Chapters

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၅) (အပိုင်းနှစ်)

Vol. 62 Ch. 961

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၅) (အပိုင်းနှစ်)

Vol. 62 Ch. 961

ယခုတော့ ဖေးမှာ အဝေးက ဖြစ်ပျက်နေသော ဖြစ်စဉ်ကို ကြည့်ပြီး ဘက်ကင်ဟမ်ကို ပြန်ကြည့်လိုက်သည်။ 

သူက

 "...လီယွန်ရဲ့ သုံ့ပန်းတွေကို ပင်လယ်မျိုးနွယ်အတွက် အစားအစာအဖြစ် ဒီနေရာမှာ ထားခဲ့ဖို့ စီစဉ်နေတာ တကယ်တော့ သူတို့က ငါတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ‌လေ ဒါပေမဲ့ ငါက အင်ပါယာရဲ့အကျိုးအမြတ်အတွက် လူပေါင်းများစွာကို စတေးနိုင်တဲ့ မင်းလို လူယုတ်မာမဟုတ်ဘူး၊ ဒါကြောင့် ငါ့လူတွေကို လုံခြုံတဲ့နေရာကို ခေါ်သွားခိုင်းပြီးပြီ..."

ဘက်ကင်ဟမ်သည် ဖေးပြောသည်ကိုကြားပြီးနောက် အံ့အားသင့်သွားကာ အဝေးကို လှမ်းကြည့်သည်။ ထို့နောက် သူ သက်ပြင်းချလိုက်ပြီး

 "..ကျေးဇူးတင်ပါတယ်.."

ဖေး၏မျက်နှာပေါ်တွင် ခပ်လှောင်လှောင်အပြုံးတစ်ခုပေါ်လာသည်။

 "..မင်းဟာ.. ဇင်းနစ်လူမျိုးတွေရဲ့သွေးတွေ လက်မှာစွန်းထင်းပြီး ရက်စက်တဲ့သူဖြစ်ပေမယ့် လီယွန်အင်ပါယာရဲ့ရှုထောင့်ကနေကြည့်ရင်တော့ သူရဲကောင်းပဲ လီယွန်ရဲ့တပ်မှူးတစ်ယောက်အနေနဲ့ လီယွန်စစ်တပ်တွေ အန္တရာယ်ကြုံလာတဲ့အခါ သူတို့အသက်ကို ကယ်တင်ခဲ့ပြီး  အန္တရာယ်ကနေ လွတ်မြောက်စေခဲ့တယ် တကယ့်လူတစ်ယောက်အနေနဲ့ မင်းကို ငါမသတ်ဘူး အခု ဒီကျွန်းကို ပင်လယ်မျိုးနွယ်တွေ ဝိုင်းထားပြီးပြီမို့ မင်း လွတ်မြောက်ပြီး ဒီကျွန်းကနေ လွတ်မြောက်ဖို့ ကြိုးစားနိုင်ပါတယ် "

"..ဟင်..." 

ဘက်ကင်ဟမ်သည် မထင်မှတ်ဘဲ ဖေးပြောခဲ့သောစကားကြောင့် အံ့အားသင့်သွားခဲ့သည်။

သူ အပြင်ကိုလှမ်းကြည့်တော့ ရေလှိုင်းတွေလို့ တစ်လှိမ့်လှိမ့်တက်လာတဲ့ ပင်လယ်မျိုးနွယ်စုဝင်များကို မြင်လိုက်ရ၏။ ၎င်းတို့က အလွန်များပြားလှသည် ဖေး၏ လက်သီးဝိညာဉ်ချိပ်စည်းသာမရှိပါက ၎င်းတို့က ကျွန်းကို ဝါးမြိုသွားကြပေလိမ့်မည်။ ဘက်ကင်ဟန်သည်လည်း ထိုပမာဏကိုယှဉ်တိုက်ပ့က မောပန်းကာ သေဆုံးသွားပေလိမ့်မည်။

သူ့အတွက် အသက်ရှင်နိုင်ချေက အလွန်နည်းလှသည်။

"မင်းကော၊ ဘယ်သွားမလို့လဲ" 

ဘက်ကင်ဟမ်က ရုတ်တရက် တစ်ခုခုကို တွေးပြီး ဖေးကို မေးလိုက်သည်။ ထိုသို့မေးပြီးမှ သူ နေမထိထိုင်မသာ ဖြစ်သွား၏။ အဘယ့်ကြောင့် ထိုသို့မေးမိသည်ကိုပင် သူနားမလည်ဖြစ်နေ၏။

  "..ငါ.."

