← Chapters

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၆) (အပိုင်း၁)

Vol. 62 Ch. 962

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၆) (အပိုင်း၁)

Vol. 62 Ch. 962

အချင်း ကီလိုမီတာ ၃၀ခန့်ရှိ သမုဒ္ဒယာမျက်နှာပြင်တစ်ခုလုံးကို အနီရောင်မီးခိုးများ ဖုံးလွှမ်းနေသည်။

သေဆုံးခြင်း အရှိန်အဝါများက ဤနေရာတွင် ပျံ့နှံ့နေသည်။ ပင်လယ်ကြမ်းပြင်မှ ထွက်ပေါ်နေသောဘအရှိန်အဝါ၏ စုပ်အားကြောင့် ပင်လယ်မျက်နှာပြင်တွင် မီတာ၁၀၀၀ခန့်ရှိ ရေဝဲကြီး တစ်ခုဖြစ်ပေါ်နေသည်။ ထိုရေဝဲကြီး၏ အလယ်ဗဟိုတွင်တော့ အနီရောင် မီးအလင်းတန်းကြီး ကောင်းကင်ယံသို့ထိုးထွက်နေသည်။

ထိုစွမ်းအင်က လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိကာ ဆိုးယုတ်သော အရှိန်အဝါများပြည့်နေ၏။ ၎င်းက ကောင်းကင်ကိုဆုတ်ဖြဲက အနက်ရောကါအာကာသထဲထိုးထွက်နေသည်။ ၎င်းက မည်သည့်နေရာနှင့် ချိတ်‌ဆက်နေသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

လေထုက အေးစက်နေပြီး အေးခဲနေသကဲ့သို့ဖြစ်နေသည်။

သို့သော်လည်း ထိုနေရာရှိ ရေထုကတော့ အပူရှိန်ကြောင့် အငွေ့ပျံနေသကဲ့သို့ဖြစ်နေသည်။ ကောင်းကင်ယံတွင်လည်း လျှပ်စီးများလက်နေပြီး မိုကြိုးများ တခြိမ်းခြိမ်းပစ်နေ၏။

ထိုကဲ့သို့ ဆူညံပွပယက်လောရိုက်နေရာမှာ မိုးသည် သည်းထန်းစွာရွာကျလာသည်။

ဤရေဝဲကြီးကို ဗဟိုပြု၍ ကီလိုမီတာ ၂၀ဝန်းကျင်၌ မည်သည့် ပင်လယ်မျိုးနွယ်စုဝင်မျှ ရှိ‌မနေချေ။ ပင်လယ်မျိုးနွယ်စုသည်လည်း ဤကြောက်မက်ဖွယ် စွမ်းအားကို ထိန့်လန့်ပုံရသည်။ အားလူံ ဝရုန်းသုံးကားထွက်ပြေးနေကြ၏။

 “ ဘုရားသခင်၊ ဒါက လူသားတွေမစွမ်းနိုင်တဲ့ အစွမ်းမျိုးပဲ "

လီယွန်မှ ဘုရင် ဘက်ကင်ဟမ်သည် အတွေ့အကြုံကြီးက အစီအစဉ်ချတတ်သူဖြစ်သော်လည်း ဤမြင်ကွင်းကြောင့် မတည်ငြိမ်နိုင်တော့ပေ။ 

ဘက်ကင်ဟမ်မှာ နေအဆင့်အရှင်သခင် မဖြစ်သေးသည့်တိုင် မင်းမျိုးမင်းနွယ်ဖြစ်ဟု အသိပညာဗဟုသုတကြွယ်ဝသည်။ ဤအရာက မည်သို့သော အစွမ်းမျိုးဖြစ်သည်ကို သိရှိလိုက်သည်။ သတ္တိ ဗျတ္တိနှင့် ပြည့်စုံကာ ကြောက်ရွံ့တတ်သူမဟုတါသော်လည်း ယခုတော့ ဤနေရာမှ ထွက်ပြေးချင်နေပြီဖြစ်သည်။

 " အခုက စောလွန်းနေသေးတယ် ပင်လယ်မျိုးနွယ်စုက တခြားနည်းလမ်းကို သုံးခဲ့တာလား "  

ဖေးလည်း ထိုသို့တွေးလိုက်ပြီးနောက် မိုးမစိုစေရန် သူ၏ ပတ်ပတ်လည်ကို ရွှေရောင်စွမ်းအင်ဖြင့် ကာထားလိုက်သည်။

ပင်လယ်မျိုးနွယ်စုမှ အရှင်သခင်သုံးယောက်အား မှတ်ညဏ်စစ်ဆေးရမှာ ရသည့်အချက်အလက်များကြောင့် ဖေး လေးနက်တည်ကြည်သွား၏။

 "ဒါက ဘာလဲ ချမ်းဘော့ဒ်ဘုရင်  မင်းသိနေတာလား၊ ဒါက ဘာလဲဆိုတာ မင်းသိရမယ်.." 

