် သူယုံကြည်မှု ရှိနေသည်။ ၎င်းကို
သူကိုယ်တိုင်ပင် သတိမထားမိပေ ။
“ ဒီအရူးက ဒါကို ဖြေရှင်းနိုင်လောက်တယ်” ဟု အံ ခပ်တင်းတင်း ကြိတ်ကာ ဘက်ကင်ဟမ် တွေးလိုက်သည်။
သူသည်လည်း စိတ် ပြတ်သားသူတစ်ယောက်ဖြစ်သည်။ ဤအချိန်တွင် သူသည် မှန်သည့်ဘက်မှာ သာ ရပ်တည်မည်။
...
မီးခိုးရောင် စွမ်းအင်နှင့် နီးကပ်လာပြီဟု ခံစားရမှ ဖေးရပ်တန့်လိုက်သည်။ ထိုနေရာ၌ ကြိုဆိုနေသည်က နက်နဲပြီး ကျယ်ပြောလှသော ချိုင့်ကြီးတစ်ခုဖြစ်သည်။ ၎င်းကို ပိုမို တိကျစွာ ဖော်ပြပါက တွင်းနက်ကြီးတစ်ခုသာဖြစ်သည်။
အနက်ရောင်စွမ်းအင်သည် ဤတွင်းနက်ကြီးမှ တဖြည်းဖြည်းမြင့်မြင့်လာပြီး တွင်းနက်ဝန်းကျင်၌ အနက်ရောင်မီးတောက်များ လောင်ကျွမ်း နေသည်။
၎င်းက ပွင့်နေသော ငရဲတံခါးကြီး တစ်ခုအလား မွန်းကြပ်မှုကို ခံစားစေသည်။
ဖေးလည်း နောက်မှ တချွတ်ချွတ် အသံကြားရ၍ မျက်မှောင်ကြုတ်မိသွားသည်။ ထို့ နောက် သူ့သို့လှောင်လက်စွပ်မှ ပစ္စည်းတစ်ချို့ ထုတ်လိုက်ပြီး ဘက်ကင်ဟမ်ထံ ပစ်ချပေးလိုက်၏။
ဘက်ကင်ဟမ်လည်း အံ့ဩသွားသည်။ သို့သော်လည်း သူလက်ကိုဆန့်တန်း၍ ဖမ်းလိုက်သည်။ အသေအချာကြည့်တော့ မီးဓာတ်မှောက်လက်နက်အစုံ၊ မီးဓာတ်လှံတံတစ်ခု၊ မီးဓာတ်ဓားတစ်ချောင်း ချပ်ဝတ်တစ်ခုနှင့် အဆင့်မြင့်အနာကျက်ဆေးများဖြစ်သည်။
ဖေး၏ ရည်ရွယ်ချက်ကို နားလည်လိုက်သဖြင့် ဘက်ကင်ဟမ် ပြုံးမိသွားသည်။
မဆိုင်းမတွပင် သူသည် ချပ်ဝတ်ကို ၀တ်ဆင်ကာ ဓားကို ခါးပတ် ချိတ်ဆွဲရင်း လှံကိုကိုင်ကာ ဆေးဝါးများကို သိုလှောင်လက်စွပ်တွင် သိမ်းဆည်းလိုက်ပါသည်။
ဤအရာများ အားလုံးသည် မီး အခြေပြုပစ္စည်းများ ဖြစ်သည်။ သူ၏ မီးဒြပ် စစ်သည်တော် စွမ်းအင်နှင့် ကိုက်ညီသောကြောင့် သူ့ခွန်အားကို မြှင့်တင်ပေးသည်။
သူသည် ဤအထောက်အပံ့လက်နက်များကြောင့် ပိုမို ရဲရင့်လာခဲ့သည်။ ဖေးကိုကျေးဇူးတင်စွာမျှော်ကြည့်မိတော့ ချမ်းဘော့ဒ်ဘုရင် ဖေးက တွင်းနက်ကြီးထဲ ခုန်ဆင်းနေပြီဖြစ်သည်။
ဘက်ကင်ဟမ်သည်လည်း ပွစိပွစိ မကျေမနပ်ရေရွတ်ကာ မဆိုင်းမတွပင် ဖေး အနောက်သို့ လိုက်ပါသွားတော့သည်။
ပြီး