← Chapters

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၈) (အပိုင်း၁)

Vol. 62 Ch. 966

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၈) (အပိုင်း၁)

Vol. 62 Ch. 966

တွင်းကြီး၏ နံရံနှစ်ဖက်တွင် ချွန်မြနေသော ကျောက်ဆူးချွန်းများက မွန်းစတားကြီး၏ အစွယ်ငေါငေါများသဖွယ်ထိုးထွက်နေ၏။ ရေက ကျောက်တုံးများကို ဝိုင်းပတ်တိုက်စားနေရာ နှစ်ကြာလေလေပိုမိုချွန်မြလာလေလေဖြစ်သည်။

ကျောက်တုံးများကလည်း ထူထဲပြီး ရှုပ်ထွေးစွာ တည်ရှိနေရာ ဝင်္ကပါတစ်ခုအလားဖြစ်နေသည်။ ဖေးသည်လည်း ချောက်ကမ်းပါးကြီးထဲ ခုန်ဆင်းချလိုက်လေသည်။

ဖေး၏ နောက်သို့ လိုက်နေသော ဘက်ကင်ဟမ်သည်လည်း အံတင်းတင်းကြိတ်လိုက်ပြီး ဖေး၏ နောက်မှ လိုက်၍ ကမ်းပါးအတွင်း ခုန်ချလိုက်လေသည်။ မီတာ ၁၀၀၀ခန့်ဆင်းပြီးနောက်တွင်တော့ကမ်းပါး၏ အခြေသို့ ရောက်သွားကြသည်။

ချောက်ကြီး၏ အခြေက ဖေးထင်သည်ထက်ပင် ပို၍ ကြီးမားသေးသည်။ ထိုအောက်ခြေ၌ ရေပြင်သည် ထူးဆန်းစွာ ပူ‌နွေးနေပြီး မြေပြင်မှ မျက်ပင်များနှင့် အလားသဏ္ဍန်တူသော ဆယ်မီတာခန့်ရှည်သည့် အနီရောင်အပင်များ ပေါက်ရောက်နေသည်။ ထိုအပင်များက ယိမ်းထိုးလှုပ်ခါနေပြီး လှိုင်းလုံးသဖွယ်ဖြစ်နေ၏။

အကြောင်းအရင်းတစ်ခု ကြောင့် ချောက်၏ အခြေမှ အပြင်ထက်ပို၍ ရေဖိအားနည်းပါးနေပေသည်။

မီတာ တစ်ထောင်ခန့်ကွာဝေးသော နေရာတွင်တော့ အနီရောင်အလင်းတစ်ခုရှိနေသည်။ ၎င်းက မဲမှောင်နေသော ချောက်၏အခြေ၌ ဦးတည်ချက်တစ်ခုကို ဖော်ပြပေးသော မီးပြတိုက်သဖွယ်ဖြစ်သည်။

ဖေး မီတာ ၅၀၀၀ခန့်အကျယ်ရှိသောနေရာ ကို သူ၏ ဝိညာဉ်စွမ်းအင်ဖြန့်ကျက်၍ စစ်ဆေးလိုက်သော်လည်း မည်သည့် ပင်လယ်မျိုးနွယ်စုဝင်ကိုမျှ မတွေ့ရ၍ အံ့ဩသွားသည်။

ပင်လယ်မျိုးနွယ်စုအနေနှင့် သူ၏ ဦးတည်ရာကိုကြည့်ရင်း မည်သည့်နေရာကိုသွားမည် မည်သည်ကိုလုပ်မည်ကို သိကြပေလိမ့်မည်။

“ ဒါပေမယ့် ဘာလို့ ငါ့ကို တားတဲ့ အကောင် တစ်ကောင်မှ မရှိရတာလဲ ပင်လယ်မျိုးနွယ်ရဲ့ သခင်တွေက ဘာလို့ ငါ့ကို မတားကြတာလဲ ငါ့ရဲ့ စွမ်းအားက ဒီပင်လယ်နွယ်ရဲ့ ရက်စက်တဲ့ နတ်ဘုရား နိုးထလာတာကို မတားဆီးနိုင်ဘူးလို့ သူတို့ ထင်နေကြတာလား “

ဖေး ထိုသို့ တွေးလိုက်သည်။ထို့နောက် အလင်းတန်း၏အနားသို့ တိုးသွားလိုက်၏။

နောက်ဆုံး၌ ပြိုကျပျက်စီးနေသော အဆောက်အဦးများကို တွေ့လိုက်ရသည်။ ဤအရာများက ပင်လယ်မျိုးနွယ် ဂုဏ်သရေ ရှေးခေတ်အ‌ဆောက်အဦး အကြွင်းအကျန်များဖြစ်သည်။