ဖေး၏ လေးနက်တည်ကြည်သော အမူအရာကြောင့် ဘက်ကင်ဟမ်မှာ မိုးကြိုးသံများအကြားမှ အော်ဟစ်မေးလိုက်၏။

 "ဒါက ပင်လယ်မျိုးနွယ်ရဲ့ ရက်စက်တဲ့ နတ်ဘုရားလို့ ငါပြောရင် မင်း ငါ့ကို ယုံမှာလား ဟားဟားဟား"  

ဖေးက ဘက်ကင်ဟမ်ကိုကြည့်ရင်း ရယ်မောလိုက်သည်။ သူက ဆက်လက် ရယ်မောပြီးနောက်  အတည်ပေါက်ဆက်‌ပြောသည်။

" လီယွန်သား ဘက်ကင်ဟမ် မင်းဒီမှာ ရပ်မနေနဲ့ မင်းပြေးရမယ် ဒီသတ္တဝါကြီးနိုးထမလာခင်

လီယွန်အင်ပါယာကို ပြန်သွားပြီး ပင်လယ်မျိုးနွယ် ပြန်ပေါ်လာပြီး သူတို့ရဲ့ ရက်စက်တဲ့ နတ်ဘုရားလည်း ပြန်ပေါ်လာပြီလို့ မင်းရဲ့ ဧကရာဇ်ကို လျှောက်တင်လိုက်  လူသားတွေကြားက စစ်ပွဲတွေက အဓိပ္ပါယ် မရှိဘူး လီယွန်ဧကရာဇ် အုပ်စိုးသူဧကရာဇ်မဖြစ်ခင် ပင်လယ်မျိုးနွယ်

ရဲ့ သုတ်သင်ရှင်းလင်းခြင်းကို ခံရလိမ့်မယ်  ဇင်းနစ်လို ဘုရင်နဲ့ တိုက်ခိုက်တာကို ရပ်တန့်သင့်ပြီ ငါတို့ အတူတကွ ပူးပေါင်းပြီး ဒီရက်စက်တဲ့ သတ္တဝါတွေကို တိုက်ခိုက်ဖို့ နည်းလမ်း ရှာဖွေရမယ် "

တစ်ချိန်ထဲမှာပင် ဘက်ကင်ဟမ်၏ မျက်နှာက အမူအရာ အမျိုးမျိုး ပြောင်းလဲသွားသည်။ ဘာလုပ်ရမည်ကို သူမသိဖြစ်သွား၏။

 ဤစွမ်းအင်အလင်းတန်းမှ  ပြင်းထန်သော  သေမင်းတမန်တစ်ပါး၏အရှိန်အဝါကို သူ ခံစားလိုက်ရသည်။ ဖေးက ခြိမ်းခြောက်နေခြင်းမဟုတ်ကြောင်း သူ နားလည်သည်။

 ထိုသို့သော ဆိုးညစ်ပြီး ပြင်းထန်သည့် လူသတ် အရှိန်အဝါဖြင့်  ဖြစ်တည်မှုသည် သတ်ဖြတ်ခြင်းကို ဝါသနာထုံသော နတ်ဘုရား ဖြစ်ရပါမည်။ ထို့အပြင် ဤဖြစ်တည်မှုသည် ပင်လယ်မျိုးနွယ်၏ နတ်ဘုရားဖြစ်သောကြောင့် ၎င်းသည် လူသားတို့၏ အင်အားကြီးရန်သူသာ ဖြစ်သည်။  

လီယွန်အင်ပါယာသည် သင်းရနံ့ပင်လယ်နှင့် အလွန် နီးကပ်၍ တည်ရှိသည်ဖြစ်ရာ ပင်လယ်မျိုးနွယ်စုနှင့် ၎င်းတို့၏ ရက်စက်သော နတ်ဘုရားတို့ကို တိုက်ခိုက်ရန် ပြင်ဆင်ခြင်းမပြုပါက လီယွန်အင်ပါယာသည် ပျက်စီး ဆုံးရှုံးမှုများစွာ ကြုံတွေ့ရမည် ဖြစ်သည်။

 အနည်းငယ် စဉ်းစားပြီးနောက်

ဘက်ကင်ဟမ်သည် ကျောချမ်းသွားခဲ့သည်။

 သူ သေချာ ပြောနိုင်သည်က တစ်ခုပဲ ရှိသည်။ လူသားများသည် ဤစွမ်းအားကို မရပ်တန့်နိုင်ကြ‌ပေ။

အနည်းဆုံး လီယွန် အင်ပါယာတွင် မည်သူမျှ ဤကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် ဤစွမ်းအားကို တားဆီးနိုင်မည် မဟုတ်ပေ။

 ရုတ်တရက် မိုးခြိမ်းသံများ ဆက်တိုက်မြည်ဟည်းလာ၍ ဘက်ကင်ဟမ်သည်လည်း သူ၏ နက်နဲရှုပ်ထွေးလှသော အတွေးများမှ ပြန်လည် အသိဝင်လာခဲ့သည်။

All Chapters