တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၈) (အပိုင်း ၂)
Vol. 62 Ch. 967
ဖေး ရုတ်တရက်ရပ်သွားသည်။
သူ့ရှေ့တွင် ပုံရိပ်လေးခု ပေါ်လာသည်။ အားလုံးက နေအဆင့် အရှင်သခင်များဖြစ်ကြသည်။
“ လူသား မင်းတို့ရဲ့ခရီးက ဒီမှာပဲအဆုံးသတ်ရမယ် ” ဟု အဖွဲ့၏အလယ်ရှိ ပင်လယ်မျိုးနွယ်စုဝင်ကပြောသည်။
သူက မီတာများစွာကြီးမားပြီး ဧရာမ သားရဲကြီးတစ်ကောင်အလား ဖေးနှင့် ဘက်ကင်ဟမ်တို့ကို ငုံ့ကြည့်နေသည်။
သူ့တွင် မျက်လုံးလေးလုံး၊ လက်လေးချောင်းရှိပြီး သူ့ခါးက မီတာ နှစ်ဆယ် ကျော်လောက် ကြီးမားသည်။
အေးစက်သော အဖြူရောင် အကြေးခွံများက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားပြီး မှော်ချပ်ဝတ်တန်ဆာ အစုံကို ဝတ်ဆင်ထားသည်။ သူသည် ရေနက်ပိုင်း၌သာ တည်ရှိသော ရှားပါးမျိုးစိတ် ဖြစ်ပြီး သူ၏ မွေးရာပါ စွမ်းအားများသည် ကြောက်မက်ဖွယ်ကောင်းသည်။
စကားတစ်ခါပြောတိုင်း အသံလှိုင်းထွက်ပေါ်လာပြီး ထိုအရာများက ကျောက်စိုင်များခွဲခြေဖျက်စီးသွား၏။ သူက လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်သည်။
ဘက်ကင်ဟမ်သည်ပင် ပင်လယ်မျိုးနွယ်စု၏ ဤအရှင်သခင်ကို ကြိတ်၍ ချီးကျူးလိုက်သည်။
လွန်ခဲ့သည့်လဝက်ခန့်က ထိုအရှင်သခင် ပင်လယ်ပြင်ပေါ်သို့ ပေါ်လာပြီး ချမ်းဘော့ဒ် ဘုရင်နှင့် လေးနာရီခန့် တိုက်ပွဲဝင်ခဲ့သည်။ အဆုံးတွင်၊ သူတို့သရေဖြစ်သွားကြပြီး ပင်လယ်မျိုးနွယ်စုကို ခဏရှောင်ရန် အပြစ်သွေးကျွန်းတွင် သဘ်ောကို ကပ်ခဲ့သည်။
ဤသတ္တဝါက ကြောက်မက်ဖွယ်ကောင်းသော နေအဆင့်အရှင်သခင် ဖြစ်သည်။
၎င်း၏ အနားတွင် အခြားသော ပင်လယ်မျိုးနွယ်စုဝင် နေအရှင်သခင်သုံးဦးရှိပြီး ၎င်းတို့သည်လည်း လူနှင့် ၆၀ရာနှုန်းလောက်သွင်ပြင်တူညီကြ၏။ ထိုသုံးကောင်၏ အစွမ်းမည်မျှ ရှိသည်ကိုတော့ ဖေးမသိပေ။
ဤ နေအဆင့် သခင် အသစ်သုံးကောင်သည် သူတို့၏ စွမ်းအားများကို ထုတ်မပြသေးသည့်တိုင် သူတို့ပတ်ဝန်းကျင်ရှိ စွမ်းအင်အတက်အကျများကြောင့် ရေထဲတွင် ဆူညံသံများ ဆက်တိုက်ဖြစ်ပေါ်နေပြီဖြစ်သည်။ ထို့အပြင် ၎င်းတို့ပတ်ဝန်းကျင်တွင် အနက်ရောင်စွမ်းအင်မီးတောက်များ လောင်ကျွမ်း နေပြီး ဤနေရာသည် သူတို့၏ စွမ်းအားများကို မထိန်းနိုင်သည်ဖြစ်ရာ ပြိုကျလုနီးပါးဖြစ်နေသည်။
ဘက်ကင်ဟမ်က သူ့စိတ်ထဲတွင် ငြီးငြူနေမိသည်။
“ သေကွာ ပင်လယ်မျိုးနွယ်ရဲ့ နတ်ဆိုးအိပ်နေတဲ့နေရာကို ငါတို့ရှာမတွေ့ခင်မှာဘဲ ဒီလိုအရှင်သခင်တွေရဲ့ ပိတ်ဆို့တာခံရတယ် ဒီအကောင်ကြီး ချမ်းဘော့ဒ်ဘုရင်နဲ့ စက္ကန့်အနည်းငယ်ကြာအောင် တိုက်ခိုက်နိုင်ရင်ဘဲ တခြားသခင်သုံးယောက်က ငါ့ကို အပိုင်းပိုင်းခွဲပစ်နိုင်တယ် နောက်ဆုံးတော့ ချမ်းဘော့ဒ်ဘုရင်အရူးကို ငါမဆွဲထားနိုင်ခဲ့ဘူး “
