တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၆) (အပိုင်း၂)
Vol. 62 Ch. 963
သူလှည့်ထွက်ပြေးတော့မယ့်အချိန်၌ သူက ဖေးကို ရုတ်တရက်ကြည့်လိုက်ပြီး "မင်းကော မင်းရော မပြေးဘူးလား " ဟု မေးလိုက်သည်။
"ငါ အခု လွတ်မြောက်ပြီး ပုန်းနေနိုင်ပေမယ့် အဲ့ဒါကို ထာဝရ ပုန်းနေလို့မှ မရတာ"
ဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။
လျှပ်စီးလက်နေသည့် အလင်းတန်းတွေအောက်မှာ ဘက်ကင်ဟမ်က သူ့ပြိုင်ဘက်ဖေးသည် သူနှင့် လီယွန် အင်ပါယာတစ်ခုလုံးအား ကာကွယ်ပေးနိုင်မည်ဟူသော ထူးဆန်းသည့် လုံခြုံမှုကို ခံစားလိုက်ရသည်။
ယခုအချိန်တွင် ဖေး၏ မျက်လုံးများသည် ကြယ်လို တောက်ပနေပြီး ထူးခြားသော ဆွဲဆောင်မှုတစ်ခု ထွက်ပေါ် နေသည်။ တွင်းနက်နှစ်ခုကဲ့သို့ပင် ၎င်းတို့က ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမဆို ဝါးမြိုနိုင်မည်ဟုထင်ရသည်။
ဤအခိုက်အတန့်၌ ဖေးထံ အဖမ်းခံရစဥ်ကပင် မာနကြီးပြီး ဘဝင်မြင့်သော ဘက်ကင်ဟမ်သည် သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ သိမ်ဖျင်းသည်ဟု ခံစားလိုက်ရသည်။
ဝှီး...!
သူ့ကိုယ်တွင် ရွှေရောင်အလင်းများရစ်ပတ်ကာ ဖေးသည် ကြောက်မက်ဖွယ်ကောင်းသော ရေဝဲ ဗဟိုဆီသို့ လျင်မြန်စွာ ပျံသန်းဝင်ရောက်သွားသည်။ သူ၏ စွမ်းအင်အလင်းများနှင့် လေထုကြား ပွတ်တိုက်ရာ မီးပွားများစွာ လွင့်ထွက်လာသည်မှာ လှပင် လှသေးသည်။
ဘက်ကင်ဟမ်က အံ့ဩတကြီး ရေရွတ်မိသွားသည်။
“ ဒီအရူးက သူ့ကိုယ်သူသတ်သေဖို့ ကြိုးစားနေတာလား "
သို့သော်လည်း နောက်အခိုက်အတန့်တွင်တော့ သူသည် ချမ်းဘော့ဒ် ဘုရင် ဖေး၏ ရည်ရွယ်ချက်ကို ရုတ်တရက် သဘောပေါက်သွားပြီး ထပ်မံ မှင်သက်သွားရပြန်သည်။
ဘက်ကင်ဟမ်မှာ နောက်ပင် လှည့်မကြည့်ဘဲ ထွက်ပြေးသွားတာမျိုး မလုပ်ခဲ့ပေ။ ထို့အစား သူသည် အံကြိတ်ကာ ဖေး နောက်သို့ လိုက်သွား၍ ရှေးဟောင်းသားရဲကြီး၏ ကြီးမားလှသော ပါးစပ်အသွင် ဧရာမ ရေဝဲထဲသို့ ပြေးဝင်သွားသည်။
ဘက်ကင်ဟမ်သည် အဘယ့်ကြောင့် ထိုဆုံးဖြတ်ခဲ့မိသလဲဆိုသည်ကို သူကိုယ်တိုင်ပင် မသိချေ။ ချမ်းဘော့ဒ် ဘုရင်သည် သူ့ထက် သာလွန်သည် ဟူသော အချက်ကို သူသည် လက်ခံလိုစိတ် မရှိခဲ့ပေ။
...
ဂျုန်း!
ဝုန်း..