ဖေး ရုတ်တရက် ရယ်မောလိုက်ပြီး ဒေါသကို ဖြေဖျောက်လိုက်သည်။

ထို့နောက်

" နတ်ဘုရားတွေကိုတောင် သတ်နိုင်တဲ့အထိ အစွမ်းထက်တယ်ဆိုတဲ့ အဲ့သတ္တဝါကိုသွားကြည်ြမလို့ "

ထို့နောက် ဖေးသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးဆီသို့ ပျံသန်းသွားခဲ့သည်။ သူ၏ အစွမ်းထက်သော စွမ်းအင်မီးတောက်များထွက်ပေါ်လာပြီး နေတစ်စင်းကဲ့သို့ အသွင်ပြောင်းသွားကာ ပင်လယ်မျိုးနွယ်စု၏ အဆင့်နိမ့်အဖွဲ့ဝင်များအားလုံးကို ပြာချပစ်လိုက်သည်။ ထို့နောက် သူက ပင်လယ်မျက်နှာပြင်ကို ဖိအားပေးလိုက်ရာ မီတာ ၁၀၀ခန့်ရှိ ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

" ...ဘန်း...ဘန်း...ဘန်း..."

ပင်လယ်မျိုးနွယ်၏ လအဆင့် စစ်သည်တော်များ ထွက်ပေါ်လာပြီး ဖေးကိုရှေးဆက်မတိုးနိုင်စေရန် လာရောက်ပိတ်ဆို့ကြသည်။

၎င်းတို့က ရှေးချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ပုံစံတူ လက်နက်များကို ကိုင်ဆောင်ထားကြသည်။ သူတို့က ဖေးကို ကြိုးစား၍ ပိတ်ဆို့ကြသော်လည်း ဖေး၏ လက်သီးချက်တစ်ချက်ဖြင့်ပင် သွေးမြူများအဖြစ်ပြောင်းသွားကြ၏။

ကြမ်းတမ်းအစွမ်းထက်လှသော ဖေးကို မည်သို့မျှ မခုခံနိုင်ကြပေ။

ဘက်ကင်ဟမ်မှာ အလင်းတန်းတစ်ခုအသွင်ဖြင့် ဖေးနောက်မှ ထပ်ချပ်မခွာလိုက်ပါလာသည်။ ဖေးကတော့ ကြမ်းတမ်းရက်စက်သော အရှိန်အဝါများထွက်ပေါ်နေသည့် နေရာ၏ ဗဟိုသို့ ဦးတည်သွားနေ၏။

ဘက်ကင်ဟမ်က လပြည့်အဆင့်တွင်သာရှိသေးသည်။ ဖေးနှင့်နှိုင်းယှဉ်ပါက ဆင်ကောင်ကြီးနှင့် ပုရွက်ဆိတ်လို့ အဆင့်ကွာလှ၏။ သို့သော်လည်း သာမန်ပင်လယ်မျိုးနွယ်စုဝင်များထက်တော့ အများကြီးအားကောင်းနေသေးသည်။

ထို့ပြင် ဖေးက ရှေ့မှနေပြီး ပင်လယ်မျိုးနွယ်စု၏ အရှင်သခင်များကို သတ်ဖြတ်နေရာ ဘက်ကင်ဟမ်မှာ အန္တရာယ်ကင်းကင်း အေးအေးလုလုလိုက်ပါလာနိုင်သည်။

သိပ်မကြာခင်၌ နှစ်ဦးသား အပြစ်သွေးကျွန်းနှင့် ကီလိုမီတာ ၅၀ခန့်ကွာသော နေရာသို့ရောက်သွားကြ၏။

ဘက်ကင်ဟမ်လည်း ဖေးအနားကပ်သွားပြီး ဖေးငုံ့ကြည့်သည့်နေရာသို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမြင်လိုက်ရသော မြင်ကွင်းကြောင့် တုန်လှုပ်သွားရသည်။

End