ဘက်ကင်ဟမ် ဖေးနှင့် ဝေးရာသို့ ထွက်ပြေးရန် အကြံထုတ်နေစဉ်တွင်ဘဲ ဖေးကစတင်လှုပ်ရှားပြီဖြစ်သည်။
ဖေးက ဟိန်းဟောက်ကာ ရှေ့သို့ပြေးထွက်သွား၏။သူက တုံ့ဆိုင်း၊ ကြောက်ရွံ့ခြင်းမရှိဘဲ မာန်သွင်းပြီး လက်သီးချက်များ ပစ်သွင်းသည်။
ဖေး၏ ပစ်မှတ်မှာ သူ့ကို လေးနာရီတိုင် တိုက်ခိုက်ခဲ့သော ပင်လယ်မျိုးနွယ်စု၏ ဧရာမသတ္တဝါကြီးကို ဖြစ်သည်။
ရွှေရောင်မီးတောက်များ တောက်လောင်သွားပြီး ဖေးနှင့် ထိုနေအဆင့်သခင်အကြား၌ လေဟာနယ်တစ်ခုဖြစ်ပေါ်လာသည်။ ထို့နောက် ဖေး၏ လက်သီးမှ ကြောက်စရာကောင်းသော အလင်းတန်းတစ်ခု ထွက်လာပြီး ပင်လယ်မျိုးနွယ်စု၏ နေအဆင့်အရှင်သခင်ကို ချက်ချင်းဖုံးအုပ်သွားသည်။
“ ဟားဟားဟား သနားစရာအကောင်၊ မင်းသေလမ်း ရှာနေတာပဲ “
ပင်လယ်မျိုးနွယ်စု၏ မွန်းစတားကြီးသည် ရယ်မောပြီး ရှေ့သို့ ထွက်လာသည်။
သူ့လက်သီးမှ အပြာရောင်အလင်းတန်း ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါသည် ဖေး ထက်ပင် ပို၍ အစွမ်းထက်သည်။
သူသည် ဤနတ်ဆိုးဆန်သော လူသားကို ယခင်က တိုက်ခိုက်ခဲ့ဖူးပြီး သူ့ ရန်သူသည် မည်မျှ အစွမ်းထက်သည်နှင့် ပတ်သက်၍ အကြမ်းဖျင်း အကြံဥာဏ် ရှိထားသည်။
“ ဒီနတ်ဆိုးလူသားက ငါ့ထက် ပိုအစွမ်းထက်ပေမယ့် ကွာခြားချက်က ကြီးကြီးမားမားတော့ မရှိဘူး ငါ သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင် ပေမယ့် မြင့်မြတ်တဲ့ အရှင်မင်းသမီးက နောက်ထပ် နေအဆင့် သခင် သုံးယောက်ကို ငါနဲ့အတူ ဒီကိုလာဖို့ စေလွှတ်ခဲ့တာငါတို့ရဲ့ ရည်မှန်းချက်က ငါတို့ မျိုးနွယ်တွေကို ကြောက်လန့်စေခဲ့တဲ့ ဒီလူသားကို ချက်ချင်းသတ်ပစ်ဖို့ပဲ ဒါက ငါတို့ ပြည်သူတွေရဲ့ ယုံကြည်မှုကို ထူထောင်ဖို့ အကောင်းဆုံးနည်းလမ်းပဲ “ ဟု သူဘာ့သာတွေး နေသည်။
ပင်လယ်မျိုးနွယ်စုမှ နေအဆင့် လက်ရွေးစင် သုံးယောက်သည် ဖေး ၏တိုက်ခိုက်မှုကိုမြင်ပြီး လှောင်ရယ်ကြ၏။ သူတို့က လုပ်ကြံသတ်ဖြတ်ရန် ပြီးပြည့်စုံသောအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် နောက်အခိုက်အတန့်တွင်...
“မဟုတ်ဘူး မင်း... အားးး “
ဤဧရာမ သခင်ကြီး၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားပြီး သူတွေ့ကြုံနေရသည်ကို မယုံကြည်နိုင်ဖြစ်သွားသည်။
မတူညီသော စွမ်းအင်နှစ်ခု တိုက်မိသောအခါတွင် သူ့ထက် အဆများစွာ ပိုပြင်းထန်သော စွမ်းအားတစ်ခုကို သူတွေ့လိုက်ရပြီး ထိုစွမ်းအားသည် သူ့တိုက်ခိုက်မှုကို ရုတ်ချည်း ချေမှုန်းပစ်လိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က လူသား၏ အစွမ်းက ယခုနှင့်မတူညီတော့ကြောင်း ဧရာမ နေအဆင့်အရှင်သခင်ကြီး သိလိုက်သောအခါ ရှောင်တိမ်းရန် နောက်ကျသွားခဲ့ပေပြီ။
ထိုအဖျက်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး အသက်ဓာတ် စွမ်းအင်အားလုံးကို ဖြိုခွဲနေပြီ ဖြစ်သည်။
End