ဥက္ကာပျံများ သမုဒ္ဒရာထဲကျဆင်းသွားသကဲ့သို့ မီတာရာနှင့်ချီ အမြင့်ရှိ လှိုင်းလုံးကြီးများ ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် ဖေးမှာ သမုဒ္ဒရာထဲ ခုန်ဆင်းပြီး မီတာ ၁၀၀၀ ကျော်ကို ရောက်ရှိသွားသည်။
ဖေးကတော့ သူ့အနောက်မှ အသံကိုကြားပြီး ပြုံးမိသွားသည်။
“စိတ်ဝင်စားစရာကောင်းတဲ့ လီယွန်သားပဲ "
ဖေးက မှတ်ချက် ပြုလိုက်သည်။
သူ သမုဒ္ဒရာထဲသို့ မဆင်းခင်ကပင်
ဘက်ကင်ဟမ်က ထွက်မပြေးဘဲ ဖေး အနောက်ကို လိုက်လာသည်ကို ဖေးက သိခဲ့သည်။
သို့သော် ဘုရင် ဖေးသည် ဤလီယွန်သားကို ဂရုမစိုက်။ ထိုအစား သူ့ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သည်။
သမုဒ္ဒရာရေပြင်က မှင်ရည်ကဲ့သို့ မဲမှောင်နေပြီး ဘာမျှ မမြင်ရပေ။ ရေဝဲကြောင်လည်း ဖေးအဝတ်လျှော်စက်ထဲ အထည့်ခံရသလိုခံစားနေရသည်။
ကြောက်မက်ဖွယ်ကောင်းသော လှည့်ပတ်မှုစွမ်းအားသည် ပတ်ဝန်းကျင်ကို မြင်ရရန်အနှောင့်အယှက်ဖြစ်စေသည်။ ရေထဲ၌ ရောင်စုံမီးများ မှိတ်တုတ်မှိတ်တုတ် လက်နေသော်လည်း ဘာဖြစ်သည်ကိုတော့ ဖေး မပြောနိုင်ပါ။
သို့သော် သူ့မျက်လုံးများဖြင့် သူ့ပတ်ဝန်းကျင် မီတာ ၁၀၀၀ အကွာအတွင်းတော့ မြင်နိုင်ခဲ့သည်။
ရေဝဲ ဖြစ်ရခြင်း အကြောင်းရင်းမှာ မီးခိုးရောင် စွမ်းအင် အလင်းတန်းကြောင့် ဖြစ်သည်။၎င်းက ပင်လယ်အောက်ခြေမှ တိုးထွက်လာပြီး ဆန်းကြယ်စွမ်းအားတစ်ခုပါရှိသည်။၎င်းက ပင်လယ်တွင်းရှိ အရာအားလုံးကို ဖျက်စီးလိုသည့်အလား အရူးအမူးချေဖျက်နေ၏။
ဦးတည်ရာတစ်ခုကို ဆုံးဖြတ်ပြီး မဆိုင်းမငံ့ချက်ခြင်း ပင်လယ်၏အနက်ပိုင်းသို့ ဖေး ပြေးသွားကာ မီးခိုးရောင်စွမ်းအင် အလင်းတန်း၏ အရင်းအမြစ်နား ချဉ်းကပ်သည်။
ရေထဲ၌ ဖေး၏ အရှိန်က တော်တော် လျော့သွားသည်။
သမုဒ္ဒရာထဲသို့ ပိုမိုနက်ရှိုင်းတိုင်း လှည့်ပတ်မှုစွမ်းအား လျော့နည်းသွားပုံရသော်လည်း မီးခိုးရောင်စွမ်းအင်ရောင်ခြည်သည် ပိုမိုတောက်ပလာပြီး ၎င်းမှ ထွက်ပေါ်လာသည့် ခံစားမှုမှာလည်း ပိုမိုပြင်းထန်လာသည်။
ဖေးပင်လျှင် စွမ်းအင်အလင်းတန်းနှင့် နီးကပ်စွာ မနေရဲပေ။ သူသည် ၎င်းနှင့် မီတာ ငါးရာ ခန့်အကွာတွင် နေခဲ့ပြီး ပိုမိုနက်ရှိုင်းစွာ ဆက်လက်ငုပ်နေခဲ့သည်။
ဤသမုဒ္ဒရာသည် အခြေ ကင်းမဲ့ နေသလိုပင် ။
နာရီဝက်အကြာတွင် ရေဖိအား သိသိသာသာ တိုးလာသည်။ ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ဘာကိုမျှ မမြင်နိုင်။ ဟင်းလင်းပြင်၌ ရောက်နေသကဲ့သို့ခံစားရသည်။
ဤသမုဒ္ဒရာသည် မည်မျှ နက်ကြောင်းကို သူ မပြောနိုင်သလို မည်သည့်သတ္တဝါ တည်ရှိနေသည်ကိုလည်း သူ မသိနိုင်ပေ။
" ကုန်းတွင်းပင်လယ်ငယ်လေးတောင်
ဒီလောက် နက်နဲနေပြီ ဒဏ္ဍာရီထဲက
အဇာရို့သ် တိုက်ကြီးရဲ့ အပြင်ဘက်မှာ ရှိတဲ့ တကယ့်သမုဒ္ဒရာတွေက ဘယ်လောက်နက်လိုက်မလဲ "
ဖေးသည် တစ်ကိုယ်တည်း တွေးလိုက်ပြီး ဖြုံသွားသည်။
နောက်ထပ် နာရီဝက်အကြာတွင် ဖေး သည် မီတာ နှစ်သောင်းထက် ပိုမိုနက်ရှိုင်းစွာ ခုန်ဆင်းသွားခဲ့သည်။
တဖြည်းဖြည်းနှင့် ပင်လယ်ကြမ်းပြင်ကို မြင်ရပြီ။ တည်ဆောက်ပုံတချို့ကိုလည်း သူ မပီမသ မြင်လိုက်ရသည်။
သူက ပင်လယ်.. အောက်ဆုံးကို ရောက်သွားပုံရသည်။