ပြိုကျနေသော နံရံများ ပင်လယ်ရေမှော်များ ပေါက်နေသော နန်းတော်အပျက်များ ပြိုကျနေသည့် ဧရာမ နတ်ဘုရားဆင်းတုများစသဖြင့် ဖေး ရှေ့ ပိုသွားလေလေ အပျက်အစီးတွေ များပိုတွေ့ရလေလေဖြစ်သည်။ သို့သော် ဤအဆောက်အအုံများ၏ ပုံစံများအရ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ဤနေရာသည် မည်ကဲ့သို့ စည်ကားတိုးတက်ခဲ့သည်ကို ဖေးခန့်မှန့်ကြည့်နိုင်သည်။

ဤသည်မှာ ပင်လယ်မျိုးနွယ်စု၏

မြို့ဖြစ်ကြောင်း ထင်ရှားလှသည်။

ကံမကောင်းစွာပင် နှစ်ပေါင်းများစွာကြာပြီးနောက် အဆောက်အဦးများအားလုံးပြိုကျသွားတော့သည်။ အချိန်က ဤမြို့ကြီး၏ ဂုဏ်ကျက်သရေကို တိုက်စားသွားခဲ့သည်။

ဖေးကတော့ ရပ်နားခြင်းမပြုဘဲ ရှေ့ကိုသာ ဆက်လျှောက်နေ ပါသည်။

တဖြည်းဖြည်းနှင့် ပင်လယ်မျိုးနွယ်စုဝင်များ ပေါ်လာသည်။ ၎င်းတို့က အဆင့်မြင့်အဖွဲ့ဝင်များဖြစ်ပြီး ခွန်အားနိမ့်ကျခြင်းမရှိပေ။ အနိမ့်ဆုံး ကြယ်ငါးပွင့်ခွန်အားရှိပေသည်။

သူတို့က ပင်လယ်စွမ်းအင်ကို ကျင့်ကြံက ပင်လယ်အတွင်း နှစ်သောင်းချီကြာနေပြီးနောက် တိုးတက်ပြောင်းလဲသွားပြီး ရေဖိအားကို ခုခံနိုင်လာ၏။ ရေအောက်ထဲတွင်ပင် လျှပ်စီးတန်းများအလား လျှင်မြန်စွာ ကူးခပ်သွားလာနိုင်ကြပေသည်။‌ ဖေး ရှေ့သို့သွားလေလေ ပင်လယ်မျိုးနွယ်စုဝင်များ ပိုများပြား‌လာလေလေပင်ဖြစ်သည်။ ၎င်းတို့အားလုံးသည် ပင်လယ်မျိုးနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင်များ ဖြစ်ကြသည်။

အချို့က ပြိုကျနေသော နတ်ဘုရားရုပ်တုများ၏ ပခုံးပေါ်၌ ရပ်နေသည်။ တချို့ကလဲပြိုနေသော နံရံများပေါ်တွင် ရပ်နေကြပြီး အချို့မှာ ရှေးဟောင်း ဘုရားကျောင်းများတွင် ပုန်းအောင်းနေကြသည်။ သူတို့၏ မျက်လုံးများက အပြာရောင်အလင်းများတောက်ပနေပြီး ဒေါသကို မြိုသိပ်ထားကြပုံရ၏။ သူတို့က လက်နက်များကို တင်းတင်ကြပ်ကြပ်ဆုပ်ကိုင်ကာ ဖေးကို စိုက်ကြည့်ကြသည်။ ၎င်းတို့က ဖေးကိုတိုကါခိုက်ရန် တစ်စုံတစ်ခုကို စောင့်နေသည့်အလားပင်။

ဘက်ကင်ဟမ်သည် ဖေး၏ အနောက်မှ လိုက်ရခြင်းဖြစ်သော်လည်း စိတ်လှုပ်ရှားသည်။ သူ့နှလုံးသားက သူ့လည်ချောင်းဝကနေ အပြင်ကို ခုန်တက်နေသလို ခံစားရသည်။

ပင်လယ်မျိုးနွယ်၏ အဆင့်မြင့်အဖွဲ့ဝင်များ ပိုများလာကာ လအဆင့် လက်ရွေးစင် အများအပြား ပင်ပါလာသည်။ သူတို့သည်လမ်း၏တစ်ဖက်တစ်ချက်တွင် ရပ်ကာ ဖေး နှင့် ဘက်ကင်ဟမ် အတွက် ငါးမီတာကျယ်သော လမ်းကြောင်းကို ချန်ထားခဲ့သည်။

ယခုအချိန်၌ တိုက်ပွဲတစ်ခု ဖြစ်ပွားနိုင်သည်ဟု ထင်ရသည်။ ထိုသို့သာ ဖြစ်ခဲ့လျှင် မည်သိုမျှ ဤနေရာမှ မလွတ်မြောက်နိုင် ဆိုသည်ကို ဘက်ကင်ဟမ် အတတ်ပြောနိုင်သည်။

All Chapters